အင်တာနက်ကို ရုပ်လုံးဖေါ်ပေးတဲ့ မြင်မရထားတဲ့ ကွန်ရက်- Sajan Saini
-
0:07 - 0:08၂၀၁၂ ခုနှစ်တွင်၊
-
0:08 - 0:13ဂျပန်နဲ့ဒိန်းမတ်မှ သုတေသီအဖွဲ့ဟာ
ကမ္ဘာ့စံချိန် တစ်ခုကို တင်ခဲ့ကြတယ်၊ -
0:13 - 0:16၁ petabit ဒေတာကို၊
-
0:16 - 0:18အဆင့်မြင့်ပြတ်သားမှု
ဗီဒီယို နာရီပေါင်း ၁၀၀၀၀ ကျော်ကို-- -
0:18 - 0:22ကီလိုမီတာ ၅၀ ရှည်တဲ့ နန်းကြိုး အဆုံးအထိ
တစ်စက္ကန့် အတွင်း ပို့ပေးနိုင်ခဲ့ကြတယ်။ -
0:22 - 0:24အဲဒါဟာ သာမန်နန်းကြိုး မဟုတ်ခဲ့ဘူး။
-
0:24 - 0:27fiber optic တွေနဲ့ ပေါင်းစပ်ထားတဲ့
ကြိုးဖြစ်ပြီး -
0:27 - 0:29ကျုပ်တို့ ကမ္ဘာကြီး ရစ်ပတ်ချိတ်ဆက်ပေးရင်း
-
0:29 - 0:32အင်တာနက်ကို ဖြစ်အောင် လုပ်ပေးတဲ့
မြင်မရထားတဲ့ ကွန်ရက်ပါ။ -
0:32 - 0:34ဆယ်စုနှစ်များစွာ ကြာတဲ့အထိ
-
0:34 - 0:36မြို့ကြီးများနဲ့ နိုင်ငံတွေအကြား
ဝေးလံတဲ့ ဆက်သွယ်မှုတွေကို -
0:36 - 0:38လျှပ်စစ်အချက်ပြမှုတွေကို ကြေးနီနဲ့
-
0:38 - 0:40ပြုလုပ်ထားတဲ့ ကြိုးများဖြင့်
ပြုလုပ်လာခဲ့ကြရတယ်။ -
0:40 - 0:42အဲဒါ နှေးခဲ့ပြီး ထိရောက်မှု မရှိခဲ့ဘူး၊
-
0:42 - 0:48သတ္တုဝါယာကြိုးတွေ ဒေတာပို့နှုန်းကို ကန့်
သတ်ခဲ့ကာ အပူစွမ်းအင်ကို ဆုံးရှုံးခဲ့ကြတယ်။ -
0:48 - 0:50ဒါပေမဲ့ ၂၀ ရာစုနှောင်းပိုင်းတွင်၊
-
0:50 - 0:54အင်ဂျင်နီယာတွေဟာ များစွာမှ သာလွန်တဲ့
ထုတ်လွှင့်နည်းကို တီထွင်နိုင်ခဲ့ကြတယ်။ -
0:54 - 0:55သတ္တုအစား၊
-
0:55 - 1:00ဖန်ကို အရည်ဖျော်ပြီး ပျော့ပြောင်းတဲ့
အမျှင်များအဖြစ် ဆွဲဆန့်ယူနိုင်ပြီး -
1:00 - 1:05လူ့ဆံပင်ထက်မထူတဲ့ အမျှင်တွေကို
ကီလိုမီတာ ရာချီအထိ ဆန့်နိုင်ခဲ့ကြတယ်။ -
1:05 - 1:06ပြီးတော့ လျှပ်စစ်ဓာတ်အစား၊
-
1:06 - 1:11အဲဒီအမျှင်တွေဟာ ဒစ်ဂျီတယ် ဒေတာကို အလင်းရဲ့
ပြောင်းလဲမှုဖြင့် သယ်ပိုးနိုင်ခဲ့တယ်။ -
1:11 - 1:16ဒါပေမဲ့ အလင်းဟာ မှန်ကို ဖြတ်ကျော်ရမယ့်
အစား ဘယ်လိုလုပ်ပြီး ပြေးသွားနိုင်တာလဲ။ -
1:16 - 1:22total internal reflection ဆိုတဲ့ ဖြစ်စဉ်
ထဲမှာ အဖြေကို ရှာတွေခဲ့ကြတယ်။ -
