Return to Video

ပြည်သူ့ဘဏ္ဍာငွေတွေ သုံးစွဲရေး အစိုးရရဲ့ ဆုံးဖြတ်မှုကို သင်ပါဝင် ကူညီပေးနိုင်မယ် ဆိုရင်ကော။

  • 0:01 - 0:03
    ကျွန်မနာမည်က Shari Davis ပါ။
  • 0:03 - 0:04
    ရိုးရိုးသားသား ပြောရရင်
  • 0:04 - 0:06
    ကျွန်မက နာလန်ပြန်ထူခါစ
    အစိုးရဝန်ထမ်း တစ်ဦးပါ။
  • 0:06 - 0:10
    အစိုးရထဲမှာ လုပ်ကိုင်နေကြပြီး စနစ်တွေကို
    ပြောင်းလဲပစ်ဖို့ အားထုတ်နေကြသူတွေကို
  • 0:10 - 0:12
    အထူးကို ကျေးဇူးတင်လိုတာကို
    ထုတ်ပြောလိုပါတယ်။
  • 0:12 - 0:14
    ဒီအလုပ်က ပင်ပန်းစရာပါ။
  • 0:14 - 0:16
    အထီးကျန်နိုင်တယ်။
  • 0:16 - 0:18
    ဒီအလုပ်က မဖြစ်နိုင်ဘူးလို့ ခံစားရနိုင်တယ်။
  • 0:19 - 0:22
    ဒါပေမဲ့ အစိုးရဆိုတာက
    လာပြီး လုပ်ဆောင်ပေးကြတဲ့ လူတွေ‌ပါ။
  • 0:23 - 0:25
    တကယ်တမ်းကို လူတွေရဲ့ရှေ့မှာ ပေါ်လာကြပြီး
  • 0:26 - 0:29
    ပြည်သူဝန်ဆောင်မှုများက စီစဉ်
    ကမ်းလှမ်းပေးတာတွေကို-
  • 0:29 - 0:31
    ပြည်သူတွေအတွက်၊ ဒီမိုကရေစီအတွက်
  • 0:31 - 0:33
    ဝန်ဆောင်ပေးဖို့နဲ့ ရပ်ရွာပြည်သူများ
  • 0:33 - 0:37
    ရင်ဆိုင်ကြရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့
    သန္နိဋ္ဌာန် ချထားသူတွေပါ။
  • 0:37 - 0:38
    လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက၊
  • 0:38 - 0:42
    ကျွန်မ ဝန်ထမ်းတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ်
    မြို့တော်ခန်းမကို လျှောက်ကြည့်ခဲ့တယ်။
  • 0:42 - 0:45
    အဲ့ဒီ လမ်းလျှောက်မှုက ကျွန်မအား
    တစ်ခုကို သဘောပေါက် သွားစေခဲ့တယ်။
  • 0:45 - 0:47
    ကျွန်မက ယူနီကွန်း တစ်ကောင် ဖြစ်တာကိုပါ။
  • 0:47 - 0:50
    အဲ့အဆောက်အအုံထဲမှာ အလုပ်လုပ်တဲ့ သူတွေထဲမှာ
    ကျမနဲ့ ဆင်တဲ့သူတွေ
  • 0:50 - 0:52
    များများစားစား မရှိခဲ့ကြဘူး။
  • 0:52 - 0:55
    ဒါတောင်မှ၊ တချို့ကို နောက်မှာ
    ချန်ထားခဲ့ပြီး တချို့ကို လျစ်လျူရှု့ခဲ့တဲ့
  • 0:55 - 0:58
    နနှစ်ရာချီ ကြာလာပြီ ဖြစ်တဲ့
    စနစ်ရဲမမျှတမှုကို
  • 0:58 - 1:01
    ကိုင်တွယ်ဖြေရှင်းပေးဖို့ သန္နိဋ္ဌာန်
    ချထားသူတွေ ရှိကြပါသေးတယ်။
  • 1:01 - 1:03
    ကတိပြုထားတဲ့ အချက်ရှိခဲ့ရင်၊
