Return to Video

ဆေးခြောက်ဟာ သင့်ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေသလား။ Anees Bahji

  • 0:06 - 0:13
    ၁၉၇၀ ခုနှစ်မှာ ဆေးခြောက်ကို အမေရိက
    မှာအစီအစဉ် ၁ ဆေးဝါးအဖြစ် သတ်မှတ်ခဲ့တယ်။
  • 0:13 - 0:16
    ဖြစ်နိုင်သမျှ အတင်းကျပ်ဆုံး သတ်မှတ်ချက်ပါ။
  • 0:16 - 0:21
    ဒါက လုံးဝ တရားမဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ
    အသုံးပြုမှုတွေအတွက် အသိအမှတ်မပြုခဲ့တာပါ။
  • 0:21 - 0:24
    ဆယ်စုနှစ်တွေချီကာ ဒီအမြင်ဟာ
    ဆေးဝါး လုပ်ထုံးလုပ်နည်းတွေနဲ့
  • 0:24 - 0:29
    သက်ရောက်မှုတွေအကြောင်း
    သုတေသနကို ပေပြီး တုံ့ဆိုင်းနေခဲ့တယ်။
  • 0:29 - 0:33
    ယနေ့ ဆေးခြောက်ရဲ့ကုပေးနိုင်တဲ့ ကောင်းကျိုး
    တွေကို ကျယ်ပြန့်စွာ အသိအမှတ်ပြုပြီး
  • 0:33 - 0:38
    တစ်ချို့နိုင်ငံတွေက ဆေးဘက် အသုံးပြုမှုကို
    တရားဝင်ဖြစ်စေပြီး အဲဒီဘက်ကို ရွေ့နေကြတယ်။
  • 0:38 - 0:44
    ဒါပေမဲ့ ဆေးခြောက် ဆေးဘက် အသုံးပြုမှုအတွက်
    တိုးလာတဲ့ အသိအမှတ်ပြုမှုက ဒါကို မဖြေဘူး။
  • 0:44 - 0:49
    အပန်းဖြေစရာ ဆေးခြောက် သုံးစွဲမှုဟာ
    သင့်ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေသလား။
  • 0:49 - 0:53
    ဆေးခြောက်ဟာ ဦးနှောက်နဲ့
    ခန္ဓာတစ်ခုလုံးမှာ တုန့်ပြန်မှုတွေရှိတဲ့
  • 0:53 - 0:56
    ခန္ဓာကိုယ်ရဲ့ ကန်နာဘီနွိုက်
    စနစ်ကို သက်ရောက်စေတယ်။
  • 0:56 - 1:01
    အင်ဒိုကန်နာဘီနွိုက်လို့ခေါ်တဲ့
    ခန္ဓာကိုယ်မှ ထွက်တဲ့ မော်လီကျူးတွေကလည်း
  • 1:01 - 1:04
    ဒီတုံ့ပြန်မှုတွေကို သက်ရောက်စေတယ်။
  • 1:04 - 1:07
    ကန်နာဘီနွိုက် စနစ်ကို
    လုံးဝ နားမလည်ပေမဲ့
  • 1:07 - 1:12
    ၎င်းရဲ့လုပ်ဆောင်မှုကို သဲလွန်စကြီးတစ်ခု
    ပံ့ပိုးပေးတဲ့ အင်္ဂါရပ်တစ်ခုရှိတယ်။
  • 1:12 - 1:16
    နူရိုထရန်မစ်တာ အများစုဟာ သတင်းစကားတစ်ခု
    ပွားဖို့နာဗ်ကြောဆက်ကနေ နူရွန်းတစ်ခုကနေ
  • 1:16 - 1:19
    နောက်တစ်ခုကို သွားတယ်။
  • 1:19 - 1:23
    ဒါပေမဲ့ အင်ဒိုကန်နာဘီနွိုက်တွေကတော့
    ဆန့်ကျင်ဘက်ကို သွားတယ်။
  • 1:23 - 1:27
    သတင်းစကားတစ်ခု နူရွန်းတစ်ခုကနေ
    နောက်တစ်ခု ဖြတ်သွားတဲ့အခါ
