Return to Video

ပြောင်းဖူးက ကမ္ဘာကို အနိုင်ယူခဲ့ပုံ - Chris Kniesly

  • 0:07 - 0:12
    ပြောင်းဖူးဟာ လက်ရှိကမ္ဘာ့စိုက်ပျိုးရေးရဲ့
    ဆယ်ပုံတစ်ပုံကို လွှမ်းမိုးထားပါတယ်။
  • 0:12 - 0:17
    အမေရိကန်ပြည်ထောင်စုက ပြောင်းခင်းတွေဟာ
    ဂျာမနီတပြည်လုံးကိုတောင် ဖုံးထားနိုင်ပါတယ်။
  • 0:17 - 0:21
    သို့သော် တခြားသီးနှံတွေကို
    အမျိုးအစားမျိုးစုံ စိုက်ပျိုးကြပေမဲ့
  • 0:21 - 0:29
    ပြောင်းဖူးကိုတော့ Yellow Dent #2 ဆိုတဲ့
    မျိုးတစ်ခုတည်းကိုပဲ ၉၉ % စိုက်ကြတယ်။
  • 0:29 - 0:32
    ပြောရမယ်ဆိုရင်တော့ Yellow Dent #2 ဆိုတဲ့
    ပြောင်းဖူးမျိုးကို တခြားအပင်တွေထက်
  • 0:32 - 0:35
    ပိုပြီးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။
  • 0:35 - 0:39
    ဆိုတော့ကာ ဒီမျိုးအစား တစ်ခုတည်းက
    ဘယ်လိုလုပ်ပြီး
  • 0:39 - 0:44
    ကမ္ဘာ့စိုက်ပျိုးရေးသမိုင်းမှာ
    အကြီးဆုံး အောင်မြင်လာခဲ့တာလဲ?
  • 0:44 - 0:48
    ပြောင်းဖူး (Corn ခေါ် Maize) ဟာ
    လွန်ခဲ့တဲ့နှစ် ၉၀၀၀ လောက်က
  • 0:48 - 0:53
    အမေရိကတိုက်အလယ်ပိုင်းက Teosinte ဆိုတဲ့
    မြက်မျိုးရင်းကနေ လူတွေနဲ့ရင်းနှီးလာတာပါ။
  • 0:53 - 0:57
    သူ့ရဲ့အစေ့ဟာ အရမ်းမာပြီး စားဖို့ခက်ပေမဲ့
  • 0:57 - 1:01
    သူ့ရဲ့အမွှေးများတဲ့အခွံကို
    လူ့အသုံးအဆောင်တွေ တီထွင်ဖန်တီးပါတယ်။
  • 1:01 - 1:07
    နောင်နှစ်ပေါင်း ၄၇၀၀ ကျော်မှ လယ်သမားတွေက
    အူတိုင်အလုံးကြီးပြီး အသားများတဲ့
  • 1:07 - 1:10
    စားလို့ရတဲ့ပြောင်းအဖြစ် မွေးနိုင်ခဲ့တယ်။
  • 1:10 - 1:15
    အမေရိကတိုက်အနှံ့ ပျံ့နှံ့လာတဲ့အခါမှာတော့
  • 1:15 - 1:19
    ဒေသခံလူမျိုးတွေက
    စိုက်ပျိုးရေးကို ဖန်တီးပေးတဲ့နတ်ဘုရား၊
  • 1:19 - 1:22
    ပြောင်းမိခင် အဖြစ်
    အလေးထားကိုးကွယ်ကြပါတယ်။
  • 1:22 - 1:27
    ဥရောပသားတွေ အမေရိကားရောက်လာတော့
    ပြောင်းကို စိမ်းနေလို့ ရှောင်ရှားခဲ့ပါတယ်။
  • 1:27 - 1:31
    တချို့တွေကလည်း
    ဒေသခံတွေနဲ့ မိမိတို့ဥရောပသားတွေ
  • 1:31 - 1:33
    ယဉ်ကျေးမှုမတူဘူး ဆိုပြီး
    ပစ်ပယ်ခဲ့ကြတယ်။
  • 1:33 - 1:34
    သို့သော်လည်း၊
  • 1:34 - 1:39
    ဥရောပက စားပင်တွေကို အမေရိကမှာ
    ဘယ်လိုမှ စိုက်လို့မရတဲ့အခါမှာ
  • 1:39 - 1:42
    ပြောင်းကို စမ်းစားကြည့်ဖို့
    အကြောင်းဖန်လာပါတော့တယ်။
  • 1:42 - 1:46
    သူတို့အကြိုက်အရသာဖြစ်လာတဲ့အခါမှာ
    ပြောင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး
  • 1:46 - 1:50
    ဥရောပကို ရောက်ရှိလာခဲ့ပါတယ်။
    ဥတုမရွေး ရှင်သန်နိုင်တဲ့ သူ့အစွမ်းကြောင့်
  • 1:50 - 1:53
    ပြောင်းဟာ ဥရောပမှာ ထင်ရှားလာပါတယ်။
  • 1:53 - 1:58
    သို့သော် အမေရိကကတော့ ကမ္ဘာ့ပြောင်းစျေးကွက်