1:22 - 1:23Isaac Newton ရဲ့ ခေတ်ကတည်းက၊
-
1:23 - 1:27မှန်ဘီလူး ထုတ်လုပ်ကြသူတို့နဲ့
သိပ္ပံပညာရှင်တို့ သိရှိခဲ့ကြတာက -
1:27 - 1:32အလင်းဟာ ရေ ဒါမှမဟုတ် မှန်လို မတူတဲ့
ပစ္စည်းတွေကို ဖြတ်သန်းရာမှာ ကွေးတတ်တယ်။ -
1:32 - 1:36မှန်ထဲမှာ အလင်းတန်းက မှန်ရဲ့မျက်နှာပြင်ကို
မတ်စောက်တဲ့ ထောင့်ဖြင့် ထိချိန်မှာ -
1:36 - 1:40၎င်းဟာ လေထဲ ထွက်လိုက်တာနဲ့
ကွေးနိုင် ဒါမှမဟုတ် ကောက်သွားနိုင်တယ်။ -
1:40 - 1:43ဒါပေမဲ့ အလင်းတန်းက
သေးငယ်တဲ့ ထောင့်ဖြင့် ဖြတ်သန်းတဲ့အခါ -
1:43 - 1:46ကွေးပုံက သိပ်ကို ဝေးလွန်းလို့
ပိတ်မိရက်သား ဖြစ်သွားပြီး -
1:46 - 1:48ဖန်ထဲမှာ တချိန်လုံး
ပြန်ကန်ထွက်လျက် ရှိနေမှာပါ။ -
1:48 - 1:51အခြေအနေကို မှန်ကန်အောင်
ဖန်တီးပေးနိုင်မယ်ဆိုရင် -
1:51 - 1:56ပုံမှန် အလင်းအတွက် ကြည်လင်တဲ့အရာဟာ
၎င်းကို မြင်မရအောင် ကာပေးနိုင်ပါတယ်။ -
1:56 - 1:58လျှပ်စစ် ဒါမှမဟုတ်
ရေဒီယိုနဲ့ ယှဉ်ကြည့်ရင်၊ -
1:58 - 2:02fiber optic အချက်ပြမှုဟာ ဝေးတဲ့
နေရာများအထိကို မသိမသာမျှ အားပျော့တတ်ကာ -
2:02 - 2:04လွင့်စင်တဲ့ စွမ်းအင်ဟာလည်း နည်းလှတယ်၊
-
2:04 - 2:07ပြီးတော့ အမျှင်တွေကို
တအားကွေးမရနိုင်တဲ့အတွက် -
2:07 - 2:08အလင်းဟာ လွှတ်ထွက် မသွားနိုင်ပါဘူး။
-
2:08 - 2:13ဒီနေ့တွင် optical fiber တစ်ခုက လှိုင်အလျား
မျိုးစုံ ရှိတဲ့ အလင်းကို သယ်ပိုးနိုင်တယ်၊ -
2:13 - 2:15တစ်ခုစီဟာ မတူတဲ့ ဒေတာချန်းနယ်တွေပါ။
-
2:15 - 2:19fiber optic ကြိုးထဲမှာ အဲဒီလို
fiber အမျှင်တွေ ရာချီ ပါဝင်ကြတယ်။ -
2:19 - 2:23ကမ္ဘာတိုက်းကြီးတွေ ဆက်သွယ်ပေးဖို့ အဲဒီလို
ကြိုးတွေကီလိုမီတာ တစ်သန်းကျော်ဟာ -
2:23 - 2:26သမုဒ္ဒရာ ကြမ်းပြင်ပေါ်မှာ
ရှုပ်ယှက်ခတ်နေကြရာ-- -
2:26 - 2:29အီကွေတာတွင် ကမ္ဘာကြီးကို
အကြိမ် ၃၀ ရစပတ်ဖို့ လုံလောက်မှာပါ။ -
2:29 - 2:31fiber optic ကြိုးတွေအတွက်
-
2:31 - 2:33အကွာအဝေးကြောင့် ဒေတာဆိုင်ရာ
ကန့်သတ်မှုဟာ မပြောပလောက်လို့ -
2:33 - 2:37အင်တာနက်ကို ကမ္ဘာ့ဂြိုဟ် ကွန်ပျူတာလို
