ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်းကျောင်းနည်း - The Su Mon | TEDxYangon
-
0:09 - 0:15ဒီထဲမှာ စာမေးပွဲဖြေဖူးတဲ့သူရှိရင်
လက်ထောင်ပြပေးလို့ရမလား။ -
0:15 - 0:18အင်း အကုန်လုံး စာမေးပွဲဖြေဖူးတဲ့ပုံပဲနော်။
-
0:18 - 0:20ကျေးဇူးတင်ပါတယ်။
-
0:20 - 0:24ကျွန်မငယ်ငယ်တုန်းက စာမေးပွဲတွေဟာ
အရမ်းကိုအရေးကြီးခဲ့တာ။ -
0:25 - 0:30ကျွန်မ အမေနဲ့အဖေက စာကြည့်ဖို့
ဆိုပြီးတော့ နှိုးစရာကို မလိုဘူး... -
0:30 - 0:33ကျွန်မက သူတို့နှိုးစရာ မလိုပဲ
အစောကြီး ထပြီး စာတွေ ကြည့်တယ်။ -
0:34 - 0:38တစ်ခါတစ်လေ ညအိပ်နေရင်းနဲ့တောင် ယောင်ပြီး
စာတွေထ ဆိုတတ်ပါသေးတယ်.. -
0:39 - 0:45စာမေးပွဲဆိုတဲ့ အသံကြားရင်ကိုပဲ
ရင်တွေခုန် စိတ်လှုပ်ရှားခဲ့တာပေါ့နော်။ -
0:45 - 0:48အခုတောင် အိပ်မက်ထဲ
စာမေးပွဲတွေ ဖြေနေတုန်းပဲ။ -
0:49 - 0:53စာမေးပွဲ ပြီးသွားလို့ စာမေးပွဲခန်းထဲက
ထွက်လာပြီဆိုရင် -
0:53 - 0:56ဆရာမတွေနဲ့ အဖြေတိုက်ကြည့်၊
သူငယ်ချင်းတွေနဲ့ အဖြေတွက်ပြီး၊ -
0:56 - 0:59ဘယ်လောက် အမှတ်ရမလဲဆိုပြီး
စိုးရိမ်ရသေးတယ်။ -
0:59 - 1:02အဲ၊ တစ်ခုခု မှားခဲ့တယ်ဆိုရင်တော့
-
1:02 - 1:06တစ်ရှုံ့ရှုံ့နဲ့ ငိုလို့ကို မပြီးတော့ဘူး။
-
1:06 - 1:10အဲဒီတုန်းက စာမေးပွဲတွေက
ကျွန်မရဲ့ မျှော်လင့်ချက်လေ။ -
1:11 - 1:13ကျွန်မ စာမေးပွဲမှာ ကျွန်မ ပထမရမှ ဖြစ်မယ်။
-
1:14 - 1:18ကျွန်မ စာပေးပွဲမှာ ပထမ
မရဘူးဆိုရင် အဆူခံရမယ်။ -
1:19 - 1:21ပထမရခဲ့ရင်ကော၊
-
1:22 - 1:26အဲဒါဆိုရင် အမှတ်တစ်ရာ
အပြည့်မရလို့ ဆူခံရမှာပေါ့။ -
1:27 - 1:30ပထမလည်းရ၊ အမှတ်တစ်ရာလည်း
ပြည့်တယ်ဆိုရင်တော့ -
1:30 - 1:33အဆူခံရ လွတ်သွားပြီလို့ပြောရမှာပေါ့နော်။
-
1:33 - 1:34ဒါတောင် လူကြီးတွေက
-
1:34 - 1:37အုန်းမှုတ်ခွက်ထဲက
ဖားလေး ဖြစ်နေမယ်တဲ့ -
1:37 - 1:39ကျေနပ်မနေနဲ့လို့ ပြောကြသေးတယ်။
-
1:40 - 1:45ကျွန်မငယ်ငယ်က စာမေးပွဲမှာ
ဘယ်လောက် အမှတ်ရတာထက် -
1:45 - 1:48ကျွန်မလိုချင်ခဲ့တာက
မိဘတွေရဲ့ ချီးကျူးစကားပါ။ -
1:48 - 1:54ဒါပေမဲ့ ကျွန်မက ဘယ်လောက် ကြိုးစားကြိုးစား
မိဘတွေက ကျွန်မကို ချီးကျူးလေ့ မရှိကြဘူး။ -
1:54 - 1:58အဲ့တော့၊ ငယ်ငယ်က ကျွန်မတွေးခဲ့တာက
ကြိုးစားလည်း အပိုပါပဲ။ -
1:59 - 2:02ရမှာလည်း မဟုတ်ဘူး၊ ဘာလို့ကြိုးစားရဦးမှာလဲ။
-
2:03 - 2:07အသက်ကြီးလာလို့ ကိုယ်တိုင်လည်း
မိခင်တစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ -
2:08 - 2:11မိဘတွေရဲ့ စေတနာကို
သဘောပေါက်ပါတယ်။ -
2:11 - 2:15သူတို့က ကျွန်မကို အထင်ကြီးပြီးတော့
ကြိုးစားမှု လျော့သွားမှာ ကြောက်တယ်။ -
2:16 - 2:17ဘဝင်မြင့်သွားမှာ ကြောက်တယ်။
-
2:17 - 2:22ဒါပေမဲ့ ဒါတွေကို ကလေးတစ်ယောက်
အနေနဲ့ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ -
2:22 - 2:24ကျွန်မ သမီးလေး မွေးလာတော့
-
2:24 - 2:28ကျွန်မသမီလေးကို ကျွန်မငယ်ငယ်က ခံစားခဲ့
ရတာမျိုး သူ့ကို မခံစားစေချင်ဘူး။ -
2:28 - 2:32သူ့ကို အကောင်းဆုံး ဘယ်လို
ပြုစုပျိုးထောင်းပေးရမလဲ ဆိုပြီးတော့ -
2:32 - 2:36ကလေး ထိန်းကျောင်းရတာနဲ့ ပတ်သက်ပြီး
ကျွန်မ အများကြီး လေ့လာခဲ့ပါတယ်။ -
2:36 - 2:41ကျွန်မအတွက် ကံကောင်းတာက
နိုင်ငံခြားမှာ နေခွင့်ရတဲ့အတွက်၊ -
2:41 - 2:45ကိုယ့်လေ့လာချင်တာတွေကို
အလွယ်တကူ လေ့လာလို့ ရနိုင်တာပေါ့။ -
2:46 - 2:48အဲဒီမှာ ကျွန်မ ဘာတွေ တွေ့ရသလဲ ဆိုတော့
-
2:49 - 2:52စိတ်ပညာရှင်တွေက ကလေး ထိန်းကျောင်းတာနဲ့
ပတ်သက်ပြီးတော့ -
2:54 - 2:57မိဘနဲ့ သားသမီး ရင်းရင်းနှီးနှီး ရှိတာရယ်၊
-
2:57 - 3:02စည်းကမ်းချက်တင်းကျပ်မှု အနည်းအများ
ပေါ် မူတည်ပြီး parenting styles ဆိုပြီး -
3:02 - 3:04လေးမျိုး ခွဲခြားထားပါတယ်။
-
3:05 - 3:09ပထမ တစ်ခုက Neglectful Parenting ဆိုတာတော့
-
3:09 - 3:13မိဘတွေက ကလေးတွေကို
လုံးဝဂရုမစိုက်တာမျိုးပေါ့။ -
3:14 - 3:17အရမ်းကို စီးပွားရေး အလုပ်ရှုပ်တတ်တဲ့
လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ -
3:18 - 3:23ဒီကလေးတွေက မိဘတွေရဲ့ ချစ်ခင်မှုကို
လုံလုံလောက်လောက် မရတဲ့အတွက် -
3:23 - 3:25သူတို့ဟာ စိတ်ဓာတ်ရေးရာမှာ သိမ်ငယ်ပြီး
-
3:25 - 3:28တခြားဆိုးကျိုး တွေလည်း
အမျိုးမျိုးရှိတယ်လို့ဆိုပါတယ်။ -
3:31 - 3:36Permissive Parenting ဆိုတာကတော့
မိဘက သားသမီးကို အကုန် အလိုလိုက်တာပေါ့။ -
3:36 - 3:40တစ်ဦးတည်းသော သားသမီးမို့လို့၊ မိတဆိုးလေး
ဖတဆိုးလေး အမျိုးမျိုးပေါ့လေ။ -
3:41 - 3:46ဒီကလေးတွေက မိဘတွေက သူတို့ကို အစစ
အရာရာ ဦးစားပေးပြီးတော့ ဆက်ဆံတဲ့အတွက် -
3:46 - 3:49သူတို့ဟာ သူများတွေနဲ့ ပေါင်းတဲ့နေရာမှာ
-
3:50 - 3:51တစ်ကိုယ်ကောင်းဆန်ကြတယ်၊
-
3:51 - 3:54ငါမှငါ ဆိုပြီး အတ္တကြီးတတ်ကြတယ်။
-
3:55 - 4:00Authoritarian Parenting ဆိုတာတော့
ကျွန်မတို့ မြန်မာနိုင်ငံ အပါအဝင် -
