Return to Video

မွေးစာရင်း ရှိခြင်းက လူ့ရပိုင်ခွင့် တစ်ခုဖြစ်တာ ဘာကြောင့်လဲ

  • 0:01 - 0:03
    ကျွန်မ ၁၄ နှစ် အရွယ်တုန်းက
  • 0:03 - 0:08
    ကျွန်မ မိသားစုဟာ အီသီယိုးပီးယားက
    ညီလေးတွေကို မွေးစားဖို့ စီစဉ်နေခဲ့တယ်။
  • 0:08 - 0:10
    တစ်နေ့တွင် ကျွန်မ အမေက
  • 0:10 - 0:13
    "သူတို့ရဲ့ မွေးနေ့ကို တို့ဘယ်လို
    ထည့်ရေးကြမလဲ" မေးလာတယ်။
  • 0:13 - 0:16
    "သူတို့ မွေးတဲ့နေ့ကို
    ရေးရမယ်ဟာ ရှင်းနေတဲ့ဟာပဲ။"
  • 0:16 - 0:18
    ရယ်စရာကောင်းတဲ့ မေးခွန်းပါပဲ။
  • 0:18 - 0:20
    အဲဒါနဲ့ မေမေ ရှင်းပြတာက၊
  • 0:20 - 0:21
    "ကောင်းပြီ၊ Kristen၊
  • 0:21 - 0:24
    နင့် ညီလေး တစ်ယောက်ဆီမှာမှ
    မွေးစာရင်းမှ မရှိတာ၊
  • 0:24 - 0:26
    ဒီတော့ သူတို့ မွေးနေ့ကို
    ဘယ်ရှာလို့ ရနိုင်မလဲ။"
  • 0:26 - 0:28
    ကျွန်မ ဘာပြောရမှန်း မသိခဲ့ပါ။
  • 0:28 - 0:31
    ဒီနေ့၊ ၂၀ ကြာသွားတာတောင် ကျွန်မ
    အဲဒီကိစ္စကို ဆက်ပြီး ကြိုးစားနေရတုန်းပါ၊
  • 0:31 - 0:33
    ကျွန်မညီလေးတွေရဲ့ မွေးစာရင်း မရှိတဲ့
    ပြဿနာကို
  • 0:33 - 0:35
    ဖြေရှင်းဖို့အစား ကျွန်မဟာ အဲဒီပြဿနာအတွက်
  • 0:35 - 0:37
    ယေဘုယျ ဖြေရှင်းနည်းကို
    ရှာဖို့ အားထုတ်နေတယ်။
  • 0:37 - 0:41
    မွေးစာရင်းဟာ နိုင်ငံတကာရေးရာနဲ့
    ဘယ်လိုမှ ဆက်စပ်မှု ရှိနိုင်ပါသလဲ။
  • 0:41 - 0:45
    အဲဒါကို ဖြေကြားနိုင်ဖို့ ကျွန်မတို့ဟာ
    နိုင်ငံတကာ ဖွံ့ဖြိုးမှုရဲ့ ဇာတ်မြစ်ကို
  • 0:45 - 0:47
    လူ့အခွင့်အရေး ကိစ္စကို လေ့လာဖို့ လိုပါတယ်။
  • 0:47 - 0:50
    ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ
    လူ့အခွင့်အရေးကြေညာစာတမ်းဟာ
  • 0:50 - 0:52
    ပထမဦးဆုံး အကြိမ်အဖြစ်
  • 0:52 - 0:56
    နိုင်ငံအားလုံးရှိ ပြည်သူအားလုံးတို့အတွက်
    လက်ခံကျင့်သုံးရမယ့်
  • 0:56 - 0:59
    အခြေခံလူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာများကို
    သတ်မှတ်ပေးခဲ့ပါတယ်-
  • 0:59 - 1:03
    အပိုဒ် ၆၊ ဥပဒေရှေ့မှာ ပုဂ္ဂိုလ်တစ်ဦးအဖြစ်
    အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
  • 1:03 - 1:05
    တနည်း၊ တရားဝင် သက်သေခံမှု ရှိရပါတယ်။
  • 1:05 - 1:07
    ကလေးတွေအတွက် အဲဒါဟာ မွေးစာရင်းပါ။
  • 1:07 - 1:10
    အဲဒါဟာ အားလုံးနဲ့ဆိုင်တဲ့