  • 1:03 - 1:05
    ပြဿနာ အကြီးကြီးလည်း ရှိနေခဲ့ပါတယ်။
  • 1:05 - 1:08
    အားလုံး မြင်ရသလို၊ ဒီမိုကရေစီ ဆိုတာ၊
    ကနဦး ပြုစုရေးဆွဲခဲ့စဉ်တုန်းကိုက
  • 1:08 - 1:10
    ဆိုးဝါးလှတဲ့ အားနည်းချက် ရှိခဲ့တယ်။
  • 1:10 - 1:16
    ချမ်းသာတဲ့ လူဖြူတွေအတွက်သာ တိုးတက်ရေး
    လမ်းခင်းကို ခင်းပေးခဲ့တာပါ။
  • 1:16 - 1:19
    ဒီနေ့တွင်၊ ရှင်ဟာ စမတ်ကျပြီး
    ချမ်းသာတဲ့ လူဖြူ ဖြစ်တယ် ဆိုရင်
  • 1:19 - 1:22
    ဒါက ပြဿနာပါလို့ ကျွန်မပြောတာ
    ဘာကြောင့်လဲကို နားလည်မှာပါ။
  • 1:23 - 1:26
    ပါရမီရှိတဲ့ လူထုကြီးဟာ
    ကွင်းပြင်ဘေးမှာ ကျန်ရစ်ခဲ့ကြတယ်။
  • 1:26 - 1:30
    ကျွန်မတို့ရဲ့ ကိုယ်ကျင့်တရား
    စိတ်ကူးစိတ်သန်းတွေက ချိနဲ့လာကြတယ်။
  • 1:30 - 1:34
    အကျင့်ပျက်ခြစားမှုက ကျွန်မတို့ရဲ့
    အဆင့်အမြင့်ဆုံးရုံးတွေကို ကူးစက်နေပြီ။
  • 1:34 - 1:38
    စာနာမှုမဲ့တဲ့ ကမ္ဘာပျက်ကပ်လို
    ချောက်ကမ်းပါးဆီ ကျွန်မတို့ ရောက်နေကြတာ
  • 1:38 - 1:41
    လက်ခံလို့ မရနိုင်ပါဘူး။
  • 1:41 - 1:43
    ပြည်သူတွေ မဝင်ချင်တောင်
  • 1:43 - 1:44
    ဝင်လာကြဖို့ အတွက်
  • 1:44 - 1:48
    မြို့တော်ခန်းမ၊ ကျောင်းတွေရဲ့ တံခါးတွေကို
    ကျွန်မတို့ အကျယ်ကြီး ဖွင့်ပေးထားရမယ်။
  • 1:48 - 1:51
    ကျွန်မတို့ကို အခုလို အရှုပ်ထဲရောက်စေခဲ့တဲ့
    အထက်-အောက် တင်ပြရတဲ့
  • 1:51 - 1:53
    လုပ်ငန်းစဉ် အဟောင်းတွေကို
    ကျွန်မတို့ စွန့်ပစ်ကြရမယ်။
  • 1:53 - 1:55
    ပြီးရင် စားပွဲဝိုင်းမှာ
  • 1:55 - 1:57
    မျက်နှာသစ်တွေ၊ ထုတ်ဖော်သံ အသစ်တွေနဲ့
  • 1:57 - 1:59
    အစက ပြန်စဖို့ လိုအပ်ပြီး၊
  • 1:59 - 2:04
    လုပ်ငန်းအဆင့်တိုင်းမှာ ရှုထောင့် အမြင်အသစ်
    တွေကို ကျွန်မတို့ ကြိုဆိုရမယ်။
  • 2:04 - 2:06
    ဒါဟာ ပြုလုပ်ရမယ့် မှန်ကန်တဲ့အရာ
    မို့လို့ မဟုတ်ဘဲ၊
  • 2:06 - 2:08
    မှန်ကန်တာ ဟုတ်တောင်မှ၊
  • 2:08 - 2:12
    ဒါက ကျွန်မတို့ အတူတူတကွ အောင်မြင်ဖို့
    တစ်ခုတည်းသော လမ်းစဉ် ဖြစ်လို့ပါ။
  • 2:12 - 2:14
    အကောင်းဆုံး သတင်းက ဒီလိုပါ။
  • 2:14 - 2:17
    အဲ့ဒါ ဘယ်လိုလုပ်ရမှာကို ကျွန်မသိတယ်။
  • 2:17 - 2:19
    အဖြေက၊ ဖြစ်နိုင်တဲ့ အဖြေ တစ်ခုက...