4:00 - 4:02အာရှ တော်တော်များများမှာ အသုံးများကြပါတယ်။
-
4:03 - 4:06Tiger parenting လို့လည်း ခေါ်ကြတယ်။
-
4:06 - 4:08ဗမာလို ဘာသာပြန်ရမယ်ဆိုရင်တော့
-
4:08 - 4:13အာဏာရှင်ဆန်ဆန်
ထိန်းချုပ်ခြင်းလို့ ဆိုရမှာပေါ့။ -
4:13 - 4:15ကလေးတွေကို အကြောက်
တရားနဲ့အုပ်ချုပ်တာမျိုးပါ။ -
4:16 - 4:18လူကြီးက ကောင်းစေချင်လို့ ဆုံးမတာ၊
-
4:18 - 4:22အထွန့်မတက်နဲ့၊ ပြန်မပြောနဲ့
ဆိုတာ ကြားဖူး၊တွေ့ဖူးကြမှာပါ။။ -
4:23 - 4:29ဒီကလေးတွေက သူတို့မှာ Low Self Esteem၊
ကိုယ့်ကိုယ်ကို တန်ဖိုး မထားတတ်ကြဘူး။ -
4:29 - 4:33အခြားပညာရေး ပေါင်းသင်း
ဆက်ဆံတဲ့ နေရာတွေမှာလည်း -
4:33 - 4:36အဆင်ပြေသင့်သလောက်
အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။ -
4:37 - 4:42တော်တဲ့လူတွေ ရှိပေမဲ့ သူတို့ဟာ စိတ်ဓာတ်ရေး
အရ ပျော်ရွှင်မှုမှာ အားနည်းကြတယ်။ -
4:43 - 4:47မိဘက ခိုင်းလို့သာ လုပ်ရတာ၊ ကိုယ်က
စိတ်ပါတာ မဟုတ်ဘူးဆိုတာမျိုးပါ။ -
4:47 - 4:52ဒါလေးတွေကို လေ့လာရင်းနဲ့ အင်တာနက်မှာ
ကျွန်မတို့ အာရှမိဘတွေဟာ -
4:53 - 4:58စာမေးပွဲတွေအပေါ် အရမ်းကို ရူးကြတာကို
သရော်ထားတဲ့ ဟာသလေးတွေ ရှိပါတယ်။ -
4:59 - 5:06နောက်ဆုံး Authoritative Parenting ကတော့
အကောင်းဆုံး ထိန်းကျောင်းခြင်းလို့ပြောရမယ်။ -
5:08 - 5:11မိဘနဲ့သားသမီး ရင်ရင်းနှီးနှီး ရှိတယ်၊
-
5:11 - 5:17ပြီးတော့ ကလေးတွေရဲ့ feedback
ကို နားထောင်ပေးတယ်ပေါ့။ -
5:17 - 5:22ဒါဆိုဒါမှ လုပ်ရမယ်၊ one-size-fits-all
မျိုး မဟုတ်ဘူးပေါ့။ -
5:23 - 5:28ဒီမှာတော့ ကလေးတွေက
သူများတွေနဲ့ နှိုင်းယှဉ်လို့ဆိုရင် -
5:28 - 5:32အားလုံး ပိုပြီးတော့ သာပါတယ်လို့ ပြောပါတယ်။
-
5:33 - 5:37ဒီထိန်းကျောင်းခြင်းဟာ အနောက်
နိုင်ငံတွေမှာ ပိုပြီး အသုံးများပါတယ်။ -
5:38 - 5:40နောက်ပိုင်း ကလေးတွေရဲ့ စိတ်ပညာကို
လေ့လာပြီးတော့ -
5:40 - 5:44ပိုပြီးတော့ထင်ရှားလာတဲ့ ထိန်းကျောင်းခြင်း
လို့လည်းပြောလို့ ရနိုင်ပါတယ်။ -
5:46 - 5:52အာရှမိဘတွေဟာ ကလေးတွေကို ချီးကျူးဖို့ထက်
အပြစ်ပြောဖို့ ပိုအားသန်ကြတယ်။ -
5:53 - 5:58သူတို့ရဲ့ အားနည်းချက်တွေကို ဖိပြီးပြော
ပေးရင် ပိုပြီး ကြိုးစားမယ်လို့ ထင်ကြတယ်။ -
5:59 - 6:02Harvard တက္ကသိုလ်က သုသေသန
တစ်ခုမှာ -
6:02 - 6:08အပြစ်တင် စကားတစ်ခုဟာချီးကျူးစကား
ငါးခုထက်ပိုပြီး ထိရောက်တယ်တဲ့။ -
6:09 - 6:14ဒါကဘာကိုပြောတာလဲ ဆိုတော့၊ ကျွန်မတို့
