Return to Video

ဆီမွန်(ဒ်)ဘိုးဗွား ဖွင့်ဆိုတဲ့ ဘဝ အဓိပ္ပာယ်။

  • 0:07 - 0:11
    ဆီမွန်(ဒ်)ဘိုးဗွား ဟာ အသက် ၂၁ နှစ်မှာ
    ပြင်သစ်ရဲ့ အလေးစားခံရဆုံး တက္ကသိုလ်မှာ
  • 0:11 - 0:15
    ဒဿနိကဗေဒ စာမေးပွဲတွေကို ဖြေဆိုတဲ့
    အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့တယ်။
  • 0:15 - 0:17
    သူဟာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်။
  • 0:17 - 0:20
    ဒါပေမဲ့ ဒဿနိကဗေဒ စည်းမျဉ်းတွေကို
    တတ်မြောက်တာနဲ့
  • 0:20 - 0:21
    ဒါတွေကို ချိုးဖောက်ချင်လာခဲ့တယ်။
  • 0:21 - 0:24
    ပလေတိုရဲ့ Theory of Forms ကို
    သူ သင်ကြားခဲ့ရတယ်။
  • 0:24 - 0:27
    ရုပ်လောကကို ပိုမြင့်တဲ့ အမှန်တရားတွေ
    မပြောင်းလဲတဲ့ စံတွေရဲ့
  • 0:27 - 0:30
    ချို့ယွင်းနေတဲ့ပုံရိပ်တစ်ခု
    အဖြစ် ဆွေးနွေထားတာပါ။
  • 0:30 - 0:34
    ဒါပေမဲ့ ဘိုးဗွားအတွက်တော့ လောကီဘဝဟာ
    ကြည်နူးစရာ၊ ကာမဂုဏ်အာရုံဖြစ်ပြီး
  • 0:34 - 0:36
    အတည်သဘောသက်သက်ဖြစ်ခဲ့တယ်
  • 0:36 - 0:40
    ရုပ်လောကကို အပြည့်အဝဆုံး စူးစမ်းဖို့
    သူ့ရဲ့အာသီသက သူ့ဘဝကို ပုံဖော်ပေးခဲ့ပြီး
  • 0:40 - 0:45
    နောက်ဆုံးမှာတော့ ဆန်းသစ်တဲ့
    ဒဿနိကဗေဒ အသစ်ကို စေ့ဆော်ပေးခ့်တယ်။
  • 0:45 - 0:49
    သူ့ရဲ့ ချစ်သူပညာတတ် လက်တွဲဖော် ယန်း ပေါလ်
    ဆတ်(တ) နဲ့ အတောမသတ် ဝေဖန် ဆွေးနွေးရင်း
  • 0:49 - 0:53
    (ဒ်) ဘိုးဗွားဟာ လွတ်လပ်တဲ့ စိတ်သဘော၊
    ဆန္ဒ၊ရပိုင်ခွင့်တွေနဲ့ တာဝန်ယူမှုတွေ၊
  • 0:53 - 0:56
    ကိုယ်ပိုင်အတွေ့အကြုံရဲ့
    တန်ဖိုးတွေကို စူစမ်းခဲ့တယ်။
  • 0:56 - 0:58
    ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းနှစ်တွေမှာ
  • 0:58 - 1:01
    ဒီအယူအဆတွေဟာ သူတို့လက်ရာတွေနဲ့
    အနီးဆုံး ဆက်နွယ်တဲ့
  • 1:01 - 1:05
    အမြင်တူသူ အသိုင်းအဝိုင်းထဲမှာ
    အကျုံးဝင်လာတယ်။ ဖြစ်တည်မှု ပဓာနဝါဒပါ။
  • 1:05 - 1:08