    လူ့အခွင့်အရေးဖြစ်တာတောင်
  • 1:10 - 1:15
    ဒီနေ့တွင် လူတစ်ဘီလီယံတို့ဟာ
    ဘယ်လိုမှတ်တမ်းမှ မရှိဘဲ နေထိုင်နေကြရတာဟာ
  • 1:15 - 1:18
    ကျွန်မတို့ ခေတ်ထဲက အကြီးမားဆုံး
    လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေပါတယ်၊
  • 1:19 - 1:21
    ဒီအကြောင်းကို ဘယ်သူမှ သိကြပုံ မရပါဘူး။
  • 1:21 - 1:24
    ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုနဲ့
    ငတ်မွတ်ခေါင်းပါးမှု ရှိနေချိန်မှာ
  • 1:24 - 1:27
    ကမ္ဘာပေါ် နေထိုင်သူတိုင်းဆီမှာ တရားဝင်
    သက်သေခံ လက်မှတ်ရှိရေး ကိစ္စဟာ
  • 1:27 - 1:29
    သိပ်အရေးကြီးပုံ မရပေမဲ့
  • 1:29 - 1:31
    အဲဒါဟာ သိပ်အရေးကြီးပါတယ်။
  • 1:31 - 1:32
    ကျွန်မရဲ့ အလုပ် အစောပိုင်းတုန်းက
  • 1:32 - 1:36
    ကျွန်မဟာ လူမှုရေးဝန်ထမ်းနဲ့အတူ Mumbai
    မြို့ထဲက ဆင်းရဲသားရပ်ကွက်မှာ လုပ်ခဲ့ဘူးရာ၊
  • 1:36 - 1:39
    ငယ်စဉ်ကတည်းက ပိုလီယို ရောဂါကြောင့်
    ခါးအောက်ပိုင်း လေဖြတ်နေခဲ့တဲ့
  • 1:40 - 1:44
    ကလေးမရဲ့ ကိစ္စကို ဆောင်ရွက်ဖို့
    ကြိုးစားနေခဲ့ကြတယ်။
  • 1:44 - 1:46
    သူ့အိမ်ကို ကျွန်မတို့ရောက်တော့
  • 1:46 - 1:48
    သူမဟာ ကြမ်းပေါ်မှာ လှဲနေတာ တွေ့ရတယ်။
  • 1:48 - 1:51
    သူ့ခြေထောက်တွေဟာ ကူးစက်ထားတဲ့
    အနာတွေနဲ့ သိပ်ကို ဆိုးဝါးနေပြီး
  • 1:51 - 1:53
    သူမဟာ အာဟာရချို့တဲ့နေခဲ့တယ်၊
  • 1:53 - 1:55
    သူမဟာ ကျောင်းဆိုလို့
    ဘယ်တုန်းကမှ မတက်ခဲ့ရပါ၊
  • 1:55 - 2:00
    သူဟာ မှောင်မည်းနေတဲ့ ဒီအခန်းထဲမှာပဲ
    တသက်လုံးလိုလို နေထိုင်ခဲ့ပုံရတယ်။
  • 2:00 - 2:04
    သူ့အိမ်က ထွက်လာတော့ ဒီကိစ္စအတွက် ဘယ်လို
    စီစဉ်မလဲ လူမှုရေးဝန်ထမ်းကို မေးကြည့်တော့
  • 2:04 - 2:07
    သူမက "ကောင်းပြီ၊ ပထမဦးဆုံး သူ့အတွက်
    မွေးစာရင်း လုပ်ပေးရမယ်"လို့ ဖြေပါတယ်။
  • 2:08 - 2:09
    ကျွန်မ နည်းနည်းလေး ထိတ်လန့်သွားခဲ့တယ်။
  • 2:09 - 2:12
    "နေစမ်းပါဦး၊ သူ့အတွက်
    လူမှုရေး အကူအညီအချို့ စီစဉ်ပေးဖို့နဲ့
  • 2:12 - 2:16
    ပိုလုံခြုံတဲ့ နေအိမ်၊ ကျောင်းသွားဖို့
    စီစဉ် မပေးသင့်ဘူးလား" မေးကြည့်တယ်။
  • 2:16 - 2:19
    "အဲဒါတွေ လုပ်ပေးဖို့အတွက် မွေးစာရင်း
    ရဖို့ လိုတာပါ" သူမကရှင်းပြတယ်။
  • 2:19 - 2:21
    တရားဝင် အထောက်အထားမရှိရင်