ရှေ့မှာ ချီးကျူးစကား ငါးခုပြောထားပေမဲ့ -
6:15 - 6:19အပြစ်စကား တစ်ခုတည်းကိုပဲ
လူတွေက မှတ်မိနေတာမျိုးပေါ့။ -
6:19 - 6:23ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ လူတွေရဲ့
ပင်ကိုယ်စိတ်ကိုက -
6:23 - 6:26မကောင်းတာကို အာရုံစိုက်တတ်လို့ပါ။
-
6:29 - 6:33ချီးကျူးခံချင်တာ၊ အသိအမှတ်ပြုခံချင်တာဟာ
ကလေးတွေရဲ့ အဓိက လိုအပ်ချက်ပါ။ -
6:33 - 6:38American psychologist တစ်ဦးဖြစ်တဲ့
Abram Harold Maslow က -
6:38 - 6:42လူတွေရဲ့ စိတ်ကျန်းမာ ပျော်ရွှင်မှုကို
သုတေသန ပြုလုပ်ပြီးတော့၊ -
6:42 - 6:46Maslow hierarchy of needs ဆိုပြီး
ပိရမစ် နဲ့ ဖော် ပြခဲ့ပါတယ်။ -
6:47 - 6:52လူတစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်
ဖြစ်တဲ့ စားဝတ်နေရေး၊ လုံခြုံရေး၊ -
6:53 - 6:56နောက် ပေါင်းသင်း ဆက်ဆံမှု၊ ချစ်ခင်မှု
မေတ္တာတရားတွေ ပြီးရင်၊ -
6:56 - 7:01self esteem ဆိုတာ နံပါတ် ၄ နေရာမှာ
ရှိတယ်၊ အရေးအကြီးဆုံးပါတဲ့။ -
7:01 - 7:07self esteem ဟာ ကိုယ့်ကိုကိုယ်
ယုံကြည်မှု confident ရှိတာအပြင် -
7:07 - 7:12လေးစားမှုရှိတာ၊ ကိုယ့်ကိုကိုယ်
ကျေနပ်မှုရှိတာတွေ ပါဝင်ပါတယ်။ -
7:13 - 7:16စိတ်ဓာတ်ပြည့်ဝတယ်လို့ ပြောရမှာပေါ့။
-
7:17 - 7:19ကလေးတွေမှာ self esteem ရဖို့ဟာ
-
7:19 - 7:25မိဘတွေရဲ့ ချီးကျူးစကား၊ အားပေး
စကားတွေဟာ အရမ်းကို အရေးကြီးပါတယ်။ -
7:26 - 7:30မိဘဟာ ကိုယ့်ကို ယုံတယ်၊
ကိုယ့်ကိုဂုဏ်ယူတယ် ဆိုတာဟာ -
7:30 - 7:34ကလေး တစ်ယောက် အနေနဲ့
ရနိုင်တဲ့ အကောင်းဆုံး ဆုတစ်ခုပါပဲ။ -
7:35 - 7:39ကျွန်မတို့ မြန်မာ မိဘတွေဟာ
သားသမီးတွေ အရမ်းချစ်ကြပါတယ်၊ -
7:39 - 7:44ဒါပေမဲ့ ပါးစပ်က ထုပ်ဖော်ပြောဖို့တော့
အရမ်းကို ဝန်လေးကြတယ်။ -
7:45 - 7:47ဟိုအရင်တုန်းက ရှေးလူကြီးတွေဆို
-
7:47 - 7:51ကလေးတွေကိုချစ်လို့ နမ်းမယ်ဆိုရင်တောင်
-
7:51 - 7:53
ညအိပ်ချိန်ကျမှ နမ်း၊ -
7:53 - 7:56သူတို့ကို ချစ်ကြောင်း ရှေ့မှာ မပြောနဲ့
ဆိုပြီးတော့ ဆုံးမကြတယ်။ -
7:56 - 7:58ဒါဟာ တကယ်တော့ မဖြစ်သင့်ပါဘူး။
-
7:58 - 8:02ကလေးတွေကို ချစ်တယ်ဆိုတာကို
အမူအရာအရကော နှုတ်ကပါ -
8:02 - 8:04ထပ်ခါထပ်ခါ ပြောပေးဖို့ လိုပါတယ်။
-
8:04 - 8:11ဒါဟာ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ လုံခြုံရေး
အတွက် အရမ်းကို ထောက်ကူပေးတဲ့အရာမို့လို့ပါ။ -
