သီရိ လင်္ကာက ကိုရိုနာဗိုင်းရပ်စ်
ကမ္ဘာကပ်ရောဂါ အမြင့်ဆုံး ကာလအတွင်းမှာ
ဆိုလိုတာက ၂၀၂၀ နှစ်လယ်မှာ၊
ကျွန်မ ဘဝကို စိတ်ချမ်းမြေ့မှု၊ကျက်သရေနဲ့
ဖြည့်ပေးဖို့ အံဩစရာ နည်းလမ်းတစ်ခု ရခဲ့တယ်။
စိတ်ဥယျာဉ်အတွင်းမှာ မန္တာန်တစ်ခု
ပေါ်ထွန်းလာနေခဲ့တယ်။
ဒါက ကျွန်မစိတ်ထဲမှာ စိုက်ပျိုးထားတဲ့
ကောင်းမြတ်တဲ့ အတွေး အားလုံးဟာ
လှပတဲ့ အရာတစ်ခုအဖြစ်
စတင် ဖူးပွင့်လာခဲ့သလို ခံစားရတယ်။
ဒီအံ့ဖွယ် မန္တန်က ခံစားရတဲ့ ဝေဒနာ
အားလုံးအတွကိ မှော်ဆေးလုံး တစ်လုံးလိုပါ။
ကျွန်မရဲ့ ဘဝကိုသာ သက်ရောက်စေရုံမက
ကျွန်မနဲ့ ဆက်နွယ်နေသူတိုင်းကိုရောပါ။
ကျွန်မ ဘဝရဲ့ သုံးဆယ်ရှစ်နှစ်ပါ။
မိမိကိုယ်ကိုယ် ရှာဖွေတဲ့ ခရီးတစ်ခုထွက်ခဲ့
တယ်။ ကျွန်မ ဘယ်သူလဲဆိုတာ ရှာဖွေတာပါ။
သတိရှိနေတဲ့ သေခြင်းဖြစ်စဉ်တစ်ခုကို
ကြုံတွေ့ခဲ့ရတယ်။
ကိုယ့်အမည်နဲ့ ဆက်နွယ်နေတဲ့
အရာရာတိုင်းကို စွန့်လွှတ်လိုက်ခြင်းပါ။
နည်းပြတစ်ယောက်အဖြေစ်
အခြေကျပြီးဖြစ်တဲ့ အလုပ်အကိုင်၊
ပရဟိတအဖွဲ့ အကြံပေး၊
အိပ်မွေ့ချကုထုံးပညာရှင်၊ စွမ်းအင် ကုသသူ၊
ရင်းနှီးတဲ့ ဆက်ဆံရေးတွေ၊ မိသားစု သံယောဇဉ်၊
၁၂ တာ အခြေတကျရှိနေတဲ့
စီးပွားရေးလုပ်ငန်းပါ။
ဒီတော့ ကျွန်မရဲ့ ဘဝကို ပိုကောင်းဖို့အတွက်
ပြောင်းလဲပေးတဲ့ မှော်ဆန်တဲ့ မန္တာန်က ဘာလဲ။
"Thank you" ဆိုတာက
ရိုးစင်းတဲ့ စကားလုံး နှစ်လုံးပါ။
ဒါက ခေါင်းထဲက ဂီတတစ်ခုလို ကျွန်မရဲ့
နားတွေကြားက နေရာလွတ်ကို ဖြည့်ပေးတယ်။
ဒါက ကမ္ဘာ့ကပ်ရောဂါအတွင်း
လေးလေးနက်နက် တွေကြုံခံစားမိတာပါ။
ကျွန်မနဲ့ ဆက်နွယ်နေသူတိုင်းဟာ
အကြောက်တရာ၊ သံသယ၊ ပူပန်မှုနဲ့
ပြည့်နှက်နေပြီး
ခြားနားတာ တစ်ခုခုကို
ကျွန်မ လုပ်ဖို့လိုတာကြောင့်ပါ။
မနက် နိုးတဲ့အခါ စိတ်ထဲကို ရောက်လာခဲ့တဲ့
ပထမဆုံးအတွေး၊ ပထမဆုံးအရာက
"ကျေးဇူးပါ"ဆိုတာပါ။
ညဘက် အိပ်ရာဝင်တဲ့အခါ ကျွန်မရဲ့
စိတ်ကို စိုးမိုးထားတဲ့ နောက်ဆုံးအတွေးက
"ကျေးဇူးပါ"ဆိုတာပါ။
ကျွန်မ စားတဲ့၊ သောက်တဲ့အခါ၊
အလုပ်လုပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊
တိတ်ဆိတ်စွာ ထိုင်နေတဲ့အခါ်
လူလုပ်ပစ္စည်းတိုင်းကို သုံးတဲ့အခါ
"ကျေးဇူးပါ"လို့တွေးတယ်
ဒါက ကျွန်မရဲ့ စိတ်ထဲက ဂီတတစ်ခုလိုပါ။
တစ်ခါတစ်ရံ "ကျေးဇူးပါ" ဆိုတဲ့
စကားလုံးကို ကျယ်ကျယ် ပြောမိတယ်။
သက်မဲ့ အရာဝတ္ထုတွေဖြစ်တဲ့
နေ၊ လနဲ့ ကြယ်တွေ၊
ဥယျာဉ်ထဲက ငှက်တွေ၊
လိပ်ပြာတွေ၊ သစ်ပင်တွေ၊
သတ္တဝါလေးတွေကိုတောင်ပါ။
သူတိုကို့ ကျွန်မက နှုတ်ဆက်နေသလိုပေါ့။
"ကျေးဇူးပါ" လို့ ဆိုလိုက်တဲ့အခါ
ဒါက သင်နဲ့ စောင့်ကြည့်မှုအောက််က
ပြင်ပ အခြေအနေ အကြားက
သဟဇာတဖြစ်မှုတစ်ခုကို ဖန်တီးပေးတယ်။
ဒါက သင့်ကိုယ်တွင်းကို
အာရုံစိုက်မိစေဖို့ ကူညီပေးပါတယ်။
အစမှာတော့ သင့်ခေါင်းထဲမှာ
ပြေးနေတဲ့ စကားလုံးတစ်လုံးဖြစ်နိုင်တယ်။
နှလုံးသားထဲမှာ ကျေးဇူးတရားရဲ့
ခံစားချက် အစစ်တစ်ခု ကင်းမဲ့နေတာပေါ့။
စကားလုံးတစ်လုံးဟာ အသံတစ်သံဖြစ်ပြီး
အသံတစ်သံက တုန်ခါမှုတစ်ခုပါ။
တုန်ခါမှုက စွမ်းအင်ကို ဖန်တီးပေးပါတယ်။
ဒီတော့ "ကျေးဇူးပါ" ဆိုတာကို
ဆက်တွေးနေတဲ့အခါ
ခဏအကြာမှာ စွမ်းအားက
သင့်နှလုံးသား ဗဟိုချက်နဲ့
ကျန်တဲ့ ခန္ဓာကိုယ်အတွင်းကို
စတင် ချဉ်းနင်း ဝင်ရောက်လာတယ်။
ဘဝမှာ ဒုက္ခရောက်တဲ့ အချိန်တွေ၊အခြေအနေတွေ
နဲ့ ပတ်သက်ပြီးအများကြီး မလုပ်နိုင်ပေမဲ့
ဒုက္ခရောက်တဲ့ အချိန်တွေမှာ မိမိကိုယ်ကိုယ်
အေးချမ်းဖို့ တစ်ခုခုလုပ်နိုင်တာာ သေချာတယ်
လူသား စိတ်ဟာ ရေလိုပါပဲ။
ပြင်ပ အခြေအနေတွေရဲ့
သက်ရောက်မှုကို ခံရတဲ့အခါ
ဒါက လှုပ်ရှားမှုကို ဖန်တီးပြီး
သင်ဟာ နက်ရှိုင်းမှုကို မမြင်နိုင်ဘူး။
ဒါက အံ့ဖွယ် မန္တာန်ပါ၊ "ကျေးဇူးပါ"
ဆိုတာပါ၊
သင့်နှလုံးသားထဲက
ကျေးဇူးတရားရဲ့ စစ်မှန်တဲ့ ခံစားမှုဟာ
ဘဝ အခြေအနေတိုင်းကို ငြိမ်းချမ်း၊ပျော်ရွင်၊
ချမ်းသာစွာရင်ဆိုင်ဖို့ သင့်ကိုကူညီနိုင်တယ်
သတ္တဝါအားလုံး ကျန်းမာ၊ ပျော်ရွှင်ကာ
ဆင်းရဲဒုက္ခအားလုံး ကင်းဝေးပြီး
ဉာဏ်အလင်း ရကြပါစေ။
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်။