  • 2:21 - 2:23
    အဲဒီသူကို အစိုးရက အသိအမှတ် မပြုနိုင်ပါဘူး။
  • 2:23 - 2:28
    တရားဝင်မရှိတဲ့လူဟာ
    အစိုးရ ဝန်ဆောင်မှုတွေကို မရနိုင်ပါဘူး၊
  • 2:28 - 2:30
    ပြီးတော့ အစိုးရဟာ သိထားတဲ့ လူတွေအတွက်သာ
  • 2:30 - 2:32
    ဝန်ဆောင်မှုတွေကို စီစဉ်ပေးနိုင်တာပါ။
  • 2:32 - 2:37
    အဲဒါကြောင့် ပုံမှန်လုပ်ပေးရမယ့်
    ကာကွယ်ဆေးထိုးမှုထဲ သူတို့ မပါဝင်ကြပါဘူး။
  • 2:37 - 2:42
    တရားဝင် အထောက်အထားမရှိတဲ့ လူတွေကို ထည့်မ
    တွက်တဲ့ အပြင် ကာကွယ်မှုလည်း မရကြပါဘူး။
  • 2:42 - 2:45
    အဲဒီလို လူတွေဟာ လူ့အဖွဲ့အစည်းထဲက
    အဆင်းရဲဆုံး သူတွေ ဖြစ်ကြပြီး
  • 2:45 - 2:48
    ပထုတ်ခံထားကြရတဲ့ အသိုင်းအဝိုင်းတွေပါ။
  • 2:48 - 2:50
    သူတို့ဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေပါ။
  • 2:50 - 2:54
    ဇာတိနေရာမှာတောင်
    ဘယ်လို မှတ်တမ်းမှာ မရှိခဲ့ဘူး ဆိုတော့
  • 2:54 - 2:57
    အဲဒီလိုလူကို ရှာဖွေမရနိုင်တာကို
    လူကုန်ကူးသူတွေ သိနားလည်ကြပါတယ်။
  • 2:57 - 3:01
    အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပေးခံရပြီး ကလေး
    လုပ်သား အဖြစ် အသုံးချခံကြရမယ့် သူတွေပါ။
  • 3:01 - 3:05
    မွေးစာရင်းမရှိရင် ကလေးတစ်ဦးဟာ ကလေး
    ဖြစ်တာကို ဘယ်လို သက်သေထူပြနိုင်မလဲ။
  • 3:05 - 3:07
    သူတို့ဟာ နိုင်ငံမဲ့အဖြစ်ကို ရောက်နေကြတယ်၊
  • 3:07 - 3:10
    နိုင်ငံသားဖြစ်ဖို့ အခြေခံလိုအပ်ချက်
    ဖြစ်တဲ့ မိဘတွေက ဘယ်သူတွေလဲ
  • 3:10 - 3:11
    မွေးရပ်က ဘာလဲ၊
  • 3:11 - 3:14
    ဆိုတာကို မွေးစာရင်းက
    သက်သေထူပြပေးနိုင်တာပါ။
  • 3:14 - 3:18
    ကမ္ဘာပေါ်မှာ တရားဝင် သက်သေခံမရှိဘဲ
    နေထိုင်နေကြတဲ့ လူ တစ်ဘီလီယံထဲတွင်
  • 3:18 - 3:22
    အများစုက မွေးကတည်းက ဘယ်တုန်းကမှ မှတ်တမ်း
    မတင်ဖြစ်ခဲ့တဲ့ ကလေးတွေပါ။
  • 3:22 - 3:24
    ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲတွင်
  • 3:24 - 3:28
    မွေးကြတဲ့ ကလေး ၆၀ ရာနှုန်းကျော်ကို
    ဘယ်လိုမှာ မှတ်တမ်း မတင်ခဲ့ကြပါဘူး။
  • 3:28 - 3:32
    ဆာဟာရသဲကန္တာရ တောင်ပိုင်းရှိ ၁၇ နိုင်ငံမှာ
    ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုက
  • 3:32 - 3:35
    ကလေး ၈၀ ရာနှုန်းတို့ထံတွင်
    မွေးစာရင်းမရှိတာကို တွေ့ခဲ့တယ်။
  • 3:35 - 3:38
