WEBVTT 00:00:00.660 --> 00:00:02.636 အလုပ်ကို တင်ပြတာက ထူးဆန်းနေပုံရပေမဲ့ 00:00:02.660 --> 00:00:03.872 ကျွန်မတို့ ချစ်မိကြတဲ့အခါ 00:00:03.896 --> 00:00:07.346 အချစ်က ကျွန်မတို့ဘဝကို ဘာဖြစ်စေမယ် ဆိုတာကို မကြာခဏ တွေးမိကြပြီး 00:00:07.370 --> 00:00:10.607 အလုပ်နဲ့ သက်မွေးအလုပ်တွေက ဒါရဲ့ အစိတ်အပိုင်းကြီးတစ်ခုပါ။ NOTE Paragraph 00:00:11.186 --> 00:00:12.749 [TED: ကျွန်ုပ်တို အလုပ်လုပ်ပုံ] NOTE Paragraph 00:00:12.773 --> 00:00:14.797 [Dropbox ပံ့ပိုးမှုနှင့် ဖြစ်ပေါ်စေသည်] NOTE Paragraph 00:00:14.821 --> 00:00:17.676 အလုပ်လုပ်တဲ့စုံတွဲတွေဟာ ခက်ခဲတဲ့ရွေးချယ်မှုတွေကိုရင်ဆိုင်ရကာ 00:00:17.700 --> 00:00:20.016 ဒါတွေက တစ်ဖက်နိုင် တစ်ဖက်ရှုံးတဲ့ ကစားပွဲမျိုးပါ။ 00:00:20.040 --> 00:00:22.656 ကြင်ဖက်တစ်ယောက်က အခြားမြို့မှာ အလုပ်တစ်ခုရတော့ 00:00:22.680 --> 00:00:25.586 နောက်တစ်ယောက်က အလုပ်ကနေ ထွက်ပြီး အစကနေ ပြန်စဖို့လိုတယ်။ 00:00:25.610 --> 00:00:29.046 ကြင်ဖက်တစ်ယောက်က ကလေးစောင့်ရှောက်မှု ပိုလုပ်ပြီး အလုပ်ကို ဆိုင်းထားတော့ 00:00:29.070 --> 00:00:32.066 တစ်ယောက်က စိတ်လှုပ်ရှားစရာ ရာထူးတိုးတစ်ခုကိုဆက်လုပ်နိုင်တယ်။ 00:00:32.090 --> 00:00:34.596 တစ်ယောက်က နိုင်၊ တစ်ယောက်က ရှုံးပေါ့။ 00:00:34.620 --> 00:00:38.046 ဒီရွေးချယ်မှုတွေ လုပ်တဲ့ စုံတွဲတချို့က စိတ်ကျေနပ်ကြပေမဲ့ 00:00:38.070 --> 00:00:40.573 တချို့ကတော့ ခါးခါးသီးသီး နောင်တရကြတယ်။ 00:00:40.597 --> 00:00:42.616 ဘာကြောင့် မတူခြားနားကြတာလဲ။ NOTE Paragraph 00:00:42.640 --> 00:00:45.376 လွန်ခဲ့တဲ့ ခုနှစ်နှစ် အလုပ်လုပ်တဲ့ စုံတွဲတွေကို လေ့လာရင်း 00:00:45.400 --> 00:00:48.196 တွေ့ရှိရတာက စုံတွဲတွေရဲ့ ရွေးချယ်မှု မဟုတ်ဘဲ၊ 00:00:48.220 --> 00:00:50.016 သူတို့ ရွေးချယ်ပုံကိုပါ။ 00:00:50.016 --> 00:00:52.973 တကယ်တမ်းက အကြောင်းခြင်းရာတွေကို ကျွန်မတို့ မထိန်းချုပ်နိုင်တာ 00:00:52.973 --> 00:00:55.940 ဖြစ်နိုင်သလို အကန့်အသတ်မဲ့ ရွေးစရာတွေ ရှိနေတာလည်း ဖြစ်နိုင်တယ်။ 00:00:55.940 --> 00:00:57.157 ဒါပေမဲ့ ရှိတဲ့သူတွေအတွက် 00:00:57.161 --> 00:00:59.495 စုံတွဲတွေဟာ ဘယ်လို ကောင်းမွန်စွာ ရွေးချယ်နိုင်သလဲ။ NOTE Paragraph 00:00:59.519 --> 00:01:03.866 