စနေဂြိုဟ်ရဲ့ လက သက်ရှိတွေရဲ့ အစပထမအကြောင်း ဘာတွေပြောပြနိုင်မလဲ
-
0:03 - 0:06မြေမျက်နှာပြင်အမျိုးမျိုးနဲ့
ကမ္ဘာတစ်ခုကိုမြင်ယောင်ကြည့်ပါ -
0:06 - 0:07သိပ်သည်းတဲ့ လေထုတစ်ခုရှိမယ်
-
0:08 - 0:10သူ့မျက်နှာပြင်တစ်လျှောက်
လေပြင်းတွေတိုက်တယ် -
0:10 - 0:11ပြီးတော့ မိုးတွေလည်း ကျတယ်
-
0:11 - 0:13တောင်တွေ ၊ မြေပြန့်တွေလည်း ရှိမယ်
-
0:13 - 0:15မြစ် ၊ ရေကန်နဲ့
ပင်လယ်တွေလည်း ရှိတယ် -
0:15 - 0:18သဲသောင်တွေနဲ့ သဘာ၀အတိုင်းမဟုတ်တဲ့
ချိုင့်ခွက်တွေလည်း ရှိတယ် -
0:18 - 0:20ကမ္ဘာမြေကြီးလို့ ထင်နေကြပြီမလား
-
0:20 - 0:22ဒီဟာကတော့ တိုက်တန်ပဲ ဖြစ်ပါတယ်
-
0:22 - 0:23၁၉၈၁ ဩဂုတ်လမှာ
-
0:23 - 0:28ဗိုယေဂျာ ၂ ဟာ စနေဂြိုဟ်ရဲ့
အကြီးဆုံးလပုံ ဒီပုံကို ရိုက်ကူးခဲ့ပါတယ် -
0:28 - 0:31ဗိုယေဂျာရဲ့ လုပ်ငန်းဆောင်တာတွေဟာ
အရင်ကထက် များစွာခရီးရောက်ခဲ့ပါတယ် -
0:31 - 0:33နေအဖွဲ့အစည်း နဲ့နောက်ထပ်အရာတွေကို
-
0:33 - 0:35ပထဝီဝင်ရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်စေလျှက်ပေါ့ -
0:35 - 0:38ဒါပေမဲ့ ဒီမြူဆိုင်းနေတဲ့ လရဲ့ပုံဟာ
-
0:38 - 0:41နက်နဲတဲ့ပုစ္ဆာတွေ ဘယ်လောက်တောင်
ကျန်ရှိနေမလဲဆိုတာကို သတိပေးနေပါတယ် -
0:42 - 0:46ဗိုယေဂျာ တိုက်တန်ကို ပတ်ပြီး
ပျံသန်းတဲ့အခေါက်တိုင်း ထပ်တိုးလေ့လာပေမဲ့ -
0:46 - 0:50ဒီလေထုခြုံလွှာရဲ့ အောက်မှာ ဘာတွေ ရှိနေမလဲ
ဆိုတာကို ကျွန်မတို့ မသိရသေးပါဘူး -
0:52 - 0:55စေတန်နဲ့ ဂျူပီတာဂြိုဟ်တွေရဲ့ တခြားလတွေလို
-
0:55 - 0:58ရေခဲဖုံးနေတဲ့ မျက်နှာပြင်ပဲ ရှိနေမလား
-
0:58 - 1:02ဒါမှမဟုတ် မီသိန်းအရည်တွေ အပြည့်နဲ့
သမုဒ္ဓရာကြီးပဲ ဖြစ်နေမလားပေါ့ -
1:03 - 1:05မြူမှုန်တွေ ဝိုးတဝါးနဲ့
-
1:05 - 1:08တိုက်တန်ရဲ့ မျက်နှာပြင်ဟာ
ကြီးမားတဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ -
1:08 - 1:12၁၉၉၇ ခုနှစ်ကတည်းဆောက်ခဲ့တဲ့
ကက်စီနိ ဟိုက်ဂျင်ခေါ် ဆင်းသက်ယာဉ်ကို -
