Return to Video

ဘာကြောင့် COVID-19 က ကျွန်ုပ်တို့ကို အခု တိုက်ခိုက်နေတာလဲနှင့် နောင်လာမယ့် ရောဂါဖြစ်ပွားမှုအတွက် ဘယ်လို ပြင်ဆင်သင့်ပုံ။

  • 0:01 - 0:05
    သင်တို့ဆီ တင်ပြချင်တာကို
    ကျွန်မရဲ့ အထောက်အထားတွေအကြောင်း
  • 0:05 - 0:06
    အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။
  • 0:06 - 0:08
    အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင်
  • 0:08 - 0:13
    COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့
    ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ
  • 0:13 - 0:15
    သင်တို့ နားမထောင်သင့်တာကြောင့်ပါ။
  • 0:15 - 0:16
    (ရယ်သံများ)
  • 0:16 - 0:20
    ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ
    အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။
  • 0:20 - 0:25
    ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့
    ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။
  • 0:25 - 0:29
    ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့
    ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။
  • 0:29 - 0:31
    ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း
    လုပ်ခဲ့သေးတယ်။
  • 0:31 - 0:35
    ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး
    အကြောင်းသတင်းစာတွေနဲ့
  • 0:35 - 0:38
    ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး
  • 0:38 - 0:40
    ဂြိုဟ်တစ်ခုလုံးအနေနဲ့
    ကျွန်မတို့ရင်ဆိုင်နေရတဲ့
  • 0:40 - 0:44
    ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ
    အကြောင်းစာအုပ် နှစ်အနည်းငယ်ကထုတ်တယ်။
  • 0:44 - 0:48
    အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ်
    တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့
  • 0:48 - 0:52
    အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့
    ကြက်ငှက်တုပ်ကွေးရောဂါ
  • 0:52 - 0:56
    အရံသင့်ရှိအောင် လုပ်တာအထိအထိ
  • 0:56 - 0:59
    ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။
  • 0:59 - 1:02
    ကျွန်မက နိုင်ငံတကာ ကျန်းမာရေး
    မဟာဘွဲ့တစ်ခု ရထားတယ်။
  • 1:03 - 1:05
    ကျွန်မဟာ သမားတော်မဟုတ်ဘူး၊
    သူနာပြုမဟုတ်ဘူး။
  • 1:05 - 1:09
    ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု
    (သို့) တစ်ဦးချင်းစောင့်ရှောက်တာမဟုတ်ဘူး။
  • 1:09 - 1:13
    ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး
    စနစ်တွေကို ကြည့်ရှုတာပါ။
  • 1:13 - 1:16
    ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ
    ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။
  • 1:17 - 1:21
    ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့
    ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ
  • 1:21 - 1:24
    အမှတ်ပေးကြမယ်ဆိုရင်
  • 1:24 - 1:27
    ၁ က ကျပန်းလူတစ်ယောက် Facebook မှာ
    အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး
  • 1:27 - 1:31
    ၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။
  • 1:31 - 1:35
    ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့
    ထားနိုင်လာက်တယ်လို့ ပြောပါရစေ။
  • 1:35 - 1:37
    ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို
    စိတ်မှာစွဲထားပါ။
  • 1:39 - 1:42
    ဒီမှာတော့ အခြေခံနဲ့ စပါမယ်။
    အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က
  • 1:42 - 1:46
    မီဒီယာ ဆူညံမှုထဲမှာ
    ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။
  • 1:46 - 1:50
    ဒါကြောင့် COVID-19 ဟာ
    ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး
  • 1:50 - 1:54
    ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့
    သီးခြား အပိုင်းခွဲတစ်ခုပါ။
  • 1:54 - 1:58
    ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့
    စရိုက်လက္ခဏာ တချို့ရှိပါတယ်။
  • 1:58 - 2:01
    သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့
    DNA အစား RNA ကို သုံးပြီး
