Return to Video

ကျွန်မဟာ အမြင်အာရုံကို ဆုံးရှုံးသွားခဲ့ပေမဲ့ ကျွန်မရဲ့ ဆူပါပါဝါကို ရှးတွေ့ခဲ့ပုံ

  • 0:07 - 0:10
    ကလေးတစ်ယောက်ကို သူ့အနာဂတ် ဘယ်လိုများ
    ရှိမလဲလို့ မေးကြည့်ရင်
  • 0:10 - 0:14
    ကလေးက ဆူပါပါဝါလိုချင်တယ် ဒါမှမဟုတ်
    ကြီးပြင်းလာချင်တယ်လို့ ဖြေပါလိမ့်မယ်။
  • 0:14 - 0:19
    မင်း အသက် အသက် ၁၆ နှစ်မှာ ဘယ်လိုပုံစံမျိုး
    ဖြစ်ချင်လဲ ငယ်စဉ်တုန်းက ကျွန်မကိုမေးခဲ့ရင်
  • 0:19 - 0:21
    ကျွန်မက ကျွန်မအဖေထက် အရပ်မြင့်မယ်၊
  • 0:21 - 0:25
    သူငယ်ချင်းတွေ အများကြီးရှိမယ်၊
    မြို့ထဲမှာ တစ်ယောက်တည်းလမ်းလျှောက်မယ်၊
  • 0:25 - 0:29
    လုံးဝကို လွတ်လပ်လျက်
    ဆံပင်ရှည်ရှည်ကို ထားမယ်။
  • 0:29 - 0:33
    ကျွန်မစိတ်ထဲမှာ အမြဲတမ်း စိတ်ကူးတွေ
    များလှခဲ့တယ်၊ စာဖတ်တာကို ကြိုက်ခဲ့တယ်။
  • 0:33 - 0:35
    စာလုံးတွေကို ပုံရိပ်များနဲ့ အသံအဖြစ်
    ပြောင်းလဲပစ်ရေးဟာ
  • 0:35 - 0:38
    အရာအားလုံးက ဘာသာရေးထဲမှာလို
    အသံတိတ်နေခဲ့ပေမဲ့၊
  • 0:38 - 0:42
    ကလေးလေး၊ လူသားရိုးရိုးဟာ
    အထူးပုဂ္ဂိုလ် ဖြစ်လာချင်ခဲ့တယ်။
  • 0:42 - 0:45
    ဖတ်ခဲ့သမျှ ပုံပြင်အားလုံးတို့က ပုံမှန်
    ရုပ်ပိုင်းဘဝဟာ တစ်ခုတည်း မဟုတ်၊
  • 0:45 - 0:50
    ယုံမရတာတွေလည်း ရှိတာကို ယုံခဲ့တယ်။
  • 0:50 - 0:54
    အသက်ကြီးလာတော့ ကျွန်တော်ဟာ
    အမည်းရောင်ကို စပြီး မြင်တတ်လာတယ်၊
  • 0:54 - 0:57
    ဘေးဝန်းကျင် နေရာတွေဟာ ကျွန်မအမြင်ထဲ
    မှောင်မည်းလာတတ်တယ်၊
  • 0:57 - 1:00
    အရာတိုင်း နက်မှောင်လာပြီး ကျွန်မ
    ခေါင်းနည်းနည်း မူးလာတဲ့ အထိပါပဲ၊
  • 1:00 - 1:02
    ဒါပေမဲ့ ကျွန်မ စိတ်ကူးကတော့
    သန့်စင်လျက်ပါ၊
  • 1:02 - 1:05
    ကျွန်မနဲ့ ဖြစ်ပျက်နေတာဟာ မှော်ဆန်တယ်လို့
    ထင်ခဲ့တယ်၊
  • 1:05 - 1:09
    ဒါမှမဟုတ် ကျွန်တော်ဟာ စကြဝဠာထံမှ
    လျှို့ဝှက်ချက်တွေ ရနေခဲ့တယ် ထင်ခဲ့တယ်။
  • 1:09 - 1:11
    အစဉ်ပဲ ကျွန်မဟာ
    သူများထက် ထူးသူဖြစ်ချင်ခဲ့တယ်၊
  • 1:11 - 1:14
    ကျွန်မ ကြီးပြင်းလာတာနဲ့အမျှ