  • 1:27 - 1:31
    လက်ခံတဲ့ နူရွန်းက အင်ဒိုကန်နာဘီနွိုက်တွေ
    ထုတ်လွှတ်တယ်။
  • 1:31 - 1:36
    အင်ဒိုကန်နာဘီနွိုက်တွေဟာ ပို့ပေးတဲ့
    နူရွန်းကို ဩဇာလွှမ်းဖို့ နောက်ပြန်သွားတယ်၊
  • 1:36 - 1:40
    အခြေခံအားဖြင့် လက်ခံတဲ့ နူရွန်းဆီက
    တုံ့ပြန်မှုကို ပေးခြင်းပါ။
  • 1:40 - 1:44
    ဒါက အင်ဒိုကန်နာဘီနွိုက် စနစ်ဟာ
    တစ်ချို့ကို အားမြင့်၊ အခြားဟာတွေကို
  • 1:44 - 1:48
    ဆုတ်ယုတ်စေရင်း အခြား အချက်ပြမှု
    အမျိုးအစားတွေကို အဓိက ဖြည့်ဆည်းပေးတယ်လို့
  • 1:48 - 1:52
    သိပ္ပံပညာရှင်တွေကို ယုံကြည်စေတယ်။
  • 1:52 - 1:57
    အင်ဒိုကန်နာဘီနွိုက်တွေဆီက တုံ့ပြန်မှုဟာ
    နာ့ဗ် အချက်ပြမှုကို အရှိန်လျှော့တယ်။
  • 1:57 - 2:02
    ဒါပေမဲ့ ဒါက အပြုအမူ(သို့) အသိအမြင်ကို
    အရှိန်လျှောတာလို့ သေချာပေါက် မဆိုလိုဘူး။
  • 2:02 - 2:06
    ဥပမာ အနံ့တွေကို ပိုပြင်းအောင်
    လုပ်နိုင်တဲ့ အနံ့ကို ဟန့်တားတဲ့
  • 2:06 - 2:10
    အချက်ပြမှုတစ်ခုကို
    အရှိန်လျှော့ခြင်းပါ။
  • 2:10 - 2:13
    ဆေးခြောက်မှာ အဓိက နိုးကြွစေတဲ့
    ဒြပ်ပေါင်းနှစ်ခု ပါဝင်တယ်။
  • 2:13 - 2:22
    တက်ထရာဟိုက်ဒြိုကန်နာဘီနို THC နဲ့
    ကန်နာဘီဒီအို CBD ပါ။
  • 2:22 - 2:28
    THC ဟာ အပြုအမူ၊သိမှတ်မှုနဲ့ အသိအမြင်အပေါ်
    ဆေးခြောက်ရဲ့ စိတ်ကိုထိခိုက်စေတဲ့
  • 2:28 - 2:30
    သက်ရောက်မှုတွအတွက် အဓိက တရားခံလို့
    ယူဆကြပေမဲ့
  • 2:30 - 2:35
    CBD ကတော့ စိတ်ကို မထိခိုက်စေတဲ့
    သက်ရောက်မှုတွေအတွက် တရားခံပါ။
  • 2:35 - 2:38
    အင်ဒိုကန်နာဘီနွိုက်တွေလိုပဲ
  • 2:38 - 2:43
    THC ဟာ ကန်နာဘီနွိုက် တုံ့ပြန်မှုတွေကို
    ပေါင်းရင်း အချက်ပြမှုကို အရှိန်လျှော့တယ်။
  • 2:43 - 2:48
    ဒါပေမဲ့ ဒီပြန့်နေတဲ့ စနစ်တစ်ခုလုံးမှာ
    တုံ့ပြန်မှုတွေကို ချက်ချင်း ပေါင်းတာပါ။
  • 2:48 - 2:52
    အင်ဒိုကန်နာဘီနွိုက်တွေကိုတော့
    သီးခြား နှိုးဆွမှုတစ်ခုကို တုံ့ပြန်ရာမှာ
  • 2:52 - 2:55
    သီးခြားနေရာတစ်ခုမှာ ထုတ်လွှတ်ပေးတယ်။
  • 2:55 - 3:00
    ဒီကျယ်ပြန့်တဲ့ လုပ်ဆောင်မှုက ကန်နဘီနွိုက်
    စနစ်ဟာ အခြား စနစ်များစွာကို
  • 3:00 - 3:02