  • 2:19 - 2:22
    အားလုံးပါဝင်ဆုံးဖြတ်ကြရမယ့်
    ဘတ်ဂျက်လုပ်ငန်းစဉ်ပါ။
  • 2:22 - 2:23
    အမှန်ပါပဲ။
  • 2:23 - 2:27
    အားလုံးပါဝင်ဆုံးဖြတ်ကြရမယ့် ဘတ်ဂျက်
    လုပ်ငန်းစဉ် သို့မဟုတ် အတိုကောက်က "PB" ပါ။
  • 2:27 - 2:31
    PB လုပ်ငန်းစဉ် ဆိုတာက အစိုးရနဲ့
    ရပ်ရွာလူထုတို့ အတူတူ ပူးပေါင်းပြီး
  • 2:31 - 2:35
    အကြံဉာဏ်ထုတ်ကာ တိကျတဲ့
    အဆိုပြုချက်တွေကို ဖော်ထုတ်စေရင်း
  • 2:35 - 2:39
    ရပ်ရွာထဲက တကယ့်ပြဿနာတွေကို ဖြေရှင်းပေးမယ့်
    စီမံကိန်းတွေကို မဲပေးဆုံးဖြတ်စေတယ်။
  • 2:39 - 2:42
    ပြည်သူ့ဘတ်ဂျက်အကြောင်း
    ကျွန်မ စပြောရင် လူတွေ စိတ်လှုပ်ရှားပြီး
  • 2:42 - 2:45
    ထကကြမှာ မဟုတ်ဘူးဆိုတာ
    ကျွန်မ အခု နားလည်ပါတယ်။
  • 2:45 - 2:47
    အားလုံးပါဝင်ဆုံးဖြတ်ကြရမယ့် ဘတ်ဂျက်
    လုပ်ငန်းစဉ် ကတော့
  • 2:47 - 2:52
    တကယ်ကို စုပေါင်းပြီး ဆန်းသစ်တဲ့
    အမြင်ဖြင့် စိတ်ကူးကြည့်ဖို့ပါ။
  • 2:52 - 2:55
    PB မှာ လူတိုင်း ကပြနိုင်တဲ့
    အခန်းကဏ္ဍရှိပြီး
  • 2:55 - 2:56
    အဲဒါ အလုပ်ဖြစ်တာက
  • 2:56 - 2:59
    တကယ့်ရှိနေတဲ့ ပြဿနာတွေ အတွက်
    လက်တွေ့ ဖြေရှင်းနည်းတွေကို
  • 2:59 - 3:03
    ပြုစုရေးဆွဲမှုထဲတွင် ရပ်ကွက်ထဲ
    နေထိုင်ကြသူတို့အား ပါဝင်ခွင့်ပြုပြီး
  • 3:03 - 3:07
    အစိုးရရဲ့ ကတိအတွက် အခြေခံအဆောက်
    အအုံကို ပံ့ပိုးပေးနိုင်လို့ပါ။
  • 3:07 - 3:08
    ရိုးရိုးသားသား ပြောရရင်၊
  • 3:08 - 3:13
    ဒါဟာ ဒီမိုကရေစီ တကယ်အလုပ်ဖြစ်ပုံကို
    ကျွန်မ ပထမဆုံးအကြိမ် မြင်လိုက်ရတာပါ။
  • 3:13 - 3:15
    ဒါကို မနေ့တနေ့ကလိုပဲ
    ကျွန်မ မှတ်မိနေတယ်။
  • 3:15 - 3:18
    ၂၀၀၄ ခုနှစ် Massachusetts ပြည်နယ်၊
    Boston မြို့မှာဖြစ်ခဲ့ပြီး
  • 3:18 - 3:20
    မြို့တော်ဝန် Menino က ကျွန်မကို
  • 3:20 - 3:23
    နိုင်ငံ့ပထမဆုံး လူငယ်ဗဟိုပြုတဲ့
    PB ကြိုးပမ်းမှုကို မြို့တော်ရန်ပုံငွေ
  • 3:23 - 3:26
    ဒေါ်လာတစ်သန်းနဲ့ စတင်လုပ်ဆောင်ပေးဖို့
    တောင်းဆိုခဲ့တယ်။
  • 3:26 - 3:29
    ဒါနဲ့ ကျွန်မတို့ဟာ ပါဝင်ရမယ့် အရာတွေ၊
    ကန့်သတ်ချက်တွေ
  • 3:29 - 3:31
    ဒါမှမဟုတ် ဇယားပုံစံတွေ
    ဖေါ်မြူလာတွေနဲ့ မစတင်ခဲ့ကြဘူး။
  • 3:31 - 3:33
    ကျွန်မတို့ လူတွေနဲ့အတူ
    စတင်ခဲ့ကြတယ်။
  • 3:33 - 3:36
    လူတိုင်းရဲ့အသံကို နားထောင်ဖြစ်ဖို့
    ကျွန်မတို့ အသေအချာ ဆောင်ရွက်ခဲ့ကြတယ်။
  • 3:36 - 3:38
    ဒါကြောင့် ကျွန်မတို့ဟာ
    သမိုင်းကြောင်းအရနဲ့
  • 3:38 - 3:41
    အစဉ်အလာအရ ဘေးဖယ်ထားခဲ့ကြရတဲ့
    ဝန်းကျင်ဒေသတွေက လူငယ်တွေ၊
  • 3:41 - 3:44
    သမရိုးကျမဟုတ် ထူးခြားတဲ့