    အဲဒီမှာ ဂျူး ခရစ်ယာန် အစဉ်အလာတွေက
    သင်ကြားတာက
  • 1:08 - 1:10
    လူဟာ ကြိုတင်ပြဌာန်းထားတဲ့
    ရည်ရွယ်ချက်နဲ့ မွေးလာတယ်။
  • 1:10 - 1:14
    (ဒ်) ဘိုးဗွားနဲ့ ဆတ်(ထ)က တော်လှန်တဲ့
    အပြောင်းအလဲတစ်ခုကို အဆိုပြုခဲ့တယ်။
  • 1:14 - 1:16
    လူသားတွေဟာ လွတ်လပ်စွာ မွေးဖွားလာပြီး
  • 1:16 - 1:20
    ဘုရားသခင် အစီအစဉ်မပါဘဲ ဖြစ်တည်မှုထဲ
    ပစ်ချခံခဲ့ရတာလို့ အဆိုပြုကြတယ်။
  • 1:20 - 1:24
    (ဒ်) ဘိုးဗွား အသိအမှတ်ပြုသလို ဒီလွတ်လပ်
    မှုဟာ ကောင်းချီးတစ်ခူ၊ ဝန်ထုတ်တစ်ခုတဲ့။
  • 1:24 - 1:29
    "Ethics of Ambiguity" မှာ သူ စောဒကတက်တာက
    အကြီးမားဆုံး ကိုယ်ကျင့်ဆိုင်ရာ အရေးပါမှုက
  • 1:29 - 1:31
    မိမိကိုယ်ပိုင် ဘဝ အဓိပ္ပာယ်ကို ဖန်တီးရင်း
  • 1:31 - 1:34
    အလားတူ ဖန်တီးဖို့ အခြားသူတွေရဲ့
    လွတ်လပ်ခွင့်ကို ကာကွယ်ဖို့တဲ့။
  • 1:34 - 1:36
    (ဒ်) ဘိုးဗွား ရေးခဲ့သလိုပဲ
  • 1:36 - 1:42
    လွတ်လပ်မှု ငြင်းပယ်ခံရမှာကို ငြင်းပယ်ရာ
    မှာသာ စိတ်ဝင်စားတဲ့ လွတ်လပ်မှုတစ်ခု"တဲ့။
  • 1:42 - 1:46
    ဒီဒဿနက ကျောင်းသားတွေကို မပြတ်သားမှုတွေ၊
    ဝိရောဓိတွေ၊ အတွင်းရော၊ အပြင်ပါ ထုတ်လုပ်တဲ့
  • 1:46 - 1:50
    ကျွန်ုပ်တို့ရဲ့ ဇောတွေကို ထိန်းကျောင်း
    မောင်းနှင်ဖို့ စိန်ခေါ်လိုက်တယ်။
  • 1:50 - 1:52
    (ဒ်)ဘိုးဗွားဟာ ကိုယ်ပိုင်ရည်ရွယ်ချက်ကို
    ရှာတွေ့ဖို့ အားထုတ်စဉ်
  • 1:52 - 1:54
    သူ စတင် မေးခွန်းထုတ်ခဲ့တာက
  • 1:54 - 1:57
    လူတိုင်းဟာ အဓိပ္ပာယ်ကို လွတ်လပ်စွာ
    လိုက်စားထိုက်တယ်ဆိုရင်
  • 1:57 - 2:02
    ဘာကြောင့် သူဟာ လူ့အဖွဲ့အစည်းရဲ့
    မိန်းမဘဝ စံနမူနာတွေနဲ့ ကန့်သတ်ခံရတာလဲ။
  • 2:02 - 2:05
    လှိုင်လှိုင်ထွက်တဲ့ အရေး၊
    သင်ကြားရေးနဲ့၊ လှုပ်ရှားမှုတွေရှိပေမဲ့
  • 2:05 - 2:08
    (ဒ်) ဘိုးဗွားဟာ သူ့ရဲ့ သက်တူရွယ်တူတွေရဲ့
    အရေးထားခံရဖို့ ရုန်းကန်ခဲ့ရတယ်။
  • 2:08 - 2:12