    အံ့ဖွယ်ကမ္ဘာကြီးဟာ
  • 1:14 - 1:17
    ပိုပို ဝေးလျက် ကျန်ရစ်ခဲ့သလို ခံစားလာရတယ်။
  • 1:17 - 1:19
    ကျွန်မဟာ အိမ်ထဲက ဗီရိုထဲကို
    ဝင်ပြီး နေတတ်တယ်၊
  • 1:19 - 1:23
    ကျောဘက်မှာ ရှိနေတဲ့
    ပျဉ်းပြားကိုသာ မေ့နိုင်ခဲ့ရင် ကျွန်မဟာ
  • 1:23 - 1:26
    လွတ်ကျွတ်သွားလျက် Nárnia ဆီကို
    ရောက်နိုင်ခဲ့မယ် ထင်တယ်။
  • 1:26 - 1:30
    ဒါပေမဲ့ အသက် ၈ နှစ်အရွယ်မှာ ကျွန်မ
    မှော်ဆရာရဲ့ ဝတ်စုံကို ရှာမတွေ့ခဲ့ဘူး။
  • 1:30 - 1:32
    ၁၁ နှစ် အရွယ်တုန်းက Hogwarts ထံမှ
    စာကို မရခဲ့ဘူး၊
  • 1:32 - 1:36
    ပြီးတော့ သရော်စာဆရာက ဘုရားသခင်ပဲလို့
    ၁၂ နှစ်ပြည့်တော့ ပြောဖော်မရခဲ့ပါ။
  • 1:36 - 1:43
    ကျွန်မရဲ့ နောက်ဆုံးမျှော်လင့်ချက်က အသက် ၅၀
    ပြည့်ချိန်မှာ Gandalf နဲ့ စွန့်စားဖို့ပါ။
  • 1:43 - 1:48
    ဒါပေမဲ့ တကယ်တမ်းတွင်
    အသက် ၁၃ နှစ် ရှိချိန်မှာ
  • 1:48 - 1:51
    ကျွန်မဟာ ရုတ်တရက် ပုဂ္ဂိုလ်ထူး ဖြစ်လာတယ်၊
  • 1:51 - 1:55
    ကျွန်မ လိုချင်ခဲ့တဲ့ ပုံစံမျိုး
    မဟုတ်ခဲ့တာ အမှန်ပါပဲ။
  • 1:55 - 1:58
    တကယ်တမ်းတွင် စကြဝဠာဟာ
    ဘာလျှို့ဝှက်ချက်မှ မပေးခဲ့ပါ၊
  • 1:58 - 2:01
    ၎င်းဟာ ကျွန်မကို တွင်းနက်ကြီးထဲကို
    ဆွဲခေါ်နေခဲ့တယ်။
  • 2:01 - 2:07
    ၂၀၁၅၊ စက်တင်ဘာ ၂၃ ရက်၊
    နံနက် ၇:၃၅ အချိန်တွင်၊
  • 2:07 - 2:09
    ထုံးစံအတိုင်း ကျွန်မဟာ ကျောင်းကို
    နောက်ကျ ရောက်ခဲ့တယ်၊
  • 2:09 - 2:14
    ဘတ်စကားက ထုံးစံအတိုင်း အိမ်ကနေလာဖို့
    အချိန်ကြာလို့ပါ။
  • 2:14 - 2:17
    ကျွန်မ အတန်းထဲ လျှောက်ဝင်သွားစဉ်
    လဲကျသွားတယ်။
  • 2:17 - 2:20
    အတန်းအလယ်မှာ၊ လူအားလုံးရှေ့မှာ။
  • 2:20 - 2:23
    ကျွန်မဟာ ကြမ်းပြင်ပေါ်မှာ
    ကျောပိုးအိတ်ကို မတွေ့ခဲ့ပါ။
  • 2:23 - 2:28
    ကျွန်မ ကိုယ်ထိုင်ခုံကို ဝင်ထိုက်လိုက်တော့
    သင်ပုန်းက စာလုံးတွေ တစ်ခုမှ မြင်မရခဲ့ပါ။
  • 2:28 - 2:30
    ကျွန်မ ဖတ်မရခဲ့ပါ။
  • 2:30 - 2:34
    ဒါနဲ့အမေ့ကို ဖုန်းဆက်ခေါ်ခဲ့ရတယ်၊
    နောက်ပိုင်းတွင် ဆေးရုံကို သွားရတယ်။