    အသိုင်းအဝိုင်းထဲက သူတွေနဲ့
  • 3:44 - 3:47
    အရင်တုန်းက အကျဉ်းချခံခဲ့ရဘူးကြတဲ့
    လူငယ်တွေကို စည်းရုံးခဲ့ကြတယ်။
  • 3:47 - 3:51
    ကျွန်မတို့ အတူတူ မကြာခဏဆိုသလို ပီဇာနဲ့
    သကြားမဲ့ ဖျော်ရည်တွေကို စားသောက်ရင်း
  • 3:51 - 3:53
    Boston ကို ပိုကောင်းအောင်
    ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးခဲ့ကြတယ်။
  • 3:53 - 3:57
    "Youth Lead the Change" ဆိုတဲ့
    လုပ်ငန်းစဉ်ကို ကျွန်မတို့ ရေးဆွဲခဲ့ကြတယ်။
  • 3:57 - 3:59
    Boston ကို
    လူငယ်တွေ ရှင်သန်နေထိုင်ဖို့ရာ
  • 3:59 - 4:03
    လိုအပ်တဲ့ အချက်အလက်တွေကို ရယူသုံး
    နိုင်မယ့် နေရာဖြစ်ဖို့ စိတ်ကူးခဲ့ကြတယ်။
  • 4:03 - 4:04
    သူတို့ရဲ့ အသိုင်းအဝိုင်း အတွင်းမှာ
  • 4:04 - 4:08
    လူငယ်တွေ လုံခြုကြတာကို ခံစားကြရပြီး
    အများပြည်သူနေရာတွေကို
  • 4:08 - 4:13
    ပြည်သူ အားလုံးအတွက် ဘဝဆိုင်ရာ အချက်အချာ
    နေရာအဖြစ် သူတို့ ပြောင်းလဲနိုင်မှာကို
  • 4:13 - 4:14
    ကျွန်မတို့ စိတ်ကူးခဲ့ကြတယ်။
  • 4:14 - 4:16
    သူတို့တွေ လုပ်ခဲ့ကြတာ
    အဲဒီအတိုင်း အတိအကျပဲ။
  • 4:16 - 4:18
    ပထမဆုံးနှစ်မှာ
  • 4:18 - 4:23
    လူငယ်တွေဟာ ဒေါ်လာကိုးသောင်းကို သုံးပြီးူ
    Boston အထက်တန်း ကျောင်းသားများ အတွက်
  • 4:23 - 4:26
    နည်းပညာများအား
    သုံးနိုင်ခွင့်ကို မြှင့်တင်ပေးဖို့၊
  • 4:26 - 4:29
    ကျောင်းသားတွေ အနေနဲ့ စာသင်ခန်းထဲမှာ၊
    ပြင်ပမှ အားထုတ်ကြိုးပမ်းနိုင်ဖို့
  • 4:29 - 4:34
    လက်တော့ပ်တွေကို Boston အထက်တန်း
    ကျောင်းများအား ဖြန့်ဝေပေးခဲ့ကြတယ်။
  • 4:34 - 4:37
    သူတို့ဟာ အများပြည်သူနေရာတွေကို
    လက်တွေ့မှာရော၊ တင်စားလျက် ဖြစ်စေ
  • 4:37 - 4:41
    တောက်ပလာတဲ့ ပန်းချီနံရံကြီးတွေကို
    ဖန်တီးဖို့ ဒေါ်လာ ၆၀၀၀၀ ကို သုံးခဲ့ကြတယ်။
  • 4:41 - 4:44
    ပိုအရေးပါတဲ့ ပြဿနာတစ်ခုကိုပါ
    သူတို့ ဖြေရှင်းပေးခဲ့ကြသေးတယ်။
  • 4:45 - 4:49
    လူငယ်တွေဟာ သူတို့ရဲ့ အနုပညာကို နံရံပေါ်မှာ
    ရေးဆွဲခဲ့ကြလို့
  • 4:49 - 4:52
    တရားရုံးမှာ တရားစွဲခံခဲ့နေခဲ့ကြရတယ်။
  • 4:52 - 4:56
    အဲ့နေရာတွေဟာ သူတို့အနုပညာကို လျေ့ကျင့်ဖို့
    ဘေးကင်း လုံခြုံတဲ့ နေရာဖြစ်လာတယ်။
  • 4:56 - 5:00
    သူတို့ဟာ ဒေါ်လာလေးသိန်းကို သုံးပြီး
    ပန်းခြံတွေကို မွမ်းမံပြင်ပေးခဲ့ကြလို့
  • 5:00 - 5:05
    အဖွဲ့အစည်းအားလုံးမှ လူတွေ အားလုံး
    ပိုပြီး လွယ်ကူစွာ သုံးစွဲလာနိုင်ကြတယ်။
  • 5:05 - 5:07
    အခု ဝန်ခံရရင်တော့
  • 5:07 - 5:10
    အဲ့ဒါက ကျွန်မတို့ စီစဉ်ခဲ့ကြသလို
    အဆင်ပြေ ချောမွေ့ခဲ့တာ မဟုတ်ပါဘူး။
  • 5:10 - 5:13