    သွယ်ဝိုက် ထိခိုက်တယ်ဆိုတဲ့ အချက်နဲ့
    ဆက်စပ်နေတယ်ဆိုတာက
  • 3:02 - 3:06
    တစ်ဦးချင်းရဲ့ ထူးခြားတဲ့ ဦးနှောက် ဓာတုဗေဒ၊
    မျိုးရိုးဗီဇ အရင် ဘဝ အတွေ့အကြုံက
  • 3:06 - 3:12
    ဆေးဝါးကို သူတို့ တွေ့ကြုံခံစားပုံကို
    အဓိက ဆုံးဖြတ်ပေးတယ်လို့ ဆိုလိုတာပါ။
  • 3:12 - 3:16
    သက်ရောက်မှုတွေကို တစ်ခု(သို့)
    သီးသန့် လမ်းကြောင်း အနည်းငယ်နေ
  • 3:16 - 3:21
    ထုတ်ပေးတဲ့ အခြားဆေးဝါးတွေနဲ့စာရင်
    ဆေးခြောက်က အများကြီးပိုတာ မှန်ပါတယ်။
  • 3:21 - 3:26
    ဒီတော့ ဘေးဖြစ်စေတဲ့ သက်ရောက်မှုတွေရှိရင်
    တစ်ယောက်နဲ့တစ်ယောက်အတော် ကွားခြားပါတယ်။
  • 3:26 - 3:29
    ဆေးခြောက်က တိကျတဲ့ ဘေးဖြစ်စေတဲ့
    သက်ရောက်မှုတွေ
  • 3:29 - 3:31
    ထုတ်လုပ်ပုံကို အတိအကျ မသိပေမဲ့
  • 3:31 - 3:35
    ဒါတွေကို လူတွေ တွေ့ကြုံနိုင်ခြေကို
    တိုးမြှင့်နိုင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့
  • 3:35 - 3:37
    ဘေးဖြစ်စေတဲ့ အကြောင်းတွေရှိတယ်။
  • 3:37 - 3:40
    အရှင်းလင်းဆုံး ဘေးဖြစ်စေတဲ့ အကြောင်းရင်းက
    အသက်ပါ။
  • 3:40 - 3:45
    ၂၅ နှစ်ထက်ငယ်တဲ့ လူတွေမှာ ကန်နာဘီနွိုက်
    တုံ့ပြန်မှုတွေဟာ ၂၅ နှစ်ကျော်တွေထက်
  • 3:45 - 3:49
    အဖြူရောင် ဒြပ်ထဲမှာ ပိုရှိတယ်။
  • 3:49 - 3:52
    အဖြူရောင် ဒြပ်က ဆက်သွယ်ရေး၊ သင်ယူရေး၊
  • 3:52 - 3:55
    မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုတွေနဲ့ ပတ်သက်တယ်။
  • 3:55 - 3:59
    မကြာခဏ ဆေး သုံးစွဲမှုက အဖြူရောင် ဒြပ်
    လမ်းကြောင်းတွေ ဖွံ့ဖြိုးတာကိုနှောင့်ယှက်ကာ
  • 3:59 - 4:03
    ဦးနှောက်ရဲ့ ဆက်သွယ်မှုအသစ်တွေ
    တိုးပွားနိုင်စွမ်းကိုပါ သက်ရောက်နိုင်တယ်။
  • 4:03 - 4:08
    ဒါက ရေရှည် သင်ယူနိုင်စွမ်းနဲ့ ပြဿနာ
    ဖြေရှင်းမှုကို ထိခိုက်စေနိုင်တယ်။
  • 4:08 - 4:13
    လောလောဆယ် ဒီပျက်စီးမှုက ဘယ်လို
    ပြင်းထန်တယ်၊ ပြန်ပြောင်းရ၊မရ မရှင်းဘူး။
  • 4:13 - 4:18
    လူငယ်တွေကြားမှာတောင် ပိုငယ်ရွယ်တဲ့
    လူတစ်ယောက်မှာ ဘေးဖြစ်တာ ပိုမြင့်တယ်။
  • 4:18 - 4:23
    ဥပမာ ၂၂ သား ထက် ၁၅ နှစ်သားက
    အများကြီး ပိုမြင့်တယ်။
  • 4:23 - 4:27
