1 00:00:01,120 --> 00:00:04,160 ခင်ဗျားတို့အနေနဲ့ ကမ္ဘာကြီးကို ပုံစံသစ်ဖြင့် မြင်တွေ့စေချင်တယ်။ 2 00:00:05,840 --> 00:00:08,016 Ben Hennig ဆိုသူကနေပြီး ကျွန်တော်တို့ အားလုံး 3 00:00:08,039 --> 00:00:10,776 အရင်တုန်းက ကျွန်ုပ်တို့ရဲ့ ဂြိုဟ်ကို ဘယ်တုန်းကမှ 4 00:00:10,800 --> 00:00:12,496 မမြင်ခဲ့ဘူးကြတဲ့ ပုံစံမျိုးဖြင့် 5 00:00:12,520 --> 00:00:17,600 ဆွဲထားတဲ့ မြေပုံ တချို့ကို ခင်ဗျားတို့ကို ဒီနေ့ ပြချင်တယ်။ 6 00:00:18,480 --> 00:00:21,560 ဒီမှာ ပြထားတဲ့ မြေပုံကို ခင်ဗျားတို့ အားလုံး သိကြမှာပါ။ 7 00:00:22,480 --> 00:00:26,536 ကျွန်တော်ဟာ အသက် အတော်ကလေး ကြီးလို့ ဒီပုံ ပေါ်မလာခင် မွေးခဲ့တာပါ။ 8 00:00:26,560 --> 00:00:29,136 ကျွန်တော် ပထမဦးဆုံး ပြောလာတဲ့ စကားလုံးတွေက 9 00:00:29,160 --> 00:00:32,256 "moona, moona" ဖြစ်ခဲ့တာ၊ ကျွန်တော့မိခင်က တီဗီ မျက်နှာပြင်မှာ 10 00:00:32,280 --> 00:00:34,536 ကလေး တစ်ယောက် မြင်သင့်တဲ့ ရုပ်ပုံက အဲဒီလို 11 00:00:34,560 --> 00:00:37,840 ဖြစ်သင့်တယ်လို့ စိတ်ကူးခဲ့ပုံရလို့ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ 12 00:00:39,680 --> 00:00:41,296 တကယ်တော့၊ ကျွန်ုပ်တို့ အားလုံးက 13 00:00:41,320 --> 00:00:45,080 ကျွန်ုပ်တို့ ဂြိုဟ်ကြီး လုံးဝိုင်းနေတာကို သိလာတာ ရာစုနှစ် အနည်းငယ်ဘဲ ရှိခဲ့တယ်။ 14 00:00:46,160 --> 00:00:49,216 ဒီလို ပုံတွေကို ကျွန်ုပ်တို့ ၁၉၆၀ ပြည့်နှစ်များမှာ စမြင်ရတော့၊ 15 00:00:49,240 --> 00:00:52,520 ကမ္ဘာကြီးဟာ မယုံကြည်နိုင်ဖွယ် နှုန်းဖြင့် ပြောင်းလဲလာနေခဲ့တယ်။ 16 00:00:54,320 --> 00:00:57,640 ကျွန်တော် ကိုယ်တိုင် လေ့လာတဲ့ လူသားဆိုင်ရာ ပထဝီ ဘာသာထဲတွင် 17 00:00:58,600 --> 00:01:01,336 Waldo Tobler ဆိုသူ မြေပုံရေးဆွဲသူက 18 00:01:01,360 --> 00:01:03,896 ဂြိုဟ်ကြီးရဲ့ မြေပုံ အသစ်များကို ရေးဆွဲလာခဲ့ရာ 19 00:01:03,920 --> 00:01:05,416 အခုတော့ အတော်ကလေး ပျံ့နှံ့လာရာ 20 00:01:05,440 --> 00:01:07,447 တစ်ခုကို ခင်ဗျားတို့ကို ပြပေးပါ့မယ်။ 21 00:01:08,200 --> 00:01:10,680 အဲဒါဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ မြေပုံပါပဲ၊ 22 00:01:11,720 --> 00:01:14,136 ဒါပေမဲ့ အဲဒါဟာ ခင်ဗျားတို့အတွက် နည်းနည်းလေး 23 00:01:14,160 --> 00:01:15,600 ထူးဆန်းသလို ရှိပါမယ်။ 24 00:01:16,200 --> 00:01:20,016 မြေပုံကို ဆွဲထားပုံက လူဦးရေ ပိုများတဲ့ 25 00:01:20,040 --> 00:01:24,736 နေရာတွေကို ဆွဲဆန့်ချဲ့ထွင်ပေးလျက်၊ ဆာဟာရ နဲ့ ဟိမဝန္တာလို 26 00:01:24,760 --> 00:01:27,696 လူဦးရေ နည်းတဲ့ ဒေသတွေကို ချုံ့ပစ် သေးသွားစေအောင် 27 00:01:27,720 --> 00:01:30,200 ပြုပြင် ရေးဆွဲပေးထားလို့ ဒီလိုပုံကို မြင်နေရတာပါ။ 28 00:01:30,760 --> 00:01:34,400 ဂြိုဟ်ကြီးပေါ် နေထိုင်နေတဲ့ လူတိုင်းကို တူညီတဲ့ နေရာကို ပေးပြီး ဆွဲထားတယ်။ 29 00:01:35,120 --> 00:01:37,960 မြို့ကြီးတွေကို ကျတော့ တောက်ပ နေအောင် ဖေါ်ပြပေထားတယ်။ 30 00:01:38,680 --> 00:01:42,256 ဒီလိုင်းတွေက ရေအောက်ရှိ ဝိုင်ယာကြိုးများ နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေပါ။ 31 00:01:42,280 --> 00:01:45,936 ပြီးတော့ အဲဒီမှာ တရုတ်နိုင်ငံထဲက ဆိပ်ကိမ်း Dalian မှနေပြီး 32 00:01:45,960 --> 00:01:47,656 စင်ကာပူမှ တစ်ဆင့်၊ ဆူးအက် တူးမြောင်း 33 00:01:47,680 --> 00:01:49,416 မှတစ်ဆင့် မြေထဲပင်လယ် ဒေသမှတစ်ဆင့် 34 00:01:49,440 --> 00:01:51,776 Rotterdam မြို့ အရောက် ဆွဲထားတဲ့ လိုင်းရှိပါတယ်။ 35 00:01:51,800 --> 00:01:53,296 လွန်ခဲ့တဲ့ တစ်နှစ်မျှသာ ရှိတဲ့ 36 00:01:53,320 --> 00:01:57,256 ကာလတုန်းက ကမ္ဘာ့အကြီးဆုံး သင်္ဘောရဲ့ လမ်းကြောင်းကို ပြနေတာပါ။ 37 00:01:57,280 --> 00:02:03,296 အဲဒီ သင်္ဘောမှာ ပို့ဆောင်ပေးခဲ့တဲ့ ကုန်စည်တွေပါခဲ့တဲ့ ကွန်တင်နားတွေ 38 00:02:03,320 --> 00:02:05,176 ပြန်ချပေးလိုက်တာကို ကုန်တင်ကားများဖြင့် 39 00:02:05,200 --> 00:02:09,440 ပို့ဆောင်ပေးခဲ့မယ်ဆိုရင်၊ အဲဒီကားတန်းဟာ ကီလိုမီတာ ၁၀၀ ရှည်လျားခဲ့မှာပါ။ 40 00:02:10,680 --> 00:02:13,416 ကျွန်ုပ်တို့ ကမ္ဘာကြီး ဒီနေ့တွင် ချိတ်ဆက်နေပုံက အဲဒီလိုပါ။ 41 00:02:13,440 --> 00:02:19,416 သင်္ဘော တစ်စီးတည်းဖြင့်၊ ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုတည်းဖြင့် 42 00:02:19,440 --> 00:02:22,176 ငါးပတ်ကာလအတွင်းမှာ ကျွန်တော်တို့ ပို့ပေးနိုင်ခဲ့တဲ့ 43 00:02:22,200 --> 00:02:23,400 ပမာဏ ဖြစ်ပါတယ်။ 44 00:02:26,320 --> 00:02:28,840 ကျွန်ုပ်တို့ အားလုံး မြို့ကြီးတွေမှာ နေထိုင်လာခဲ့ကြတာ 45 00:02:29,390 --> 00:02:31,856 ကြာပြီဖြစ်ပေမဲ့၊ အားလုံး မြို့တွေမှာ မနေထိုင်ကြပါ။ 46 00:02:31,880 --> 00:02:35,016 ဒါက ကမ္ဘာ့ ပထမဦးဆုံး မြို့တစ်မြို့ဖြစ်တဲ့ Çatalhöyük ပါ။ 47 00:02:35,040 --> 00:02:38,280 လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ တုန်းက၊ 48 00:02:39,160 --> 00:02:45,360 လူတွေဟာ သူတို့အိမ်ကို ရောက်ဖို့ တခြား အိမ်တွေရဲ့ အမိုးပေါ်မှ လျှောက်ခဲ့ရတယ်။ 49 00:02:46,080 --> 00:02:49,376 အဲဒီမြို့ရဲ့ မြေပုံကို ခင်ဗျားတို့ ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင်၊ 50 00:02:49,400 --> 00:02:51,320 လမ်းရယ်လို့ တွေ့ရမှာ မဟုတ်ပါဘူး။ 51 00:02:52,280 --> 00:02:54,960 ကျွန်တော်တို့ နောက်ပိုင်းကျမှ လမ်းတွေ တီထွင်ခဲ့ကြလို့ပါ။ 52 00:02:55,760 --> 00:02:57,976 ကမ္ဘာကြီးဟာ ပြောင်းလဲလာနေတယ်။ 53 00:02:58,000 --> 00:03:00,320 စမ်းသပ်မှုများ နဲ့ အမှားများကို ဖြတ်ကျော်ခဲ့ရတယ်။ 54 00:03:01,400 --> 00:03:04,296 ပိုကောင်းမွန်စွာ နေထိုင်ရေး နည်းလမ်းတွေကို ကျွန်တော်တို့ဟာ 55 00:03:04,320 --> 00:03:06,120 တဖြည်းဖြည်းချင်း ရှာကြံခဲ့ရတယ်။ 56 00:03:07,480 --> 00:03:12,480 မကြာမီနှစ်များထဲမှာ ကမ္ဘာကြီးဟာ မယုံနိုင်ဖွယ် ပြောင်းလာခဲ့တယ်။ 57 00:03:13,600 --> 00:03:17,536 လူသားမျိုးဆက်ရဲ့ နောက်ဆုံး ခြောက်၊ ခုနစ် ဒါမှမဟုတ် အဌမမြောက် လက်ထဲမှာမှ 58 00:03:17,560 --> 00:03:20,640 ကျွန်တော်တို့ဟာ မျိုးစိတ် တစ်ခု ဖြစ်တာ နားလည် သိရှိလာခဲ့ကြတာပါ။ 59 00:03:21,840 --> 00:03:24,400 ဒီလို မြေပုံမျိုးကို ရေးဆွဲလာနိုင်တာဟာ 60 00:03:25,240 --> 00:03:28,000 ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိပါသေးတယ်။ 