1:12 - 1:14အဲဒီပုစ္ဆာ ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ်
-
1:14 - 1:17၂၀၀၄ ခုနှစ်မှာ တိုက်တန်ကို ရောက်ပြီးနောက်
-
1:17 - 1:20ကက်စီနီပြန်ပို့လိုက်တဲ့
အစောပိုင်းတိုက်တန်မျက်နှာပြင်ပုံတွေမှာ -
1:20 - 1:22စိတ်ဝင်စားစရာတွေ အပြည့်ပါပဲ
-
1:23 - 1:27ဂြိုဟ်မျက်နှာပြင်ပေါ်မှာ မြင်နေရတာတွေကို
နားလည်ဖို့ လနဲ့ ချီပြီး ကြာခဲ့ပါတယ် -
1:27 - 1:29ဥပမာ ပြောရရင်
-
1:29 - 1:30အမဲရောင် အစဉ်းကြောင်းတွေ
-
1:30 - 1:35အစက ကျွန်မတို့ ကြောင်ခြစ်ရာတွေအဖြစ်
ရည်ညွှန်းခဲ့တာတွေဟာ -
1:36 - 1:38တကယ်တော့ သဘာ၀သဲသောင်ပြင်တွေ ဖြစ်နေပါတယ်
-
1:39 - 1:43ကက်စီနီယာဉ် စနေဂြိုဟ် ၊ ဂြိုဟ်ပတ်လမ်းနဲ့
၎င်းရဲ့ လတွေကို လေ့လာခဲ့တဲ့ -
1:43 - 1:45(၁၃) နှစ်တာကာလ အပြီးမှာ
-
1:45 - 1:46ကျွန်မတို့ တိုက်တန်ရဲ့
-
1:46 - 1:49မျက်နှာပြင်အကြောင်းလုံး၀ မသိရာကနေ
သူ့ရဲ့ ပထဝီဝင်ကိုပါ -
1:49 - 1:51နားလည်လာတဲ့အထိ အခွင့်အရေးရခဲ့တယ်
-
1:52 - 1:55လေထုဟာ မျက်နှာပြင်ကို ပုံဖော်ဖို့အတွက်
အခန်းကဏ္ဋမှာ ပါဝင်ပါတယ် -
1:55 - 1:58ဂြိုဟ်မျက်နှာပြင်အောက်မှာ ဘာတွေရှိလဲ
ဆိုတဲ့ သဲလွန်စတွေပါပေးတယ် -
1:59 - 2:03အမှန်တော့ တိုက်တန်ဟာ
သမုဒ္ဓရာကမ္ဘာတွေထဲက တစ်ခုဖြစ်ပါတယ် -
2:03 - 2:05အင်္ဂါဂြိုဟ်ပတ်လမ်းနဲ့
ဂြိုဟ်သိမ်ခါးပတ်အလွန် -
2:05 - 2:08နေအဖွဲ့ အစည်းအပြင်ဘက်က
-
2:08 - 2:12ဂြိုဟ်မျက်နှာပြင်အောက်က ရေပေါများလှတဲ့
သမုဒ္ဓရာများနဲ့ လတွေပေါ့ -
2:12 - 2:16တိုက်တန်အတွင်းပိုင်းသမုဒ္ဓရာကြီးဟာ
ကမ္ဘာရဲ့မြစ် ၊ ကန်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေ -
2:16 - 2:21စုစုပေါင်းရဲ့ဆယ်ဆထက်ပိုကောင်းပိုနိုင်ပါတယ်
-
2:21 - 2:24ထူးဆန်းတဲ့မီသိန်းနဲ့အီသိန်းအရည်ကန်တွေနဲ့
အရည်ပင်လယ်တွေပါ -
2:24 - 2:28တိုက်တန်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိပါတယ်
-
2:28 - 2:31သမုဒ္ဓရာကမ္ဘာတွေဟာ နေအဖွဲ့အစည်းရဲ့
-
2:31 - 2:32ဆွဲဆောင်မှုအရှိဆုံးနေရာတွေပါ
-