ပြောင်းလဲသုံးခွင့် ပြုခဲ့တာပါ။ -
2:37 - 2:38တိုးတိုးလာနေတဲ့
-
2:38 - 2:43ကျုပ်တို့ရဲ့ မိုဘိုင်း လုပ်ငန်းတွေနဲ့ ကစား
မှုတွေက ကမ္ဘာ့အဝမ်းရှိ ဒေတာစင်တာကြီးတွေမှာ -
2:43 - 2:47တပ်ဆင် နေရာချပေးထားတဲ့ ကွန်ပျူတာ
ဆာဗာတွေကို အားကိုးကြရပါတယ်။ -
2:47 - 2:49ဒါကို cloud computing လို့ခေါ်ပြီး
-
2:49 - 2:51ကြီးမားတဲ့ ပြဿနာနှစ်ခု ပေါ်လာရတယ်-
-
2:51 - 2:54အပူ လွင့်စင်မှုနဲ့
လှိုင်းခွင် လိုအပ်ချက်ပါ။ -
2:54 - 2:59အင်တာနက် ဆက်သွယ်မှု အများစုဟာ ပြည်တွင်း
ဒေတာစင်တာများ အကြားမှာ သွားလာနေကြတာပါ၊ -
2:59 - 3:03အဲဒီ ထောင်ချီ ဆာဗာတွေကို သမရိုးကျ
လျှပ်စစ်ကြိုးတွေနဲ့ ဆက်သွယ်ထားတာပါ။ -
3:03 - 3:06၎င်းတို့ သုံးကြတဲ့ စွမ်းအင် တစ်ဝက်ကို
အပူအဖြစ် ဆုံးရှုံးကြရတယ်။ -
3:06 - 3:10အဲဒီအတောအတွင်းမှာ ကြိုးမဲ့ လှိုင်းခွင်
လိုအပ်ချက် ဆက်မြင့်တက်လာနေပြီး -
3:10 - 3:14ကျုပ်တို့ မိုဘိုင်းကိရိယာတွေ သုံးကြတဲ့
gigahertz အချက်ပြမှုတွေဟာ -
3:14 - 3:16ထုတ်လွှင့်ရေး ဘောင်နားဆီ
ချဉ်းကပ်လာနေကြပါပြီ။ -
3:16 - 3:20fiber optic တွေဟာ
သူ့ဘာသာသူ အတော်လေး ကောင်းခဲ့ပြီး -
3:20 - 3:25ရည်မှန်းခဲ့ကြတဲ့ cloud နဲ့ မိုဘိုင်းတွက်
ချက်မှုမျှော်လင့်ချက်ကို မြှင့်တင်ခဲ့တယ်။ -
3:25 - 3:30အခုတော့ ကယ်တင်ပေးမဲ့ နည်းပညာသစ်၊
integrated photonics ဆိုတာ ပေါ်လာခဲ့ပါပြီ။ -
3:30 - 3:33အလင်းကို optical fibre တွေထဲမှာသာ
လိုရာသို့ ပို့နိုင်ရုံမကဘဲ -
3:33 - 3:36သေးနုပ်လွန်းတဲ့ ဆီလီကွန်
ဝါယာကြိုးများနဲ့လည်း ပို့ရနိုင်တယ်။ -
3:36 - 3:40ဆီလီကွန်ဝါယာကြိုးတွေဟာ fiber လို
အလင်းကို ပို့ရာတွင် မကောင်းပါဘူး။ -
3:40 - 3:42ဒါပေမဲ့ အင်ဂျင်နီယာတွေကို
၎င်းတို့ကို အသုံးပြုပြီး -
3:42 - 3:45ကီလိုမီတာ တရာရှိတဲ့ fiber optic
ကွန်ရက်ထဲက ကိရိယာအားလုံးကို -
3:45 - 3:49ဆာဗာများထဲ ပလပ်ထိုးပေးနိုင်တဲ့ သေးလှတဲ့
photonic ချီပ်တွေအဖြစ် ပြောင်းပစ်ပြီး -
3:49 - 3:53၎င်းတို့ရဲ့ လျှပ်စစ်အချက်ပြမှုတွေကို အလင်း
