အလုပ်ကို တင်ပြတာက ထူးဆန်းနေပုံရပေမဲ့
ကျွန်မတို့ ချစ်မိကြတဲ့အခါ
အချစ်က ကျွန်မတို့ဘဝကို ဘာဖြစ်စေမယ်
ဆိုတာကို မကြာခဏ တွေးမိကြပြီး
အလုပ်နဲ့ သက်မွေးအလုပ်တွေက
ဒါရဲ့ အစိတ်အပိုင်းကြီးတစ်ခုပါ။
[TED: ကျွန်ုပ်တို အလုပ်လုပ်ပုံ]
[Dropbox ပံ့ပိုးမှုနှင့်
ဖြစ်ပေါ်စေသည်]
အလုပ်လုပ်တဲ့စုံတွဲတွေဟာ
ခက်ခဲတဲ့ရွေးချယ်မှုတွေကိုရင်ဆိုင်ရကာ
ဒါတွေက တစ်ဖက်နိုင် တစ်ဖက်ရှုံးတဲ့
ကစားပွဲမျိုးပါ။
ကြင်ဖက်တစ်ယောက်က အခြားမြို့မှာ
အလုပ်တစ်ခုရတော့
နောက်တစ်ယောက်က အလုပ်ကနေ
ထွက်ပြီး အစကနေ ပြန်စဖို့လိုတယ်။
ကြင်ဖက်တစ်ယောက်က ကလေးစောင့်ရှောက်မှု
ပိုလုပ်ပြီး အလုပ်ကို ဆိုင်းထားတော့
တစ်ယောက်က စိတ်လှုပ်ရှားစရာ
ရာထူးတိုးတစ်ခုကိုဆက်လုပ်နိုင်တယ်။
တစ်ယောက်က နိုင်၊ တစ်ယောက်က ရှုံးပေါ့။
ဒီရွေးချယ်မှုတွေ လုပ်တဲ့
စုံတွဲတချို့က စိတ်ကျေနပ်ကြပေမဲ့
တချို့ကတော့ ခါးခါးသီးသီး နောင်တရကြတယ်။
ဘာကြောင့် မတူခြားနားကြတာလဲ။
လွန်ခဲ့တဲ့ ခုနှစ်နှစ် အလုပ်လုပ်တဲ့
စုံတွဲတွေကို လေ့လာရင်း
တွေ့ရှိရတာက စုံတွဲတွေရဲ့ ရွေးချယ်မှု
မဟုတ်ဘဲ၊
သူတို့ ရွေးချယ်ပုံကိုပါ။
တကယ်တမ်းက အကြောင်းခြင်းရာတွေကို
ကျွန်မတို့ မထိန်းချုပ်နိုင်တာ
ဖြစ်နိုင်သလို အကန့်အသတ်မဲ့ ရွေးစရာတွေ
ရှိနေတာလည်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ ရှိတဲ့သူတွေအတွက်
စုံတွဲတွေဟာ ဘယ်လို ကောင်းမွန်စွာ
ရွေးချယ်နိုင်သလဲ။
ပထမ၊ စောစော စတင်ပါ၊ ဆုံးဖြတ်ဖို့
တစ်ခုခု မရှိခင် အစောကြီးကတည်းကပါ။
ခက်ခဲတဲ့ ရွေးချယ်မှုနဲ့
ရင်ဆိုင်တဲ့ ကာလဟာ
သင်တို့ တစ်ဦးဦးက
ကျောင်းပြန်တက်ဖို့ (သို့)
စွန့်စားတဲ့အလုပ်ကိုလက်ခံတာ
ဒါက နောက်ကျလွန်းပါပြီ။
ကောင်းစွာ ရွေးချယ်မှုက တစ်ဦးစီရဲ့ ကနဦး
ရည်မှန်းချက်တွေကို နားလည်တာနဲ့ စတင်တယ်။
ရည်မှန်းချက်တွေက ဥပမာ လုပ်ငန်းလေး
တစ်ခု စချင်တာ၊ ဆေွမျိုးသားချင်းတွေ
ပါတဲ့ မိသားစုနဲ့ နီးနီးနေဖို့၊
ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ဖို့
ငွေစုတာ၊
နောက်ထပ်ကလေးယူဖို့ ဆိုတာတွေပါ။
ကျွန်မတို့ အများအပြားက ကိုယ်လုပ်နေတာ
တွေကို ကိုယ်ရည်မှန်းချက်တွေနဲ့
နှိုင်းယှဉ်ရင်း ဘဝတွေကို တိုင်းတာကြတယ်။
ကွာဟာချက် သေးတုန်းမှာ
ကျေနပ်မိကြတယ်။
ကြီးမားတဲ့အခါမှာတော့
မပျော်မရွင် ဖြစ်ကြတယ်။
စုံတွဲတစ်တွဲရဲ့ အစိတ်အပိုင်းဆိုရင်
အနည်းဆုံး တစ်ယောက်ကို တစ်ယောက်
အပြစ်ပုံချကြတယ်။
ရည်မှန်းချက်တွေကို ဆွေးနွေးဖို့ အနည်းဆုံး
တစ်နှစ်ကို နှစ်ကြိမ်
အချိန် သီးသန့်ဖယ်ထားပါ။
ကျွန်မက ဒီစကားဝိုင်းတွေရဲ့ ရေးထားတဲ့
မှတ်တမ်းတစ်ခု ထားရာမှာ သိပ်ဝါသနာပါတယ်။
သင့်အဖော်နဲ့အတူ တစ်ဦးစီရဲ့
ရည်မှန်းချက်တွေကို
မှတ်မိအောင် ကူညီဖို့ စာရွက်မှာ
ရေးမှတ်ခြင်းနဲ့
ကျွန်မတို့ရဲ့ ဘဝဇာတ်လမ်းကို
အတူတူ ရေးခြင်းပါ။
နောက်တစ်ခုက သင်တို့ အတူနေချင်တဲ့
ဘဝကို အထောက်အပံ့မပြုတဲ့
ရွေးစရာတွေကို ဖယ်ထုတ်ပါ။
ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ပိုလွယ်စေတဲ့
နယ်နိမိတ်တွေမှာ သဘောတူရင်း လုပ်နိုင်တယ်။
ပထဝီလို နယ်နိမိတ်တွေ။
ဘယ်မှာ အလုပ်လုပ်ပြီး နေချင်တာလဲ။
အချိန်။ တစ်ပတ်ကို အလုပ်ချိန် ဘယ်နှနာရီက
မိသားစု ဘဝကို ဖြစ်နိုင်စေမလဲ။
ခရီး။ အလုပ်နဲ့ ခရီးသွားတာကို
ဘယ်လောက်များများ ရပ်တည်နိုင်လဲ။
နယ်နိမိတ်တွေကို သဘောတူပြီဆိုတာနဲ့
ဒါတွေရဲ့ အပြင်မှာ ကျရောက်တဲ့
အခွင့်အလမ်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ
ရွေးချယ်မှုက လွယ်လာတယ်။
" နိုင်ငံကူးပြီး မပြောင်းချင်ဘူးလို့
သဘောတူထားလို့ ဒီအလုပ်အတွက်
လူတွေးဆွေးနွေးတာ မလုပ်တော့ဘူး။"
(သို့) မိသားစုအနေနဲ့ အတူတူ
အချိန် ပိုကုန်ဆုံးတာက
အရေးပါတယ်လိုသဘောတူထားလို့ အချိန်ပို
အလုပ်ကို ငါ လျှော့ချတော့မယ်။"
တစ်ဦးစီရဲ့ ရည်မှန်းချက်တွေကို
နားလည်ပြီး ခိုင်မာတဲ့
နယ်နိမိတ်တွေမှာ
နှစ်မြှုပ်ထားကြတဲ့ စုံတွဲတွေဟာ
ဆွဲဆောင်မှုရှိပုံရတဲ့ အခွင့်အလမ်းတွေကို