    ပန်းခြံကို ကျွန်မတို့
    မြေကြီးကို စတူးချိန်မှာကို
  • 5:13 - 5:16
    ဒါက ရှေးဟောင်းသုတေသနနေရာ တစ်ခု အပေါ်မှာ
    ဖြစ်နေတာကို သိရှိလိုက်ရလို့
  • 5:16 - 5:18
    ဆောက်လုပ်ရေးလုပ်ငန်းကို
    ရပ်နားခဲ့ရတယ်။
  • 5:18 - 5:21
    PB ကိစ္စ ကျွန်မ
    ဖျက်ဆီးပစ်လိုက်ပြီလို့ တွေးမိတယ်။
  • 5:21 - 5:25
    ဒါပေမဲ့ စီမံကိန်းကို မြို့က ရုပ်လုံးဖေါ်
    ဖြစ်ဖို့ စိတ်အားထက်သန် နေခဲ့လို့
  • 5:25 - 5:27
    ကျွန်မ စိုးရိမ်သလို ဖြစ်မလာခဲ့ပါဘူး။
  • 5:27 - 5:30
    သူတို့ဟာ ရပ်ရွာလူထုကို တူးဖော်မှုထဲ
    ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။
  • 5:30 - 5:32
    အဲဒီနေရာကို ဝန်းရံကာကွယ်လိုက်ကြတယ်၊
  • 5:32 - 5:33
    ရှေးဟောင်း ပစ္စည်းတွေ ရှာတွေခဲ့လို့
  • 5:34 - 5:36
    Boston သမိုင်းကို မြှင့်တင်ပေးခဲ့ကာ
  • 5:36 - 5:39
    ပန်းခြံ မွမ်းမံဆန်းသစ်ရေးကို
    ရှေ့ဆက် လုပ်ခဲ့ကြပါတယ်။
  • 5:39 - 5:43
    ဒါဟာ အစိုးရထဲက အဆန်းသစ်ဆုံး စိတ်ကူး
    စိတ်သန်းတွေရဲ့ ရောင်ပြန်မှု မဟုတ်ခဲ့ရင်
  • 5:43 - 5:45
    ဘာများလဲ ကျွန်မ မပြောနိုင်ပါဘူး။
  • 5:45 - 5:47
    ရိုးရှင်းနေတယ်လို့ ထင်ရတဲ့အရာဟာ
  • 5:47 - 5:52
    ပါဝင်လုပ်ကိုင်နေကြတဲ့ ပြည်သူနဲ့ လူမှု
    အသိုင်းအဝိုင်းကို တကယ် ပြောင်းပစ်နိုင်တယ်။
  • 5:52 - 5:56
    ရပ်ရွာပြည်သူတွေကနေပြီး သယ်ယူပို့ဆောင်မှု
    အဆင်ပြေရေးအောင် ပုံစံပြောင်းလာကြတာ၊
  • 5:56 - 5:58
    သူတို့ ကျောင်းတွေကို မြှင့်တင်ကြတာနဲ့
  • 5:58 - 6:01
    အစိုးရ အဆောက်အဦတွေကိုတောင်
    ပြုပြင်ပြောင်းလဲလာကြပြီး
  • 6:01 - 6:04
    အဲဒီထဲမှာ သူတို့အတွက် နေရာရှိလာအောင်
    လုပ်ကိုင်ကြတာ မြင်ရပါတယ်။
  • 6:04 - 6:06
    ကျွန်မတို့ဆီမှာ PB မရှိခင်တုန်းက၊
  • 6:06 - 6:08
    ကျွန်မနဲ့ ဆင်တူတဲ့ လူတွေ၊
  • 6:08 - 6:10
    ကျွန်မလာတဲ့ နေရာမျိုးမှ လာကြတဲ့ လူတွေ၊
  • 6:10 - 6:13
    ကမ္မကထပြုချက် အသစ်အတွက်၊
    ဒါမှမဟုတ် လုပ်ငန်းသစ် အဖွဲ့အစည်းအတွက်
  • 6:13 - 6:15
    အစိုးရ အဆောက်အဦတွေထဲကို
    ဝင်လာကြတာ၊
  • 6:15 - 6:18
    နောက်ပိုင်းတွင် သူတို့ ပြန်ထွက်သွားတာကို
    မြင်တွေ့ခဲ့ရမှာပါ။
  • 6:18 - 6:20
    တစ်ခါတစ်ရံဆို ကျွန်မ သူတို့ကို
    ပြန်မတွေ့ဖြစ်ခဲ့ဘူး။
  • 6:20 - 6:24
    သူတို့ရဲ့ ကျွမ်းကျင်မှုကို
    တန်ဖိုးထားမခံခဲ့ကြလို့ပါ။
  • 6:25 - 6:27
    သူတို့ဟာ လုပ်ငန်းစဉ်ထဲတွင်
    တကယ်ပါဝင်ခဲ့ကြတာ မဟုတ်ပါဘူး။
  • 6:27 - 6:30
    ဒါပေမယ့် PB ကျတော့
    လုံးဝမတူ ကွဲပြားပါတယ်။
  • 6:30 - 6:32
    ကျွန်မတို့ PB ကို စပြီး လုပ်ကိုင်စဉ်
  • 6:32 - 6:36