8:13 - 8:18ကျွန်မတို့ မြန်မာနိုင်ငံမှာ အသင်းစိတ်ဓာတ်၊
Team work က အရမ်းကို အားနည်းပါတယ်။ -
8:19 - 8:22တော်တော်များများ နေရာမှာ
ဆရာကြီးတွေချည်းပဲ။ -
8:25 - 8:29ကိုယ်အောင်မြင့်ဖို့ဟာကိုပဲ ပိုပြီး
အရေးကြီးနေကြတယ်။ -
8:30 - 8:32မနာလိုစိတ်တွေလည်း တအား များကြတယ်။
-
8:35 - 8:40သူများကို တော်တယ်လို့ ချီးကျူးလာရင်၊
ငါညံ့များသွားမလား စိုးရိမ်နေကြတယ်။ -
8:41 - 8:45တကယ်တော့ ကျွန်မတို့ အားလုံးမှာ
ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြတယ်၊ -
8:45 - 8:47သူများနဲ့ ပြိုင်ပြီးတော့
အနိုင်ယူစရာ မလိုပါဘူး။ -
8:47 - 8:51ကိုယ့်အရည်အချင်းကို ကိုယ်ကပဲ ပိုပြီး
ကောင်းအောင် ကြိုးစားသွားရမှာပါ။ -
8:53 - 8:57နောက်၊ ကျွန်မတို့ မိဘ၊ဆရာတွေ
လုပ်တတ်တာ တစ်ခုက- -
8:59 - 9:03ကျွန်မတို့ ပညာရေးကိုပဲ
အဓိကထားပြီး အားပေးကြတယ်။ -
9:03 - 9:08ကျွန်မငယ်ငယ်ကဆို၊ ကျောင်းနဲ့၊
ကျူရှင်နဲ့ ဂိုက်နဲ့ သင်နေရတာဆို -
9:08 - 9:11မနက် ငါး-ခြောက်နာရီလောက်က
စပြီးတော့ စာကြည့်လိုက်ရတာ -
9:11 - 9:13ည ဆယ်နာရီ ဆယ့်တစ်နာရီ အထိပဲ။
-
9:13 - 9:14စာပေးပွဲ ပြီးသွားပြီ ဆိုတော့လည်း
-
9:14 - 9:19နောက်တစ်တန်းအတွက် နွေရာသီကျောင်း
ပိတ်ရက်မှာ ကြိုတင်ပြင်ဆင်ရသေးတယ်။ -
9:21 - 9:23စာမေးပွဲ အမှတ်တွေ ဆိုရင်လည်း
-
9:23 - 9:26ဘာသာစုံကို အမှတ် များစေချင်ကြတာပါ။
-
9:28 - 9:30ကျွန်မတို့ ငယ်ငယ်တုန်းက
-
9:30 - 9:33စာမကြည့်ချင်လို့၊
စာကြည့်လို့ ပြီးသွားပြီဆိုရင်၊ -
9:33 - 9:37ကျွန်မအဖေက ’’ကျောင်းသားဆိုတာ
စာကြည့်လို့ ပြီးတယ် မရှိဘူး၊ -
9:37 - 9:40ထပ်ခါထပ်ခါ ထပ်ကျက်နေရတာပဲ’’လို့
ဆုံးမလေ့ ရှိခဲ့တယ်။ -
9:42 - 9:44စာမေးပွဲဆိုရင်လည်း ဘာသာစုံ
အမှတ်များစေချင်ကြတာပါ။ -
9:44 - 9:48တကယ်တော့ ဘဝတစ်ခုလုံးနဲ့
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် -
9:48 - 9:51စာပေးပွဲဟာ အစိတ်အပိုင်းလေး တစ်ခုပါ။
-
9:51 - 9:56ပညာရေးတင် မကဘဲနဲ့ ကျန်းမာရေး၊
အားကစား၊ ပေါင်းသင်းဆက်ဆံရေး၊ -
9:56 - 10:00နောက် တွေးခေါ်တတ်မှု၊ ဒါတွေဟာလည်း
အားလုံး အရေးကြီးပါတယ်။ -
10:00 - 10:03ဒါပေမဲ့ ကျွန်မတို့ နိုင်ငံမှာတော့
-
10:03 - 10:06စာမေးပွဲ တစ်ခုကိုပဲ သေရေး
ရှင်ရေး ဖြစ်နေကြတယ်။ -
10:06 - 10:09အင်တာနက်မှာ တော်တော်များများလေး ရှယ်ကြတယ်၊
-
10:09 - 10:11ကျွန်မအရမ်းသဘောကျတဲ့
စာလေး အဲဒီမှာ ရှိပါတယ်။ -