ပထမ၊ စောစော စတင်ပါ၊ ဆုံးဖြတ်ဖို့ တစ်ခုခု မရှိခင် အစောကြီးကတည်းကပါ။ 00:01:03.890 --> 00:01:05.958 ခက်ခဲတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်တဲ့ ကာလဟာ 00:01:05.982 --> 00:01:08.262 သင်တို့ တစ်ဦးဦးက ကျောင်းပြန်တက်ဖို့ (သို့) 00:01:08.286 --> 00:01:09.554 စွန့်စားတဲ့အလုပ်ကိုလက်ခံတာ 00:01:09.578 --> 00:01:10.745 ဒါက နောက်ကျလွန်းပါပြီ။ 00:01:10.769 --> 00:01:15.616 ကောင်းစွာ ရွေးချယ်မှုက တစ်ဦးစီရဲ့ ကနဦး ရည်မှန်းချက်တွေကို နားလည်တာနဲ့ စတင်တယ်။ 00:01:15.640 --> 00:01:19.096 ရည်မှန်းချက်တွေက ဥပမာ လုပ်ငန်းလေး တစ်ခု စချင်တာ၊ ဆေွမျိုးသားချင်းတွေ 00:01:19.120 --> 00:01:20.936 ပါတဲ့ မိသားစုနဲ့ နီးနီးနေဖို့၊ 00:01:20.960 --> 00:01:23.016 ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ဖို့ ငွေစုတာ၊ 00:01:23.040 --> 00:01:24.476 နောက်ထပ်ကလေးယူဖို့ ဆိုတာတွေပါ။ NOTE Paragraph 00:01:24.500 --> 00:01:27.988 ကျွန်မတို့ အများအပြားက ကိုယ်လုပ်နေတာ တွေကို ကိုယ်ရည်မှန်းချက်တွေနဲ့ 00:01:28.012 --> 00:01:30.006 နှိုင်းယှဉ်ရင်း ဘဝတွေကို တိုင်းတာကြတယ်။ 00:01:30.030 --> 00:01:31.571 ကွာဟာချက် သေးတုန်းမှာ 00:01:31.595 --> 00:01:33.336 ကျေနပ်မိကြတယ်။ 00:01:33.360 --> 00:01:34.511 ကြီးမားတဲ့အခါမှာတော့ 00:01:34.535 --> 00:01:35.686 မပျော်မရွင် ဖြစ်ကြတယ်။ 00:01:35.710 --> 00:01:37.444 စုံတွဲတစ်တွဲရဲ့ အစိတ်အပိုင်းဆိုရင် 00:01:37.468 --> 00:01:40.316 အနည်းဆုံး တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချကြတယ်။ NOTE Paragraph 00:01:40.340 --> 00:01:42.766 ရည်မှန်းချက်တွေကို ဆွေးနွေးဖို့
အနည်းဆုံး 00:01:42.790 --> 00:01:45.036 တစ်နှစ်ကို နှစ်ကြိမ် အချိန် သီးသန့်ဖယ်ထားပါ။ 00:01:45.060 --> 00:01:48.726 ကျွန်မက ဒီစကားဝိုင်းတွေရဲ့ ရေးထားတဲ့ မှတ်တမ်းတစ်ခု ထားရာမှာ သိပ်ဝါသနာပါတယ်။ 00:01:48.750 --> 00:01:51.381 သင့်အဖော်နဲ့အတူ တစ်ဦးစီရဲ့ ရည်မှန်းချက်တွေကို 00:01:51.405 --> 00:01:53.946 မှတ်မိအောင် ကူညီဖို့ စာရွက်မှာ ရေးမှတ်ခြင်းနဲ့ 00:01:53.970 --> 00:01:56.936 ကျွန်မတို့ရဲ့ ဘဝဇာတ်လမ်းကို အတူတူ ရေးခြင်းပါ။ NOTE Paragraph 00:01:56.960 --> 00:01:58.627 နောက်တစ်ခုက