  • 2:34 - 2:38
    မျက်မှန် တစ်လက် တပ်ရရင်
    အရမ်းကောင်းမှာပဲလို့ စဉ်းစားမိသေးတယ်။
  • 2:38 - 2:45
    မျက်မှန်ကို မရလိုက်တဲ့ အပြင်
    ကျွန်မဟာ ဆေးရုံမှာဘဲ နေခဲ့ရတယ်။
  • 2:45 - 2:48
    ကျွန်မမှာ hydrocephalus
    ရောဂါဖြစ်ကြောင်း သိလာရတယ်။
  • 2:48 - 2:52
    နားလည်ရန် ခက်ပေမဲ့၊ ဦး နှောက်ထဲမှာ အရည်တွေ
    များလွန်းတာကို ဆိုလိုတယ်၊
  • 2:52 - 2:53
    ပြီးတော့ အန္တရာယ်ရှိတဲ့ အရာပါ၊
  • 2:53 - 2:57
    ကျွန်မဖြစ်ပုံက ဦးခေါင်းရဲ့ အောက်ခြေ
    ပိုင်းမှာ ရှိကြတဲ့ ပထမနဲ့တတိယ အခေါင်းတွေ
  • 2:57 - 2:59
    အကြားမှာ glioma အကျိတ် တစ်ခု
  • 2:59 - 3:01
    ပေါ်ပေါက်ာလခဲ့လို့ပါ။
  • 3:01 - 3:04
    အဲဒါက အရည်ကို ကျွန်မ ဦးနှောက်ထဲမှာ
    လည်ပတ်မှုကို ပိတ်ပစ်တယ်၊
  • 3:04 - 3:06
    တစ်နေရာမှာ ဝင်တစ်နေခြင်းဖြင့်
  • 3:06 - 3:08
    ဦးနှောက်တွင်းပိုင်း ဖိအားကို
    သိပ်ကို မြင့်မားလာစေလျက်
  • 3:08 - 3:11
    ကျွန်မရဲ့ အမြင်အာရုံကြောတွေကို
    ပျက်စီးစေတယ်။
  • 3:11 - 3:14
    ဒါပေမဲ့ ဆရာဝန်တွေ အဲဒါကို နားမလည်မိကြဘူး။
  • 3:14 - 3:19
    ကျွန်မဟာ ခွဲစိတ်ကုသမှုကို တစ်ခုပြီး
    တစ်ခု ဆက်တိုက် လုပ်နေခဲ့ရတယ်။
  • 3:19 - 3:23
    အဲဒီလို သံသရာစက်ဝန်း တစ်ခုပြီးသွားတာနဲ့
    ကျွန်မနဲ့ မိဘတွေက ထဖို့ပြင်ဆင်နေစဉ်မှာပဲ
  • 3:23 - 3:26
    ဘဝ ထပ်ပြီး ထိုးနှက်လို့
    ကျုပ်တို့ လဲကျခဲ့ကြရပြန်ပါတယ်။
  • 3:26 - 3:28
    အကြိမ်အကြိမ်ပါပဲ။
  • 3:28 - 3:32
    ကမ္ဘာဟာ ဇောက်ထိုးဖြစ်သွားပြီး ကျွန်မတို့
    အားလုံး အခြေအနေကြောင့် ထုံကျင်နေခဲ့တယ်။
  • 3:32 - 3:36
    ကျွန်မရဲ့ မှော်ဆန်တဲ့ အတွေးခေါ်တွေကို ရုတ်
    တရက် သူတော်စင်တွေ ဝင်နေရာယူလိုက်ကြတယ်။
  • 3:36 - 3:39
    ကျွန်မရဲ့ Gandalf အပေါ်ထားခဲ့တဲ့
    မျှော်လင့်ချက် ရုပ်တွေပါ။
  • 3:39 - 3:44
    ကျွန်မရဲ့ ပြဿနာကို ဆရာဝန်က အသေအချာ သိတယ်
    ထင်နေခြင်းကမှ ပြဿနာကြီးပါ။
  • 3:44 - 3:47
    တကယ်တေ့ ကျွန်မပြဿနာရဲ့