    တစ်မြို့လုံးက ကျွန်မဟာ အရမ်းမိုက်တဲ့
    လူငယ်ခေါင်းဆောင်တွေနဲ့ သိကျွမ်းလာခဲ့ရတယ်။
  • 6:36 - 6:40
    အဲ့ထဲကမှ တစ်ယောက်ကတော့
    ရော့ခ်ကြယ်ပွင့်လို Malachi Hernandez ပါ။
  • 6:40 - 6:41
    အသက် ဆယ့်ငါးနှစ် ရှိသူပါ၊
  • 6:41 - 6:43
    ရပ်ရွာလူထုဆွေးနွေးပွဲ တစ်ခုကို လာတော့
  • 6:43 - 6:46
    ရှက်တတ်၊ စူးစမ်းတတ်ပြီး
    နည်းနည်း အနေအေးခဲ့သူပါ။
  • 6:46 - 6:48
    တချိန်လုံး ပါဝင်နေရင်းနဲ့
  • 6:48 - 6:51
    စီမံကိန်းကို ဦးဆောင်ဖို့ ရည်မှန်းတဲ့
    လူငယ် တစ်ဦး ဖြစ်လာတယ်။
  • 6:51 - 6:53
    အခု နောက်နှစ်နှစ်ဆီ ရှေ့ကို ပြေးကြည့်ရင်၊
  • 6:54 - 6:58
    Malachi ဟာ သူ့မိသားစုထဲမှာ
    ပထမဆုံး ကောလိပ် တက်နိုင်သူ ဖြစ်လာခဲ့တယ်။
  • 6:58 - 6:59
    လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက
  • 6:59 - 7:03
    သူဟာ သူ့မိသားစုထဲမှာ
    ပထမဆုံး ဘွဲ့ရသူ ဖြစ်လာခဲ့တယ်။
  • 7:03 - 7:05
    Malachi ဟာ အိုဘားမား အိမ်ဖြူတော် ကို
  • 7:05 - 7:07
    My Brother's Keeper အစီအစဉ်
    တစ်စိတ်တစ်ဒေသ အဖြစ်
  • 7:07 - 7:10
    အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့သူပါ။
  • 7:10 - 7:14
    သမ္မတ အိုဘားမားဟာ မိမိအင်တာဗျူးတွင်
    Malachi ကို ကိုးကားပြီးတောင် ပြောခဲ့တယ်။
  • 7:14 - 7:17
    ဒါအမှန်နော်၊ ရှင်တို့ ရှာကြည့်နိုင်ပါတယ်။
  • 7:17 - 7:20
    Malachi ဟာ ပါဝင်လာခဲ့တယ်၊
    ဆက်ရှေ့ပြီး ပါဝင်နေခဲ့ခြင်းဖြင့်
  • 7:20 - 7:24
    ရပ်ရွာခေါင်းဆောင်မှုနဲ့ အလားအလာအကြောင်း
    ကျွန်မတို့ ထင်မှတ်ခဲ့ကြတဲ့ ပုံစံကို
  • 7:24 - 7:26
    ပြောင်းလဲပစ်နိုင်သူ ဖြစ်လာတယ်။
  • 7:26 - 7:28
    ဒါမှမဟုတ် ကျွန်မသူငယ်ချင်း
    Maria Hadden ဆို
  • 7:28 - 7:32
    ချီကာဂိုမြို့ရဲ့ ပထမဦးဆုံး
    PB လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တယ်။
  • 7:32 - 7:34
    နောက်မှာတော့ အားလုံးပါဝင်ဆုံးဖြတ်ရမယ့်
    ဘတ်ဂျက်လုပ်ငန်းစဉ်
  • 7:34 - 7:36
    စီမံကိန်း ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့တယ်။
  • 7:36 - 7:38
    ပြီးတော့ ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့ပြီး
  • 7:38 - 7:42
    ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့
    ဝန်ထမ်းကို ဖြုတ်ချပြီး
  • 7:42 - 7:45
    ချီကာဂိုမြို့ရဲ့ သမိုင်းမှာ
    မကြုံစဖူး ပထမဦးဆုံး
  • 7:45 - 7:47
    မြို့တော်ကောင်စီဝင် လူမည်းတစ်ဦး
    ဖြစ်လာတယ်။
  • 7:48 - 7:50
    ဒါဟာ အံ့ဖွယ် ပါဝင်လုပ်ကိုင်မှုကြီးပါ။
  • 7:50 - 7:52
    လေးလေးနက်နက် သဘောထား
    လုပ်ကိုင်ခဲ့မှုပါ။
  • 7:53 - 7:56