10:11 - 10:13ဖတ်ဖူးတဲ့ လူတွေလည်း ရှိကြမှာပါ။
-
10:13 - 10:15အကုန်လုံးကို ဘာသာပြန် မပြတော့ပါဘူး။
-
10:15 - 10:18ကျောင်းအုပ်ဆရာကြီးက စာမေးပွဲ
လာစောင့်ကြတဲ့ ကျောင်းသားတွေကို -
10:18 - 10:20ပေးထားတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးထားတာပါ။
-
10:21 - 10:23ဒီစာမေးပွဲမှာ ဖြေတဲ့ ကျောင်းသားတွေ
ထဲမှာ -
10:24 - 10:27သင်္ချာကို ကျွမ်းကျင်စရာမလိုတဲ့
အနုပညာရှင်တွေ ပါပါတယ်။ -
10:28 - 10:31သမိုင်းတို့၊ အင်္ဂလိပ် စာပေတို့လို
ကျွမ်းကျင်စရာ မလိုတဲ့ -
10:31 - 10:34စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါပါတယ်။
-
10:34 - 10:39Physics ထက် သူတို့ရဲ့ ရုပ်ပိုင်း
ကြံ့ခံဖွံ့ဖြိုးမှုက ပိုအရေးကြီးတဲ့ -
10:39 - 10:41နိုင်ငံ့ဂုဏ်ဆောင် အားကစား
သမားတွေလည်း ပါပါတယ်။ -
10:42 - 10:46စာမေးပွဲ အမှတ်ကလေး တစ်မှတ်၊
စာမေးပွဲလေး တစ်ခုဟာ -
10:46 - 10:50သူတို့ရဲ့ အိပ်မက်တွေ၊ အရည်အချင်းတွေကို
ပျောက်ကွယ်သွားစေမှာ မဟုတ်ပါဘူးတဲ့။ -
10:51 - 10:56နောက်ဆုံး ဘဝမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာ
တွေပဲ ပျော်နေကြတာ မဟုတ်ပါဘူးတဲ့။ -
10:57 - 11:02ဒါဟာ ကျမတို့ ဗမာမိဘတွေကို
စောင်းပြီး ပြောထားတာ ထင်ပါတယ်။ -
11:02 - 11:04ကျွန်မ ခုနက ပြောခဲ့သလိုပဲ
-
11:04 - 11:11မိဘတွေ၊ဆရာတွေဟာ ဆယ်တန်း စာမေးပွဲကို ဘဝကို
ဆုံးဖြတ်ပေးတဲ့စာမေးပွဲလို့ သဘောထားနေကြတာပါ -
11:11 - 11:12ကျွန်မ ဆယ်တန်းတုန်းက
-
11:12 - 11:15အားလုံးက ခြောက်ဘာသာ
ဂုဏ်ထူး မှန်းထားကြပေမဲ့ -
11:15 - 11:17ကျွန်မက သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်တော့
-
11:17 - 11:20ကျွန်မ အမေနဲ့အဖေတို့ဟာ သုံးလေးလလောက်
-
11:20 - 11:23မစားနိုင် မသောက်နိုင် စိတ်ဆင်းရဲခဲ့ကြတယ်။
-
11:24 - 11:25ဒါပေမဲ့ ကျွန်မ ပြန်တွေးကြည့်တော့
-
11:25 - 11:28အရမ်း ကံကောင်းတယ်လို့ ထင်ပါတယ်။
-
11:28 - 11:30ကျွန်မ သွေးမြင်ရင်ကိုပဲ တအား ကြောက်တတ်တယ်၊
-
11:30 - 11:32လူသေ ဆိုရင်တော့ ပြောမနေနဲ့တော့။
-
11:33 - 11:36နောက်၊ ကျွန်မလို ဆေးပညာ ဝါသနာမပါဘဲနဲ့
-
11:36 - 11:39မိဘ တိုက်တွန်းလို့သာ
တက်ရမယ့် လူတစ်ယောက်အစား -
11:40 - 11:44တကယ် ဆေးပညာကို ဝါသနာပါတဲ့
တစ်ယောက် ဝင်ခွင့်ရသွားတာဟာ -
11:44 - 11:46နိုင်ငံ့အတွက်လည်း
အများကြီး အကျိုးရှိပါတယ်။ -
11:47 - 11:49နောက် ခုနက ကျွန်မ ပြောခဲ့သလိုပဲ၊