    အကြေင်းရင်းကို လုံးတတစ်မျိုးမို့လို့ပါ၊
  • 3:47 - 3:48
    များလွန်တဲ့ အရည်ကို ထုတ်ယူပစ်ခဲ့တယ်၊
  • 3:48 - 3:52
    အဲဒါနဲ့ ကျွန်မ ပြဿာနာ ဦးခေါင်းတွင်း ဖိအား
    မြင့်မှုမှ နိမ့်ကျမှု ဖြစ်လာတယ်။
  • 3:52 - 3:54
    လွန်စွာမှ နိမ့်ကျေနေတဲ့ ဖိအားပါ။
  • 3:54 - 3:58
    ၈ လအတွင်းမှ ခုနက ခွဲစိတ်မှုအပြင်
    ဆရာဝန် အမှားကြောင့်
  • 3:58 - 4:03
    နောက်ထပ် ခွဲစိတ်မှု ၃ ခုကို
    ပြုလုပ်ခံခဲ့ရတယ်။
  • 4:03 - 4:06
    ဒါပေမဲ့ ဒဏ်ရာကို ခံစားလိုက်ရပြီ။
  • 4:06 - 4:08
    နောက်ဆုံးမှာတော့ ကျွန်မ
    ကျောင်းကို ပြန်လာနိုင်ခဲ့တယ်။
  • 4:08 - 4:10
    ဒါပေမဲ့ ကျွန်မဟာ အရင်လူ မဟုတ်တော့ပါ။
  • 4:10 - 4:15
    သာမန်ဘဝဟာ ပုံမှန်ရှိနေခဲ့ပြီး ကျွန်မဟာ
    အစဉ်အလာ ဖြစ်ရပ်များစွာကို မမြင်လိုက်ရပါ၊
  • 4:15 - 4:19
    ပြီးတော့ ဆယ်ကျော်သက်သက် အကျပ်အတည်းကို
    ကျွန်မ လွတ်မသွားခဲ့ပါ။
  • 4:20 - 4:23
    အဓိအားဖြင့် ကျွန်မဟာ တစ်နှစ်
    အိပ်ခြင်းဖြင့် အချိန်ကို ဖြုန်းခဲ့ရတယ်။
  • 4:23 - 4:26
    စာပေကို ကျွန်မ ဖတ်မရနိုင်တော့
  • 4:26 - 4:31
    ကျွန်မ အလိုအပ်ဆုံး အရှိတရားကို ရယူဖို့
    အိပ်ခြင်းကသာ နည်းလမ်း တစ်ခုပါ။
  • 4:31 - 4:34
    ဘယ်လိုပဲဖြစ်ဖြစ်၊
    ဒီနေ့ ကျွန်မ ဒီမှာရပ်လျက်ပါ။
  • 4:34 - 4:39
    ငါဟာ တွင်းထဲ ကျသွာခဲ့တယ်၊ ဒါပေမဲ့ ထွက်လာ
    တော့ ဧရာမ လူကြီးပါ - ပြောရိုးစကားရှိပါတယ်။
  • 4:39 - 4:41
    ကျွန်မ ခံစားရပုံက အဲဒီလိုမျိုးပါ။
  • 4:41 - 4:45
    ကိုယ့်ဘဝထဲမှာ ခက်ထန်တာ တစ်ခုခု
    ဖြစ်ရင်၊
  • 4:45 - 4:48
    ရှိမှန်းတောင် မသိရတဲ့ အားတစ်ခုရှိပြီး
  • 4:48 - 4:50
    ကိုယ့်ကို ပြန်ပြီး ထူထောင်ပေးပါတယ်၊
  • 4:50 - 4:53
    ပြီးတော့ ဒီတချိန်မှာ ကိုယ်ဟာ
    ပိုပြီးအမြော်အမြင်ရှိလာမှာပါ။
  • 4:53 - 4:57
    အခုတော့ ကျွန်မဟာ အရာတစ်ခုကို အရင်ထက်
    ပိုပြီး အာရုံကို စူးစိုက်လာနိုင်ပါပြီ။
  • 4:57 - 5:00
    စားသောက်ရခြင်းကတောင်
    လုံးဝမတူတဲ့ အတွေ့အကြုံ ဖြစ်လာတယ်။
  • 5:00 - 5:03
    ကျွန်မက "bolinho de chuva"