    ကလေးတွေ အားလုံးကို မှတ်တမ်းပေးနိုင်စွမ်း
    မရှိကြတဲ့ နိုင်ငံများအနက်
  • 3:38 - 3:41
    ၂၆ နိုင်ငံတို့တွင်
    ကျန်းမာရေး စောင့်ရှောက်မှု၊
  • 3:41 - 3:45
    ကာကွယ်ဆေး ထိုးမှု အပါအဝင်ကို
    ရယူခံစားနိုင်ဖို့အတွက်
  • 3:45 - 3:47
    မွေးစာရင်းကို ပြသဖို့ လိုအပ်ပါတယ်။
  • 3:47 - 3:51
    ပြီးတော့ ၃၇ နိုင်ငံတို့မှာကျတော့
    လူတွေကို ဆင်းရဲမ​ွေတေမှုမှ
  • 3:51 - 3:54
    ကယ်တင်ပေးဖို့ လူမှုရေး အကူအညီများအတွက်
    မွေးစာရင်း လိုပါတယ်။
  • 3:55 - 3:59
    နိုင်ငံပေါင်း ၅၉ နိုင်ငံထဲတွင်
    ကလေး တစ်ယောက်ကို ကျောင်းမှာ
  • 3:59 - 4:02
    စာရင်းသွင်းဖို့နဲ့ ပညာသင်နိုင်ဖို့
    မွေးစာရင်း လိုအပ်ပါတယ်။
  • 4:03 - 4:07
    ပြီးတော့ အမျိုးသား ID ဒါမှမဟုတ်
    နိုင်ငံကူးလက်မှတ်လို တရားဝင် စာရွက်စာတမ်း
  • 4:07 - 4:09
    ထုတ်ပေးဖို့အတွက်လည်း မွေးစာရင်း လိုပါတယ်။
  • 4:09 - 4:13
    အဲဒါ့အပြင် မဲပေးဖို့၊ SIM ကတ် ဝယ်ဖို့
    ဒါမှမဟုတ် ဘဏ်မှာ ငွေစာရင်းဖွင့်ဖို့
  • 4:13 - 4:16
    နိုင်ငံတိုင်းလိုလိုမှာ တရားဝင် အထောက်အထား
    ပြသဖို့ လိုအပ်ပါတယ်။
  • 4:16 - 4:20
    တကယ်တော့ ဘဏ်ငွေစာရင်း မရှိကြတဲ့
    ကမ္ဘာပေါ်ရှိ လူဦးရေ ၁.၇ ဘီလီယံထဲက
  • 4:20 - 4:23
    ၂၀ ရာခိုင်နှုန်းတို့ဟာ တရားဝင်
    သက်သေခံလက်မှတ် မရှိကြလို့ပါ။
  • 4:23 - 4:27
    ဒီတော့ တစ်ဘီလီယံ အထိရှိကြတဲ့ ဒီလိုလူတွေဟာ
    ဧရာမ ပြဿနာကြီးဖြစ်တာကို နားလည်ဖို့
  • 4:27 - 4:29
    ပါရဂူတစ်ဦးဖြစ်ဖို့ မလိုပါဘူး။
  • 4:29 - 4:31
    ဒါကြောင့်မို့လို့ လက်တွေ့
    အထောက်အထားတွေ ပြသနေကြသလို
  • 4:31 - 4:33
    မွေးဖွားမှုကိုမှတ်ပုံတင်မှု
    တိုးတက်လာရေး ကိစ္စဟာ
  • 4:33 - 4:37
    ဆင်းရဲမှု ပပျောက်ရေး အစီအစဉ်တွေကို
    တိုးတက် ရုပ်လုံးဖေါ်နိုင်မှု၊
  • 4:37 - 4:38
    ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေး၊
  • 4:38 - 4:40
    ပညာရေး၊ စီးပွားရေး
    ဖွံ့ဖြိုးတိုးတက်လာရေးနဲ့
  • 4:40 - 4:43
    စနစ်တကျနဲ့ လုံခြုံစွာ
    ရွှေ့ပြောင်းနေထိုင်မှုတို့နဲ့အတူ
  • 4:43 - 4:46
    ရုပ်လုံးဖေါ်မှုတို့နဲ့ ခွဲခြားမရအောင်
    ဆက်စပ်နေတာ အံ့ဩစရာ မဟုတ်ပါဘူး။
  • 4:46 - 4:51
    ၂၀၁၅ ခုနှစ်တွင်
    ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး
  • 4:51 - 4:54
    လူမျိုးမရွေး၊ လူသားတစ်ရပ်လုံးရဲ့
    လူ့အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့
  • 4:54 - 4:56
    ဆင်းရဲမွဲတေမှု၊ ငတ်ပြတ်မှု ပပျောက်ရေးနဲ့
  • 4:56 - 4:58
    မညီမျှမှုတွေ လျော့နည်းလာဖို့
  • 4:58 - 4:59
    အားထုတ်ကြရာတွင်
  • 4:59 - 5:01
    ဘယ်သူမှ မကျန်ရစ်စေရပါလို့
    ကတိပြုခဲ့ကြတယ်။
  • 5:01 - 5:04
    ထိုသူတွေရဲ့ ဇာတ်မြစ် မူလအစကို
    သူတို့ မသိကြဘူးဆိုရင်
  • 5:04 - 5:06
    ဘယ်သူမှ မကျန်ရစ်ခဲ့တာကို
  • 5:06 - 5:09
    သူတို့ဟာ ဘယ်လိုလုပ် သိရှိနိုင်ကြပါလဲလို့
  • 5:09 - 5:11
    မေးစရာ ရှိနေပါတယ်။
  • 5:11 - 5:14
    ဒီတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး
    နိုင်ငံတွေက ဘာများ လုပ်နိုင်ကြလဲ။
  • 5:14 - 5:17
    နိုင်ငံတိုင်းရဲ့ ဖြစ်စဉ်ဟာ
    တမူဆီ ကွဲပြားလျက် ထူးခြားနေတော့
  • 5:17 - 5:21
    အားလုံးအတွက် ဖြေရှင်းပေးနိုင်မယ့်
    တစ်ခုတည်းသော နည်းလမ်း မရှိနိုင်ပါ။
  • 5:21 - 5:24
    ဘယ်စနစ်ကိုမဆို စွက်ဖက်ဖို့ သက်သေထူပြီးသား
    နည်းငါးနည်း ရှိပါတယ်။
  • 5:25 - 5:27
    နံပါတ်တစ်က အကွာအဝေးကိုလျှော့ချပါ။
  • 5:27 - 5:29
    နှစ်က ကုန်ကျစရိတ်ကို ဖယ်ရှားပစ်ပါ။
  • 5:29 - 5:31
    သုံးက လုပ်ငန်းစဉ် ရိုးရှင်းပါစေ။
  • 5:31 - 5:33
    လေးက ခွဲခြားဆက်ဆံမှုကို ဖယ်ရှားပစ်ပါ။
  • 5:33 - 5:35
    ငါးက တောင်းဆိုချက်ကို မြှင့်တင်ပါ။
  • 5:35 - 5:38
    ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုဟာ
    မြင်မရတဲ့ ပြဿနာ ဖြစ်နေတုန်းပါ၊
  • 5:38 - 5:41
    စာရင်းအင်းအရ ကလေးနဲ့
    မိန်းကလေးကို မှတ်ပုံတင်မှုဟာ
  • 5:41 - 5:43
    ဘယ်လိုမှ ခြားနားချက် မရှိသလိုပါပဲ။
  • 5:43 - 5:46
    ရှိနေတဲ့ ခွဲခြားဆက်ဆံမှု ကလေးနဲ့ မဆိုင်ဘဲ
  • 5:46 - 5:47
    မိခင်နဲ့ သက်ဆိုင်နေပါတယ်။
  • 5:47 - 5:51
    ကလေးတစ်ဦးကို မှတ်ပုံတင်ဖို့ ဖခင်အမည်
    သို့မဟုတ် ကိုယ်တိုင်ရှိနေရန် တောင်းဆိုတဲ့
  • 5:51 - 5:54
    ၃၅ နိုင်ငံများထဲမှာ
    အင်ဂိုလာလည်း ပါဝင်ခဲ့ပါတယ်။
  • 5:54 - 5:58
    အဲဒါကြောင့်လို့လို့ဖခင်ကို မသိဘူး၊
    ဖခင် ဘယ်သူဖြစ်မှန်း
  • 5:58 - 6:00
    ဖေါ်ပြမပေးနိုင်ရင်၊
  • 6:00 - 6:03
    မိခင်တို့ဟာ သူတို့ကိုယ်တိုင်