    ရပ်ရွာခေါင်းဆောင်မှုထဲမှနေ ပေါ်ထွက်
    လာခဲ့ပြီး တည်ဆောက်နိုင်ခဲ့မှုပါ။
  • 7:57 - 7:59
    စနစ်ကို ပြောင်းလဲပစ်မှုပါ။
  • 7:59 - 8:01
    ယူအက်စ် မှာတင် မကတော့ပါဘူး။
  • 8:01 - 8:04
    လွန်ခဲ့တဲ့ နှစ်သုံးဆယ်က
    ဘရာဇီးမှာ စတင်ဖြစ်ခဲ့တဲ့ PB ဟာ
  • 8:04 - 8:08
    ကမ္ဘာတဝှမ်းက မြို့ခုနှစ်ထောင်ကျော်
    အထိကို ပျံ့နှံ့လာခဲ့ပါပြီ။
  • 8:08 - 8:09
    ပြင်သစ်နိုင်ငံ ပါရီမြို့မှာ
  • 8:10 - 8:12
    မြို့တော်ဝန်က မြို့တော် ဘတ်ဂျက်ရဲ့
    ငါးရာခိုင်နှုန်းဖြစ်တဲ့
  • 8:12 - 8:15
    ယူရို သန်း ၁၀၀ ကျော်ကို
  • 8:15 - 8:19
    မိမိတို့မြို့တော်ရဲ့ ပုံသဏ္ဌာန်ကို ရပ်ရွာ
    လူထုမှ ဆုံးဖြတ်ဖို့အတွက် ချန်ပေးထားတယ်။
  • 8:19 - 8:24
    တကမ္ဘာလုံး အတိုင်းအတာနဲ့ PB ဟာ
    ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ပေးကြောင်း၊
  • 8:24 - 8:26
    ခြစားမှုကို လျှော့ချပစ်ကြောင်းနဲ့
  • 8:26 - 8:28
    အစိုးရအား ယုံကြည်မှု တိုးလာစေကြောင်း
    သက်သေ ထူပြထားပါပြီ။
  • 8:28 - 8:32
    ဒီနေ့ လူအဖွဲ့အစည်းထဲ ကျွန်မတို့ ရင်ဆိုင်
    နေရတဲ့ စိန်ခေါ်မှုတွေကို သိနေကြပါပြီ။
  • 8:32 - 8:35
    ပြည်သူတို့က အစိုးရကို တင်မြှောက်တာက
    ပြည်သူ့အတွက် လုပ်ကိုင်ဖို့ ဖြစ်တာကို
  • 8:35 - 8:38
    မယုံကြည်ဘဲနဲ့၊ ပြည်သူတွေ
    စိတ်လှုပ်ရှား ပါဝင်လာကြမှာကို၊
  • 8:38 - 8:43
    ရွေးကောက်ပွဲထဲ လာမဲပေးကြမှာကို
    ကျွန်မတို့ ဘယ်လို မျှော်လင့်ရနိုင်မလဲ။
  • 8:43 - 8:46
    ကျွန်မ ထောက်ပြချင်တာက ကျွန်မတို့ရဲ့
  • 8:46 - 8:48
    ဒီ အမေရိကန်ပြည်ထောင်စုမှာ
  • 8:48 - 8:52
    အားလုံးပါဝင်ကြရမယ့် ဘတ်ဂျက်လုပ်ငန်းစဉ်ကို
    လက်တွေ့ ရုပ်လုံးမဖေါ်ရသေးပါဘူး။
  • 8:52 - 8:55
    ဒါပေမဲ့ ဒီမိုကရေစီ ဆိုတာက
    ရှင်သန်နေတဲ့ သက်ရှိလိုမျိုးပါ။
  • 8:55 - 8:58
    ဒီမိုကရေစီဟာ ကျွန်မတို့ရဲ့
    မွေးရာပါ အခွင့်အရေး ဖြစ်နေတုန်းပါ။
  • 8:59 - 9:02
    ယုံကြည်မှုကို ပြန်လည် ဆန်းသစ်ပေးရမယ့်
    အချိန်ပါ။ လွယ်မှာတော့ မဟုတ်ဘူး။
  • 9:02 - 9:05
    တွေးခေါ်ပုံ၊ ပြောဆိုပုံ၊ အလုပ်လုပ်ပုံ၊
  • 9:05 - 9:09
    စိတ်ကူးကြပုံနဲ့ စီစဉ်ရေးဆွဲပုံ နည်းလမ်း
    သစ်တွေ စနစ်တကျ ဖြစ်ဖို့
  • 9:09 - 9:10
    ကျွန်မတို့ တည်ဆောက်ကြရပါမယ်။
  • 9:10 - 9:15
    လူတိုင်း စားပွဲမှာပါဝင် ဆုံးဖြတ်ပိုင်ခွင့်
    ရှိခဲ့ရင် အမေရိကဟာ ဘယ်လိုမျိုး ဖြစ်ခဲ့မလဲ။
  • 9:15 - 9:19
    လုပ်လို့ ရနိုင်တာတွေကို ကျွန်မတို့
    အချိန်ယူ ပြန်စဉ်းစားကြပြီး
  • 9:19 - 9:22
    "ငါတို့ ဟိုနေရာကို ရောက်အောင်
    ဘယ်လို လုပ်ရမလဲ" လို့ မေးကြည့်ကြရမယ်။
  • 9:23 - 9:27