    ဆေးခြောက်ဟာ စိတ်ချောက်ချားမှု (သို့)
    သံသယလွန်ကဲမှုကိုလည်းဖြစ်စေနိုင်တယ်။
  • 4:27 - 4:30
    စိတ်ဝေဒနာဖြစ်စေတဲ့ ဆေးခြောက်လို့
    သိကြတဲ့ ဒီလက္ခဏာတွေဟာ
  • 4:30 - 4:34
    ဆေးခြောက်သုံးတာ
    ရပ်လိုက်တဲ့အခါ လျော့ကျသွားတယ်။
  • 4:34 - 4:37
    ဒါပေမဲ့ ရှားပါးတဲ့ အဖြစ်တွေမှာတော့
    စိတ်ဖိစီးမှု လျော့မသွားဘဲ
  • 4:37 - 4:42
    ဒီအစား ကျန်ရှိနေတဲ့ စိတ်ဖိစီးမှု
    ရောဂါတွေကို ဖော်ထုတ်နေတယ်။
  • 4:42 - 4:46
    စိတ်ဝေဒနာ ရောဂါတွေရဲ့မိသားစု သမိုင်းတစ်ခုက
    စိတ်ကစဉ့်ကလျားရောဂါလို အရှင်းလင်းဆုံးပေမဲ့
  • 4:46 - 4:49
    ဒါတင်မဟုတ်ပဲ ဒီသက်ရောက်မှုရဲ့
    ဘေးဖြစ်တဲ့ အကြောင်းရင်းပါ။
  • 4:49 - 4:54
    စိတ်ဖိစီးစေတဲ့ ရောဂါတွေဟာ ဒီအသက်ပိုင်းမှာ
    ဘယ်နည်းနဲ့ဖြစ်ဖြစ် အမြဲလို အပေါ်ယံဆိုတာကို
  • 4:54 - 4:56
    မှတ်သားထိုက်ပေမဲ့
    စိတ်ဝေဒနာဖြစ်စေတဲ့ ဆေးခြောက်ဟာ
  • 4:56 - 4:59
    လူလတ်ပိုင်းတွေမှာလည်း အတွေ့ပိုများပါတယ်။
  • 4:59 - 5:03
    ဒီအဖြစ်တွေမှာ မရှင်းလင်းတာက
    စိတ်ဝေဒနာ ဖိစီးတဲ့ ရောဂါက
  • 5:03 - 5:05
    ဆေးခြောက် သုံးစွဲမှုမရှိဘဲ ပေါ်လာလား၊
  • 5:05 - 5:08
    ဆေးခြောက်သုံးစွဲမှုက ဒါကို စောစီးစွာ
    အစပျိုးတာ ရှိ၊မရှိ
  • 5:08 - 5:12
    တစ်နည်းအားဖြင့် ကျော်ဖြတ်ခဲ့မှာမဟုတ်တဲ့
    အပြောင်းအလဲ အမှတ်တစ်ခုအတွက်
  • 5:12 - 5:16
    အထောက်အကူလား (သို့) ဆေးခြောက်ကို
    တုံ့ပြန်မှုက ငုပ်နေတဲ့ ရောဂါတစ်ခုရဲ့
  • 5:16 - 5:18
    လက္ခဏာတစ်ခု
    သက်သက်လားဆိုတာပါ။
  • 5:18 - 5:23
    ဖြစ်နိုင်ခြေအားလုံးထဲမှာ ဆေးခြောက်ရဲ့
    ကဏ္ဍက တစ်ဦးနဲ့တစ်ဦး ကွဲပြားတယ်။
  • 5:23 - 5:26
    အခြားဆေးဝါးများစွာလိုပဲ အရွယ်တိုင်းမှာ
  • 5:26 - 5:31
    ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ အကြိမ်ကြိမ်
    သုံးပြီးနောက်မှာ တုံပြန်နိုင်မှုနည်းလာတယ်။
  • 5:31 - 5:35
    ဆိုလိုတာက အလားတူ သက်ရောက်မှု
    ရရှိဖို့အတွက် ပိုလိုတာပါ။
  • 5:35 - 5:38
    ကံကောင်းချင်တော့ အခြားဆေးဝါးတွေနဲ့ မတူတာက
  • 5:38 - 5:41
    ဆေးခြောက်ကနေ သေလောက်တဲ့ အသုံးလွန်မှုရဲ့
    ဘေးဆိုးမရှိတာပါ။