    အချက်အခြာ ဖြစ်နေပါသေးတယ်။
  • 1:58 - 2:02
    ၁၈၀၀ ပြည့်နှစ် အစောပိုင်းတွေက
    အမေရိကန်ပြည်နယ်တွေ ဒေသတွေမှာ
  • 2:02 - 2:06
    အရသာရော အရွယ်ပါမတူညီတဲ့ ပြောင်းမျိုးတွေကို
    မတူညီစွာ စိုက်ပျိုးခဲ့ကြပါတယ်။
  • 2:06 - 2:07
    သို့သော် ၁၈၅၀ ပြည့်နှစ်တွေမှာတော့
  • 2:07 - 2:12
    ဒီလိုမတူတဲ့မျိုးတွေကြောင့် ရထားကုမ္ပဏီတွေ၊
    ကုန်သည်တွေအနေနဲ့
  • 2:12 - 2:14
    ထုတ်ပိုးသယ်ယူရောင်းချဖို့ ခက်ခဲလာစေတာမို့
  • 2:14 - 2:19
    ချီကာဂိုလို ရထားလမ်းဆုံမြို့တွေက
    ကုန်သည်အဖွဲ့တွေက လယ်သမားတွေကို
  • 2:19 - 2:21
    စံတစ်မျိုးတည်းသာ စိုက်ကြဖို့
    တိုက်တွန်းလာပါတယ်။
  • 2:21 - 2:26
    ၁၈၉၃ ခုနှစ် World’s Fair မှာတော့
    ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
  • 2:26 - 2:31
    James Reid ရဲ့ yellow dent ပြောင်းမျိုးဟာ
    ဖဲကြိုးပြာဆု ဆွတ်ခူးခဲ့ပါတယ်။
  • 2:31 - 2:35
    နောင်နှစ် ၅၀ ကျော်မှာ yellow dent မျိုးဟာ
    အမေရိကန်တစ်နိုင်ငံလုံး ခြုံလွှမ်းခဲ့ပါတယ်။
  • 2:35 - 2:38
    ဒုတိယကမ္ဘာစစ်ကြောင့်
    နည်းပညာတွေတိုးတက်လာတဲ့အခါ
  • 2:38 - 2:41
    စက်မှုလယ်ယာ ရိတ်သိမ်းစက်တွေ
    အသုံးများလာခဲ့ပါတယ်။
  • 2:41 - 2:46
    အရင်ကတစ်ရက်လုံး
    လက်နဲ့ရိတ်ရတဲ့ ပြောင်းခင်းကို
  • 2:46 - 2:50
    ငါးမိနစ်နဲ့ အပြီးရိတ်နိုင်ခဲ့ပါတယ်။
  • 2:50 - 2:54
    စစ်သုံးနည်းပညာတစ်ခုဖြစ်တဲ့
    ဗုံးလုပ် ammonium nitrate ဟာလည်း
  • 2:54 - 2:57
    လယ်ယာတွေအတွက်
    ဓာတ်မြေသြဇာအဖြစ် အသုံးဝင်လာပြီး
  • 2:57 - 2:59
    ခေတ်တစ်ခုဖြစ်လာပါတယ်။
  • 2:59 - 3:03
    ဓာတ်မြေသြဇာကြောင့် မြေကို ပြန်ပြင်စရာ၊
    အချိန်ပေးစရာ မလိုတော့ပဲ
  • 3:03 - 3:08
    ထူထဲလှတဲ့ပြောင်းခင်းကြီးတွေ
    နှစ်စဉ်စိုက်လို့ ရသွားပါတယ်။
  • 3:08 - 3:12
    ဒီလို ခေတ်မှီနည်းပညာတွေကြောင့်
    ပြောင်းကို အမေရိကန်လယ်သမားတွေ
  • 3:12 - 3:16
    စိတ်ဝင်စားလာပေမယ့် အစိုးရက
    စျေးနှုန်းတည်ငြိမ်အောင်
  • 3:16 - 3:18
    ပြောင်းစိုက်ပျိုးပမာဏကို
    ကန့်သတ်ထားခဲ့ပါတယ်။
  • 3:18 - 3:23
    ၁၉၇၂ မှာ ဆိုဗီယက်ပြည်ထောင်စုကို
    ပြောင်းအကြီးအကျယ် တင်ပို့ကာမှ
  • 3:23 - 3:27
    အမေရိကန်သမ္မတနစ်ဆင်က
    ဒီကန့်သတ်ချက်ကို ဖယ်ရှားပေးခဲ့ပါတယ်။
  • 3:27 - 3:31
    ဒီလို ကုန်သွယ်လမ်းသစ်တွေနဲ့
    စစ်သုံးနည်းပညာတွေကြောင့်
  • 3:31 - 3:35
    ပြောင်းထုတ်လုပ်မှုဟာ ကမ္ဘာ့ဖြစ်စဉ်တစ်ခုထိ
    ထင်ရှားလာခဲ့ပါတယ်။
  • 3:35 - 3:40
    ဒီလိုပေါများလှတဲ့ ပြောင်းဖူးတွေနဲ့အတူ
    ပြောင်းအသုံးဝင်ပုံတွေကလည်း များပြားလာပါတယ်
  • 3:40 - 3:45
    ပြောင်းမှုန့်ကို ဓာတ်ဆီကနေ ကော်ထုတ်တဲ့အထိ