သင်တို့ အတူနေချင်တဲ့ 00:01:58.651 --> 00:02:01.456 ဘဝကို အထောက်အပံ့မပြုတဲ့ ရွေးစရာတွေကို ဖယ်ထုတ်ပါ။ 00:02:01.480 --> 00:02:06.026 ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ပိုလွယ်စေတဲ့ နယ်နိမိတ်တွေမှာ သဘောတူရင်း လုပ်နိုင်တယ်။ 00:02:06.050 --> 00:02:10.126 ပထဝီလို နယ်နိမိတ်တွေ။ ဘယ်မှာ အလုပ်လုပ်ပြီး နေချင်တာလဲ။ 00:02:10.150 --> 00:02:14.856 အချိန်။ တစ်ပတ်ကို အလုပ်ချိန် ဘယ်နှနာရီက မိသားစု ဘဝကို ဖြစ်နိုင်စေမလဲ။ 00:02:14.880 --> 00:02:18.476 ခရီး။ အလုပ်နဲ့ ခရီးသွားတာကို ဘယ်လောက်များများ ရပ်တည်နိုင်လဲ။ 00:02:18.500 --> 00:02:21.512 နယ်နိမိတ်တွေကို သဘောတူပြီဆိုတာနဲ့ ဒါတွေရဲ့ အပြင်မှာ ကျရောက်တဲ့ 00:02:21.536 --> 00:02:24.686 အခွင့်အလမ်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ရွေးချယ်မှုက လွယ်လာတယ်။ 00:02:24.710 --> 00:02:26.736 " နိုင်ငံကူးပြီး မပြောင်းချင်ဘူးလို့ 00:02:26.760 --> 00:02:29.546 သဘောတူထားလို့ ဒီအလုပ်အတွက် လူတွေးဆွေးနွေးတာ မလုပ်တော့ဘူး။" 00:02:29.570 --> 00:02:32.016 (သို့) မိသားစုအနေနဲ့ အတူတူ အချိန် ပိုကုန်ဆုံးတာက 00:02:32.180 --> 00:02:35.936 အရေးပါတယ်လိုသဘောတူထားလို့ အချိန်ပို အလုပ်ကို ငါ လျှော့ချတော့မယ်။" NOTE Paragraph 00:02:35.960 --> 00:02:38.806 တစ်ဦးစီရဲ့ ရည်မှန်းချက်တွေကို နားလည်ပြီး ခိုင်မာတဲ့ 00:02:38.830 --> 00:02:41.321 နယ်နိမိတ်တွေမှာ နှစ်မြှုပ်ထားကြတဲ့ စုံတွဲတွေဟာ 00:02:41.345 --> 00:02:45.726 ဆွဲဆောင်မှုရှိပုံရတဲ့ အခွင့်အလမ်းတွေကို နောင်တကင်းစွာ စွန့်လွှတ်နိုင်ကြတယ်။ 00:02:45.750 --> 00:02:49.078 သင်တို့ နယ်နိမိတ်တွေအတွင်း ကျရောက်တဲ့ အခွင့်အလမ်းတစ်ခုနဲ့ ရင်ဆိုင်ရရင် 00:02:49.102 --> 00:02:51.786 အရေးပါတာက သင်လုပ်တဲ့ ရွေးချယ်မှုတွေက ကြာလာတဲ့အခါ 00:02:51.810 --> 00:02:54.816 သင်တို့စုံတွဲကို ဟန်ချက် ညီအောင် ထိန်းပေးတာပါ။ 00:02:54.840 --> 00:02:58.238 အဖော်နှစ်ဦးစလုံးရဲ့ ရည်မှန်းချက်တွေနဲ့ တစ်ချိန်တည်းမှာ အတိအကျ 00:02:58.262 --> 00:02:59.836 မကိုက်ညီဘူးဆိုတာတောင်ပါ။ NOTE Paragraph 00:02:59.860 --> 00:03:02.726 သင့်ရွေးချယ်မှုတွေဟာ အဖော်တစ်ယောက်ရဲ့ အဓိက စေ့ဆော်ခံရတာ 00:03:02.750 --> 00:03:06.206 (သို့) အဖော်တစ်ယောက်က