Return to Video

ကျုပ်တို့ နေထိုင်နေကြတာ တမင်ဖန်တီးမှုထဲမှာလား - Zohreh Davoudi

  • 0:07 - 0:11
    ကျုပ်တို့ဟာ ကျယ်ပြောလှတဲ့ စကြဝဠာထဲက
    စိုစွတ်တဲ့ ဂြိုဟ်ငယ်ပေါ်မှာ နေထိုင်ကြရပြီး
  • 0:11 - 0:13
    နှစ်ပေါင်း ဘီလီယံများစွာတွင်းမှာ
  • 0:13 - 0:16
    ဆဲလ်တစ်ခုသာ ရှိတဲ့ သက်ရှိပုံစံ
    ပတ်ဝန်းကျင်မှာ ဝန်းရံလျက် ရှိနေခဲ့ကြတဲ့
  • 0:16 - 0:19
    သက်ရှိမဟုတ်တဲ့ အရာများမှ
    ပေါ်ပေါက်လာခဲ့ကြလျက်
  • 0:19 - 0:23
    ဖြည်းဖြည်းချင်း မယုံနိုင်ဖွယ် ရှုပ်ထွေး
    ကြတဲ့ သက်ရှိပုံသဏ္ဌာန်တွေ ပေါ်လာခဲ့ကြတယ်။
  • 0:23 - 0:27
    အရာတွေအားလုံး၊ သက်ရှိရော အသက်မရှိကြတဲ့ဟာ၊
    အသေးငယ်ဆုံးမှ အကြီးမားဆုံးအထိ၊
  • 0:27 - 0:31
    သင်္ချာနိယာမများနှင့်အညီ အချို့သော ကန်းသေ
    များကို လိုက်နာပြီ နေထိုင်ကြပုံရပါတယ်။
  • 0:31 - 0:33
    အဲဒါကြောင့် မေးခွန်း တစ်ခု ပေါ်လာရတကာ-
  • 0:33 - 0:36
    စကြာဝဠာ တစ်ခုလုံးဟာ အဲဒီလို
    နိယာမများနှင့်အညီ ရပ်တည်နေရတော့
  • 0:36 - 0:40
    အတော်ကလေး အားကောင်းတဲ့ ကွန်ပျူတာ တစ်ခု
    ကများ အဲဒါကို တိကျစွာ လုပ်ပေးနေတာလား။
  • 0:40 - 0:44
    ကျုပ်တို့မြင်နေရတဲ့ အရှိတရားဟာ ပိုအဆင့်
    မြင့်တဲ့ ယဉ်က​ျေးမှုမှ စီမံဖန်တီးထားတဲ့
  • 0:44 - 0:47
    ယုံရန်မလွယ်တဲ့ အသ​ေးစိတ်ကျတဲ့
    တမင်ဖန်တီးမှုများလား။
  • 0:47 - 0:50
    ဒီလို စိတ်ကူးဟာ သိပ္ပံပညာစိတ်ကူးယဉ်နဲ့
    တူပုံ ထင်ရဖွယ်ရှိပါတယ်။
  • 0:50 - 0:52
    ဒါပေမဲ့ ဒီအကြောင်းကို လေးနက်စွာ
    လေ့လာနေရပါတယ်။
  • 0:52 - 0:55
    ဒဿနိကပညာရှင် Nick Bostrom ဆိုရင်
    ကျုပ်တို့ဟာ ဟန်ဆောင်လောကထဲ
  • 0:55 - 0:57
    နေထိုင်နေရပုံရတယ်လို့ ယူဆနေပြီး
  • 0:57 - 1:00
    အချို့သိပ္ပံပညာရှင်တွေကလည်း
    အဲဒီလိုဖြစ်နိုင်ခြေကို လက်ခံကြတယ်။
  • 1:00 - 1:03
    အဲဒီလိုသိပ္ပံပညာရှင်တွေက
    ကျုပ်တို့ရဲ့ စကြဝဠာဟာ ဖန်တီးမှုအတုလား
  • 1:03 - 1:06
    ဆန်းစစ်ကြည့်ရန် စမ်းသပ်မှုတွေကို
    လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
  • 1:06 - 1:11
    သူတို့ဟာ အဲဒီလို ဟန်ဆောင်ဖန်တီးမှုရဲ့
    ကန့်သတ်ချက်တွေကို တွေးဆကြည့်လျက်
  • 1:11 - 1:15
    ကမ္ဘာပေါ်မှာ အဲဒီလို ကန့်သတ်ချက်တွေကို
    ဘယ်လို ရှာတွေ့နိုင်မလဲ စဉ်းစားနေကြပါတယ်။
  • 1:15 - 1:17