    မွေးလိုက်တဲ့ ကလေးကိုတောင်
  • 6:03 - 6:05
    မှတ်ပုံတင် မရနိုင်ကြပါ။
  • 6:05 - 6:07
    အဲဒီပြဿနာကို ဖြေရှင်းပေးဖို့
    အင်ဂိုလာနိုင်ငံဟာ
  • 6:08 - 6:12
    မိခင်တို့အား ကလေးကို တစ်ဦးတည်းသော မိဘအဖြစ်
    မှတ်ပုံတင်ခွင့် မူဝါဒကို ချမှတ်ပေးခဲ့ရတယ်။
  • 6:12 - 6:14
    တန်ဇန်းနီးယားမှာ ၂၀၁၂ ခုနှစ်တွင်၊
  • 6:14 - 6:17
    ကလေး ၁၃ ရာခိုင်နှုန်းဆီမှာ
    မွေးစာရင်းရှိခဲ့တယ်။
  • 6:18 - 6:20
    အဲဒါနဲ့ အစိုးရဟာ စနစ်သစ်ကို တီထွင်ခဲ့ရတယ်။
  • 6:21 - 6:26
    သူတို့ဟာ ရှိနှင့်နေကြတဲ့ ရပ်ကွက်ထဲရှိ
    အဆောက်အအုံများနဲ့
  • 6:26 - 6:28
    ကျန်းမာရေး စခန်းလို နေရာမှာ
  • 6:28 - 6:30
    မှတ်ပုံတင်ရေး ဌာနကို ထားပေးခဲ့ကြတယ်။
  • 6:30 - 6:33
    သူတို့ဟာ ဝန်ဆောင်မှုကို လိုအပ်တဲ့
    ပြည်သူ့တို့ အနားကို ယူဆောင်ပေးခဲ့ကြတယ်။
  • 6:33 - 6:35
    သူတို့ဟာ အခမဲ့ လုပ်ပေးခဲ့ကြတယ်။
  • 6:35 - 6:38
    သူတို့ဟာ ဖြစ်စဉ်ကို ရိုးရှင်းစေပြီး
    အလိုအလျောက် စနစ်သုံးခဲ့ကြလို့
  • 6:38 - 6:40
    မွေးစာရင်းကို အဲဒီနေရာမှာတင်
    ထုတ်ပေးနိုင်ခဲ့ပါတယ်။
  • 6:40 - 6:43
    လူတွေ ပိုမိုလာကြဖို့အတွက် သူတို့ဟာ
    ပြည်သူတွေကို ဆော်​ဪခဲ့ကြပြီး
  • 6:43 - 6:46
    မွေးစာရင်းအတွက် လုပ်ငန်းစဉ်အသစ်
    ရှိနေကြောင်းနဲ့
  • 6:46 - 6:49
    သူတို့ရဲ့ ကလေးတွေကို မှတ်ပုံတင်ရန် ဘာလို့
    အရေးကြီးကြောင်း ရှင်းပြခဲ့ကြတယ်။
  • 6:50 - 6:54
    အဲဒီလို စနစ်သစ်ကို ခရိုင်တွေမှာ
    စကျင့်သုံးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာကို
  • 6:54 - 6:57
    ကလေး ၈၃ ရာခိုင်နှုန်းတို့ဟာ
    မွေးစာရင်း ရှိလာကြပြီး
  • 6:57 - 7:01
    သူတို့ဟာ အဲဒီစနစ်ကို တစ်နိုင်ငံလုံးမှာ
    ကျင့်သုံးဖို့ လုပ်ကိုင်နေကြပါတယ်။
  • 7:01 - 7:03
    ဒီတော့ ရှင်တို့ကကော
    ဘာများ လုပ်ပေးနိုင်ကြမလဲ။
  • 7:03 - 7:06
    လူသားတွေဖြစ်ကြလို့ ကျွန်မတို့ အားလုံးဟာ
    စည်းလုံး ညီညွတ်ကြရပါမယ်။
  • 7:06 - 7:10
    ကျွန်မတို့ နေကြတာ ကမ္ဘာရော၊ ရှူကြတဲ့
    လေဟာလည်း တစ်ခုတည်းပါ။
  • 7:10 - 7:14
    ကျွန်မတို့ဟာ မွေးဖို့ကို ဒါမှမဟုတ် မွေးခဲ့
    ရတဲ့ အခြေအနေကို ရွေးခဲ့ကြတာ မဟုတ်တော့၊
  • 7:14 - 7:17
    ကျွန်မတို့ဟာ ဘယ်လို နေထိုင်ကြမလဲ
    ဆိုတာကိုသာ ရွေးနိုင်ကြပါတယ်။
