Burmese subtítols

← စာကို ဖြည်းဖြည်းဖတ်ခြင်းက စာရေးခြင်းအကြောင်း ကျွန်မကို သင်ကြားပေးခဲ့ပုံ။

Obtén el codi d'incrustació
34 llengües

Showing Revision 31 created 09/29/2019 by Myo Aung.

  1. ရှေးရှေးတုန်းက ဘီလူးကြီး
    တစ်ကောင် ရှိခဲ့တယ်၊
  2. အတ္တကြီးတဲ့ ဘီလူးကြီး သူ့ရဲ့အံ့မခန်းဖွယ်
    ဥယျာဉ်ဟာ တစ်ပြည်လုံးမှာ အလှဆုံးပဲတဲ့။
  3. တစ်ညနေခင်း ဒီဘီလူးကြီး အိမ်ပြန်လာတဲ့အခါ
  4. ဥယျာဉ်ထဲမှာ ဒီကလေးတွေအားလုံး
    ကစားနေတာ တွေ့လိုက်ရတော့
  5. သူ ဒေါသထွက်သွားတယ်။
  6. "ငါ့ကိုယ်ပိုင် ဥယျာဉ်ဟာ ငါ့ဥယျာဉ်ပဲ"
  7. လို့ ဘီလူကြီးက ပြောတယ်။
  8. ပြီးတော့ တံတိုင်းအမြင့်ကြီး
    ခတ်လိုက်တယ်။
  9. စာရေးဆရာ Oscar Wilde က "The Selfish Giant"
    ဆိုတဲ့ ဒီဝတ္ထုကို ၁၈၈၈ မှာ ရေးခဲ့တယ်။

  10. နှစ် ၁၀၀ နီးပါး အကြာမှာ ဒီဘီလူးကြီးက
    ကျွန်မရဲ့ Brooklyn ကလေးဘဝဆီ ပြောင်းလာတာ
  11. လုံးဝ ပြန်မသွားတော့ဘူး။
  12. ဘာသာရေးလိုက်စားတဲ့
    မိသားစုက ပျိုးထောင်ကာ
  13. သမ္မာကျမ်းနဲ့ ကိုရန်ကျမ်းဖတ်ပြီး
    ကြီးပြင်းလာခဲ့တာပါ။
  14. စာဖတ်ချိန်တွေဟာ
    ဘာသာရေးနဲ့ အပန်းဖြေရာ နှစ်ခုစလုံးဟာ
  15. ရုပ်မြင်သံကြား ကြည့်ချိန်တွေထက်
    အပုံကြီး ပိုများတယ်။
  16. ကဲ ပေးထားတဲ့ နေ့တိုင်းမှာ
    ကျွန်မတို့ မောင်နှမတွဟာ တိုက်ခန်းရဲ့
  17. တစ်ပိုင်းပိုင်းမှာ ခွေပြီး စာဖတ်နေတာ
    တွေနိုင်ပါတယ်၊
  18. တစ်ခါတစ်လေ မပျော်မရွှင်နဲ့ပေါ့၊
  19. အကြောင်းက New York City ရဲ့ နွေရက်တွေမှာ
    မီးသတ် ရေပိုက်ခေါင်းက ပေါက်ထွက်ပြီး
  20. ကျွန်မတို့ အတော်ကြီး မနာလိုဖြစ်တာက
    သူငယ်ချင်းတွေက ဆင်းသွားပြီး
  21. ပန်းနေတဲ့ရေမှာ ကစားတာကြားရလို့ပါ
  22. သူတို့ရဲ့ပကတိပျော်ရွှင်မှုက ဖွင့်ထားတဲ့
    ကျွန်မတို့ရဲ့ ပြတင်းဆီ ရောက်လာတယ်။
  23. ဒါပေမဲ့ သိလိုက်တာက စာအုပ်တွေထဲကို
    ပိုနက်နက် ဝင်သွားလေလေ၊
  24. ဝါကျတိုင်းမှာ အချိန်ပိုယူရလေလေ၊
  25. ပြင်ပလောကရဲ့ အသံတွေကို
    သိပ်မကြားရလေလေ ဆိုတာပါ။
  26. ဒီလိုနဲ့ စာအုပ်တွေကို အပြေအလွှားဖတ်တဲ့
    မောင်နှမတွေနဲ့ မတူဘဲ
  27. ကျွန်မက ဖြည်းဖြည်းပဲ ဖတ်တယ်။
  28. အင်မတန်ကို ဖြည်းဖြည်းလေးပါ။
  29. ကျွန်မဟာ စာလုံးတွေအောက်မှာ
    ပြေးနေတဲ့ လက်ချောင်းနဲ့ ကလေးပါ၊