  • 2:01 - 2:05
    ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ
    ဆူးချွန်တွေနဲ့ ဖုံးလွှမ်းနေတယ်။
  • 2:05 - 2:07
    ဒီဆူးချွန်တွေ ဆဲလ်တွေကို
    ထိုးဖောက်ဖို့ အသုံးပ​ြုကြတယ်။
  • 2:08 - 2:11
    ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက
    ကိုရိုနာပါ။
  • 2:12 - 2:16
    COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ
    ဗိုင်းရပ်အဖြစ် လူသိများတာက
  • 2:16 - 2:20
    ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ်
    ခြောက်ခုသာ ကြားခဲ့ရလိုပါ။
  • 2:20 - 2:22
    COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။
  • 2:22 - 2:23
    ကျွန်မတို့အတွက် အသစ်ပါ၊
  • 2:23 - 2:25
    ၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊
  • 2:25 - 2:26
    ၎င်းရဲ့ အမည်ရလာစပါ။
  • 2:26 - 2:27
    ဒါကြောင့် ဆန်းသစ်တာပါ။
  • 2:28 - 2:32
    ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း
    ရောလက္ခဏာစု SARS ကို မှတ်မိရင်
  • 2:32 - 2:34
    (သို့) MERS
  • 2:34 - 2:36
    အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း
    ရောဂါ
  • 2:36 - 2:38
    ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။
  • 2:38 - 2:41
    နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း
    ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက
  • 2:41 - 2:44
    ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။
  • 2:44 - 2:46
    ၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။
  • 2:46 - 2:49
    အန်မထုတ်စေဘူး၊
    မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။
  • 2:49 - 2:50
    သင့်ကို သွေးမလွန်စေဘူး။
  • 2:50 - 2:52
    သင့်အဆုတ်တွေဆီ သွားတယ်။
  • 2:53 - 2:55
    COVID-19 က ကွာခြားမှုမရှိပါ။
  • 2:55 - 2:59
    ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ
  • 2:59 - 3:02
    သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ
    အထိ တောက်လျှောက်သွားတဲ့
  • 3:02 - 3:05
    အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ
    အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။
  • 3:05 - 3:09
    လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို
    ခြေရာခံဖို့
  • 3:09 - 3:12
    ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက
    တစ်ခုပါ။
  • 3:12 - 3:17
    COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့
    သိပ် ညင်သာပါတယ်၊
  • 3:17 - 3:21
    ရောဂါလက္ခဏာတွေက ကျန်းမာရေး စောင့်ရှောက်မှု
    ပေးသူဆီသွားဖို့လောက် မပြင်းဘူး။
  • 3:21 - 3:23
    ဒီစနစ်ထဲမှာ စာရင်းမပြဘူး။
  • 3:23 - 3:27
    အထူးသဖြင့် ကလေးတွေမှာ COVID-19
    နဲ့ပတ်သက်ပြီး သိရှိဖို့က အလွန်လွယ်ကူပါတယ်။
  • 3:27 - 3:29
    ဒါက ကျွန်မတို့အားလုံး
    ကျေးဇူးတင်သင့်တဲ့ အရာပါ။
  • 3:32 - 3:34
    ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ
    ကူးတဲ့ရောဂါပါ။
  • 3:34 - 3:37
    ဆိုလိုတာက တိရစ္ဆာန်တွေကနေ
    လူတွေကို ကူးစက်တာပါ။
  • 3:37 - 3:42
    တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19
    လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။
  • 3:43 - 3:46
    လူအချင်းချင်း ကူးစက်တာတွေက
    ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊
  • 3:46 - 3:48
    COVID-19 လိုပါပဲ။
  • 3:48 - 3:51
    တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို
    ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက
  • 3:51 - 3:54
    ၎င်းတို့မှာ တိရစ္ဆာန်
    သိုမှီးရာတစ်ခုရှိလို့ပါ။
  • 3:54 - 3:57
    ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။
  • 3:57 - 4:02
    ကြက်ဆင်တွေ၊ ဘဲတွေ မွေမြူရေးတိရစ္ဆာန်တွေ
    မှာရှိတဲ့ ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့
  • 4:02 - 4:07
    နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို
    ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။
  • 4:07 - 4:08
    ဒီအကြောင်း သိပ်မကြားဖူးကြတာက