2:32 - 2:35ကျွန်မတို့က အဲဒီနေရာတွေကို အခုမှ
စ စူးစမ်းလေ့လာခါစပါ -
2:37 - 2:38ဒီယာဉ်ကတော့ "ပုစဉ်းကောင်" ပါ
-
2:39 - 2:42ဂျွန်ဟော့ပ်ကင်းစ်ရဲ့ အသုံးချရူပဗေဒ
ဓာတ်ခွဲခန်းမှာ -
2:42 - 2:45ကျွန်မတို့ဟာ ဒီမစ်ရှင်ကို နာဆာရဲ့
ရှေ့တန်းပရိုဂရမ်တွေအတွက် -
2:46 - 2:50၂၀၂၆ မှာ မြေချပြီး ၂၀၃၄ မှာ
တိုက်တန်ကို ရောက်ဖို့ စီစဉ်ခဲ့ပါတယ် -
2:50 - 2:53ပုစဉ်းကောင်ယာဉ်ဟာ ဆင်းသက်ရဟတ်ယာဉ်ပေါ့
-
2:53 - 2:56အင်္ဂါဂြိုဟ်ဆင်းယာဉ် သို့မဟုတ် ကားတစ်စီး
အရွယ်အစားလောက် ရှိပါတယ် -
2:57 - 3:01မြေဆွဲအားနိမ့်နိမ့်နဲ့ ပေါင်းစပ်ထားတဲ့
တိုက်တန်ရဲ့ သိပ်သည်းတဲ့လေထုက -
3:01 - 3:03သူပျံဖို့ နေရာကောင်းတစ်ခုဖြစ်နေပါတယ်
-
3:03 - 3:05ပုစဉ်းကောင်ယာဉ်ကို အဲလိုပျံနိုင်ဖို့
အသေအချာပုံစံဆွဲခဲ့တာပါ -
3:06 - 3:08အဝေးထိန်းယာဉ်တစ်ခုအနေနဲ့
-
3:08 - 3:13ပုစဉ်းကောင်ဟာ တစ်နေရာကနေ တစ်နေရာကို
ပျံသန်းနိုင်တဲ့ ရွေ့လျားဓာတ်ခွဲခန်းတစ်ခုပါ -
3:13 - 3:15လိုအပ်တဲ့ ကိရိယာတွေ သူနဲ့တစ်ပါတည်း
ယူဆောင်သွားရင်းပေါ့ -
3:16 - 3:20ပုစဉ်းကောင်ဟာတိုက်တန်ဂြိုဟ်ကိုတစ်မူထူးခြား
တဲ့ နည်းလမ်းနဲ့ စူးစမ်းလေ့လာသွားမှာပါ -
3:20 - 3:22ဂြိုဟ်ရဲ့ ရာသီဥတုနဲ့ ပထဝီဝင်အသေးစိတ်ကို
လေ့လာတယ် -
3:22 - 3:24ဂြိုဟ်မျက်နှာပြင်ကနမူနာတွေကိုပါ
-
3:24 - 3:27ဘာတွေနဲ့ ဖွဲ့စည်းထားလဲ
လေ့လာဖို့ ကောက်ယူမှာပါ -
3:27 - 3:31ပြောကြတာကတော့ ပုစဉ်းကောင်ယာဉ်ဟာ
တိုက်တန်ဂြိုလ်ရဲ့ အသေးစိတ်ဖွဲ့စည်းပုံ ၊ -
3:31 - 3:33လေထု၊၎င်းနဲ့ဂြိုဟ်မျက်နှာပြင်ဆက်နွယ်ပုံကို
-
3:33 - 3:36စူးစမ်းလေ့လာဖို့သုံးနှစ်ခန့်ကြာပါမယ်တဲ့
-
3:36 - 3:38ပြီးတော့ ငလျင်တွေ ဖြစ် မဖြစ် လေ့လာမယ်
-
3:38 - 3:41ဒါမှမဟုတ် တိုက်တန်ရဲ့
မျက်နှာပြင်က တိုက်တန်ငလျင်တွေပေါ့ -
3:43 - 3:44ပုစဉ်းကောင်ယာဉ်အဖွဲ့
-
3:44 - 3:47မြောက်အမေရိကနဲ့ကမ္ဘာတစ်လွှားက လူရာနဲ့ချီဟာ
-
3:48 - 3:50ဒီမစ်ရှင် ၊ ယာဉ်ဒီဇိုင်း ၊ ရဟတ်ယာဉ်နဲ့
-
3:50 - 3:54အလိုအလျောက် မောင်းနှင်စနစ် ၊