ဆီနဲ့ ပြောင်းပြန် ပြောင်းလဲပေးနိုင်ကြတယ်။ -
3:53 - 3:58အဲဒီ လျှပ်စစ်မှအလင်း ပြောင်းလဲရေး ချီပ်တွေ
က ဒေတာစင်တာများထဲက အလေအလွင့်များတဲ့ -
3:58 - 4:03လျှပ်စစ်ကြိုးတွေကို ပါဝါထိရောက်မှုရှိတဲ့
fiber နဲ့ အစားထိုးခွင့် ပြုပါတယ်။ -
4:03 - 4:07Photonic ချီပ်တွေ ကြိုးမဲ့လှိုင်းခွင် ကန့်
သတ်မှုကို ကျော်လွှားဖို့ ကူပေးနိုင်မယ်။ -
4:07 - 4:10သုတေသီတို့က မိုဘိုင်း
gigahertz အချက်ပြမှုတွေကို -
4:10 - 4:13terahertz ကြိမ်နှုန်းတွေနဲ့ အစားထိုးဖို့
ကြိုးပမ်းနေကြရာ -
4:13 - 4:16ဒေတာကို အဆထောင်ချီ
မြန်ဆန်စွာ ပို့ပေးနိုင်မယ်။ -
4:16 - 4:18ဒါပေမဲ့ အဲဒါတွေဟာ တာတို အချက်ပြမှုတွေပါ-
-
4:18 - 4:20လေထဲကစိုစွတ်မှုထဲ စုပ်ယူခံနိုင်ရသလို
-
4:20 - 4:22မြင့်မားတဲ့ အဆောက်အအုံတွေကြောင့်
တားဆီးခံရနိုင်တယ်။ -
4:22 - 4:25မြို့တွေမှာ ဖြန့်ကျက်ထားမယ့် ကြိုးမဲ့မှ
fiber photonic သို့ -
4:25 - 4:27ထုတ်လွှင့်ရေး ချီပ်တွေရဲ့ ကျေးဇူးကြောင့်
-
4:27 - 4:31terahertz အချက်ပြမှုတွေကို ဝေးလံရာသို့
ထပ်ဆင့် ထုတ်လွှင်ပေးနိုင်ပါတယ်။ -
4:31 - 4:34တည်ငြိမ်တဲ့ကြားခံအရာဖြစ်တဲ့
optical fiber မှတစ်ဆင့် -
4:34 - 4:39ဒီလိုနည်းဖြင့် hyperfast ကြိုးမဲ့ ဆက်သွယ်
မှုကို လက်တွေ့ ရုပ်လုံးဖေါ်ပေးနိုင်မှာပါ။ -
4:39 - 4:41လူ့သမိုင်းတစ်လျှောက်လုံးမှာ
-
4:41 - 4:44အလင်းဟာ ကျုပ်တို့ကို အမြင်နဲ့
အနွေးဓာတ်များဖြင့် ဖြည့်စွမ်းပေးလာခဲ့ရာ -
4:44 - 4:49ရုပ်ပိုင်းကမ္ဘာကို စူးစမ်းရင်း နေထိုင်ဖို့
ကြိုးပမ်းရာတွင် တသမတ်တည်း ကူညီပေးခဲ့ပါတယ်။ -
4:49 - 4:53အခုတော့ ကျုပ်တို့ဟာ အလင်းထဲကို အချက်
အလက်တွေ ထည့်သွင်းပေးပြီး လမ်းညွှန်ပေးရင်း -
4:53 - 4:56များပြားလှတဲ့ integrated photonic
ထွက်ပေါက်များဖြင့်၊ -
4:56 - 4:59fiber optic စူပါအဝေးပြေးလမ်းမကြီး
တစ်လျှောက် ပြေးခိုင်းနိုင်ခြင်းဖြင့် -
4:59 - 5:03ပိုကျယ်ဝန်းတဲ့ virtual ကမ္ဘာကြီးကို
တည်ဆောက်လို့ ရလာနိုင်မှာပါ။
- Title:
- အင်တာနက်ကို ရုပ်လုံးဖေါ်ပေးတဲ့ မြင်မရထားတဲ့ ကွန်ရက်- Sajan Saini