    တက္ကသိုလ်တက်ဖို့၊ ကိုယ်ရေးမှတ်တမ်းတွေ၊
    ဝတ္ထုနဲ့ ဒဿန ရေးသားဖို့
  • 2:12 - 2:16
    ကတ်သလစ် ကြီးပြင်းလာရခြင်းနဲ့ အိမ်ထောင်
    ရေး မျှော်လင့်ချက်တွေကို ပယ်ချခဲ့တယ်။
  • 2:16 - 2:19
    ဒါပေမဲ့ ဒီဘဝဟန်ကို ကျင့်သုံးရင်း
    သူ အရဲစွန့်နေတာတွေဟာ
  • 2:19 - 2:21
    လွတ်လပ်မှုတွေကို တရားသေ စွဲကိုင်ထားတဲ့
  • 2:21 - 2:24
    အဆင့်တူ အမျိုးသားတွေဆီမှာ
    ပျောက်ဆုံးခဲ့တယ်။
  • 2:24 - 2:27
    သူတို့ဟာ (ဒ်) ဘိုးဗွားရဲ့ လက်ရာမှာ
    ပညာပါတဲ့ စိတ်ဝင်စားမှုမရှိဘူး။
  • 2:27 - 2:29
    သူ စူးစမ်းခဲ့တာက အတွင်းကျကျ ဘဝတွေနဲ့
  • 2:29 - 2:33
    စာရေးဆရာရဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့
    နှစ်ဖက်ချွန်စိတ်ရောပါ။
  • 2:33 - 2:35
    သူ့ရှုထောင့်အရေးပါမှုကို အသိပေးဖို့
  • 2:35 - 2:39
    (ဒ်)ဘိုးဗွားဟာ သူ့ရဲ့စိန်ခေါ်မှုအဖြစ်ဆုံး
    ဖြစ်နေသေးတဲ့ စာအုပ်ကို စရေးတယ်။
  • 2:39 - 2:42
    ဖြစ်တည်မှု ပဓာနဝါဒရဲ့ အခြေခံ
    အုတ်မြစ်တွေကို ဖန်တီးစဉ်မှာပဲ
  • 2:42 - 2:45
    သူဟာ လိင်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို
    ပြန်လည် အနက်ဖွင့်ခဲ့တယ်။
  • 2:45 - 2:51
    ၁၉၄၉ မှာ "The Second Sex" ကို ထုတ်ဝေပြီး
    ဘဝရဲ့ အဓိပ္ပာယ်၊ လိင်ဖြစ်မှုဟာ ကြိုတင်
  • 2:51 - 2:53
    ပြဌာန်းတာမဟုတ် ဆိုတာမျိုးကိုစောဒကတက်တယ်။
  • 2:53 - 2:55
    "မိန်းမတွေ မွေးလာတာထက်
    ဖြစ်လာတာ။" လို့
  • 2:55 - 2:58
    (ဒ်) ဘိုးဗွား အထင်အရှား ရေးသားခဲ့သလိုပါ။
  • 2:58 - 3:03
    မိန်းမတစ်ယောက် "ဖြစ်လာဖို့' မတူတာ
    ဖြစ်လာဖို့လို့ သူစောဒကတက်ခဲ့တယ်။
  • 3:03 - 3:06
    (ဒ်)ဘိုးဗွားဟာ "မတူခြင်း"ကို မိန်းမတွေကို
    သမိုင်းအရ ယောကျာ်းတွေ အနက်ဖွင့်ခဲ့၊
  • 3:06 - 3:11
    အနက်ဖွင့်ခံထားတာထက် ပိုနည်းတဲ့ တံဆိပ်
    ကပ်တဲ့ လုပ်ငန်းစဉ်အဖြစ်အနက်ဖွင့်တယ်
  • 3:11 - 3:13
    စံ လူသား လက်အောက်ခံတွေပါ။