61 00:03:30,240 --> 00:03:34,440 ဒီမြေပုံထဲမှာ အခြေခံအချက်က ကမ္ဘာ့လူဦးရေဘဲ ဖြစ်တာမှန်ပေမဲ့၊ 62 00:03:35,560 --> 00:03:41,216 အဲဒီမှာ ကျွန်ုပ်တို့ အာဖရိက တိုက်မှနေပြီး ပျံ့နှံ့ရွေ့ရှားခဲ့ကြပုံကို ပြနေတဲ့ 63 00:03:41,240 --> 00:03:45,016 မြားတွေ ရှိနေကာ ကျွန်ုပ်တို့ ဘယ်ဒေသကို ဘယ် အချိန်ကာလမှာ ရောက်ရှိခဲ့ကြောင်းကို 64 00:03:45,040 --> 00:03:46,800 ပြသပေးထားပါတယ်။ 65 00:03:47,680 --> 00:03:51,536 မကြာခဏဆိုသလို တချို့သောသူတို့က ရက်စွဲ တစ်ခုခု မှားနေကြောင်း 66 00:03:51,560 --> 00:03:56,536 ရှာတွေ့လာလို့ ကျွန်တော်ဟာ ဒီမြေပုံကို ပြန်ပြန်ပြီး ရေးဆွဲပေးနေရပါတယ်။ 67 00:03:56,560 --> 00:04:01,080 ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိုယ်တိုင် အကြောင်းကို သိလာရတာ မြန်လွန်းလှပါတယ်။ 68 00:04:03,250 --> 00:04:04,800 ကျွန်တော်တို့ ပြောင်းလဲနေတယ်။ 69 00:04:06,640 --> 00:04:08,896 အပြောင်းအလဲ တော်တော်များက တဖြည်းဖြည်းချင်းပါ။ 70 00:04:08,920 --> 00:04:10,416 တစ်စစဖြင့် ဖြစ်ပွားနေတာပါ။ 71 00:04:10,440 --> 00:04:13,296 ကျွန်တော်တို့ရဲ့ အသက်တွေ တိုတောင်းကျတော့ 72 00:04:13,320 --> 00:04:15,136 အဲဒီလို ပြောင်းလဲတာကို သတိမမူမိကြပါ။ 73 00:04:15,160 --> 00:04:17,760 အများစုက ၇၀၊ ၈၀ နေကြကာ ၉၀ ကျော်ရင် ကံကောင်းလှပြီ။ 74 00:04:18,560 --> 00:04:20,576 ဒီဂရပ်ပုံက ခင်ဗျားတို့ကို 75 00:04:20,600 --> 00:04:23,320 ကမ္ဘာကြီးရဲ့ လူဦးရေ နှစ်စဉ် ပြောင်းလဲမှုနှုန်းကို ပြနေတယ်။ 76 00:04:24,120 --> 00:04:28,056 အဲဒီနှုန်းဟာ ၁၈၅၀ တဝိုက်တွင် သိပ်ကို နှေးနေခဲ့တယ်၊ 77 00:04:28,080 --> 00:04:30,696 အဲဒီနောက်မှာ လူဦးရေ တိုးတက်မှုနှုန်းဟာ 78 00:04:30,720 --> 00:04:31,960 စကြီးထွားလာခဲ့ရာ 79 00:04:32,840 --> 00:04:34,856 ကျွန်တော် မွေးခဲ့တဲ့ ကာလ ဝန်းကျင်မှာဆိုရင် 80 00:04:34,880 --> 00:04:39,600 ကျွန်တော်တို့ လပေါ်မှနေပြီး ကမ္ဘာကြီးကို မြင်ရတဲ့ ဒီလို ပုံတွေကို စမြင်ခဲ့ရစဉ်၊ 81 00:04:40,640 --> 00:04:44,000 ကမ္ဘာ့လူဦးရေဟာ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းဖြင့် ကြီးထွားလာနေခဲ့တယ်။ 82 00:04:45,440 --> 00:04:49,400 တကယ်လို့များ အဲဒီ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းဖြင့် ရာစုနှင့် 83 00:04:50,600 --> 00:04:53,440 အနည်းငယ် ကြာအောင် ဆက်ကြီးထွားလာခဲ့မယ်ဆိုရင်၊ 84 00:04:54,560 --> 00:04:56,816 ဂြိုဟ်ကြီး တစ်ခုလုံးမှာ လူတွေနဲ့ ဘယ်လောက်အထိကို 85 00:04:56,840 --> 00:04:59,896 ပြည့်ကျပ်လာမလဲ ဆိုတော့ လူတွေရဲ့ ခန္ဓာကိုယ်တွေဟာ တစ်ဦးနဲ့တစ်ဦး 86 00:04:59,920 --> 00:05:01,960 ထိစပ်လျက် ရှိနေကြမှာပါ။ 87 00:05:03,000 --> 00:05:04,816 လူတွေဟာ ကြောက်လန့်လာကြရတယ်။ 88 00:05:04,840 --> 00:05:06,656 လူဦးရေ ကြီးထွားလာနေပုံကို၊ ပြီးတော့ 89 00:05:06,680 --> 00:05:10,016 ၁၉၆၈ ခုနှစ်တုန်းက "လူဦးရေဗုံးကြီး"လို့ ခေါ်ခဲ့တာကို ကြောက်လန့်လာရတယ်။ 90 00:05:10,040 --> 00:05:12,240 ဒါပေမဲ့၊ နောက်ပိုင်းတွင်၊ ဂရပ်ပုံရဲ့ 91 00:05:13,240 --> 00:05:15,840 အဆုံးပိုင်းတွင် မြင်ရသလို ကြီးထွားမှုဟာ ကျဆင်းလာခဲ့တယ်။ 92 00:05:16,720 --> 00:05:18,096 လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ၊ 93 00:05:18,120 --> 00:05:21,576 ၇၀ ပြည့်လွန်၊ ၈၀ ပြည့်လွန်၊ ၉၀ ပြည့်လွန် နှင့် သုညလွန် နှစ်များ၊ 94 00:05:21,600 --> 00:05:23,840 ပြီးတော့ လက်ရှိ ဆယ်စုနှစ်ဆိုရင် လူဦးရေ 95 00:05:24,430 --> 00:05:26,080 ကြီးထွားမှုနှုန်း နှေးလာတယ်။ 96 00:05:26,080 --> 00:05:27,496 ဂြိုဟ်ကြီး တည်ငြိမ်လာနေပါပြီ။ 97 00:05:27,520 --> 00:05:30,536 ကျွန်တော်တို့ဟာ ဒီရာစု အကုန်ပိုင်းမှာ ဘီလီယံ ၁၀ ဒါမှမဟုတ် ၁၁ 98 00:05:30,560 --> 00:05:31,800 ရှိမယ်လို့ ခန့်မှန်းရတယ်။ 99 00:05:32,400 --> 00:05:35,736 အဲဒီလို ပြောင်းလဲနေချိန်မှာ ဗလောင်ဆူမှုလည်း ရှိတတ်တယ်။ 100 00:05:35,760 --> 00:05:37,576 ဒုတိယကမ္ဘာစစ်ကြီးကို အားလုံး သိကြတယ်။ 101 00:05:37,600 --> 00:05:41,776 ၁၉၁၈ ခုနှစ်မှာ တုပ်ကွေး မဟာကပ်ဘေးကြီး ကျခဲ့တာကို ကျွန်တော် မြင်ခဲ့ကြရတယ်။ 102 00:05:41,800 --> 00:05:43,680 တရုတ်နိုင်ငံ ငတ်မွတ်ခြင်းဘေးကြုံခဲ့တယ်။ 103 00:05:44,400 --> 00:05:46,696 အဲဒါတွေကို ကျွန်တော်တို့ဟာ အာရုံစိုက်ကြတယ်။ 104 00:05:46,720 --> 00:05:50,656 သတင်းတွေထဲက ကြောက်စရာ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အာရုံစိုက်ကြတယ်။ 105 00:05:50,680 --> 00:05:54,336 ကျွန်တော်တို့ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲတာကို ကောင်းတဲ့ ပုံပြင်တွေကို 106 00:05:54,360 --> 00:05:56,000 အာရုံ မစိုက်လိုကြပါ။ 107 00:05:57,160 --> 00:05:59,176 ကျွန်တော်တို့ လူတွေအတွက် စိုးရိမ်တယ်။ 108 00:05:59,200 --> 00:06:01,456 အားလုံး လူတွေ ဘယ်လောက် ရှိလဲ ဆိုတာ စိုးရိမ်တယ်။ 109 00:06:01,480 --> 00:06:04,640 လူတွေဆီက အဝေးကို ထွက်ပြေးရေးကို ကျွန်တော်တို့ စိုးရိမ်တယ်။ 110 00:06:05,200 --> 00:06:08,600 ဒီမြေပုံထဲကျတော့ လူတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ဝေးတဲ့ 111 00:06:09,760 --> 00:06:14,136 နေရာမှာ ရှိနေကြပုံကို ပုံကြီးချဲ့ ပြထားတဲ့ မြေပုံပါ။ 112 00:06:14,160 --> 00:06:18,096 ဒီတော့ ခင်ဗျားတို့အနေနဲ့ လူတိုင်းနဲ့ ဝေးတဲ့ နေရာကို သွားနေချင်ရင် 113 00:06:18,120 --> 00:06:20,696 အကောင်းဆုံး နေရာတွေက ဒါတွေပါ။ 114 00:06:20,720 --> 00:06:23,536 နှစ်စဉ်နှစ်တိုင်း၊ အဲဒီလို နေရာတွေဟာ ပိုပိုကြီးလာနေကြတယ်၊ 115 00:06:23,560 --> 00:06:26,630 နှစ်စဉ်လိုလို ကျွန်တော်တို့ဟာ လယ်မြေတွေကို စွန့်ထွက်လာနေကြလို့ပါ။ 116 00:06:26,630 --> 00:06:28,526 မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေကြလို့ပါ။ 117 00:06:28,526 --> 00:06:30,496 ကျွန်တော်တို့ဟာ နေထိုင်မှု သိပ်သည်းလာတယ်။ 118 00:06:30,520 --> 00:06:32,136 ဥရောပတိုက်ထဲမှာဆိုရင် ဝံပုလွေတွေ 119 00:06:32,160 --> 00:06:36,080 ပြန်ရှိလာလျက် သူတို့ဟာ တိုက်ကြီးရဲ့ အနောက်ဖက်ကို ရွှေ့ပြောင်းနေကြတယ်။ 120 00:06:37,200 --> 00:06:38,600 ကမ္ဘာကြီး ပြောင်းလာနေတယ်။ 121 00:06:40,920 --> 00:06:42,240 စိုးရိမ်စရာတွေ ရှိပါတယ်။ 122 00:06:43,680 --> 00:06:48,576 ဒီမြေပုံက ဂြိုဟ်ပေါ်က မိုးရေ အများဆုံး နေရာတွေကို ပြထားတယ်။ 123 00:06:48,600 --> 00:06:50,296 အဲဒါကို ကျွန်တော်တို့ သိကြပါတယ်။ 124 00:06:50,320 --> 00:06:54,096 ကျွန်တော် ပြောခဲ့တဲ့ Çatalhöyük တည်ရှိခဲ့တဲ့ နေရာက 125 00:06:54,120 --> 00:06:56,696 အာဖရိက၊ အာရှ နဲ့ ဥရောပ တိုက်ကြီး သုံးခု ဆုံတဲ့ နေရာပါ။ 126 00:06:56,720 --> 00:06:59,696 အဲဒီ တဝိုက်မှာ နေထိုင်ကြတဲ့ လူဦးရေဟာ အတော့်ကို ကြီးမားပေမဲ့ 127 00:06:59,720 --> 00:07:01,296 ရေကျတော့ နည်းနည်းလေးပဲ ရှိတယ်။ 128 00:07:01,320 --> 00:07:05,016 ပြီးတော့ မိုးအကြီးအကျယ် ရွာတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ 129 00:07:05,040 --> 00:07:07,200 ဒါကို ပိုဆန်းပြားအောင် လုပ်ပေးနိုင်တယ်။ 130 00:07:08,440 --> 00:07:11,816 မြေပုံကို လူတွေဖြင့် ပုံဖေါ်ပေးမယ့်အစား၊ 131 00:07:11,840 --> 00:07:14,056 ရေတွေဖြင့် ပုံဖေါ်ပေးနိုင်ပါတယ်။ 132 00:07:14,080 --> 00:07:15,936 အဲဒီနောက်မှာ မြေပုံကို လစဉ် 133 00:07:15,960 --> 00:07:17,616 ကမ္ဘာကြီးရဲ့ နေရာသေးသေးလေးတွေမှာ 134 00:07:17,640 --> 00:07:20,840 ကျလာတဲ့ မိုးရေကို ပြပေးဖို့ ပြောင်းလဲ ဖေါ်ပြပေးနိုင်ပါတယ်။ 135 00:07:21,920 --> 00:07:25,216 ကမ္ဘာဂြိုဟ်ကြီးကို ဖြတ်စီးနေကြတဲ့ မုတ်သုန်လေတွေကို မြင်ကြရမယ်၊ 136 00:07:25,240 --> 00:07:28,840 ဒါကို ကြည့်လိုက်တော့ ဂြိုဟ်ကြီးဆီမှာ နှလုံးခုန်သံတောင် ရှိသလို ခံစားရမယ်။ 137 00:07:29,720 --> 00:07:34,240 ကျွန်တော်တို့ နေထိုင်ကြတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး 138 00:07:34,920 --> 00:07:36,696 အခုလို မြင်တွေ့မြင်လို့ ရလာနိုင်တာက 139 00:07:36,720 --> 00:07:39,880 ကျွန်တော် သက်တမ်း ကာလ တစ်ခု အတွင်းမှာကို ဖြစ်ပါတယ်။ 140 00:07:40,410 --> 00:07:42,220 ကျွန်တော်တို့ဆီမှာ ရေလုံလောက်တယ်။ 141 00:07:43,760 --> 00:07:48,120 ဒီမြေပုံက ကျွန်တော်တို့ရဲ့ အစားအစာတွေကို စိုက်ပျိုးတဲ့ နေရာတွေပါ။ 142 00:07:49,280 --> 00:07:53,720 ဒီဒေသတွေက ဆန်၊ ဖူးစားပြောင်း နဲ့ ဂျုံအတွက် မှီခိုရတဲ့ ဒေသတွေပါ။ 143 00:07:55,760 --> 00:07:58,616 အစားအစာတွေ လုံလောက်ပါ့မလား ဆိုပြီး လူတွေ စိုးရိမ်ကြပေမဲ့၊ 144 00:07:58,640 --> 00:08:03,416 ကျွန်တော်တို့ အသားကို လျှော့စားလျက် ကောက်စပါးတွေကို တိရိစ္ဆာန်တို့အား 145 00:08:03,440 --> 00:08:05,856 လျှော့ကျွေးကာ လူတွေက စုစည်းနေကြမယ် ဆိုပါက၊ 146 00:08:05,880 --> 00:08:10,200 လူတိုင်းအတွက် အစားရေစာ လုံလောက်မှာ ကျွန်တော်တို့ သိကြပါတယ်။ 147 00:08:12,120 --> 00:08:13,400 ကျွန်တော် သိထားသေးတာက 148 00:08:15,280 --> 00:08:17,336 ဒီနေ့တွင် ဆိုးဆိုးဝါးဝါး လုပ်ကိုင်နေကြတဲ့ 149 00:08:17,360 --> 00:08:19,920 အရာတွေကိုပါ။ 150 00:08:21,480 --> 00:08:26,320 ခင်ဗျားတို့ဟာ ကမ္ဘာကြီးရဲ့ ဒီလို မြေပုံကို အရင်တုန်းက မြင်ခဲ့ဘူးကြမှာပါ။ 151 00:08:27,480 --> 00:08:29,416 ဒီမြေပုံကို ဂြိုဟ်တူမှနေပြီး 152 00:08:29,440 --> 00:08:32,816 ရိုက်ပေးခဲ့တဲ့ ပုံတွေဖြင့် ရေးဆွဲ ထုတ်လုပ်ပေးတာ ဖြစ်ပြီး၊ 153 00:08:32,840 --> 00:08:35,616 ကျွန်တော် ပြခဲ့တဲ့ ပထမဦးဆုံး ဆလိုက်ကို