  30. ဒီအကျင့် မဖျောက်ခံရတဲ့အထိပေါ့ ၊ကလေးကြီး
    တွေဟာ လက်ချောင်းတွေမသုံးဘူးလို့ပြောတာလေ။
  31. တတိယတန်းမှာ ကျွန်မတို့ကို
    စာရေးခုံမှာ လက်ပိုက်ပြီး ထိုင်ခိုင်းတယ်၊
  32. စာရွက်တွေလှန်ဖို့ပဲ ဖြေခိုင်းပြီဂ
    နောက် ဒီပုံစံမှာ ပြန်နေခိုင်းတာပါ။
  33. ကျွန်မတို့ဆရာမက နှိပ်စက်နေတာ မဟုတ်ဘူး။
  34. ဒါက ၁၉၇၀ နှစ်လွန်တွေဖြစ်ပြီး
  35. သူ့ရည်မှန်းချက်က ကျွန်မတို့ကို အတန်းစာ
    အဆင့်သာ ဖတ်နေဖို့မဟုတ်ဘဲ
  36. ဒါထက် ပိုမြင်တာကိုရောပါ။
  37. ကျွန်မတို့ဟာ အမြဲ အမြန်ဖတ်ဖို့
    တွန်းအားပေးခံနေရတယ်။
  38. ဒါပေမဲ့ တိတ်ဆိတ်တဲ့ ကျွန်မရဲ့တိုက်ခန်း၊
    ဆရာမရဲ့ အကြည့် အပြင်မှာတော့
  39. စာလုံးတွေအောက်မှာ လက်ချောင်းကို
    ပြေးခွင့်ပေးတယ်။
  40. ဒါနဲ့ ဒီအတ္တကြီးတဲ့ ဘီလူးကြီးက
    သူ့ပုံပြင်ကို ထပ်ပြောပြန်ရော၊
  41. သူ့ဥယျာဉ်ထဲကို ခိုးဝင်လာတဲ့ ကလေးတွေကြောင့်
    သစ္စာဖောက်ခံတယ်လို့ခံစားရပုံ၊
  42. သူဆောက်ထားတဲ့ တံတိုင်းက
    ဘယ်လို မြင့်ပြီး
  43. ကလေးတွေကို တားဆီးပေးပုံ၊
  44. ဒါပေမဲ့ မိုးမှောင်တဲ့ ဆောင်းတစ်ခု
    ဥယျာဉ်ပေါ်ကျတော့
  45. ဆက်ပြီး နေနေခဲ့တယ်။
  46. တစ်ခါပြန်ဖတ်တိုင်း အသစ်တစ်ခုခု သိရတယ်၊
  47. ဥယျာဉ်ကနေ မောင်းထုတ်ခံရတဲ့အခါ
    ကလေးတွေကို အတင်းကို ကစားဖြစ်စေတဲ့

  48. လမ်းတွေရဲ့ ကျောက်တုံးမာမာတွေ အကြောင်း၊
  49. တစ်နေ့မှာ ပေါ်လာတဲ့ ကောင်သေးသေးလေး
    တစ်ယောက်ရဲ့ သိမ်မွေ့မှုနဲ့
  50. ဘီးလူကြီး အကြောင်းကိုတောင်ပါ။
  51. ဘာပဲဖြစ်ဖြစ်ဖြစ် သူစကားလုံးတွေဟာ
    ဒေါသူပန်ထနေပါစေ။
  52. စာနာမှုအတွက်၊ နားလည်မှုအတွက်

  53. မေတ္တာရပ်ခံချက်တစ်ခု ဖြစ်ပါစေ၊
  54. "ငါ့ကိုယ်ပိုင် ဥယျာဉ်ဟာ ငါ့ဥယျာဉ်ပဲ။"