သူ့ရဲ့ ကိရိယာပစ္စည်းတွေကို -
3:54 - 3:55အဆင်မြှင့်တင်ဖို့အတွက် ကြိုးစားနေတယ်
-
3:55 - 3:59သူတို့အားလုံး တိုက်တန်ရဲ့ မျက်နှာပြင်မှာ
သိပ္ပံနည်းကျ တိုင်းတာဖို့ -
3:59 - 4:01အတူတူအလုပ်လုပ်ရပါလိမ့်မယ်
-
4:01 - 4:04ပုစဉ်းကောင်ယာဉ်က စိတ်ဝင်စားစရာ
သဘာ၀ဓာတ်ခွဲခန်းကို -
4:04 - 4:06စူးစမ်းရာမှာ နောက်ထပ်ခြေလှမ်း
တစ်လှမ်းဖြစ်ပါတယ် -
4:06 - 4:10လှည့်ပတ်ပျံသန်းနေရင်း ဗိုယေဂျာဟာ
ဖြစ်နိုင်ခြေတွေကို သဲလွန်စ ချပေးခဲ့ပါတယ် -
4:10 - 4:12ကက်စီနီနဲ့ ဟွိုင်ဂျန်ဟာ စနေဂြိုဟ်ကို
ဆယ်စုနှစ်ကြာ -
4:12 - 4:15လှည့်ပတ်နေရင်း တိုက်တန်ရဲ့ လေထု
ထဲကို ဆင်းသက်ပြီး -
4:15 - 4:18၎င်းရဲ့ အကြောင်းကို ထပ်မံဖော်ထုတ်ခဲ့ပါတယ်
-
4:19 - 4:24ပုစဉ်းကောင်ယာဉ်ဟာ
၂၀၀၅ ဇန်နဝါရီက ဟွိုင်ဂျင်စုံစမ်းမှုမှာ -
4:24 - 4:26ရိုက်ခဲ့တဲ့ကျွန်မတို့ရဲ့ တစ်ခုတည်း
အနီးကပ်မြင်ကွင်း -
4:26 - 4:30ဓာတ်ပုံအရ "တိုက်တန်"ရဲ့ဒီလိုပတ်ဝန်းကျင်မှာ
နေသွားမှာဖြစ်ပါတယ် -
4:31 - 4:36ဘယ်နည်းနဲ့ပဲ ယှဉ်ယှဉ် " တိုက်တန် "ဟာ
ဒီကမ္ဘာရဲ့ ကမ္ဘာဦးအစပိုင်းနဲ့ အနီးကပ်ဆုံး -
4:36 - 4:39ဆင်တူတဲ့ အရာဖြစ်ပါတယ်
-
4:39 - 4:40ကက်စီနီဟိုင်ဂျင်ရဲ့ တိုင်းတာမှုကနေ
-
4:40 - 4:42ကျွန်မတို့သိထားတဲ့ သက်ရှိအတွက်
မရှိမဖြစ် -
4:42 - 4:44ပါဝင်ပစ္စည်းတွေ"တိုက်တန်"ပေါ်မှာ
-
4:44 - 4:46ရှိခဲ့တယ်လို့ ကျွန်မတို့ သိရပါတယ်
-
4:46 - 4:51ပုစဉ်းကောင်ယာဉ်ဟာ ဒီထူးဆန်းလှတဲ့
ပတ်ဝန်းကျင်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ -
4:51 - 4:53ဖွံဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးမယ်လို့
-
4:53 - 4:57ယူဆရသောဓာတ်ပေါင်းများကို စူးစမ်းရှာဖွေပြီး
-
4:57 - 5:00ကျွန်မတို့ကို တခြားဂြိုဟ်တွေပေါ်မှာ
နေထိုင်နိုင်မလားဆိုတာ ပြောပြပါလိမ့်မယ် -
5:02 - 5:04အဲဒီမှာနေထိုင်လို့ရမရဆိုတာ
စိတ်ဝင်စားစရာ ယူဆချက်ပါ -
5:05 - 5:09ကျွန်မတို့သိတဲ့ ကမ္ဘာပေါ်က ဘဝတွေလိုမျိုး
ရှင်သန်နေထိုင်ဖို့ သင့်လျော်တဲ့ -