- Speaker:
- Sajan Saini
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန်- https://ed.ted.com/lessons/the-hidden-network-that-makes-the-internet-possible-sajan-saini
၂၀၁၂ ခုနှစ်မှာ ဂျပန်နဲ့ဒိန်းမတ်မှ သုတေသီအဖွဲ့ဟာ ကမ္ဘာ့စံချိန် တစ်ခုကို တင်ခဲ့ကြတယ်။ ၁ petabit ဒေတာကို၊ အဆင့်မြင့်ပြတ်သားမှု ဗီဒီယို နာရီပေါင်း ၁၀၀၀၀ ကျော်ကို--ကီလိုမီတာ ၅၀ ရှည်တဲ့ နန်းကြိုးဖြင့် တစ်စက္ကန့် အတွင်း ပို့ပေးနိုင်ခဲ့ကြတယ်။ အဲဒါဟာ သာမန်နန်းကြိုး မဟုတ်ခဲ့ဘူး။ fiber optic တွေနဲ့ ပေါင်းစပ်ထားတဲ့ ကြိုးဖြစ်ပြီး ကျုပ်တို့ ကမ္ဘာကြီး ရစ်ပတ်ချိတ်ဆက်ပေးရင်း အင်တာနက်ကို လက်တွေ့ရုပ်လုံးဖေါ်ပေးတဲ့ မြင်မရထားတဲ့ ကွန်ရက်ပါ။ fiber optics ဆိုတာ ဘာလဲ၊ အဲဒါ ဘယ်လို အလုပ်လုပ်တာလဲ။ Sajan Saini က သေရေးရှင်ရေး အရေးပါတဲ့ အဲဒီနည်းပးညာကို စူစမ်းတင်ပြထားပါတယ်။
Sajan Saini ရဲ့ သင်ခန်းစာကို Artrake Studio မှနေပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:03
Myo Aung approved Burmese subtitles for The hidden network that makes the internet possible | ||
Myo Aung edited Burmese subtitles for The hidden network that makes the internet possible | ||
Myo Aung edited Burmese subtitles for The hidden network that makes the internet possible | ||
Myo Aung accepted Burmese subtitles for The hidden network that makes the internet possible | ||
Myo Aung edited Burmese subtitles for The hidden network that makes the internet possible | ||
Sanda Aung edited Burmese subtitles for The hidden network that makes the internet possible | ||
Sanda Aung edited Burmese subtitles for The hidden network that makes the internet possible | ||
Sanda Aung edited Burmese subtitles for The hidden network that makes the internet possible |