  55. နှစ်တွေကြာပြီးနောက်မှာ ဒါကို
    "ဖန်တီးထားတဲ့ အိပ်မက်

  56. (သို့) စိတ်ကူးယဉ် အိပ်မက်လို့ ရည်ညွှန်းသူ
  57. John Gardner လို့ခေါ်တဲ့
  58. စာရေးဆရာတစ်ဦးကို သိရှိခဲ့ပြီး
    ကျွန်မဟာ ဒီစာအုပ်ထဲမှာ ရောက်နေပြီး
  59. ဇာတ်ကောင်တွေနဲ့ စာရေးဆရာက ဖန်တီးခဲ့ပြီး
    ကျွန်မကို ဖိတ်ခေါ်ခဲ့တဲ့ ကမ္ဘာနဲ့
  60. အချိန်ကုန်ဆုံးတာလို့ သိလိုက်ရတယ်။
  61. ကလေးတစ်ယောက်အနေနဲ့ သိခဲ့တာက
    ပုံပြင်တွေဟာ အရသာခံဖို့၊
  62. ပုံပြင်တွေက နှေးစေချင်ပြီး
  63. ဒါတွေ ရေးဖို့ စာရေးသူ တစ်ယောက်ဟာ လတွေ၊
    ဖြစ်နိုင်တာက နှစ်ချီကာအချိန်ကုန်ခဲ့တာပါ။
  64. စာဖတ်သူအနေနဲ့ ကျွန်မအလုပ်က
  65. အထူးသဖြင့် တစ်နေ့မှာ စာရေးဆရာ
    ဖြစ်လာချင်တဲ့ စာဖတ်သူအနေနဲ့က
  66. အဲဒီဇာတ်လမ်းကို တလေးတစားရှိဖို့ပါ။
  67. ကြေးနန်း(သို့) အင်တာနက်(သို့)
    တယ်လီဖုန်းတောင် မရှိခင် အတော်ကြာကြာက

  68. လူတွေဟာ စိတ်ကူးတွေ၊ သတင်းအချက်အလက်တွေ
    အမှတ်တရတွေကို ပုံပြင်ကနေ မျှဝေခဲ့ကြတယ်။
  69. ဒါဟာ ကျွန်မတို့ရဲ့ ဆက်သွယ်မှု နည်းပညာရဲ့
    အစောဆုံး ပုံစံတွေထဲက တစ်ခုပါ။
  70. ဒါက နိုင်းမြစ်အောက်ဘက်က အီဂျစ်တွေ
    မြစ်တစ်လျှောက်မှာ
  71. ရွှေပြောင်းနေတာကို ပို့ပေးတဲ့
    ပိုကောင်းတဲ့ ပုံပြင်ပါ
  72. King Tut ရဲ့ရုပ်ကြွင်းကို
    ၂၁ ရာစုထဲ ယူလာတဲ့
  73. လူသေကို တာရှည်ထိန်းသိမ်းဖို့
    ပိုကောင်းတဲ့ နည်းတစ်ခုရဲ့ ဇာတ်လမ်းပါ။
  74. လွန်ခဲ့တဲ့ နှစ်နှစ်သန်းကျော်က
  75. ပထမဆုံး လူသားတွေ ကျောက်တုံးကနေ
    လက်နက်တွေ စတင်ဖန်တီးတဲ့အခါ တယောက်ယောက်
  76. ပြောခဲ့မှာက
    "ဒါဆိုရင်ရော" လို့ပါ။
  77. ပြီးတော့ အခြားတစ်ယောက်က
    ဇာတ်လမ်းကို မှတ်မိခဲ့တယ်။
  78. သူတို့တွေဟာ စကားလုံးတွေ၊ အမူရာတွေ
    (သို့) ရုပ်ပုံတွေကနေ ပြောတာဖြစ်ဖြစ်
  79. ဒါက လက်ဆင့်ကမ်းခဲ့တာပါ၊
  80. အမှတ်ရစေတာ၊တူတစ်ချောင်းကို
    ထုပြီး ဒီဇာတ်လမ်းကို ကြားစေတာပါ။
  81. ကမ္ဘာကြီးဟာ ပိုဆူညံလာနေတယ်။