    ကျွန်မအကြိုက်ဆုံး စာရေးဆရာ Octavia Butler
    အဲဒါကို ပြောဆိုခဲ့တာ အကောင်းဆုံးပါပဲ။
  • 9:27 - 9:31
    ကျွန်မရဲ့ သမ္မာကျမ်းစာဖြစ်တဲ့
    "Parable of the Sower" မှာ သူ ပြောခဲ့တာက
  • 9:31 - 9:34
    "မင်း ထိတွေ့သမျှ အရာအားလုံးကို
    မင်း ပြောင်းလဲလိုက်တယ်။
  • 9:35 - 9:38
    မင်း ပြောင်းလဲလိုက်တဲ့ဟာက
    မင်းကို ပြောင်းလဲလာစေတယ်။၊
  • 9:38 - 9:42
    ထာဝရ တည်တံ့မယ့် တစ်ခုတည်းသော
    အမှန်တရားက ပြောင်းလဲနေခြင်းပါ၊
  • 9:42 - 9:44
    ဘုရားသခင်ဟာ ပြောင်းလဲနေခြင်းပါ။"
  • 9:44 - 9:49
    ဒီ ပြည်နယ်ငါးဆယ်စလုံး ပြောင်းလဲ
    ကြရတော့မယ့် အချိန်ပါ။
  • 9:49 - 9:52
    ကျွန်မတို့ကို ဒီနေရာကို တွန်းပို့ခဲ့တာက
    ဟိုနေရာကို ပို့ပေးမှာ မဟုတ်တာ သေချာပါတယ်။
  • 9:52 - 9:55
    ကျွန်မတို့ဟာ အာဏာရဲ့ နံရံတွေကို
    ဖြိုချလိုက်ပြီး အဲ့ဒါအစား
  • 9:55 - 10:00
    စစ်မှန်တဲ့ ဒီမိုကရေစီ ဥယျာဉ်တွေကို
    စိုက်ပျိုးပေးကြရမယ်။
  • 10:00 - 10:03
    စနစ်ကို ကျွန်မတို့
    ပြောင်းလဲကြရမှာက အဲဒီလိုပါ။
  • 10:03 - 10:05
    လူတွေ မဝင်ချင်တောင် ဝင်လာစေအောင်
  • 10:05 - 10:07
    တံခါးတွေကို အကျယ်ကြီး ဖွင့်ပေးထားကြရမယ်။
  • 10:07 - 10:11
    ဒီလိုဆိုရင် ရှင်တို့ရပ်ရွာထဲကို အားလုံး
    ပါဝင်ဆုံးဖြတ်ရမယ့် ဘတ်ဂျက်လုပ်ငန်းစဉ်
  • 10:11 - 10:14
    ကျင့်သုံးဖြစ်ဖို့ ရှင့်တို့ကို ဘာကများ
    တားဆီးနေတာလဲ။
Title:
ပြည်သူ့ဘဏ္ဍာငွေတွေ သုံးစွဲရေး အစိုးရရဲ့ ဆုံးဖြတ်မှုကို သင်ပါဝင် ကူညီပေးနိုင်မယ် ဆိုရင်ကော။
Speaker:
Shari Davis
Description:

ပြည်သူ့ဘဏ္ဍာငွေတွေ သုံးစွဲရေး အစိုးရရဲ့ ဆုံးဖြတ်မှုကို သင်ပါဝင် ကူညီပေးနိုင်မယ် ဆိုရင်ကော။ ဒါကတော့ အားလုံးပါဝင်ဆုံးဖြတ်ကြရမယ့် ဘတ်ဂျက်လုပ်ငန်းစဉ်ရဲ့ နောက်ကွယ်က စိတ်ကူး ဖြစ်ပြီး ကိုယ့်အိမ်နားက တကယ့်ပြဿနာတွေအတွက် တိကျခိုင်မာတဲ့ ဖြေရှင်းနည်းတွေကို ဒေသခံပြည်သူများနှင့် အစိုးရတို့ လက်တွဲပြီး ကြံဆဖော်ထုတ်ပေးရေး လုပ်ငန်းစဉ်ပါ။ လှုပ်ရှားဆောင်ရွက်ကြဖို့ လှုံ့‌ဆော်ထားတဲ့ ဒီဟောပြောမှုမှာ ရပ်ရွာခေါင်းဆောင် Shari Davis က အားလုံးပါဝင်ဆုံးဖြတ်ကြရမယ့် ဘတ်ဂျက်လုပ်ငန်းစဉ်က ဒီမိုကရေစီကို ခိုင်ခန့်လာအောင်၊ လူနေရပ်ကွက်တွေနဲ့ မြို့တွေကို ဘယ်လို ပုံစံပြောင်းလဲနိုင်အောင် လုပ်ပေးနိုင်တာကို၊ ပြီးတော့ လူတိုင်းကို စားပွဲမှာ ပါဝင်ဆွေးနွေးခွင့်ပေးနိုင်တာကို တင်ပြပေးထားပါတယ်။ သူက "မြို့တော်ခန်းမနဲ့ ကျောင်းတွေရဲ့ တံခါးတွေကို ပြည်သူတွေ မဝင်ချင်တောင် ဝင်လာကြဖို့ တံခါးတွေကို ဖွင့်ပေးဖို့ လိုပါတယ်" လို့ ဆိုထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:28

Burmese subtitles

Revisions