-
11:49 - 11:52ကျွန်မတို့နိုင်ငံမှာက အသင်းစိတ်ဓာတ်က
အရမ်းအားနည်းပါတယ်။ -
11:52 - 11:54တစ်ယောက်နဲ့တစ်ယောက်
မနာလိုမှုတွေ များနေကြတယ်၊ -
11:54 - 11:57တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတယ်။
-
11:58 - 12:02ဒါဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက
သင်ကြားလာခဲ့တဲ့ စနစ်ကြောင့်လို့ ထင်ပါတယ်။ -
12:03 - 12:05ငယ်ငယ်ကတည်းက မိဘ၊
ဆရာတွေက ကျွန်မတို့ကို -
12:05 - 12:08သူများတွေနဲ့ ယှဉ်ပြီးတော့
ဆုံးမလေ့ ရှိကြတယ်။ -
12:08 - 12:11သူငယ်ချင်း အချင်းချင်း၊
အတန်းဖေါ် အချင်းချင်း၊ -
12:11 - 12:15နောက်ဆုံး မောင်နှမ အချင်းချင်းတောင်
ယှဉ်ပြီးတော့ ဆုံးမလေ့ ရှိကြတယ်။ -
12:15 - 12:18ဒါဟာ ရန်တိုက်ပေးတာပဲလို့ ကျွန်မက ထင်ပါတယ်။
-
12:18 - 12:20ကလေးမှာလည်း ပေါင်းသင်းရေး
စိတ်ဓာတ် မရှိတော့ဘူး၊ -
12:20 - 12:23နောက်၊ စိတ်ဓာတ်အားလည်း သိမ်ငယ်စေတယ်။
-
12:27 - 12:30ကျွန်မ ခုနက ပြောခဲ့သလိုပဲ ကျမတို့မှာ
ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြပါတယ်၊ -
12:30 - 12:33သများတွေနဲ့ ပြိုင်ပြီးတော့
အနိုင်ယူစရာ မလိုပါဘူး။ -
12:33 - 12:36ကိုယ့် အရည်အချင်းကိုပဲ ပိုကောင်းအောင်
ကိုယ်က ကြိုးစားသွားရမှာပါ။ -
12:37 - 12:40အခုခေတ် ကလေးတွေဟာ
အရမ်းကို ဉာဏ်ကောင်းကြပြီးတော့ -
12:40 - 12:41Creative ဖြစ်ကြပါတယ်။
-
12:41 - 12:45သူတို့ရဲ့ စွမ်းဆောင်နိုင်မှု
စွမ်းအားတွေကို -
12:46 - 12:50ကျွန်မတို့ရဲ့ အာဏာရှင်ဆန်တဲ့ ထိန်း
ကျောင်းရေး စနစ်ဖြင့် မဖျက်ဆီးပစ်ကြပါနဲ့။ -
12:51 - 12:55ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ
ပြောင်းလဲ တိုးတက်လာပါပြီ။ -
12:55 - 13:00ဟိုအရင်တုန်းကလို ဆရာဝန်တွေ၊ အင်ဂျင်နီယာ
တွေပဲ ပညာတတ်တွေပဲ -
13:00 - 13:03တိုးတက် အောင်မြင်နေကြတယ် ဆိုတာ
ကုန်သွားပါပြီ။ -
13:04 - 13:07မိသားစုပဲ ဖြစ်ဖြစ်၊
ပတ်ဝန်းကျင် အနေနဲ့ပဲ ဖြစ်ဖြစ် -
13:07 - 13:11တိုးတက်ဖို့ အတွက် ကျွန်မတို့ ကလေးတွေဟာ
သူများတွေနဲ့ ပူးပေါင်းဆောက်ရွက်ကြရမှာပါ။ -
13:11 - 13:15ဒီလို ပူးပေါင်းဆောက်ရွက်နိုင်ဖို့
သူတို့ဟာ ကိုယ့်ကိုယ်ကို confident ရှိပြီး -
13:15 - 13:18သူများကိုလည်း စာနာ နားလည်ကြရမှာပါ။
-
13:20 - 13:22နောက် ကျွန်မ ဒီနေ့ ဒီမှာ ပြောဖို့ရော
-
13:24 - 13:28ခုအချိန်အထိ ကျွန်မကို မြေတောင် မြှောက်
ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ -
13:28 - 13:32ကျွန်မ ဒီနေ့ပြောတဲ့ အရာတွေဟာ သူတို့ကို
ပြစ်တင်လျက် ပြောနေတာ မဟုတ်ပါဘူး။ -
13:34 - 13:38သူတို့ ပတ်ဝန်းကျင် အခြေအနေ၊
အသိပညာတွေနဲ့ ကျွန်မတို့အတွက် -
13:38 - 13:40အကောင်းဆုံး ဖြစ်မယ်
ထင်တာကို ဆုံးမခဲ့ကြတာပါ။ -
13:42 - 13:45ကလေးတွေကလည်း မွေးလာကတည်းက
သူတို့ကို ဘယ်လို ထိန်းကျောင်းပါဆိုပြီး -
13:45 - 13:48Manual ပိုက်ပြီး မွေးမလာဘူးကိုး။
-
13:48 - 13:50နောက်၊ ကျွန်မတို့လို အင်တာနက်
ဆိုတာ မပေါ်သေးတော့၊ -
13:50 - 13:52Reference လုပ်စရာလည်း မရှိခဲ့ဘူးပေါ့။
-
13:54 - 13:56ကျွန်မ နောက်ဆုံး ပြောချင်တာက-
-
13:56 - 14:00ကျွန်မတို့ဟာ ကလေးတွေကို ဘယ်လို ပုံစံမျိုး
တွေနဲ့ မွေးထုတ်ပေးချင်တာလဲ။ -
14:01 - 14:05စက်ရုံ တစ်ခုက ထုတ်ပေးလိုက်တဲ့
ပုံစံတူ ရိုဘော့တွေ အနေနဲ့လား။ -
14:05 - 14:10ဒါမှမဟုတ်ရင် သူတို့ရဲ့ ပင်ကိုယ်
စွမ်းဆောင်နိုင်မှု စွမ်းအားတွေနဲ့ -
14:10 - 14:14တိုးတက် အောင်မြင်နေတဲ့ အနာဂတ်ရဲ့
ခေါင်းဆောင်တွေ အနေနဲ့လား။ -
14:15 - 14:18ဒီနေ့ ကျွန်မတို့ရဲ့ ပြောင်းလဲလာ
ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ -
14:19 - 14:23ဟိုရှေးတုန်းက ထိန်းကျောင်း
နည်းတွေ မှန်သေးလား။ -
14:23 - 14:26ဆက်လက် လုပ်ဖို့ သင့်သေးရဲ့လား ဆိုတာကို
-
14:26 - 14:30ပြန်ပြီးတော့ စဉ်းစားကြပါလို့
ကျွန်မက တိုက်တွန်းလိုက်ပါတယ်။ -
14:30 - 14:32အားလုံးကို ကျေးဇူးတင်ပါတယ်။
-
14:32 - 14:33(လက်ခုပ်သံများ)
- Title:
- ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်းကျောင်းနည်း - The Su Mon | TEDxYangon
- Description:
-
ဒီအရိုးခံ အူလှိုက်သည်းလှိုက်ဖြစ်ရတဲ့ ဟောပြောချက်ထဲမှာ သဲစုမွန်ကနေပြီးတော့ သူကိုယ်တိုင်ရဲ့ မိဘအဖြစ် သွန်သင်အုပ်ထိန်းမှုပုံစံထဲတွင် ဖြစ်တောင့်ဖြစ်ခဲတဲ့ သူ့ရဲ့မိဘတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ချီးမွမ်းမှုအတွက် အသည်းအသန် ကြီးပြင်းလာရပုံကို သတိတရရှိပြီး "သင့်ကလေးတွေကို ဘယ်ပုံစံနဲ့ ပြုစုထိန်းကျောင်းချင်ပါသလဲ"ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းကို မေးမြန်းထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။
- Video Language:
- Burmese
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 14:45