နောင်တကင်းစွာ စွန့်လွှတ်နိုင်ကြတယ်။
သင်တို့ နယ်နိမိတ်တွေအတွင်း ကျရောက်တဲ့
အခွင့်အလမ်းတစ်ခုနဲ့ ရင်ဆိုင်ရရင်
အရေးပါတာက သင်လုပ်တဲ့ ရွေးချယ်မှုတွေက
ကြာလာတဲ့အခါ
သင်တို့စုံတွဲကို ဟန်ချက်
ညီအောင် ထိန်းပေးတာပါ။
အဖော်နှစ်ဦးစလုံးရဲ့ ရည်မှန်းချက်တွေနဲ့
တစ်ချိန်တည်းမှာ အတိအကျ
မကိုက်ညီဘူးဆိုတာတောင်ပါ။
သင့်ရွေးချယ်မှုတွေဟာ အဖော်တစ်ယောက်ရဲ့
အဓိက စေ့ဆော်ခံရတာ
(သို့) အဖော်တစ်ယောက်က တစ်ယောက်ရဲ့
ရည်မှန်းချက်တွေကို ပိုပံ့ပိုးတာဆိုရင်
အင်အား မညီမျှမှု ဖြစ်ပေါ်လိမ့်မယ်။
ကျွန်မ တွေ့ရှိတာက ဒီမညီမျှမှုဟာ
အလုပ်လုပ်တဲ့ စုံတွဲအများစု
ဒီလိုလုပ်ဖို့ ပျက်ကွက်တဲ့ အကြောင်းရင်းပါ။
နောက်ဆုံးမှာတော့ အဖော်ဆိုတာထက်
ပံ့ပိုးသူဖြစ်နေရတာကို
တစ်ယောက်က စိတ်ကုန်လာတယ်။
ဒါကို ရှောင်ရှားဖို့
ကြာလာတဲ့အခါ
သင့်ဆုံးဖြတ်ချက်တွေကို ခြေရာခံပါ
သင့်ရည်မှန်းချက်တွနဲ့ နယ်နိမိတ်တွေနဲ့မတူဘဲ
သင်ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းရဲ့
အသေးစိတ် မှတ်တမ်းတစ်ခု ထားဖို့ မလိုတာပါ။
နှစ်ဦးစလုံးကို သက်ရောက်စေတဲ့ ဆုံးဖြတ်ချက်
တွေကို ပုံဖော်ဖို့ တစ်ဦးစီ ခံစားနိုင်ပုံ
အကြောင်း ပွင့်လင်းတဲ့
ဆွေးနွေးမှုကို ဆက်ရှိစေတာပါ။
သင် အသေအချာ ရွေးချယ်ထားတာကို
သင်ဘယ်လိုသိမလဲ။
ဖြစ်နေကျ နားလည်မှုလွဲတာတစ်ခုက
ဘယ်ရွေးချယ်မှုက မှန်တယ်ဆိုတာကို
အချိန်လွန်မှသာ သိနိုင်တာပါ။
ဘဝကို နောက်ပြန် အကဲဖြတ်ကြတယ်
ဆိုတာ မှန်လောက်ပေမဲ့
ရှေ့ဆက်ပြီး နေထိုင်ရမှာပါ။
ဆုံးဖြတ်ချက်ကို အကောင်းတစ်ခုအဖြစ်
ပြန်ကြည့်တဲ့ စုံတွဲတွေကိုတွေ့တယ်။
ဒီလိုလုပ်တာက နောက်ဆုံး
ရလဒ်ကြောင့်သာ မဟုတ်ဘဲ
ဆုံးဖြတ်ချက်က သူတို့ လုပ်ခဲ့တဲ့အတိုင်း
တစ်ဦးချင်းအနေနဲ့ရော စုံတွဲအဖြစ်နဲ့ပါ
သူတို့ကို အားအင်ပေးတာကြောင့်ပါ။
ဒါက သူတို့ ရွေးချယ်တာ မဟုတ်ဘဲ
သူတို့တွေ တမင်တကာ
ရွေးချယ်နေခဲ့တာပါ။
ဒါက သူတို့ကို ပိုနီးစပ်ပြီး အတူတကွ
ပိုလွတ်လပ်စေတယ်လို့ ခံစားမိစေတာပါ။