တစ်ယောက်ရဲ့ ရည်မှန်းချက်တွေကို ပိုပံ့ပိုးတာဆိုရင် 00:03:06.230 --> 00:03:08.996 အင်အား မညီမျှမှု ဖြစ်ပေါ်လိမ့်မယ်။ 00:03:09.020 --> 00:03:11.156 ကျွန်မ တွေ့ရှိတာက ဒီမညီမျှမှုဟာ 00:03:11.180 --> 00:03:15.086 အလုပ်လုပ်တဲ့ စုံတွဲအများစု ဒီလိုလုပ်ဖို့ ပျက်ကွက်တဲ့ အကြောင်းရင်းပါ။ 00:03:15.110 --> 00:03:17.700 နောက်ဆုံးမှာတော့ အဖော်ဆိုတာထက် ပံ့ပိုးသူဖြစ်နေရတာကို 00:03:17.724 --> 00:03:19.266 တစ်ယောက်က စိတ်ကုန်လာတယ်။ NOTE Paragraph 00:03:19.290 --> 00:03:20.756 ဒါကို ရှောင်ရှားဖို့ 00:03:20.780 --> 00:03:23.456 ကြာလာတဲ့အခါ သင့်ဆုံးဖြတ်ချက်တွေကို ခြေရာခံပါ 00:03:23.480 --> 00:03:25.516 သင့်ရည်မှန်းချက်တွနဲ့ နယ်နိမိတ်တွေနဲ့မတူဘဲ 00:03:25.540 --> 00:03:29.176 သင်ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းရဲ့ အသေးစိတ် မှတ်တမ်းတစ်ခု ထားဖို့ မလိုတာပါ။ 00:03:29.200 --> 00:03:33.646 နှစ်ဦးစလုံးကို သက်ရောက်စေတဲ့ ဆုံးဖြတ်ချက် တွေကို ပုံဖော်ဖို့ တစ်ဦးစီ ခံစားနိုင်ပုံ 00:03:33.670 --> 00:03:36.234 အကြောင်း ပွင့်လင်းတဲ့ ဆွေးနွေးမှုကို ဆက်ရှိစေတာပါ။ NOTE Paragraph 00:03:36.820 --> 00:03:39.046 သင် အသေအချာ ရွေးချယ်ထားတာကို သင်ဘယ်လိုသိမလဲ။ 00:03:39.070 --> 00:03:40.530 ဖြစ်နေကျ နားလည်မှုလွဲတာတစ်ခုက 00:03:40.554 --> 00:03:43.656 ဘယ်ရွေးချယ်မှုက မှန်တယ်ဆိုတာကို အချိန်လွန်မှသာ သိနိုင်တာပါ။ 00:03:43.680 --> 00:03:46.266 ဘဝကို နောက်ပြန် အကဲဖြတ်ကြတယ် ဆိုတာ မှန်လောက်ပေမဲ့ 00:03:46.290 --> 00:03:48.146 ရှေ့ဆက်ပြီး နေထိုင်ရမှာပါ။ 00:03:48.170 --> 00:03:51.306 ဆုံးဖြတ်ချက်ကို အကောင်းတစ်ခုအဖြစ် ပြန်ကြည့်တဲ့ စုံတွဲတွေကိုတွေ့တယ်။ 00:03:51.330 --> 00:03:54.256 ဒီလိုလုပ်တာက နောက်ဆုံး ရလဒ်ကြောင့်သာ မဟုတ်ဘဲ 00:03:54.280 --> 00:03:59.071 ဆုံးဖြတ်ချက်က သူတို့ လုပ်ခဲ့တဲ့အတိုင်း တစ်ဦးချင်းအနေနဲ့ရော စုံတွဲအဖြစ်နဲ့ပါ 00:03:59.095 --> 00:04:00.576 သူတို့ကို အားအင်ပေးတာကြောင့်ပါ။ 00:04:00.600 --> 00:04:02.636 ဒါက သူတို့ ရွေးချယ်တာ မဟုတ်ဘဲ 00:04:02.660 --> 00:04:05.436 သူတို့တွေ တမင်တကာ ရွေးချယ်နေခဲ့တာပါ။ 00:04:05.460 --> 00:04:09.023 ဒါက သူတို့ကို ပိုနီးစပ်ပြီး အတူတကွ ပိုလွတ်လပ်စေတယ်လို့ ခံစားမိစေတာပါ။