ကျွန်မနာမည် Greta Thunberg ပါ အစုလိုက်အပြုံလိုက်မျိုးသုဉ်းမှုအစမှာ ကျွန်မတို့ နေထိုင်ကြပါတယ် ရာသီဥတုတွေ ဖောက်ပြန်နေကြတယ် ကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သင်ခန်းစာတွေနဲ့ ကြီးပြင်းလာကြရတယ် ဒါပေမယ့်လဲ ဒါကို ကျွန်မတို့ပြင်နိုင်တယ် ခင်များကို ပြင်နိုင်တယ် ကျွန်မတို့ရှင်သန်နိုင်ဖို့၊ လောင်စာဆီလောင်ကျွမ်းမှုကိုရပ်တန့်ရမယ် ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး ဖြေရှင်းနည်းတွေ များစွာရှိပါတယ် ဒါပေမယ့် ကျွန်မတို့မှာရှိတဲ့ မှန်ကန်တဲ့ဖြေရှင်းမှုကဘာလဲ ကျွန်မမိတ်ဆွေ George ရှင်းပြပါလိမ့်မယ် လေထဲကနေ ကာဗွန်တွေ စုပ်ယူတဲ့ ထူးခြားတဲ့စက်တစ်မျိုးရှိပါတယ် ကုန်ကျစရိတ်နည်းတယ် သူ့ကိုယ်သူတည်ဆောက်တယ် အဲဒါက.... သစ်ပင်ဖြစ်ပါတယ် သစ်ပင်ဟာ သဘာဝရာသီဥတုရဲ့ ဖြေရှင်းချက် သာဓကတစ်ခုဖြစ်ပါတယ် လမုပင်၊ မြေဆွေးနွံ၊ တောအုပ်တွေနဲ့ ပင်လယ်ကြမ်းပြင်တွေ ရေမှော်တော၊ စိမ့်တွေနဲ့ သန္တာကျောက်တန်းတွေ သူတို့က လေထဲက ကာဗွန်တွေကိုစုပ်ယူပြီး အဝေးဆီပို့ပစ်တယ် ဖောက်ပြန်နေတဲ့ ရာသီဥတုကို ပြန်ပြင်ဆင်ဖို့ သဘာဝက အကောင်းဆုံးလက်နက်ပါပဲ အဲဒီ သဘာဝဖြေရှင်းနည်းဟာ ထူးထူးခြားခြား ကွဲပြားပါလိမ့်မယ် အတော်မိုက်တယ်‌မဟုတ်လား သို့ပေမယ့် လောင်စာတွေကို မြေပြင်ပေါ် စွန့်ပစ်လိုက်မယ်ဆိုရင် စိတ်ပျက်စရာဖြစ်ရပ်တစ်ခုက အဲဒီလောင်စာတွေကို လျစ်လျူရှုလိုက်တာပဲ ကျွန်တော်တို့ဟာ လောင်စာတွေကို အဆတစ်ထောင်ပိုပြီး သုံးစွဲနေကြပါတယ် သဘာဝကပေးနိုင်တာထက်ပေါ့။ ရာသီဥတုမဖောက်ပြန်ဖို့ သဘာဝအတိုင်းတားတာက ရာသီဥတုဖောက်ပြန်မှုမှ ကုစားခြင်းထက် ၂ % အကုန်အကျ သက်သာပါတယ် အဲဒါဟာ သင်တို့ပိုက်ဆံတွေ အခွန်တွေနဲ့ စုဆောင်းငွေတွေပါ ပိုပြီး စိတ်ပျက်စရာက ကျွန်တော်တို့က သဘာဝကို ပိုလိုလာချိန်မှာ တောအုပ်တွေကို ဖျက်ဆီးနေခဲ့ပြီး ဖြစ်နေပါပြီ နေ့တိုင်းမှာ မျိုးစိတ် ၂၀၀ ကျော်ဟာ မျိုးသုဉ်းနေကြရပါတယ် မြောက်ဝင်ရိုးစွန်းရေခဲတွေ မရှိတော့ဘူး တောရိုင်းတိရစ္ဆာန်အများစု မရှိကြတော့ဘူး မြေဆီလွှာတွေ မရှိကြတော့ဘူး ကျွန်မတို့ ဘာလုပ်ကြမလဲ ခင်များတို့ ဘာလုပ်နိုင်ကြမလဲ ရှင်းရှင်းလေပါ ကျွန်တော်တို့ ကာကွယ်ကြမယ် ပြန်လည်ထိန်းသိမ်းကြမယ် ရံပုံငွေထောက်ပံ့ကြမယ် ကာကွယ်ဖို့က အပူပိုင်းသစ်တောတွေ ခုတ်ထွင်ခံနေရတာဟာ တစ်မိနစ်မှာ ဘောလုံးကွင်း ၃၀ ခုစာ ရှိပါတယ် သဘာဝဟာ အသက်ရှင်ဖို့အချက်အချာဖြစ်နေစဉ်မှာ ကျွန်တော်တို့က လုံးဝကာကွယ်ရမှာပါ။ ပြန်လည်ထိန်းသိမ်းဖို့ ကျွန်မတို့ ဂြိုလ်ဟာ အထိအခိုက်များနေပါပြီ ဒါပေမယ့် သဘာဝကတော့ ပြန်လည်ပေါက်ဖွားလာဆဲပါ ဂေဟစနစ်ဦးမော့လာဖို့ ကျွန်မတို့လုပ်နိုင်တယ် ရံပုံငွေ သဘာဝကိုပျက်စီးစေမယ့် ကိစ္စတွေအတွက် ရံပုံငွေတွေကို ကျွန်တော်တို့ရပ်တန့်ရမယ် အကူအညီဖြစ်စေမယ့်အရာတွေကို ထောက်ပံ့ရမယ် ဒါဟာ ရှင်းရှင်းလေးပါပဲ ကာကွယ်ကြမယ် ပြန်လည်ထိန်းသိမ်းကြမယ် ရံပုံငွေထောက်ပံ့ကြမယ် နေရာတိုင်းမှာဖြစ်နေတာတွေက လူတွေဟာ သဘာဝရာသီဥတုဖြေရှင်းနည်းတွေကို စတင်အသုံးပြုနေကြပြီ ဒါကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရမှာပါ သင်လဲပါဝင်နိုင်ပါတယ် သဘာဝကို ကာကွယ်သူတွေအတွက်ပဲ ဆန္ဒမဲ ပေးကြပါ ဒီဗီဒီယိုကို ဝေမျှပါ ဒီအကြောင်းတွေ ပြောပါ ကမ္ဘာအနှံ့မှာ အံ့ဩစရာ လှုပ်ရှားမှုတွေရှိပါတယ် ကြိုးစားထားကြပါ သူတို့နဲ့ ပူးပေါင်းပါ အားလုံးကို မှတ်သားပါ ဘာလုပ်ရမလဲ၊ မှတ်သားရမယ် RECYCLED FOOTAGE မှ တင်ဆက်ပါသည် လေယာဉ်တွေမရှိရင်ကာဗွန်အုပ်ဆိုင်းမှုမရှိ ပြန်ယူပြီး ပြန်သုံးပါ