  • 3:13 - 3:17
    မတူခြင်းအဖြစ် သူ စောဒကတက်တာက မိန်းမတွေဟာ
    ယောက်ျားတွေအတွက်ဒုတိယလို့ ထင်မှတ်ခံရပြီး
  • 3:17 - 3:22
    ဒါကြောင့် လွပ်လပ်မှုနောက်လိုက်တာကို
    စနစ်တကျ ကန့်သတ်ခံရတာပါ။
  • 3:22 - 3:25
    "The Second Sex" ဟာ အမျိုးသမီး
    ဖိနှိပ်မှုနဲ့ ပုံပြင်ဆန်တဲ့ ပြယုဂ်
  • 3:25 - 3:28
    တစ်ပုံတစ်ခေါင်းရဲ့ အသေးစိတ်
    သမိုင်းတစ်ခုကို တင်ပြတဲ့
  • 3:28 - 3:30
    ပဓာနကျတဲ့ အမျိုးသမီးဝါဒီ
    ကျမ်းတစ်စောင်ဖြစ်လာတယ်။
  • 3:30 - 3:33
    The Second Sex ရဲ့ ကိုယ်ရေးကိုယ်တာ
    အတွေအကြုံနဲ့ဒဿနဆိုင်ရာ
  • 3:33 - 3:35
    စွက်ဖက်မှုရဲ့ ပေါင်းစပ်မှုဟာ
  • 3:35 - 3:38
    အမျိုးသမီးဝါဒီ အယူအဆကို ဆွေးနွေးဖို့
    ဘာသာစကား အသစ်တစ်ခု ပံ့ပိုးပေးတယ်။
  • 3:38 - 3:43
    ယနေ့မှာ ဒီစကားဝိုင်းတွေကို တန်းတူညီ
    မျှမှု ရှာဖွေမှုမှာ (ဒ်)ဘိုးဗွား ထပ်တလဲလဲ
  • 3:43 - 3:45
    တောင်းဆိုမှုက လက်တို့ပေးတယ်။
  • 3:45 - 3:49
    ဒဿနိကနဲ့ ဘဝကြားမှာ သီးသန့်ခွဲမှုမရှိပါ'။
  • 3:49 - 3:52
    တကယ်တမ်းက အခြေခံကျတဲ့ လက်ရာတစ်ခုလိုပဲ
  • 3:52 - 3:55
    "The Second Sex" ထဲက အယူအဆတွေဟာ
    ထုတ်ဝေကတည်းက ပြန့်ကျယ်လာခဲ့တာပါ။
  • 3:55 - 3:59
    ခေတ်သစ် အတွေးအခေါ်ရှင်များစွာဟာ
    (ဒ်)ဘိုးဗွား လက်မခံတဲ့ ခွဲခြားခံရတဲ့
  • 3:59 - 4:01
    နောက်ထပ် နည်းလမ်းတွေကို
    ရှာဖွေခဲ့ကြတယ်။
  • 4:01 - 4:04
    ဒါတွေက လူမျိုးရေးနဲ့ စီးပွားရေးဆိုင်ရာ
    လက္ခဏာတွေအပြင်
  • 4:04 - 4:09
    ယနေ့ နားလည်တဲ့ ပိုကျယ်ပြန့်တဲ့ လိင်ပိုင်း
    နယ်ပယ်နဲ့ လိင်ဆိုင်ရာ လက္ခဏာတွေပါဝင်တယ်။
  • 4:09 - 4:11
    (ဒ်)ဘိုးဗွား အမွေအနှစ်က
    သူ့တက္ကသိုလ်ကျောင်းသား
  • 4:11 - 4:16
    နှစ်ယောက်ရဲ့ လိင်ဆိုင်ရာ မလျော်ကန်မှု
    စွပ်စွဲချက်တွေကြောင့် ပိုရှုပ်သွားတယ်။
  • 4:16 - 4:18
    ဒီစွပ်စွဲချက်တွေကို ရင်ဆိုင်ရာမှာ
  • 4:18 - 4:22