  82. အသံချဲ့ပုံးတွေကနေ Walkmen
  83. သယ်လို့ရတဲ့ CD iPods တွေ၊
  84. ကိုယ်လိုချင်တဲ့
  85. သီချင်းတိုင်းထိ ရောက်သွာပါပြီ။
  86. ကလေးဘဝ ရုပ်မြင်သံကြား လေးလိုင်းကနေ
    မရေတွက်နိုင်တဲ့ ကြေးနန်းလိုင်းတွေ၊
  87. အင်တာနက်ကအဆက်မပြတ်
    ထုတ်လွှင့်မှုတွေအထိ ရောက်သွားပါပြီ။
  88. အချိန်နဲ့ နေရာကနေ နည်းပညာဟာ ကျွန်မတို့ကို
    မြန်သထက် ပိုမြန်အောင် ရွေ့ရှားစေတယ်၊
  89. ပုံပြင်ဟာ တွန်းထုတ်ခံနေရသလို ထင်ရတယ်။
  90. ဆိုလိုတာက တကယ်တော့ ဇာတ်လမ်းကနေ
    တွန်းထုတ်ခံရတာပါ။
  91. ဒါပေမဲ့ ပုံပြင်တွေနဲ့ ကျွန်မတို့ပတ်သက်မှု
    ပြောင်းတာ(သို့) အနားက အဆောင်အယောင်
  92. စာအုပ်ကနေ အသံ၊ Instagram Snapchat အထိ
    သိမ်မွေ့စွာ ပြောင်းသွားတာတောင်မှ
  93. စာလုံးတွေအောက်က
    လက်ချောင်းတွေကို အမှတ်ရရမှာပါ။
  94. ပုံစံက ဘာပဲဖြစ်ဖြစ် ပုံပြင်ဟာ
    အမြဲတမ်းပဲ ကျွန်မတို့
  95. သွားမယ်လို့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့
    နေရာတွေကို ခေါ်ဆောင်သွားတာ၊
  96. ဆုံမယ်လို့ တစ်ခါမှ မတွေးဖူးတဲ့
    လူတွေနဲ့မိတ်ဆက်ပေးတာ၊
  97. ကျွန်မတို့ လွဲခဲ့လောက်မယ့် ကမ္ဘာတွေကို
    ပြသလိမ့်မယ်ဆိုတာ သတိရပါ။
  98. ဒီတော့ နည်းပညာက ဆက်လက်
    ပိုမြန်မြန် ရွေ့နေသလို
  99. ပိုနှေးကွေးတာတစ်ခုနဲ့ ကျွန်မ အဆင်ပြေနေတယ်။
  100. စာလုံးတွေအောက်က ကျွန်မမရဲ့လက်ချောင်းဟာ
    အရွယ်စုံလူတွေအတွက် စာအုပ်တွေရေးတဲ့
  101. ဘဝတစ်ခုကို ဦးတည်စေခဲ့ပါတယ်။
  102. စာအုပ်တွေဆိုတာက ဖြည်းဖြည်း ဖတ်ဖို့၊
  103. အရသာခံဖို့ပဲလေ။
  104. ကမ္ဘာကို နက်ရှိုင်းစွာ၊ နီးကပ်စွာ
    ကြည့်တဲ့ ကျွန်မရဲ့အချစ်ပါ၊

  105. ကျွန်မအတ္တတစ်ခုလုံးကို ဒီအထဲမှာ
    ထားခြင်း အတွက်ပါ၊ ဒီလိုလုပ်ခြင်းက
  106. ဇာတ်လမ်းတစ်ပုဒ်ရဲ့ များစွာသော
    ဖြစ်နိုင်ခြေတွေကို မြင်ခြင်းက
  107. လက်ဆောင်တစ်ခု ဖြစ်သွားခဲ့တယ်။
  108. အကြောင်းက ကျွန်မရဲ့ချိုမြတဲ့
    အချိန်ယူခြင်းက
  109. စာရေးတာနဲ့ပတ်သက်တဲ့ ကျွန်မသိဖို့လိုတာ
    မှန်သမျှကိုသင်ပေးတယ်။
  110. စာရေးခြင်းက လူတွေကို မြင်နိုင်၊
    ကြားနိုင်တဲ့၊ သူတို့ရဲ့အတွေ့အကြုံတွေကို
  111. တရားဝင်ဖြစ်စေတဲ့
  112. ကမ္ဘာတွေ ဖန်တီးခြင်းအကြောင်း
    သိဖို့လိုတာ မှန်သမျှကို သင်ပေးခဲ့တယ်။
  113. ကျွန်မရဲ့ပုံပြင်ကို အခြားလူတစ်ယောက်က
    ဖတ်တဲ့၊ ကြားတဲ့aနရာပါး
  114. သူတို့တွေဆီမှာ စေ့ဆော်ပေးတဲ့ တစ်ခုခု
    ကျွန်မတို့ကြား ဆက်သွယ်ပေးတဲ့
  115. စကားဝိုင်းတစ်ခုပါ။
  116. ဒါတွေချည်းပဲမဟုတ်ပါဘူး၊
  117. အဆုံးမှာတော့ ဒီကမ္ဘာထဲမှာ အထီးမကျန်ဖို့
    နည်းတစ်ခု ရှာတာ၊ ကျွန်မတို့ ထွက်မသွားခင်
  118. ဒီကမ္ဘာကို ပြောင်းလဲလိုက်သလို ခံစားမိဖို့
    နည်းလမ်းတစ်ခု ရှာနေတာပဲမဟုတ်ဘူးလား။
  119. ကျောက်တုံးကနေ တူး၊
    လူသားကနေ မမ်မီ၊
  120. စိတ်ကူးကနေ ပုံပြင်၊
    ဒါအားလုံးကို မှတ်မိတာပါ။
  121. တစ်ခါတစ်လေမှာ အနာဂတ်ကို
    နားလည်ဖို့ ကျွန်မတို့ စာဖတ်ကြတယ်၊

  122. တစ်ခါတစ်လေကျတော့ အတိတ်ကို
    နားလည်ဖို့ စာဖတ်ကြတယ်။
  123. ကျွန်မတို့ ရှင်သန်နေတဲ့ ခက်ခဲတဲ့ အချိန်တွေ
    ကို ဖျောက်ဖို့၊ မေ့ပစ်ဖို့ စာဖတ်ကြတယ်။
  124. ကျွန်မတို့ အရင်က လာခဲ့သူတွေ၊
    ပိုခက်ခဲတာတစ်ခုခုကို ဖြတ်ကျော်
  125. ရှင်သန်ခဲ့သူတွေကို
    အမှတ်ရဖို့ စာဖတ်တယ်။
  126. ဒီအကြောင်းရင်းတွေအတွက်
    ကျွန်မ စာရေးတယ်။
  127. Brooklyn ကို မလာခင် ကျွန်မရဲ့မိသားစုဟာ
    South Carolina က Greenville မှာနေခဲ့တယ်။

  128. Nicholtown လို့ခေါ်တဲ့ ခွဲခြားခံရတဲ့
    ဝန်းကျင်တစ်ခုပါ။
  129. ကျွန်မတို့အားလုံးဟာ စာဖတ်၊စာရေး
    သင်ယူခွင့်မရှိခဲ့တဲ့
  130. လူမျိုးတစ်စုရဲ့သားစဉ်မြေးဆက်တွေပါ။
  131. ဒါကို စိတ်ကူးကြည့်ပါ၊
  132. အက္ခရာတွေက စကားလုံးတွေ
    ဖွဲ့ပုံကို နားလည်ခြင်းရဲ့ စိုးရိမ်စရာ၊
  133. စကားလုံးတွေ ကိုယ်၌ရဲ့ စိုးရိမ်စရာ၊
  134. စာတတ်တဲ့ လူတွေနဲ့ သူတို့ရဲ့ပုံပြင်တွေရဲ
    စိုးရိမ်စရာပေါ့။
  135. ဒါပေမဲ့ ဇာတ်လမ်းတစ်ခု ဆုပ်ကိုင်တာရဲ့
    မရဏနဲ့ ခြိမ်းခြောက်ခံနေရတဲ့
  136. ဒီနောက်ခံဖြစ်ရပ်နဲ့ ဆန့်ကျင်ပြီး