    ခေါ် မိုးရေကိတ်မုန့်ကို
  • 5:03 - 5:05
    စားတဲ့ အခါတိုင်းမှာ
  • 5:05 - 5:09
    သကြားနဲ့ သစ်ကြံပိုးခေါက်မှုန့်တွေရှိရာ
    နေရာကို ကျွန်မကို ချက်ချင်း
  • 5:09 - 5:11
    ပို့ဆောင်ပေးကြပါတယ်။
  • 5:11 - 5:14
    ပြီးတော့ တေးဂီတကို ကျွန်မ
    ကြားရရင် ဒါမှမဟုတ် တီးမှုတ်ရင်
  • 5:14 - 5:17
    ဘဝထဲ ကျွန်မ ဖြတ်ကျော်ရတဲ့
    အခက်အခဲများမှ လွတ်မြောက်ရေး နည်းလမ်းပါ။
  • 5:17 - 5:20
    အခုဆိုရင် ကျွန်မ သိပ်ကို မလွယ်ကူကြတဲ့
    Bob Dylan သီချင်းတွေရဲ့
  • 5:20 - 5:23
    စာသားအပြည့်အစုံကို မှတ်မိနေပါပြီ။
  • 5:23 - 5:26
    ရှိသမျှအာရုံများထဲက စိတ်ကူးမှုကို
    အများဆုံး သုံးနေရတာမို့
  • 5:26 - 5:30
    ကျွန်မရဲ့ စိတ်ကူးမှုဟာ အရင်ထက်
    များစွာမှ အားကောင်းလာပါတယ်။
  • 5:30 - 5:32
    စိတ်ကူးတွေရဲ့ အကူအညီနဲ့သာ ကျွန်မဟာ
    မြင်ခဲ့ဘူးတာတွေနဲ့
  • 5:32 - 5:36
    အခြား အာရုံခံလမ်းကြောင်းတွေ အသုံးပြုပြီး
    လုံးဝအသစ်ဖြစ်တဲ့ ကမ္ဘာကို ဖန်တီးနိုင်တာပါ။
  • 5:36 - 5:40
    အမြင်အာရုံကို များစွာမှ အားကိုးကြရတာ
    ဖြစ်တဲ့ ကျွန်မတို့ရဲ့ အရှိတရားထဲတွင်
  • 5:40 - 5:45
    ကျွန်မဟာ စိတ်ကူးမှုကို ဖန်တီးရေးနဲ့
    လက်တွေ့ ကိရိယာအဖြစ် အသုံးပြုရတယ်။
  • 5:45 - 5:50
    အကြည့်နဲ့အမြင် အကြားမှာ
    ကြားရမှုနဲ့ နာထောင်မှု အကြားမှာ
  • 5:50 - 5:53
    ခြားနားချက် ရှိနေလို့ ကျွန်မက
    အဲဒီလို သုံးနိုင်တာပါ။
  • 5:53 - 5:59
    ကြည့်ခြင်းနဲ့ နားထောင်ခြင်းတို့က ကျုပ်
    တို့အာရုံများ တိကျမှုကို မဖော်ပြနိုင်ပေမဲ့
  • 5:59 - 6:00
    အာရုံခံနိုင်စွမ်း ရှိမှုကိုဆိုလိုပြီး
  • 6:00 - 6:03
    အရာတွေကို နားလည်ခွင့် နဲ့
    လူတွေအချင်းချင်း စာနာရေးကို ကူပေးရာ၊
  • 6:03 - 6:07
    ဒီနေ့တွင် ကျွန်မဟာ အရင်နဲ့စာရင် ပိုကောင်း
    မွန်စွာ မြင်နိုင်တယ်လို့ ဆိုချင်ပါတယ်။
  • 6:07 - 6:13
    ဥပမာအားဖြင့်၊ ရှင်တို့က အာရုံစိုက်
    နေကြတာကို ကျွန်မ မြင်နိုင်တယ်။
  • 6:13 - 6:19
    ဂရိခေတ်တုန်းက အကျော်ကြားဆုံး ပရောဖက်