  • 4:08 - 4:11
    ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း
    မကူးစက်ပေမဲ့
  • 4:11 - 4:15
    ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ
    နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိလို့ပါ။
  • 4:17 - 4:21
    COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊
    ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက
  • 4:21 - 4:23
    လူတွေဆီကို ခုန်ကူးသွားတာက
    ဖြစ်နိုင်ခြေအရှိဆုံးပါ။
  • 4:25 - 4:27
    အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။
  • 4:28 - 4:32
    ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး
    ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။
  • 4:32 - 4:36
    ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး
    ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။
  • 4:36 - 4:39
    ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊
    ပြဌာန်းချက်တစ်ခုပါ။
  • 4:40 - 4:43
    ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့
    တုံပြန်ဆက်သွယ်ပုံရဲ့
  • 4:43 - 4:45
    အကျိုးဆက်တစ်ခုပါ။
  • 4:45 - 4:48
    လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့
    ရောဂါဖြစ်ပွားမှုတွေကို
  • 4:48 - 4:51
    မြင်တွေ့ရတော့မယ့်
    နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။
  • 4:52 - 4:53
    တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့
  • 4:53 - 4:56
    ကမ္ဘာကို ဗိုင်းရပ်၊ ဘက်တီးရီးယားတွေ
    ပိုနေပျော်စေတဲ့ နွေးလာတဲ့
  • 4:56 - 4:58
    ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ဆိုင်တယ်။
  • 4:58 - 5:04
    ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ်
    ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။
  • 5:05 - 5:08
    မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့
    မြေကွက်ရနိုင်ဖို့
  • 5:08 - 5:10
    အမေဇုံ မိုးသစ်တောကို မီးရှို့၊
    ထွန်ယက်တဲ့အခါ၊
  • 5:10 - 5:14
    နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို
    လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ
  • 5:14 - 5:19
    တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ
    မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ
  • 5:19 - 5:22
    လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု
    မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့
  • 5:22 - 5:25
    ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ
  • 5:25 - 5:28
    ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။
  • 5:28 - 5:32
    ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊
    ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။
  • 5:33 - 5:34
    အထူးသဖြင့် လင်းနို့တွေမှာ
  • 5:34 - 5:37
    လူသားတွေကို ကူးစက်နိုင်တဲ့
    ရောဂါတွေကို လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။
  • 5:37 - 5:40
    ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက
    သူတိုပဲမဟုတ်ပါ။
  • 5:41 - 5:45
    ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို
    ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့
  • 5:45 - 5:47
    ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။
  • 5:49 - 5:54
    စောင့်ကြည့်စစ်ဆေးတာ၊ ခရီးသွားကန့်သတ်တာ
    တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။
  • 5:54 - 5:56
    ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။
  • 5:56 - 6:00
    လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။
    ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။
  • 6:00 - 6:05
    ဒါပေမဲ့ ကောင်းမွန်တဲ့ စောင့်ကြည့်စစ်ဆေးမှု
    နေရာကျဖို့က တကယ် ခက်တဲ့အချက်ပါ။
  • 6:05 - 6:08
    ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က
    တကယ်ခက်ခဲပါတယ်။
  • 6:08 - 6:12
    အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့
    ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ
  • 6:12 - 6:14
    လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင်
  • 6:14 - 6:16
    ရောဂါဖြစ်မှု အမှန်တကယ် တားဆီးဖို့
    ဒီကန့်သတ်ချက်မျိုးကို
  • 6:16 - 6:19
    အတန်အသင့် မြန်မြန်
    နေရာကျအောင် မလုပ်နိုင်ဘူး။
  • 6:19 - 6:23
    ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့
    ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ်။
  • 6:23 - 6:26
    COVID-19 ကို ကြည့်မယ်ဆိုရင်
  • 6:26 - 6:30
    လောလောဆယ် ရောဂါစွဲကပ်ပြီး လက္ခဏာတွေ
    မပြတဲ့ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။
  • 6:30 - 6:32
    ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။
  • 6:32 - 6:36
    ဒီတော့ လက္ခဏာတွေ မပြတဲ့ လူတွေဟာ
    ဒီဗိုင်းရပ်စ်နဲ့ လှည့်လည်သွားနေတယ်၊
  • 6:36 - 6:40
    သူတို့ဟာ စောင့်ကြည့် မခံရတော့ဘူး။
    စောင့်ကြည့်ဖို့လိုတာ ဘယ်သူမှ မသိဘူး။
  • 6:43 - 6:47
    စောင့်ကြည့်စစ်ဆေးဖို့နဲ့ ခရီး ကန့်သတ်ချက်
    တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။
  • 6:48 - 6:50
    လူသားတွေဟာ လူမှုရေးသတ္တဝါတွေဖြစ်ပြီး
  • 6:50 - 6:53
    နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့
    အခါနဲ့ သူတို့ကို
  • 6:53 - 6:54
    ခွဲဖို့ ကြိုးစားရင် ဆန့်ကျင်ကြတယ်။
  • 6:55 - 7:01
    အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက နေရာမှာ
    စောင့်ကြည့်၊စစ်ဆေးဖို့ လုပ်ပ်တာနဲ့ လူတွေဟာ
  • 7:01 - 7:03
    ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။
  • 7:03 - 7:07
    တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့ စောင့်
    ကြည့်၊ စစ်ဆေးတဲ့ ကျင့်ဝတ်ရှိတာ သိတဲ့အခ​ါ
  • 7:07 - 7:09
    ကျန်းမားရေး စောင့်ရှောက်မှုဆီ
    မသွားလောက်ဘူး။
  • 7:09 - 7:13
    အကြောင်းက ဒီဆေးဘက်ဆိုင်ရာစနစ်ကို
    ကြောက်လို့ (သို့) စရိတ် မတတ်နိုင်လို့၊
  • 7:13 - 7:16
    ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့
    အခွဲမခံချင်လို့ပါ။
  • 7:16 - 7:18
    နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့
  • 7:18 - 7:21
    စောင့်ကြည့်ခံရတော့မယ်လို့
    သိတဲ့အခါ ဖြစ်ပွားမှုတွေ၊
  • 7:21 - 7:22
    ရောဂါတွေအကြောင်း
    ပြောတယ်ဆိုရင်
  • 7:22 - 7:27
    စောင့်ကြည့်ခံမှု ကျင့်ဝတ်ကို အစပျိုးမှာ
    ကြောက်လို့ သတင်းမှန်ကို ဖုံးနိုင်တယ်။
  • 7:28 - 7:31
    တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့
    မရိုသားမှုမျိုးတွေဟာ
  • 7:31 - 7:35
    ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို
    ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။
  • 7:37 - 7:41
    စောင့်ကြည့်မှုနဲ့ ခရီး ကန့်သတ်ချက်တွေမှာ
    ပိုတော်နိုင်ပြီးကျွန်မတို့ ပိုတော်သင့်တယ်။
  • 7:41 - 7:44
    ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ပါ
    ဒါတွေက အခြေအနေတွေကိုကိုင်တွယ်ရာမှာ
  • 7:44 - 7:46
    အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။
  • 7:47 - 7:52
    ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ်
    ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က
  • 7:52 - 7:55
    နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင်
  • 7:55 - 8:00
    ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့
    အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင်
  • 8:00 - 8:02
    ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး
  • 8:02 - 8:07
    စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့
    ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။
  • 8:08 - 8:13
    COVID-19 ကို တုံပြန်တာအတွက်
    တရုတ်ပြည်ဟာ များစွာ ဝေဖန်ခံခဲ့ရတယ်။
  • 8:13 - 8:17
    ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ
    Chad မှာ ပေါ်ခဲ့ရင်ရော။
  • 8:18 - 8:21
    အဲဒီမှာက လူ ၁၀၀၀၀၀ အတွက်
    ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။
  • 8:22 - 8:25
    ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ
    ပေါ်ခဲ့တယ်ဆိုရင်ရော။
  • 8:25 - 8:29
    ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက
    ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။
  • 8:29 - 8:32
    အမှန်က ဒီလိုနိုင်ငံတွေမှာ
    ကူးစက်ရောဂါ တစ်ခုကို တုံ့ပြန်ဖို့၊
  • 8:32 - 8:34
    လူတွေကို ကုသဖို့၊
    ကျန်တဲ့ ကမ္ဘာကို ကူညီဖို့
  • 8:34 - 8:37
    ဒီအကြောင်းကိုအတော်အသင့် မြန်မြန်
    သတင်းပို့ဖို့
  • 8:37 - 8:39
    ရင်းမြစ်တွေ မရှိဘူး။
  • 8:41 - 8:46
    ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး
    ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။
  • 8:46 - 8:49
    တကယ့်အချက်က Sierra Leone က
    ဒေသတွင်း ဆရာဝန်တွေဟာ
  • 8:49 - 8:52
    အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။
  • 8:52 - 8:55
    ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊
    သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်၊
  • 8:55 - 8:57
    နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။
  • 8:57 - 9:02
    ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ
    တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။
  • 9:02 - 9:05
    ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ
    အလုံအလောက် မရှိခဲ့ဘူး။
  • 9:05 - 9:08
    အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု
    ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့
  • 9:08 - 9:10
    လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။
  • 9:11 - 9:16
    Sierra Leone မှာ အီဘိုလာနဲ့
    ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။
  • 9:16 - 9:19
    ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ
    အယောက် ၁၂၀ ပဲရှိတာပါ။
  • 9:20 - 9:21
    ဆန့်ကျင်ဘက်အနေနဲ့
  • 9:21 - 9:25
    Dallas Baylor Medical Center မှာ
    သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။
  • 9:27 - 9:29
    ဒါတွေက လူတွေကို သေစေတဲ့
    မညီမျှမှုမျိုးတွေပါ။
  • 9:29 - 9:32
    ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ
    ဆင်းရဲသားတွေကို သေစေပြီး
  • 9:32 - 9:35
    နောက်တော့ ရောဂါပျံ့သွားတဲ့အခါ
  • 9:35 - 9:36
    ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။
  • 9:37 - 9:39
    ဖြစ်ပွားမှုတွေ နှေးစေပြီး
    ဒါတွေရဲ့သက်ရောက်မှုကို
  • 9:39 - 9:41
    အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင်
  • 9:41 - 9:44
    ကမ္ဘာ့နိုင်ငံတိုင်းမှာ
    ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး
  • 9:44 - 9:47
    သတင်းအချက်အလက် မျှဝေနိုင်အောင်
  • 9:47 - 9:48
    ဒါတွေအကြောင်း
  • 9:48 - 9:51
    သတင်းပို့ နိုင်စွမ်းရှိတာ
    သေချာစေဖို့လိုတယ်။
  • 9:52 - 9:56
    COVID-19 ဟာ ကျန်မာရေး စနစ်မှာ
    ဧရာမ ဝန်ထုပ်တစ်ခု ဖြစ်တော့မှာပါ။
  • 9:57 - 10:00
    COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး
    ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့
  • 10:00 - 10:02
    တကယ့် အားနည်းချက်ကိုပါ
    ထုတ်ဖော်ပြတယ်။
  • 10:02 - 10:07
    အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN
    စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့
  • 10:07 - 10:11
    အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက
    ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။
  • 10:11 - 10:14
    ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ
  • 10:14 - 10:17
    နှာခေါင်းစည်းတွေ၊ (သို့) တစ်ကိုယ်ရေသုံး
    ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင်
  • 10:18 - 10:21
    ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့
    ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။
  • 10:21 - 10:23
    ပေးသွင်းသူဆီကနေ ထပ်မှာ၊
    ထုတ်ဖို့ စောင့်။
  • 10:23 - 10:27
    ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။