  137. ကျွန်မတို့ ပုံပြင်တွေ သေမသွားခဲ့ဘူး၊
  138. အကြောင်းက ဒီတစ်ခုရဲ့အောက်မှာ
    နောက်ထပ် ပုံပြင်ရှိသေးလို့ပါ။
  139. ဒါက အမြဲတမ်း အလုပ်ဖြစ်ခဲ့ပုံပါ။
  140. အကြောင်းက ကျွန်မတို့ ဆက်သွယ်နေသရွေ့
  141. ဇာတ်လမ်းကို အလွှာထပ်တာရှိတယ်၊
  142. ပုံပြင်တွေအောက်က ပုံပြင်တွေ၊
    တစ်ခုပေါ် တစ်ခုထပ်နေတာမို့ပါ။
  143. ဒါက ပုံပြင်တွေ ရှင်ကျန်ခဲ့၊ ဆက်လက်
    ရှင်ကျန်နေမယ့်ပုံပါ။
  144. ကျွန်မ အရေး သင်ယူပုံနဲ အဖတ်သင်ယူပုံကို
    ဆက်သွယ်ပေးတဲ့ အစက်တွေကို

  145. လုံးဝနီးပါး နှုတ်ဆိတ်ခံရတဲ့
  146. လူမျိုးတစ်စုနဲ့ စတင် ဆက်သွယ်ခိုက်မှာ
  147. ကျွန်မရဲ့ ပုံပြင်ဟာ ကျွန်မဖြစ်ခဲ့ဖူးမှာထက်
    ပိုကြီးမား၊ ပို ရှေးကျပြီး
  148. ပိုနက်ရှိုင်းတာ သိရှိခဲ့တယ်။
  149. ဒါကြောင့်ပဲဒါဟာ ဆက်နေပါလိမ့်မယ်။
  150. ဒီလုံးဝနီးပါး နှုတ်ဆိတ်ခံရတဲ့ လူတွေကြားမှာ

  151. တစ်ခါမှာ စာဖတ်တာ မသင်ဘူးတဲ့ လူတွေရှိတယ်။
  152. သူတို့ရဲ့ သားစဉ်မျိုးဆက်ဟာ
    ကျွန်ပြုခြင်းက လွတ်တဲ့ အခု မျိုးဆက်တွေဟာ
  153. အတန်အသင့် ချမ်းသာရင်တော့
  154. ကောလိပ်၊ ဘွဲ့လွန်သင်တန်းနဲ့ ဒီထက်
    လွန်တာကို တက်ခဲ့ကြတာပေါ့။
  155. တချို့က အဖွားနဲ့ ကျွန်မရဲ့ မောင်နှမတွေလို
    စာဖတ်ရင်း မွေးလာပုံရတဲ့သူတွေပါ၊
  156. သမိုင်းက သူ့တို့ရဲ့လမ်းကနေ သွေဖည်
    သွားတာမျိုးပေါ့။
  157. တချို့က ကျွန်မရဲ့ အမေလို Great Migration
    ကားကို ကားကြုံစီးခဲ့တာပေါ့။
  158. တကယ်တော့ ကားတစ်စီး မဟုတ်ခဲ့ပါဘူး။
  159. ပြီးတော့ South ကို အပြီး နှုတ်ဆက်ခဲ့တယ်။
  160. ဒါပေမဲ့ ဒီဟာက ပုံပြင်ထဲက ပုံပြင်ပါ။

  161. ထွက်သွားခဲ့တဲ့ လူတွေနဲ့
    ဇာတ်လမ်းတစ်ပုဒ်ရဲ့သမိုင်းကို
  162. သူတို့နဲ့အတူ ဆက်လက် သယ်ဆောင်ခဲ့သူတွေဟာ
  163. ဒါကို ရေးချတာဟာသူတို့ ဆုပ်ကိုင်နိုင်ရုံ
    မဟုတ်ဘူးဆိုတာ အလေးအနက်သိခဲ့တယ်၊
  164. နေ့တာရှည်ကြီး အဆုံးမှာ ဆင်ဝင်တွေမှာ
    ထိုင်တာ (သို့) ကိုယ်တွေ ကိုင်းနေပြီး
  165. ကလေးတွအတွက် ပုံပြင် အနှေးတစ်ပုဒ်
    ဖွဲနိုင်တာ သိခဲ့တယ်။
  166. ဝါကောက်ခြင်း၊ ဆေးရွက်ကြီးခူးခြင်းရဲ
    အပူထူထူကနေ သူတို့ရဲ့ ပုံပြင်တွေကို
  167. ဆိုပြနိုင်တာ သိခဲ့တယ်၊
  168. သူတို့ရဲ့ ပုံပြင်တွေကို ဟောပြော၊ ဒါတွေကို
    အိပ်ရာလွှမ်းအဖြစ် ချုပ်ပြီး
  169. အနာကျင်ဆုံး အရာတွေကို ရယ်မောစရာ
    တစ်ခုအဖြစ် ပြောင်းကာ
  170. ဒီရယ်မောစရာကနေ
    သူတို့ ခန္ဓာကိုယ်တေွ၊စိတ်ဓာတ်နဲ့
  171. သူတို့ရဲ့ ပုံပြင်ကို ခိုးယူဖို့
  172. ထပ်ကာထပ်ကာ ကြိုးစားခဲ့တဲ့
  173. သမိုင်း၊ နိုင်ငံတစ်ခုကို
  174. ရှူထုတ်နိုင်တာ သိခဲ့တယ်။
  175. ဒီတော့ ကလေးတစ်ယောက်အနေနဲ့
    စကားလုံး တစ်လုံးချင်း၊ စာတစ်ကြောင်းချင်း