မှတ်မိကြမယ်ဆိုရင်၊ 154 00:08:35,640 --> 00:08:37,790 ဂြိုဟ်တုတွေဟာ ကမ္ဘာကြီးကို ဝန်းရံထားကြတယ်၊ 155 00:08:39,240 --> 00:08:42,240 ကမ္ဘာဂြိုဟ်ကို ညဘက်မှာ မြင်တွေ့ရတဲ့ ပုံကို ဖေါ်ပြပေးထားပါတယ်။ 156 00:08:43,340 --> 00:08:45,616 ခင်ဗျားတို့က ဒီမြေပုံကို ပုံမှန် ကြည့်မယ်ဆိုရင် 157 00:08:45,640 --> 00:08:49,160 ကျွန်တော်တို့ တွေ့မြင်နေကြ မြေပုံ တစ်ခုလို ကြည့်ပါက၊ 158 00:08:50,160 --> 00:08:53,440 ဒါဟာ လူတွေ နေထိုင်မှုကို ပြတဲ့ မြေပုံလို့ ထင်စရာ ရှိပါတယ်။ 159 00:08:54,120 --> 00:08:56,600 မီးတွေ တောက်ပနေတဲ့ နေရာတွေဟာ လူတွေ နေတဲ့ နေရာတွေပေါ့။ 160 00:08:57,320 --> 00:09:01,696 ဒါပေမဲ့ ကမ္ဘာကြီးရဲ့ ဒီမြေပုံကိုလည်း ကျွန်တော်တို့ဟာ 161 00:09:01,720 --> 00:09:03,600 ဆွဲဆန့်ထားတာကို သတိရဖို့ မမေ့ကြပါနဲ့။ 162 00:09:05,320 --> 00:09:09,680 ဒီမြေပုံထဲတွင် နေရာတိုင်းမှာ လူဦးရေ ထူထပ်မှုဟာ တူညီပါတယ်။ 163 00:09:10,480 --> 00:09:12,656 နေရာ တစ်ခုခုမှာ လူတွေ မနေဘူးဆိုရင်၊ 164 00:09:12,680 --> 00:09:14,576 အဲဒါကို ကျွန်ုပ်တို့ ချုံ့ထုတ်လိုက်လို့ 165 00:09:14,600 --> 00:09:16,136 ၎င်းဟာ ပျောက်ကွယ်သွားတယ်။ 166 00:09:16,160 --> 00:09:18,296 ဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ လူတိုင်းကို 167 00:09:18,320 --> 00:09:19,760 တည်းတူရည်တူ အရေးပေးထားတယ်။ 168 00:09:21,320 --> 00:09:24,616 အခုတော့ အလင်းရောင်ဟာ လူတွေ ရှိတဲ့ နေရာကို ပြသတာ မဟုတ်ပါ၊ 169 00:09:24,640 --> 00:09:26,080 လူတွေက နေရာတိုင်းမှာ ရှိတယ်။ 170 00:09:27,120 --> 00:09:29,056 အခုတော့ မြေပုံထဲက မီးတွေက 171 00:09:29,080 --> 00:09:32,056 လန်ဒန်က မီးတွေ၊ ကိုင်ရိုမြို့က မီးတွေ၊ တိုကျို့မြို့က မီးတွေ၊ 172 00:09:32,080 --> 00:09:35,016 အမေရိကန် ပြည်ထောင်စုထဲ အနောက်ဖက်ခြင်း ကမ်းခြေဒေသ မီးတွေ၊ 173 00:09:35,040 --> 00:09:37,976 လူတွေက စွမ်းအင်ကို အကြီးအကျယ် သုံးဖြုန်းနိုင်ကြတဲ့ လူတွေရဲ့ 174 00:09:38,000 --> 00:09:40,200 ရပ်ကွက်တွေက မီးတွေ ဖြစ်ကြတယ်၊ 175 00:09:41,160 --> 00:09:42,680 သူတို့ဟာ ငွေကြေးတတ်နိုင်ကြလို့ 176 00:09:43,680 --> 00:09:45,216 မီးတွေကို ထွန်းလင်းလိုက်တာ 177 00:09:45,240 --> 00:09:48,696 ဘယ်လောက်တောင် တောက်ပသလဲဆိုတော့ 178 00:09:48,720 --> 00:09:51,800 ဂြိုဟ်တုတွေကတောင် ရိုက်ယူလို့ ရနိုင်လောက်ပါတယ်။ 179 00:09:52,840 --> 00:09:54,960 မြေပုံပေါ်က မှောင်မည်းနေကြတဲ့ နေရာတွေ ကျတော့၊ 180 00:09:55,720 --> 00:09:59,440 စွမ်းအင်ကို လူတွေ အဲဒီလို ဖြုန်းနိုင်စွမ်း မရှိကြတဲ့ နေရာတွေ၊ 181 00:10:00,400 --> 00:10:02,496 ဒါမှမဟုတ် ဖြုန်းနိုင်စွမ်း ရှိကြပေမဲ့၊ 182 00:10:02,520 --> 00:10:07,360 မီးတွေဖြင့် ကောင်းကင်ကို လင်းလာစေတဲ့ လုပ်ရပ်မျိုးရပ်စဲသင့်တာ သိကြတဲ့ နေရာတွေပါ။ 183 00:10:07,960 --> 00:10:11,496 တကယ်လိုများ ဒီမြေပုံကို အချိန်ကာလ အလျောက် ပြောင်းလဲပုံကို 184 00:10:11,520 --> 00:10:15,096 လှုပ်ရှားပုံအဖြစ် ကျွန်တော် ဖေါ်ပြပြနိုင်ခဲ့မယ်ဆိုရင်၊ တိုကျိုဟာ 185 00:10:15,120 --> 00:10:17,920 လက်တွေ့တွင် မှောင်လာတာကို