5:09 - 5:11ပတ်ဝန်းကျင်တစ်ခု အတွက် ဘာတွေလိုအပ်မလဲ
-
5:11 - 5:16ဒါမှမဟုတ် လုံး၀ကွဲပြားတဲ့ အခြေအနေတွေအောက်
ရှင်သန်လာရမယ့် ထူးထူးဆန်းဆန်းဘဝဖြစ်နေမလား -
5:17 - 5:19တခြားတစ်နေရာရာမှာ အသက်ရှင်သန်ဖို့က
-
5:19 - 5:24သမိုင်းတစ်လျှောက် လူသားရဲ့ စိတ်ကူးနဲ့
စူးစမ်းလေ့လာမှုကို လွှမ်းမိုးခဲ့ပါပြီ -
5:24 - 5:25အကြမ်းဖျင်း နှိုင်းယှဉ်ရရင်
-
5:25 - 5:27နေအဖွဲ့အစည်းအပြင်ပိုင်းကသမုဒ္ဓရာကမ္ဘာတွေဟာ
-
5:27 - 5:30ဒါကြောင့်အရေးပါတဲ့လေ့လာစရာ ဖြစ်လာရတာပါ
-
5:30 - 5:34အဲဒီ "ဘာဖြစ်မလဲ?" ဆိုတဲ့စကားက
လူသားတွေကို စူးစမ်းလေ့လာစေတာပါပဲ -
5:35 - 5:39ကမ္ဘာပေါ်မှာ ဓာတုဗေဒကနေ ဇီဝဗေဒကို ဘယ်လို
အဆင့်မြင့်တက်ခဲ့တယ်ဆိုတာ ကျွန်မမသိသေးပါဘူး -
5:40 - 5:44ဒါပေမဲ့ တိုက်တန် ပေါ်မှာလည်း
အလားတူ ဓာတုဖြစ်စဉ်တွေဖြစ်ခဲ့နိုင်ပါတယ် -
5:44 - 5:47အော်ဂဲနစ်မော်လီကျူးတွေ
ဂြိုဟ်မျက်နှာပြင်ပေါ်က -
5:47 - 5:50ရေနဲ့ ရောသွားဖို့ အခွင့်အရေးရှိခဲ့တဲ့
ဒီနေရာမှာပေါ့ -
5:50 - 5:53ဒီလိုအခြေအနေတွေအောက်မှာ
အော်ဂဲနစ်ပေါင်းစပ်မှု ရှိခဲ့လား။ -
5:53 - 5:55ဒီလိုသာဆို ဘယ်လောက်အထိလဲ။
-
5:55 - 5:58ကျွန်မတို့ အခုထိ မသိရသေးပါဘူး
-
5:59 - 6:03ဒီအခြေခံကျကျ လူသားတွေရဲ့ အားထုတ်မှုဖြစ်တဲ့
ပုစဉ်းကောင်ဆီက ကျွန်မတို့ ရနိုင်မယ့် အရာက -
6:03 - 6:05စိတ်ကျေနပ်မှုပဲ ဖြစ်ပါတယ်
-
6:05 - 6:09ဒါက ကျွန်မတို့ကမ္ဘာပေါ်ကသက်ရှိတွေကိုဖြစ်စေ
ခဲ့သလိုမျိုး သက်ရှိအခြေခံအုတ်မြစ်တွေရဲ့ -
6:09 - 6:13ဓာတုဗေဒအဆင့်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်
-
6:13 - 6:17ကျွန်မတို့ တိုက်တန်ကို ရောက်ရင် ဘာတွေ
ရှာတွေ့မယ်ဆိုတာ သေချာ မသိရသေးပါဘူး -
6:17 - 6:19ဒါပေမဲ့ အဲဒါက သွားဖို့အကြောင်းအရင်းပါပဲ
-
6:20 - 6:22၁၉၉၄ ခုနှစ်မှာ ကားရ် ဆေဂန်က
-
6:22 - 6:25တိုက်တန်ပေါ်မှာလွန်ခဲ့တဲ့
နှစ်သန်းပေါင်းလေးထောင်က -
6:25 - 6:29ကောင်းကင်ဘုံက မိုးရွာသလိုမျိုး
ကျနေတဲ့ မော်လီကျူးတွေ -