  176. မသိမှုကနေ နားလည်မှုအထိ
    ကျွန်မကို ခေါ်သွားတဲ့
  177. မမြင်ရတဲ့ လက်ချောင်းတစ်ချောင်းကို
  178. မြင်ယောင်ဖို့ သိလာခဲ့တယ်။
  179. ဒီတော့ နည်းပညာက ရှေ့ကိုတိုးပြီး
    ဆက်အရှိန်မြင့်သလို

  180. ကျွန်မဟာ ဖြည်းဖြည်းလေး ဆက်ဖတ်တယ်၊
  181. စာရေးဆရာရဲ့ လက်ရာနဲ့ ပုံပြင်ရဲ့
    ရေရှည်ခံတဲ့ အစွမ်းကို
  182. လေးစားနေတာကို သိရင်းနဲ့ပါ။
  183. ဆူညံသံကို ဖုံးလွှမ်းပြီး
    ကျွန်မရှေ့မှာ ရောက်လာသူတွေကို
  184. မှတ်မိဖို့ ဖြေးဖြေးလေး ကျွန်မဖတ်တယ်။

  185. ဒီလူတွေက နောက်ဆုံးမှာ မီးကို
    ထိန်းချုပ်ကာ သူတို့ရဲ့မီးလျံ၊ အလင်းနဲ့အပူ
  186. စွမ်းအားသစ်ကို လည်ပတ်ဖို့
  187. ပထမဆုံး သိရှိသူတွေဖြစ်လောက်တယ်။
  188. အတ္တကြီးတဲ့ ဘီလူးကြီးနဲ့ နောက်ဆုံးမှာ
    သူ့တံတိုင်းတွေကို ဖြိုချပြီး
  189. သူ့ဥယျာဉ်ထဲမှာ ကလေးတွေ လွတ်လပ်စွာ
  190. ပြေးဆော့စေပုံကို မှတ်မိဖို့
    ဖြေးဖြေးလေး ဖတ်တယ်။
  191. စာဖတ်ခွင့် လုံးဝ မရှိခဲ့ကြတဲ့ ကျွန်မရဲ့
    ဘိုးဘွားတွေကို ဂါရဝပြုဖို့
  192. ဖြည်းဖြည်းလေး ဖတ်တယ်။
  193. သူတို့တွေလည်း မီးကို လည်ပတ်ခဲ့ကြမှာပဲ၊
  194. သူတို့ရဲ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊
  195. အနာဂတ်တွေကို တိုးတိုးလေးပြောရင်းပေါ့။
  196. ပုံပြင်တစ်ပုဒ်ကို ရေးတိုင်း၊
    ဖတ်တိုင်း၊ ပြောတိုင်း
  197. သူတို့ရဲ့စက်ဝိုင်းထဲ ကျွန်မတို့လှမ်းဝင်တယ်
  198. ဒါက မကျိုးမပျက် ရှိနေတယ်။
  199. ဒါနဲ့ ပုံပြင်ရဲ့စွမ်းအားဟာ
    ဆက်ရှင်သန်နေတယ်။
  200. ကျေးဇူးတင်ပါတယ်။

  201. (လက်ခုပ်သံများ)