    သူ့ရာထူးကို အလွဲသုံးစားပြမှုအတွက်
    သူ့သင်ကြားရေးလိုင်စင်ကို အသိမ်းခိုင်းတယ်။
  • 4:22 - 4:26
    ဒီရှုထောင့်နဲ့ အခြားဟာတွေမှာ (ဒ်)ဘိုးဗွား
    ရဲ့ ဘဝဟာ အငြင်းပွားဖွယ်ဖြစ်ကျန်ခဲ့ပြီး
  • 4:26 - 4:31
    သူ့လက်ရာဟာ ခေတ်ဦး အမျိုးသမီးဝါဒ ပေါ်ထွန်း
    မှုထဲက မရပ်မနား ကာလတစ်ခုကိုကိုယ်စားပြုတယ်။
  • 4:31 - 4:35
    ၁၉၈၆ သေလွန်ချိန်အထိ ဝတ္ထု၊ ဒဿနနဲ့
    ကိုယ်ရေးမှတ်တမ်းတွေ ရေးသာရင်း
  • 4:35 - 4:40
    သူ့ရဲ့ ကျန်တဲ့ ဘဝတာမှာ
    ဒီစကားဝိုင်းတွေမှာ သူ ပါဝင်ခဲ့တယ်။
  • 4:40 - 4:43
    ယနေ့မှာ သူ့လက်ရာက ပြန်လည်
    တွေးဆဖို့၊ ပြန်လည်သွားရောက်ဖို့နဲ့
  • 4:43 - 4:46
    ပုန်ကန်ဖို့ ဒဿနဆိုင်ရာ ဘာသာစကား
    တစ်ခုကို ပံ့ပိုးပေးတယ်။
  • 4:46 - 4:50
    ဒီတော်လှန်တဲ့ အတွေးအခေါ်ရှင်က
    လက်ခံနိုင်လောက်တဲ့ တုံ့ပြန်မှုတစ်ခုပေါ့။
Title:
ဆီမွန်(ဒ်)ဘိုးဗွား ဖွင့်ဆိုတဲ့ ဘဝ အဓိပ္ပာယ်။
Speaker:
Iseult Gillespi
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-meaning-of-life-according-to-simone-de-beauvoir-iseult-gillespie တွင် ကြည့်ပါ။

ဆီမွန်(ဒ်)ဘိုးဗွား ဟာ အသက် ၂၁ နှစ်မှာ ပြင်သစ်နိုင်ငံရဲ အလေးစားခံရဆုံး တက္ကသိုလ်မှာ ဒဿနိကဗေဒ စာမေးပွဲတွေကို ဖြေဆိုတဲ့ အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒဿနိကဗေဒရဲ့ စည်းမျဉ်းတွေကို တစ်ဖက်ကမ်းခပ်တတ်မြောက်တာနဲ့ ဒါတွေကို ချိုးဖောက်ချင်လာခဲ့တယ်။ ရုပ်လောကကို အပြည့်အဝဆုံး စူးစမ်းဖို့ သူ့ရဲ့အာသီသက သူ့ဘဝကို ပုံဖော်ပေးခဲပြီး နောက်ဆုံးမှာတော့ နောက်ဆုံးမှာတော့ ဆန်းသစ်တဲ့ ဒဿနိကဗေဒ အသစ်တွေကို စေ့ဆော်ပေးခဲ့ပါတယ်။ Iseult Gillespie ကနေပြီး တော်လှန်တဲ့ အတွေးအခေါ်ပညာရှင်ရဲ့ ဘဝကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Iseult Gillespie က ပြုစုပြီး Sarah Saidan က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:50

Burmese subtitles

Revisions