    အဲဒီလို ပုံမှန်မဟုတ်မှုတွေက
    ဘယ်လိုပုံစံမျိုး ရှိနိုင်ကြလဲ။
  • 1:17 - 1:20
    စိတ်ကူးတစ်ခုအရ တမင်ဖန်တီးမှုဟာ
    အချိန်ကာလသိပ်ကြာရင်
  • 1:20 - 1:23
    အမှားတွေ စုစည်းလာရမယ်လို့ ခံယူပါတယ်။
  • 1:23 - 1:24
    အဲဒီလို အမှားတွေကို ညှိပေးရန်
  • 1:24 - 1:28
    တမင်ဖန်တီးမှုဟာ သဘာဝ ကိန်းသေများကို
    ညှိနှိုင်းပေးရန် လိုအပ်မယ်လို့ ယူဆရတယ်။
  • 1:28 - 1:30
    အဲဒီလို လွဲချော်မှုတွေဟာ
    သေးငယ်ကြပုံရပါတယ်၊
  • 1:30 - 1:31
    ဥပမာအားဖြင့်၊
  • 1:31 - 1:34
    ကျုပ်တို့က တစ်သန်းဂဏန်းအထိကို
    တိကျမှုဖြင့် တိုင်းထွာလာခဲ့ကြတဲ့
  • 1:34 - 1:36
    ကိန်းသေတွေဟာ ဆယ်စုနှစ်ချီ
    မပြောင်းမလဲ ရှိနေကြလို့
  • 1:36 - 1:39
    ​အပြောင်းအလဲ ရှိရင်တောင်
    အဲဒီထက် သေးငယ်ပုံရပါတယ်။
  • 1:39 - 1:42
    ကျုပ်တို့က တိုင်းထွာမှုရဲ့ တိကျမှုကို
    ပိုပိုမြှင့်တင်နိုင်လာကြရာ
  • 1:42 - 1:45
    အချိန်ကြာလာရင် အပြောင်းအလဲတွေကို
    ကျုပ်တို့ တိုင်းထွာနိုင်မယ်။
  • 1:45 - 1:49
    နောက်တစ်မျိုး စဉ်းစားစရာက သတ်မှတ် စွမ်းအား
    ရှိတဲ့ ကွန်ပျူတာ တစ်ခုဟာ
  • 1:49 - 1:53
    ဘယ်လောက်ပဲ ကြီးမားစေကာမူ အဆုံးအဆမရှိတဲ့
    တမင်ဖန်တီးမှုကို မပြုလုပ်နိုင်ပါ။
  • 1:53 - 1:55
    အာကာသနဲ့ အချိန်တို့ဟာ စဉ်ဆက်မပြတ်
    ရှိနေပါက၊
  • 1:55 - 1:58
    သေးငယ်လှတဲ့ စကြဝဠာထဲမှာတောင်
    နေရာတွေဟာ အဆုံးမဲ့များလှလို့
  • 1:58 - 2:02
    သတ်မှတ်စွမ်းအားရှိတဲ့ကွန်ပျူတာနဲ့
    ထိုသို့ပြုလုပ် မရနိုင်ပါ။
  • 2:02 - 2:06
    ဒီတော့ ဟန်ဆောင်ဖန်တီးမှုကို သိပ်သေးငယ်တဲ့
    အပိုင်းကလေးများထဲမှာသာ လုပ်ရနိုင်ပါတယ်။
  • 2:06 - 2:10
    အဲဒီလို နေရာများဟာ လက်တွေ့ပြုလုပ်မရ
    နိုင်အောင်ကို သေးငယ်ကြရပါမယ်။
  • 2:10 - 2:12
    ဒါပေမဲ့ ကျုပ်တို့ဟာ
    ယင်းကဲ့သို့သော အရာများကို
  • 2:12 - 2:15
    အက်တမ်ထက်ကို သေးငယ်ကြတဲ့ အမှုန်များဖြင့်
    ရှာကြံရန် အားထုတ်နိုင်ပါတယ်။
  • 2:15 - 2:18
    အခြေခံကြရမယ့် နိယာမက
    တစ်ခုခုဟာ သေးလေလေ၊
  • 2:18 - 2:21
    အဲဒါဟာ နှောင့်ယှက်မှုကို
    ပိုထိခိုက်လွယ်လေ ဖြစ်ရပါမယ်။
  • 2:21 - 2:24
    စကိတ်ဘုဒ်နဲ့ ကုန်တင်ကားကြီးကို ထိုးနှက်
    ခြင်းဖြင့် ချင့်ချိန်စဉ်းစားကြည့်ပါ။
  • 2:24 - 2:27
    အာကာသ-အချိန်ထဲရှိ ဘယ်ယူနစ်ဟာမဆို