    ယေဘုယျကတော့
  • 10:27 - 10:28
    တရုတ်ပြည်ကပါ။
  • 10:28 - 10:33
    အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ်
    တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။
  • 10:33 - 10:37
    COVID-19 အတွက် ပြည့်ပြည်စုံစုံ
    ပြင်ဆင်ထားခဲ့တယ်ဆိုရင်
  • 10:37 - 10:41
    တရုတ်ဟာ ဖြစ်ပွားမှုကို
    ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။
  • 10:41 - 10:45
    အဆောက်အအုံသစ်တွ တည်ဆောက်စရာ
    မလိုဘဲ ကူးစက်ခံရသူတွေအတွက်
  • 10:45 - 10:47
    စောင့်ရှောက်မှု
    ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။
  • 10:47 - 10:50
    တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ
    ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို
  • 10:50 - 10:53
    ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့
  • 10:53 - 10:55

    ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။
  • 10:55 - 10:58
    အမျိုးသား ကျန်းမာရေး စနစ်တွေဆီ
    စတင် သတင်းပို့ပြီး
  • 10:58 - 11:01
    ဗိုင်းရပ်စ် ပျံ့တဲ့အခါ အသင့်
    ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး
  • 11:01 - 11:03
    အာဏာပိုင်တွေနဲ့
    သတင်းအချက်အလက် မျှဝေခဲ့မယ်။
  • 11:04 - 11:07
    အမျိုးသား ကျန်းမာရေး စနစ်တွေဟာ
    လိုအပ်တဲ့ ကာကွယ်ရေး
  • 11:07 - 11:09
    ပစ္စည်းတွေ သိုမှီး၊ ကုသမှု၊ ကူးစက်မှု
  • 11:09 - 11:13
    ထိန်းချုပ်ရာမှာကျန်းမာရေး စောင့်ရှာက်မှု
    ပေးသူတွေကိုလေ့ကျင့်ပေးခဲ့ကြမှာပေါ့။
  • 11:13 - 11:17
    ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ
    တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။
  • 11:17 - 11:19
    ဥပမာ ကူးစက်လူနာပါတဲ့
    အပျော်စီးသင်္ဘောတွေ
  • 11:20 - 11:24
    နေရာတိုင်းက လူတွေဆီရောက်တဲ့
    သတင်းအချက်အလက်မှန်ရှိမှာဆိုတော့
  • 11:24 - 11:28
    သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊
    အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။
  • 11:28 - 11:33
    ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia
    က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။
  • 11:33 - 11:35
    ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင်
  • 11:35 - 11:38
    ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။
  • 11:39 - 11:42
    ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့
    လုပ်နေတဲ့ရွေးချယ်မှုတွေက
  • 11:42 - 11:43
    မရှောင်နိုင်အောင် ဖြစ်စေတာ။
  • 11:44 - 11:48
    COVID-19 မှာ ကျွမ်းကျင်တဲ့
    အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။
  • 11:49 - 11:51
    ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊
  • 11:51 - 11:54
    ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။
  • 11:54 - 11:59
    ခရီးကနေ ပြန်လာတာမဟုတ်တဲ့
    လူလူချင်းကူးစက်မှုရဲ့ ရောဂါတွေ တွေ့နေတယ်။
  • 11:59 - 12:01
    ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။
  • 12:01 - 12:03
    ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင်
  • 12:03 - 12:07
    COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။
  • 12:07 - 12:09
    ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့
    လက္ခဏာတွေ ရှိတယ်။
  • 12:09 - 12:12
    ထိန်းချုပ်မှုအောက်မှရှိတဲ့
    ဖြစ်ပွားမှုမဟုတ်ဘူး။
  • 12:14 - 12:17
    ဒါက စိတ်ပျက်စရာဆိုပေမဲ့
    အံ့ဩစရာတော့ မဟုတ်ဘူး။
  • 12:18 - 12:19
    ကမ္ဘာ့ ကျန်မာရေးပါဂူတွေ
  • 12:19 - 12:22
    ေဗိုင်းရပ်သစ်ရဲ့
    စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ
  • 12:22 - 12:25
    ဒါက ကျွန်မတို့ ကြည့်တဲ့
    စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။
  • 12:25 - 12:28
    ကျွန်မတို့ အလွယ် လွတ်သွားဖို့
    အားလုံး မျှော်လင့်တယ်။
  • 12:28 - 12:31
    ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း
    အစီအစဉ်ကို ပြောကြတဲ့အခါ
  • 12:31 - 12:35
    ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်
    ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။
  • 12:37 - 12:40
    ကိုယ်ပိုင် အကြံပေးချက်နဲ့
    ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။
  • 12:41 - 12:42
    သင့်လက်တွေကို ဆေးပါ။
  • 12:42 - 12:45
    လက်တွေ များများဆေးပါ။
  • 12:45 - 12:48
    သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့်
    လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။
  • 12:48 - 12:50
    ဒါပေမဲ့ လက်တွေကို ပိုပြီးတောင်
    ဆေးလိုက်ပါဦး။
  • 12:50 - 12:54
    လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ
    အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။
  • 12:54 - 12:57
    အဆောက်အဦတစ်ခုကို ဝင်တိုင်း၊
    ထွက်တိုင်း လက်တွေကို ဆေးပါ။
  • 12:57 - 13:01
    အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ
    လက်တွေကို ဆေးပါ။
  • 13:01 - 13:03
    လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့
    အကျင့်ဖြစ်ပါစေ။
  • 13:04 - 13:06
    သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။
  • 13:06 - 13:10
    သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့
    လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။
  • 13:10 - 13:12
    ဒါကို သန့်စင်ခန်းထဲကို
    ယူသွားတာ သိတယ်နော်။
  • 13:12 - 13:14
    (ရယ်သံများ)
  • 13:15 - 13:20
    ဒီတော့ ဖုန်း သန့်ရှင်းရေးလုပ်ပါ။လူကြားမှာ
    မကြာခဏ မသုံးမိဖို့ ထည့်သွင်းစဉ်းစားပါ။
  • 13:20 - 13:23
    TikTok နဲ့ Instagram က အိမ်မှာပဲ
    လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။
  • 13:25 - 13:26
    သင့်မျက်နှာကို မထိပါနဲ့။
  • 13:27 - 13:29
    မျက်လုံးတွေကို မပွတ်ပါနဲ့။
  • 13:29 - 13:30
    လက်သည်းတွေ မကိုက်ပါနဲ့။
  • 13:30 - 13:32
    နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။
  • 13:32 - 13:34
    ဆိုလိုတာက လုံးဝ မလုပ်ပါနဲ့။
    ရုပ်ပေါက်တယ်လေ။
  • 13:34 - 13:36
    (ရယ်သံများ)
  • 13:36 - 13:38
    နှာခေါင်းစည်း မဝတ်ပါနဲ့။
  • 13:38 - 13:41
    နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့
    ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ
  • 13:41 - 13:45
    သင် နေမကောင်းရင် နှာခေါင်းစည်းက
    ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး
  • 13:45 - 13:48
    သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။
  • 13:48 - 13:49
    သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင်
  • 13:49 - 13:52
    နှာခေါင်းစည်းးက တစ်ကိုယ်ရေ
    ကာကွယ်မှုပစ္စည်းလို့ခေါ်တဲ့
  • 13:52 - 13:54
    ကိရိယာအစုထဲက
    ကိရိယာတစ်ခုပါ။
  • 13:54 - 13:57
    လူနာကို စောင့်ရှောက်ပြီး
    သင့်ကိုယ်သင် ကာကွယ်နိုင်အောင်
  • 13:57 - 13:58
    သုံးဖို့ သင့်ကို သင်ကြားပေးထာတာပါ
  • 13:58 - 14:01
    သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင်
    နှာခေါင်းစည်း ဝတ်တာက
  • 14:01 - 14:04
    မျက်နှာကို ချွေးထွက်အောင်
    လုပ်နေတာ သက်သက်ပဲ။
  • 14:04 - 14:05
    (ရယ်သံများ)
  • 14:05 - 14:07
    ဆရာဝန်တွေ၊ သူနာပြုတွေနဲ့
  • 14:07 - 14:10
    ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ
    နှာခေါင်းစည်းတွေထားခဲ့ပါ
  • 14:11 - 14:14
    သင့်မှာ COVID-19 ရောဂါ
    လက္ခဏာတွေ ရှိတယ်ထင်ရင်
  • 14:14 - 14:16
    အိမ်မှာနေပါ၊ အကြံဉာဏ်အတွက်
    ဆရာဝန်ခေါ်ပါ။
  • 14:17 - 14:23
    သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင်ယေဘုယျ
    အနေနဲ့ ဒါဟာ သိပ်မပြင်းထန်ဘူးဆိုတာ သတိရပါ။
  • 14:23 - 14:24
    သင်ဟာ ဆေးလိပ်သောက်သူဆိုရင်
  • 14:24 - 14:27
    အခုက ဆေးလိပ်ဖြတ်ဖို့
    အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။
  • 14:28 - 14:29
    ဆိုလိုတာက ဆေးလိပ်သောက်သူဆို
  • 14:29 - 14:32
    အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး
    ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။
  • 14:32 - 14:35
    ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး
    COVID-19 ကို ပူပန်နေတယ်ဆိုရင်
  • 14:35 - 14:39
    ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး
    သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့
  • 14:39 - 14:43
    သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ
    အသေအချာပါလို့ ကျွန်မ အာမခံတယ်။
  • 14:45 - 14:47
    ကျွန်မတို့ သတင်းအတော်များများဟာ
  • 14:47 - 14:52
    ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ
    COVID-19 ဟာ ထိတ်လန့်စရာပါ။
  • 14:52 - 14:57
    ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော်
    ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။
  • 14:57 - 15:02
    ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင်
    ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊
  • 15:02 - 15:07
    အမုန်း၊ဒေါသ၊ အထီးကျန်မှုက ရောဂါဖြစ်မှုတွေ
    အတွက်အဖြေလို့ ကျွန်မတို့ကို တွေးမိစေတဲ့
  • 15:07 - 15:09
    ပေါ့ပြက်ပြက်လုပ်ထားတဲ့ လိမ်ညာမှုတွေပါ။
  • 15:09 - 15:11
    ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊
  • 15:11 - 15:13
    ဒါတွေက
    ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။
  • 15:13 - 15:18
    ငြီးငွေ့စရာကောင်းပေမဲ့
    အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ
  • 15:18 - 15:20
    အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။
  • 15:20 - 15:24
    ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး
    စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ
  • 15:24 - 15:27
    ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့
    ရောဂါသစ်လာချိန်ကို သိနိုင်ဖို့
  • 15:27 - 15:29
    ရောဂါစောင့်ကြပ်ရေးမှာ
    ရင်းနှီးမြှုပ်နှံတာပါ၊
  • 15:29 - 15:32
    ကမ္ဘာတစ်လွှားမှာ
    ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။
  • 15:32 - 15:37
    အရေးပေါ်အခြေအနေတွေအတွက် အသင့်ဖြစ်ဖို့
    ထောက်ပံ့ရေးအစဉ်တွေ အားဖြည့်တာကိုကြည့်တာပါ
  • 15:37 - 15:39
    ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့
  • 15:39 - 15:44
    မျက်ကန်း ထိတ်လန့်မှုမပါတဲ့
    စွန့်စားမှု သင်္ချာအကြောင်း
  • 15:44 - 15:46
    ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။
  • 15:47 - 15:49
    လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊
  • 15:49 - 15:51
    အကြောင်းကတော့ ဒီအခြေအနေမှာ
    အခြားများစွာလိုပဲ
  • 15:51 - 15:55
    စာနာမှုဟာ တကယ်ပဲ ကျွန်မတို့ရဲ့
    ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။
  • 15:56 - 15:58
    ဒီတော့ ဒီနေ့ နားထောင်
    ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
  • 15:58 - 16:00
    ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ
  • 16:00 - 16:03
    ဆေးကြပါ" လို့ ပထမဆုံးပြောသူ
    ဖြစ်ခွင့်ရလို့ပါ။
  • 16:03 - 16:05
    (လက်ခုပ်သံများ)
Title:
ဘာကြောင့် COVID-19 က ကျွန်ုပ်တို့ကို အခု တိုက်ခိုက်နေတာလဲနှင့် နောင်လာမယ့် ရောဂါဖြစ်ပွားမှုအတွက် ဘယ်လို ပြင်ဆင်သင့်ပုံ။
Speaker:
Alanna Shaikh
Description:

ကိုရိုနာဗိုင်းရပ် အသစ်က ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ပျံ့နံ့သွားတာလဲ။ နောက်လာမှာက ဘာလဲ။ ဒီရောဂါ ဖြစ်ပွားမှုမှ သိမြင်လာရတဲ့ အတွင်းသဘောတွေကို မျှဝေရင်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူ၊ TED ဝိုင်းတော်သား Alanna Shaikh ကနေပြီး COVID-19 ပျံ့ပွားမှုကို ခြေရာခံကာ ခရီးသွား ကန့်သတ်ချက်တွေဟာ ဘာကြောင့် ထိရောက်မှု မရှိဘူးဆိုတာကို ဆွေးနွေးထားပြီး နောက်လာမယ့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအတွက် ပြင်ဆင်ဖို့ ကမ္ဘာအနှံ့ လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ပြောင်းလဲမှုတွေကို မီးမောင်းထိုးပြထားပါတယ်။ "ကမ္ဘာထဲမှာရှိတဲ့ နိုင်ငံတိုင်းဟာ ရောဂါသစ်တွေကို ရှာဖွေ၊ ကုသနိုင်စွမ်းရှိတယ်ဆိုတာ သေချာအောင် လုပ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
16:19

Burmese subtitles

Revisions Compare revisions