    Thickening Agent အဖြစ် အသုံးပြုလာသလို
  • 3:45 - 3:51
    Fructose မြင့် အချိုရည်အနေနဲ့
    စျေးချိုစွာ ထုတ်လုပ်နိုင်လာပါတယ်။
  • 3:51 - 3:55
    ပြောင်း (Maize) က ကမ္ဘာ့စျေးအပေါဆုံး
    တိရိစ္ဆာန်အစာ ဖြစ်လာပြန်ပါတယ်။
  • 3:55 - 3:58
    ဒါ့ကြောင့် အသားထုတ်လုပ်မှုစရိတ်
    ကျဆင်းလာသလို
  • 3:58 - 4:02
    တဖက်မှာလည်း အသားနဲ့ ပြောင်း
    လိုအပ်မှုပမာဏ မြင့်တက်လာပါတယ်။
  • 4:02 - 4:07
    ယနေ့ခေတ်မှာ လူတွေဟာ စိုက်သမျှပြောင်းရဲ့
    ၄၀ ရာနှုန်းကိုပဲ စားပြီး
  • 4:07 - 4:12
    ကျန် ၆၀ ရာနှုန်းကတော့
    တခြားထုတ်ကုန်တွေအတွက် သုံးနေပါတယ်။
  • 4:12 - 4:16
    ပြောင်းသီးနှံရဲ့ အံ့မခန်းအောင်မြင်မှုအတွက်
    ပြန်ပေးဆပ်ရတာတွေတော့ ရှိပါတယ်။
  • 4:16 - 4:21
    ပြောင်းခင်းတွေက ပိုလျှံဓာတ်မြေသြဇာတွေဟာ
    ကမ္ဘာ့ရေထုကို ညစ်ညမ်းစေသလို
  • 4:21 - 4:26
    အသားထုတ်လုပ်မှု များပြားလာတာနဲ့အတူ
    စိုက်ပျိုးရေးတွေထဲက ပြောင်းဟာ
  • 4:26 - 4:30
    ကာဘွန်ထုတ်လွှတ်မှု အများဆုံးဖြစ်လာပါတယ်။
  • 4:30 - 4:35
    ပြောင်းကထုတ်တဲ့အချိုရည် သုံးတာကလည်း
    ဆီးချိုနဲ့ အဝလွန်တာတွေ ဖြစ်လာစေပါတယ်။
  • 4:35 - 4:38
    ပြောင်းတစ်မျိုးတည်းကို တစိုက်မတ်မတ်
    စိုက်ပျိုးနေတာကလည်း
  • 4:38 - 4:43
    အဖျက်ပိုးအန္တရာယ်အရမ်းကြီးမားနေပြီး
    ပြောင်းကို ဖျက်တဲ့ပိုးတစ်မျိုးတည်းက
  • 4:43 - 4:48
    လူသားအားလုံးကို ဒုက္ခပေးသွားနိုင်ပါတယ်။
  • 4:48 - 4:51
    ပြောင်းဟာ ချုံမြက်သာသာ ဘဝကနေ
  • 4:51 - 4:54
    ကမ္ဘာထုတ်ကုန်တွေရဲ့ အရေးပါတဲ့အရာ
    ဖြစ်လာပါပြီ။
  • 4:54 - 5:00
    ဒါပေမဲ့ ဘယ်လောက်ထိခံမလဲ ဆိုတာကတော့
    အချိန်ကသာ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
Title:
ပြောင်းဖူးက ကမ္ဘာကို အနိုင်ယူခဲ့ပုံ - Chris Kniesly
Speaker:
Chris Kniesly
Description:

သင်ခန်းစာအပြည့်အစုံ - https://ed.ted.com/lessons/how-corn-conquered-the-world-chris-kniesly

ပြောင်းဟာ လက်ရှိကမ္ဘာ့စိုက်ပျိုးရေးရဲ့ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ပါတယ်။ ဒီထဲကမှ ၉၉ ရာနှုန်းဟာ Yellow Dent #2 ဆိုတဲ့ ပြောင်းမျိုးတစ်ခုတည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာမှာ Yellow Dent #2 ကို တခြားအပင်မျိုးတွေထက် ပိုစိုက်နေကြတာပါ။ ဆိုတော့ကာ အပင်တစ်မျိုးရဲ့ မျိုးတစ်ခုတည်းက ဘယ်လိုဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးရေးမှာ အကြီးဆုံးအောင်မြင်မှု ရခဲ့သလဲ? Chris Kniesly က လေ့လာတင်ပြထားပါတယ်။

သင်ခန်းစာပို့ချသူ - Chris Kniesly
Artrake စတူဒီယိုမှ ရိုက်ကူးသည်

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:00

Burmese subtitles

Revisions