    သိပ်သေးလွန်းလို့
  • 2:27 - 2:30
    အရာဝတ္ထုအားလုံးဟာ မည်သို့မှ နှောင့်
    ယှက်မခံရဘဲ ဆက်ရွေ့လျားနေကြမှာပါ၊
  • 2:30 - 2:33
    မျက်စိဖြင့် မြင်နိုင်အောင်
    ကြီးမားတဲ့အရာဝတ္ထုတွေ သာမက
  • 2:33 - 2:36
    မော်လီကျူးများ၊ အက်တမ်များနှင့်
    အီလက်ထရွန်များသာမက
  • 2:36 - 2:40
    အက်တမ်ထက် သေးတဲ့ အရာတွေ
    အားလုံးပါ အလားတူ ရွေ့လျားကြပါမယ်။
  • 2:40 - 2:43
    တကယ်လို့ အာကာသ-အချိန်ထဲမှာ
    သေးငယ်လှတဲ့ ယူနစ်ကို တွေ့ရှိမှု
  • 2:43 - 2:46
    ဒါမှမဟုတ် သဘာဝနိယာမထဲက ကိန်းသေ
    တစ်ခု ပြောင်းတာ ​တွေ့ခဲ့လျှင်
  • 2:46 - 2:49
    အဲဒါက စကြဝဠာဟာ ဟန်ဆောင်ဖန်တီးမှု
    ဖြစ်တာကို သက်သေထူပြနိုင်မလား။
  • 2:49 - 2:51
    မရပါ၊ အဲဒါဟာ အဆင့်များစွာထဲက
    တစ်ခုမျှသာ ဖြစ်ပါမယ်။
  • 2:51 - 2:54
    ယင်းတွေ့ရှိချက်တိုင်းအတွက်
    အခြား ရှင်းလင်းချက် ရှိနိုင်လို့ပါ။
  • 2:54 - 2:57
    ကျုပ်တို့ရဲ့ သဘာဝလောကအတွက်
    မှန်ကန်တဲ့ ဟန်ဆောင်ဖန်တီးမှု
  • 2:57 - 3:00
    သီအိုရီ မှန်ကန်ကြောင်း အထောက်အထား
    များဖြင့် သက်သေထူပြရပါမယ်။
  • 3:00 - 3:03
    ကျုပ်တို့က များပြားတဲ့ စမ်းသပ်မှုများကို
    လုပ်ကြစေကာမူ၊
  • 3:03 - 3:06
    အားလုံးထဲမှာ ကျုပ်တို့ ခံယူချက်တွေရဲ့
    ကန့်သတ်မှုတွေ ပါကြပါမယ်။
  • 3:06 - 3:09
    ကျုပ်တို့က ဘဘာဝလောကကို
    လက်ရှိ ကွမ်တမ်အဆင့်ဖြင့် နားလည်ထားမှုဟာ
  • 3:09 - 3:11
    Planck စကေးအဖြစ် လူသိများတဲ့ဟာကို
    ရိုက်ချိုးပစ်ထားပါတယ်။
  • 3:11 - 3:14
    ရှာနေတဲ့ အာကာသ-အချိန်ထဲက ယူနစ်ဟာ
    အဲဒီစက​ေးပေါ်မှာ ရှိနေပါက၊
  • 3:14 - 3:18
    ကျုပ်တို့ဟာ ကျုပ်တို့ဟာ လက်ရှိသိပ္ပံနည်းကျ
    နားလည်မှုနဲ့ မြင်နိုင်စွမ်း မရှိကြပါ။
  • 3:18 - 3:20
    လေ့လာကြည့်ရန် သေးငယ်လွန်းပေမဲ့
  • 3:20 - 3:22
    planck စက​ေးအရ စူးစမ်းလေ့လာလို့
    ရနိုင်တဲ့ အရာဝတ္ထုတွေ
  • 3:22 - 3:25
    အများအပြား ရှိကြပါသေးတယ်။
  • 3:25 - 3:29
    အလားတူစွာပဲ၊ သဘာဝတရားဆိုင်ရာ
    ကိန်းသေများထဲက အပြောင်းအလဲတွေဟာ
  • 3:29 - 3:33
    သေးလွန်းလို့ စကြဝဠာ တစ်ခုလုံးရဲ့
    သက်တမ်းအတွင်းမှာသာ မြင်ရနိုင်ပါတယ်။
  • 3:33 - 3:36
    ဒါကြောင့်မို့ ကျုပ်တို့ နှစ်ပေါင်းရာချီ
    ထောင်ချီ တိုင်းကြည့်လို့ မတွေ့တောင်မှ