  • 7:17 - 7:20
    အပြောင်းအလဲဆိုတာက
    လူတစ်ယောက် သိရှိနားလည်လာချိန်
  • 7:20 - 7:22
    ဒါမှမဟုတ် စိတ်ထဲကလှုံ့ဆော်ချိန်မှာ
  • 7:22 - 7:24
    ဖြစ်ပေါ်လာနိုင်ပါတယ်။
  • 7:24 - 7:25
    ကျွန်မတို့ အားလုံးလက်တွဲ လုပ်ဆောင်ကြပါက
  • 7:25 - 7:29
    ကျွန်မတို့ဟာ ပြောင်းလဲမှုကို ဖန်တီး
    နိုင်မယ့် မဟာအင်အားကြီး ဖြစ်လာကြမှာပါ။
  • 7:29 - 7:33
    ဘာမှမလုပ်ဘဲ နေမှုရဲ့ တန်ဖိုးအဖြစ်
    အပြစ်မဲ့ကြတဲ့ ကလေးတွေ အကာအကွယ်မဲ့လာကြမယ်၊
  • 7:33 - 7:36
    ကာကွယ်ဆေးမထိုးဖြစ်ကြဘူး၊
    ကျောင်းကို မသွားနိုင်ကြဘူး၊
  • 7:36 - 7:40
    ကြီးပြင်လာကြလို့ လူကြီးဖြစ်လာချိန်မှာ သင့်
    တော်တဲ့ အလုပ်မရနိုင်၊ မဲမပေးနိုင်ကြဘူး၊
  • 7:40 - 7:45
    ဆင်းရဲမွဲတေမှု၊ ပထုတ်ခံရမှု၊ မြင်မရမှု
    ဝဲဂယက်ထဲ နစ်မြုပ်နေကြတယ်ဆိုရင်
  • 7:45 - 7:46
    အဲဒါဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်လာပြီး၊
  • 7:46 - 7:48
    အဲဒီပြဿနာကို အမှောင်ထုထဲမှ ထုတ်ယူပြီး
  • 7:48 - 7:50
    အလင်းထဲကို ခေါ်ထုတ်ပေးကြရပါမယ်။
  • 7:50 - 7:54
    ရှင်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့
    အခွင့်အလမ်းကို နေ့စဉ် ရရှိကြတာ မဟုတ်ပါဘူး၊
  • 7:54 - 7:56
    ဒါပေမဲ့ ဒီနေ့တော့၊
  • 7:56 - 7:57
    အဲဒါ ရှင်တို့ရဲ့ လက်ထဲမှာ ရှိနေတယ်။
  • 7:58 - 7:59
    ကျေးဇူးတင်ပါတယ်။
  • 7:59 - 8:01
    (လက်ခုပ်သံများ)
Title:
မွေးစာရင်း ရှိခြင်းက လူ့ရပိုင်ခွင့် တစ်ခုဖြစ်တာ ဘာကြောင့်လဲ
Speaker:
Kristen Wenz
Description:

ကျုပ်တို့ ကမ္ဘာတဝမ်းမှာ ပြည်သူ တစ်ဘီလီယံ ကျော်၊ အများစု ကလေးတွေ ဖြစ်ကြသူတို့ဆီမှာ မွေးစာရင်းတွေ မရှိကြပါဘူး။ နိုင်ငံတော်တော်များများတွင် မွေးစာရင်း မရှိခြင်းရင် အသက်ရှင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးတို့လို ဝန်ဆောင်မှုတွေကို မရရှိနိုင်တာကို တရားဝင် သက်သေခံလက်မှတ်များဆိုင်ရာ ပါရဂူဖြစ်တဲ့ Kristen Wenz က ဆိုပါတယ်။ အဲဒီပြဿနာဟာ မျက်မှောက်ခေတ်ထဲမှာ အကြီးမားဆုံး လူ့ရပိုင်ခွင့် တစ်ခုကို ချိုးဖောက်မှုဖြစ်တာကို သူမက ဆွေးနွေးထားပြီး လူတိုင်းကို မွေးစာရင်း မှတ်တမ်းတင်ပေးပြီး ကာကွယ်ပေးနိုင်ဖို့အတွက် မဟာဗျူဟာ ငါးချက်ကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:14

Burmese subtitles

Revisions