မြင်ရပါမယ်၊ ဆူနာမီရဲ့ နောက်မှာ 186 00:10:18,880 --> 00:10:21,296 ဂျပန်ဟာ ထိခိုက်သွားတဲ့ နျူကလီယား စွမ်းအင်ဌာနကို 187 00:10:21,320 --> 00:10:24,510 ပိတ်လိုက်လို့ သုံးနိုင်တဲ့ စွမ်းအင် လေးပုံတစ်ပုံ လျော့သွားခဲ့တယ်။ 188 00:10:24,970 --> 00:10:26,640 ကမ္ဘာကြီး ချုပ်ငြိမ်း မသွားခဲ့ပါ။ 189 00:10:27,400 --> 00:10:29,576 ကောင်းကင်ဖက် ထိုးပေးတဲ့ 190 00:10:29,600 --> 00:10:31,520 မီးရောင် လျော့သွားရုံပါပဲ။ 191 00:10:33,320 --> 00:10:36,296 ကမ္ဘာကြီးမှာ ကောင်းတဲ့ သတင်းတွေ 192 00:10:36,320 --> 00:10:38,760 တကယ့်ကို အများကြီး ရှိကြပါတယ်။ 193 00:10:39,880 --> 00:10:43,296 မွေးခါစ ကလေးတွေရဲ့ သေဆုံးမှုနှုန်း ကျဆင်းလာနေတယ်၊ 194 00:10:43,320 --> 00:10:47,200 ပြီးတော့ မယုံနိုင်ဖွယ်နှုန်းနဲ့ကို ကျဆင်းလာနေတာ။ 195 00:10:47,680 --> 00:10:49,360 လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက၊ 196 00:10:50,240 --> 00:10:54,176 ကမ္ဘာကြီးတွင် မွေးပြီးတစ်နှစ်အတွင်းမှာ သေကြတဲ့ ကလေးတွေရဲ့ ဦးရေဟာ 197 00:10:54,200 --> 00:10:57,280 တစ်နှစ်အတွင်း ငါးရာခိုင်နှုန်း ရှိခဲ့တယ်။ 198 00:10:59,600 --> 00:11:02,096 ကျောင်းကို သွားကြတဲ့ ကလေးတွေ ပိုများလာပါတယ်၊ 199 00:11:02,120 --> 00:11:04,736 စာရေး၊ စာဖတ်နိုင်အောင် သင်ယူနေကြကာ 200 00:11:04,760 --> 00:11:07,576 အင်တာနက်ကို ဆက်သွယ် သုံးလာကြပြီး 201 00:11:07,600 --> 00:11:10,616 တက္ကသိုလ်ကို တက်လာကြတဲ့ ကလေးတွေဟာ 202 00:11:10,640 --> 00:11:14,536 မကြုံစဖူး မြင့်မားတဲ့ နှုန်းဖြင့် တိုးလာကာ 203 00:11:14,560 --> 00:11:20,016 ကမ္ဘာကြီးမှာ တက္ကသိုလ်ကို တက်နေကြတဲ့ လူငယ် အများစုက 204 00:11:20,040 --> 00:11:21,920 အမျိုးသားတွေ မဟုတ်ဘဲ အမျိုးသမီးတွေပါ။ 205 00:11:23,160 --> 00:11:27,056 ကျွန်တော်ဟာ အဲဒီလို ကောင်းမွန်တဲ့ သတင်းတွေကို တစ်ခုပြီးတစ်ခု 206 00:11:27,080 --> 00:11:29,696 ဆက်ဖေါ်ပြစရာ ရှိနေပေမဲ့၊ 207 00:11:29,720 --> 00:11:32,280 ကျွန်တော်တို့ဟာ အရေးပေါ် ဖြစ်တဲ့ 208 00:11:33,880 --> 00:11:36,616 ဆိုးတဲ့ သတင်းတွေကို ပိုပြီး အာရုံပြုလိုကြပါတယ်။ 209 00:11:36,640 --> 00:11:39,840 အဲဒါကို Rebecca Solnit ထောက်ပြခဲ့တာ 210 00:11:41,160 --> 00:11:45,600 သိပ်ကို ကောင်းပါတယ်၊ “တိုးတက်မှုကို စွမ်းဆောင်ပေးနိုင်ကြကာ 211 00:11:45,850 --> 00:11:48,670 ကျွန်ုပ်တို့ ခေတ်ထဲမှာ ဖြစ်ပွားနေကြတဲ့ မြင်မရနိုင်တဲ့ 212 00:11:48,670 --> 00:11:52,436 တိုးတိုးဖြစ်ပျက်လာနေကြတဲ့ အပြောင်းအလဲတွေဟာ အရင်နှင့်မတူ သိပ်ကို ခြားနားကြပါတယ်။” 213 00:11:52,436 --> 00:11:54,890 အတိတ် ကာလတွေဟာ များစွာမှ တည်ငြိမ်ခဲ့ကြပါတယ်။ 214 00:11:55,640 --> 00:12:00,616 “မသိသာတဲ့ ပြောင်းလဲမှုတွေရဲ့ အံ့ဖွယ် မဟုတ်တဲ့ သဘာဝကို ရံဖန်ရံခါ ဖြစ်တတ်တဲ့ 215 00:12:00,640 --> 00:12:03,600 ဗလောင်ဆူမှုတွေက ပိုလို့ကို ပြတ်သားအောင် ထောက်ပြနေကြတာပါ။” 216 00:12:04,320 --> 00:12:06,670 မကြာခဏဆိုသလို ကြောက်စရာ အရာတွေ ဖြစ်ပျက်ကြပါတယ်။ 217 00:12:06,670 --> 00:12:10,426 အဲဒီလို ကြောက်မက်စရာတွေကို အပတ်စဉ်တိုင်းမှာ၊ 218 00:12:10,426 --> 00:12:13,856 နေ့စဉ်လိုလို သတင်းတွေထဲမှာ ပြသနေကြပါတယ်။ 219 00:12:13,880 --> 00:12:17,856 ကမ္ဘာ့လူဦးရေ ကျဆင်းလာနေတဲ့ အကြောင်းတွေကို သူတို့ မပြောကြပါဘူး။ 220 00:12:17,880 --> 00:12:20,896 ကမ္ဘာကြီးဟာ မကြုံစဖူး ချိတ်ဆက် ဆက်သွယ်လာနေခြင်းကို ပြောမပြကြဘူး။ 221 00:12:20,920 --> 00:12:24,576 လူတွေရဲ့ သိရှိနားလည်မှုတွေဟာ အံ့ဖွယ် တိုးတက်လာနေတာကို ပြောမပြကြပါဘူး။ 222 00:12:24,600 --> 00:12:27,736 ကျွန်ုပ်ုတို့ဟာ အမှိုက်တွေကို လျှော့ပစ်ရန် စားသုံးမှုကို လျှော့ရန် 223 00:12:27,760 --> 00:12:30,216 အားထုတ်လာနေကြတာကို ပြောမပြကြပါဘူး။ 224 00:12:30,240 --> 00:12:31,440 ဒါက နောက်ဆုံး မြေပုံပါ။ 225 00:12:32,360 --> 00:12:34,736 ဒီမြေပုံထဲကနေပြီး ကျွန်တော်တို့ဟာ သမုဒ္ဒရာတွေ နဲ့ 226 00:12:34,760 --> 00:12:36,560 ပင်လယ်တွေကို ထုတ်ပစ်လိုက်တယ်။ 227 00:12:37,480 --> 00:12:39,496 ဒါကြောင့်မို့လို့ အခု မြင်နေကြရတာက 228 00:12:39,520 --> 00:12:43,376 ၇.၄ ဘီလီယံ ရှိကြတဲ့ လူဦးရေပါ၊ 229 00:12:43,400 --> 00:12:46,320 လူဦးရေ အချိုးအစားကို အခြေခံပြီး မြေပုံကို ရေးဆွဲထားတာပါ။ 230 00:12:47,240 --> 00:12:49,296 တရုတ်နိုင်ငံထဲတွင် တစ်ဘီလီယံ ကျော်ကျော်၊ 231 00:12:49,320 --> 00:12:52,136 ကမ္ဘာ့အကြီးဆုံး မြို့ကြီးကို တရုတ်နိုင်ငံမှာ မြင်နိုင်ပေမဲ့ 232 00:12:52,160 --> 00:12:53,640 ၎င်းရဲ့ အမည်ကိုတော့ မသိကြပါ။ 233 00:12:55,080 --> 00:12:56,936 အိန္ဒိယကို ကမ္ဘာကြီးရဲ့ 234 00:12:56,960 --> 00:12:59,040 အလယ်ဗဟိုမှာ ကျွန်ုပ်တို့ မြင်နိုင်ပါတယ်။ 235 00:12:59,640 --> 00:13:02,936 ဥရောပဟာ အစွန်းတစ်နေရာမှာ ရှိနေတာကို ခင်ဗျားတို့ မြင်နိုင်တယ်။ 236 00:13:02,960 --> 00:13:06,016 ကျွန်ုပ်တို့ အားလုံး ဒီနေ့ ရှိနေကြတာက 237 00:13:06,040 --> 00:13:08,976 ဂြိုဟ်ကြီးရဲ့ အဖျား တစ်နေရာက Exeter ဒေသပါ။ 238 00:13:09,000 --> 00:13:11,976 ကျွန်ုပ်တို့ဟာ ဥရောပရဲ့ အဝေး တစ်နေရာ 239 00:13:12,000 --> 00:13:13,696 ကျောက်တုန်း အသေးလေးပါ 240 00:13:13,720 --> 00:13:16,336 အဲဒီထဲမှာ ကမ္ဘာသက်ကြီးတွေရဲ့ တစ်ရာခိုင်နှုန်းလျော့လျော့ 241 00:13:16,360 --> 00:13:18,376 ကမ္ဘာရှိကြတဲ့ ကလေးတွေရဲ့ 242 00:13:18,400 --> 00:13:20,936 ရာခိုင်နှုန်းဝက်လောက်သာ 243 00:13:20,960 --> 00:13:22,800 နေထိုင်နေကြတာပါ။ 244 00:13:23,640 --> 00:13:28,256 ကျွန်ုပ်တို့ဟာ တည်ငြိမ်လာနေကာ မြို့ပြနဲ့ တူလာနေတဲ့ 245 00:13:28,280 --> 00:13:30,256 အိုမင်းလာနေတဲ့ ကမ္ဘာကြီးပါ၊ 246 00:13:30,280 --> 00:13:32,416 ချိတ်ဆက်မိလာနေတဲ့ ကမ္ဘာကြီးပါ။ 247 00:13:32,440 --> 00:13:35,880 စိုးရိမ်ကြောက်လန့်စရာ အကြောင်းတွေ အများကြီး ရှိကြတာ မှန်ပါတယ်၊ 248 00:13:36,720 --> 00:13:41,936 ဒါပေမဲ့ ကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး အရင်တုန်းကလို ကြောက်ရန် မလိုပါ၊ 249 00:13:41,960 --> 00:13:46,200 ကျွန်တော်တို့ဟာ ကမ္ဘာကြီး အသစ်ထဲမှာ နေထိုင်နေကြတာ ကျွန်ုပ်တို့ မြင်ရန်လိုတယ်။ 250 00:13:46,960 --> 00:13:48,176 အထူး ကျေးဇူးတင်ပါတယ်။ 251 00:13:48,200 --> 00:13:50,840 (လက်ခုပ်သံများ)