  • 3:36 - 3:38
    အပြောင်းအလဲတွေဟာ ရှိနေနိုင်ကြပါသေးတယ်။
  • 3:38 - 3:42
    ပြီးတော့ ကျုပ်တို့ ပုံသေခံယူထားကြတာက
    စကြဝဠာအား တမင်ကိုဖန်တီးမှု ရှိခဲ့သော်၊
  • 3:42 - 3:45
    ၎င်းတို့ကပါ တွက်ချက်မှုတွေကို
    ကျုပ်တို့လိုပဲ ပြုလုပ်ကြပြီး
  • 3:45 - 3:47
    ၎င်းတို့ဆီမှာ အလားတူ တွက်ချက်ရေး
    ကန့်သတ်ချက်များ ရှိမှာပါ။
  • 3:47 - 3:51
    တကယ်ကျတော့ အခြားဂြိုဟ်သား ယဉ်ကျေးမှုထံတွင်
    ဘယ်လိုကန့်သတ်ချက် နည်းလမ်းတွေ ရှိမှန်း
  • 3:51 - 3:53
    သိနိုင်စရာ နည်းလမ်း ကျုပ်တို့မှာ မရှိပါ။
  • 3:53 - 3:55
    ဒါပေမဲ့ ကျုပ်တို့ဟာ တစ်နေရာရာကနေပြီး
    စတင်ကြရပါမယ်။
  • 3:55 - 3:58
    စကြာဝဠာဟာ ဟန်ဆောင်ဖန်တီးမှု ဟုတ်မဟုတ်
    ကို အသေအချာ သက်သေထူပြရေးဟာ
  • 3:58 - 4:00
    ဘယ်တော့မှ လုပ်ရနိုင်စရာ မရှိပါ၊
  • 4:00 - 4:03
    ဒါပေမဲ့ ကျုပ်တို့ဟာ အစဉ်ပဲ သိပ္ပံနဲ့နည်း
    ပညာကို မြှင့်တင်ပေးသွားရင်း
  • 4:03 - 4:05
    သဘာဝတရားရဲ့ အမှန်တရားက ဘာပါလိမ့် ဆိုတဲ့
  • 4:05 - 4:07
    မေးခွန်းကို ဖြေနိုင်ရန် အားထုတ်ကြရပါမယ်။
Title:
ကျုပ်တို့ နေထိုင်နေကြတာ တမင်ဖန်တီးမှုထဲမှာလား - Zohreh Davoudi
Speaker:
Zohreh Davoudi
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန် -https://ed.ted.com/lessons/are-we-living-in-a-simulation-zohreh-davoudi

ကမ္ဘာဂြိုဟ်ပေါ်က ဘဝတစ်ခုလုံးဟာ — သက်ရှိများနဲ့ သက်မဲ့များ၊ သေးနုပ်တဲ့အရာများနဲ့ ကြီးကြီးမားမား အရာများ အားလုံးတို့ဟာ သင်္ချာဆိုင်ရာ နိယာမများကို လိုက်နာကြရပြီး ရှောင်လွှဲမရတဲ့ ကန့်သတ်ချက်တွေ ရှိကြပါတယ်။ အဲဒီအချက်ကို အကြောင်းပြုပြီး မေးခွန်း မေးစရာ ရှိနေတာက - စကြာဝဠာဟာ ဒီလိုနိယာမများကို လိုက်နာပြီး လည်ပတ်နေရတယ် ဆိုတော့၊ လုံလောက်စွာ စွမ်းပကားကြီးမားတဲ့ ကွန်ပျူတာ တစ်ခုကများ ဒါတွေကို ဒီလိုပုံစံမျိုး အတိအကျ တမင်ဖန်တီးပေးခဲ့တာများလား။ ကျုပ်တို့ရဲ့ လက်ရှိလောကကြီးဟာ ပိုအဆင့်မြင့်တဲ့ ယဉ်ကျေးမှု တစ်ခုခုကနေပြီး တမင်ကိုဖန်တီးပေးထားတာမျိုး မဖြစ်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို Zohreh Davoudi မှ စူးစမ်းတင်ဆက်​ေinvestigates.

Zohreh Davoudi ၏ သင်ခန်းစာကို Eoin Duffy မှ ညွှန်ကြားရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:09

Burmese subtitles

Revisions