6:29 - 6:30ရှိနိုင်သေးတယ်လို့ရေးခဲ့တယ်
-
6:30 - 6:34ရေခဲနေပြီး လုံးဝမပြောင်းလဲဘဲ ကမ္ဘာမြေက
ဓာတုဗေဒပညာရှင်တွေကို စောင့်နေပါတယ် -
6:36 - 6:38ကျွန်မတို့က အဲဒီဓာတုဗေဒပညာရှင်တွေပါပဲ
-
6:38 - 6:41ပုစဉ်းကောင်ဟာ တိုက်တန်နဲ့ နေအဖွဲ့အစည်း
တင်မက သက်ရှိတွေအစပထမအကြောင်း -
6:41 - 6:45ခက်ခဲနက်နဲတဲ့ပုစ္ဆာတွေကို ပိုမိုနားလည်ဖို့
-
6:45 - 6:46ရှာဖွေလေ့လာသွားမှာ ဖြစ်ပါတယ်
-
6:47 - 6:48ကျေးဇူးတင်ပါတယ်
- Title:
- စနေဂြိုဟ်ရဲ့ လက သက်ရှိတွေရဲ့ အစပထမအကြောင်း ဘာတွေပြောပြနိုင်မလဲ
- Speaker:
- Elizabeth "Zip" Turtle
- Description:
-
နာဆာ ပုစဉ်းကောင်ယာဉ် - နေအဖွဲ့အစည်းအတွင်းပိုင်းထဲ ခရီးနှင်ပြီး စေတန်ရဲ့ အကြီးဆုံးလ တိုက်တန်ကို စူးစမ်းလေ့လာဖို့ ၂၀၂၆ ခုနှစ်မှာ လွှတ်တင်သွားမယ့် ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ်ဆင်းသက်နိုင်တဲ့ ဒီဇိုင်းနဲ့ စက်ရုပ်ရဟတ်ယာဉ်ငယ် ။ ကျွန်တော်တို့ ကမ္ဘာအစောပိုင်းနဲ့ ဆင်တူတဲ့ စေတန်ရဲ့ ထူးဆန်းတဲ့ ဒီလကို လေ့လာနေခြင်းက တခြားဂြိုဟ်တွေအပေါ်မှာ ကျွန်တော်တို့ နေနိုင် / မနေနိုင် နဲ့ အဲ့ဒီလရဲ့ မူလအစပိုင်းကို နားလည်လာအောင် ဂြိုဟ်သိပ္ပံပညာရှင် Elizabeth "Zip" Turtle က ရှင်းပြထားပါတယ်
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:06
sann tint approved Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
sann tint accepted Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
sann tint edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
sann tint edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
sann tint edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
sann tint edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life | ||
edited Burmese subtitles for What Saturn's most mysterious moon could teach us about the origins of life |