  • 5:41 - 5:44
    အလွန်အကျွံ သုံးတာတောင်
    ရပ်လိုက်ရင် အားအင်ကုန်ခမ်းတာ
  • 5:44 - 5:48
    (သို့) အသက်ကို ခြိမ်းခြောက်တဲ့
    လက္ခဏာတွေ မဖြစ်စေပါ။
  • 5:48 - 5:52
    ဒါပေမဲ့ အိပ်မရတာတွေ၊ ကသိကအောက်ဖြစ်တာနဲ့
    စိတ်ဓာတ်ကျတဲ့ အနေအထားအပါအဝင်
  • 5:52 - 5:57
    ဆေးခြောက်ဖြတ်ခြင်းရဲ့
    သိမ်မွေ့တဲ့ ပုံစံတချို့ရှိပါတယ်။
  • 5:57 - 6:01
    ဒါက သုံးစွဲတာ ရပ်ပြီး သီတင်းပတ်
    အနည်းငယ်အတွင်း ပြယ်ပါတယ်။
  • 6:01 - 6:03
    ဒီတော့ ဆေးခြောက်က သင့်ဦးနှောက်ကို
    ဆိုးကျိုးဖြစ်စေသလား။
  • 6:03 - 6:05
    သင်ဘယ်သူဆိုတာအပေါ်မှာ မူတည်ပါတယ်။
  • 6:05 - 6:11
    ဒါပေမဲ့ တချို့ဘေးဖြစ်တဲ့ အကြောင်းတွေရှာတာ
    လွယ်တယ်၊ အခြားဟာတွေ သိပ်နားမလည်ဘူး။
  • 6:11 - 6:16
    ဆိုလိုတာက မကောင်းတဲ့ သက်ရောက်မှုတွေ
    ခံစားရဖို့ ဖြစ်နိုင်ခြေ ရှိနေသေးတယ်။
  • 6:16 - 6:20
    သိပြီးသား ဘေးဖြစ်စေတဲ့ အကြောင်းရင်း
    တစ်ခုခု မရှိတာတောင်ပါ။
Title:
ဆေးခြောက်ဟာ သင့်ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေသလား။ Anees Bahji
Speaker:
Anees Bahji
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/is-marijuana-bad-for-your-brain-anees-bahji တွင် ကြည့်ပါ။
၁၉၇၀ ခုနှစ်မှာ ဆေးခြောက်ကို အမေရိကန် ပြည်ထောင်စုမှာ အစီအစဉ် ၁ ဆေးဝါးအဖြစ် အမျိုးအစား သတ်မှတ်ခဲ့တယ်။ ဖြစ်နိုင်သမျှ အတင်းကျပ်ဆုံး သတ်မှတ်ချက်ပါ။ ဆိုလိုတာက ၎င်းဟာ လုံးဝကို တရားမဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အသုံးပြုမှုတွေအတွက် အသိအမှတ်မပြုခဲ့တာပါ။ ယနေ့မှာတော့ ဆေးခြောက်ရဲ့ ကုသပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျယ်ပြန့်စွာ အသိအမှတ်ပြုကြပေမဲ့ ဆေးဘက်ဆိုင်ရာ တန်ဖိုးအတွက် တိုးပွားလာနေတဲ့ အသိအမှတ်ပြမှုက ဒီမေးခွန်းကို ဖြေမထားဘူး။ အပန်းဖြေစရာ ဆေးခြောက် သုံးစွဲမှုဟာ သင့်ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေသလား။ Anees Bahji က စူးစမ်းလေ့လာထားပါတယ်။
သင်ခန်းစာကို Anees Bahji က ပြုစုပြီး Anton Bogaty က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:21

Burmese subtitles

Revisions