    ဖြစ်ခဲ့သူ Tiresias ဟာ မျက်စီကန်းနေသူ
  • 6:19 - 6:24
    ဖြစ်ခဲ့ပြီး အသွင်သဏ္ဍာန်များနဲ့ အမြင်ကမ္ဘာ
    ရဲ့ ထောင်ချောက်ခံရမှုမှ လွတ်ကင်းခဲ့လို့ပါ။
  • 6:24 - 6:28
    ၁၆ နှစ်အရွယ်မှာ ဖြစ်ခဲ့မယ်လို့ ကျွန်မ
    ထင်ခဲ့တဲ့သူ မဟုတ်တော သေချာပါတယ်၊
  • 6:28 - 6:31
    ပြီးတော့ ရှိလိမ့်မယ်လို့
    ထင်ခဲ့တဲ့ ဘဝမျိုး ကျွန်မဆီမှာ မရှိပါဘူး။
  • 6:31 - 6:34
    ရှင်တို့က အတိတ်ကာလကို
    ပြန်သွားခွင့်သာ ရှိခဲ့ရင် ပြန်သွားပြီး
  • 6:34 - 6:37
    ဖြစ်ပျက်ခဲ့တာတွေကို ဟန့်တားဖို့
    ကြိုးစားမလားလို့ မေးကြပါက၊
  • 6:37 - 6:40
    ကျွန်မ အခုသိလိုက်ရတာတွေဟာ သိပ်ကိုများလွန်း
    လို့၊ အဆုံးရှုံး မခံလိုပါ၊ မသွားချင်ပါ။
  • 6:40 - 6:42
    ကျေးဇူးတင်ပါတယ်။
Títol:
ကျွန်မဟာ အမြင်အာရုံကို ဆုံးရှုံးသွားခဲ့ပေမဲ့ ကျွန်မရဲ့ ဆူပါပါဝါကို ရှးတွေ့ခဲ့ပုံ
Descripció:

မှော်ဆရာများ သုံးကြတဲ့ လမ်းကြောင်းတွေ၊ Hogwart တို့ထံမှ စာတွေ၊ Gandalf နဲ့ စွန့်စားခန်းတွေ—ဒါတွေကို Maria Stockler ဟာ ဖတ်ခဲ့ပြီး သူ့စိတ်ထဲမှာ ဇာတ်စင် မြင်ရောင်ခဲ့ဘူးမှာပါ။ ဒါပေမဲ့၊ ကံဆိုးချင်တော့ အသက် ၁၃ နှစ်အရွယယ်မှာ အံ့အားသင့်စရာ ဖြစ်ရပ် တသီကြီးကြောင့် သူမဟာ အမြင်အာရုံကို ထာဝရ ဆုံးရှုံးသွားခဲ့ရပါတယ်။ Maria ဟာ သူမ အိပ်မက်ခဲ့တဲ့ ကမ္ဘာကို အရင်တုန်းကလို ဆက်ပြီး မြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျုပ်တို့ အားလုံးအတွက် တကယ့်ကို အားတက်ဖွယ်ရာဖြစ်တဲ့ လက်ရှိ ဟောကြားချက်ထဲတွင် Maria ကနေပြီး သူမရဲ့ အာရုံတစ်ခုကို ဆုံးရှုံးလိုက်ရမှုက နောက်အာရုံ တစ်ခုကို ပိုတိကျစွာ သုံးလာအောင် ကူညီပေးခဲ့လို့ ဆူပါပါဝါကို ရလိုက်ခြင်းနဲ့ တူညီကြောင်းကို ပြောပြထားပါတယ်။ "အကြည့်နဲ့ အမြင်တို့ အကြားမှာ ခြားနားချက် အစဉ်ရှိတတ်ပါတယ်၊ ကျွန်မစိတ်ထင် ကျွန်မဟာ အရင်တုန်းကထက် ပိုကောင်းမွန်စွာ မြင်လာတတ်ပါပြီ။" လို့ သူမက ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Projecte:
TED-Ed
Duration:
06:47

Burmese subtitles

Revisions Compare revisions