ကင်ဆာကုခီမိုဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ? - Hyunsoo Joshua No
-
0:07 - 0:11ပထမကမ္ဘာစစ်တုန်းက ကြောက်စရာ
ကောင်းတဲ့ အရာတွေထဲက တစ်ခုဟာ -
0:11 - 0:15mustard gas လို့ခေါ်တဲ့
အဝါရောင်အဆိပ်ဓာတ်ငွေ့ ဖြစ်ပါတယ်။ -
0:15 - 0:18ကံဆိုးစွာနဲ့ အဆိပ်ထိခဲ့တဲ့သူတွေဟာ
-
0:18 - 0:22အသက်ရှူလို့ မရတော့တာတွေ
မျက်လုံးစပ်တာ၊ လောင်တာတွေ -
0:22 - 0:26ထိမိတဲ့ အရေပြားမှာ မီးလောင်ဖုကြီးတွေ
ဖြစ်ကုန်ပါတယ်။ -
0:26 - 0:32သိပ္ပံပညာရှင်တွေဟာ ဒီအဆိပ်လက်နက်ဆိုးအတွက်
အဆိပ်ဖြေဆေးကို အပူတပြင်း ရှာဖွေခဲ့ပါတယ်။ -
0:32 - 0:37ဒီအဆိပ်ဟာ ရိုးတွင်းခြင်ဆီကို ကုလို့မရအောင်
ထိခိုက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ -
0:37 - 0:42ထိခိုက်မိတဲ့ စစ်သားတွေမှာ
သွေးဆဲလ်အသစ်တွေ မထွက်တော့ပါဘူး။ -
0:42 - 0:47ဒီလိုစိတ်ပျက်စရာတွေထဲကမှ
သိပ္ပံပညာရှင်တွေဟာ အကြံတစ်ခု ရခဲ့ပါတယ်။ -
0:47 - 0:53ကင်ဆာဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီလိုပဲ
လျှင်လျှင်မြန်မြန်ပွားတဲ့ အစွမ်းရှိပါတယ်။ -
0:53 - 0:55ဒါကြောင့် စစ်ကြီးရဲ့ရက်စက်ယုတ်မာမှု
တွေထဲက တစ်ခုဟာ -
0:55 - 0:58ကင်ဆာကိုတိုက်ဖို့ ရပ်တည်ကာကွယ်ပေးမှု
တစ်ခု ဖြစ်လာခဲ့ပါတယ်။ -
0:58 - 1:02၁၉၃၀ ခုနှစ်မှာ
လေ့လာသူပညာရှင်တွေဟာ -
1:02 - 1:05ကင်ဆာလူနာရဲ့ သွေးပြန်ကြောထဲကို
ဒီအဆိပ်ဓာတ်ပေါင်း ထိုးသွင်းပြီး -
1:05 - 1:08လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
-
1:08 - 1:13ဘေးဖြစ်စေတာထက် ပိုကောင်းတဲ့ ကုသမှုတွေကို
အချိန်ယူ စမ်းသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့ -
1:13 - 1:15ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်မှာတော့
-
1:15 - 1:20ပထမဆုံးကင်ဆာခီမိုဆေးကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ -
1:20 - 1:23ယနေ့မှာတော့ ခီမိုဆေး
အမျိုးပေါင်းတစ်ရာကျော်နေပါပြီ။ -
1:23 - 1:26ခီမိုဆေးကို သောက်ဆေးအနေနဲ့ရော
ထိုးဆေးအနေနဲ့ပါ ပေးပါတယ်။ -
1:26 - 1:33ဆဲလ်တွေကို ထိခိုက်စေတဲ့ ကွန်ပေါင်းတွေမို့
ဆဲလ်အဆိပ်သင့်ပစ္စည်းတွေ လို့လည်း ခေါ်ပါတယ် -
1:33 - 1:38ဒီဆေးတွေဟာ ခန္ဓာကိုယ်ရှိဆဲလ်တွေကို
အတိုင်းအတာတစ်ခုအထိ ထိခိုက်စေပါတယ်။ -
1:38 - 1:40ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေတောင်ပါ။
-
1:40 - 1:45သို့သော် သူတို့ရဲ့အဖျက်စွမ်းအားဟာ
အမြန်ပွားနေတဲ့ဆဲလ်တွေမှာ ပိုသက်ရောက်ပါတယ်။ -
1:45 - 1:48ဒါဟာ ကင်ဆာဆဲလ်ရဲ့ လက္ခဏာ အတိအကျပါပဲ။
-
1:48 - 1:51ဥပမာပြရရင်
ပထမဆုံးခီမိုဆေးမျိုးဆက်ထဲက -
1:51 - 1:56ယနေ့ထိအသုံးပြုနေတဲ့ ဆေးဖြစ်တဲ့
alkylating agents ပါ -
1:56 - 1:58သွေးကြောထဲကို ထိုးထည့်လိုက်တဲ့အခါ
-
1:58 - 2:01သူတို့ဟာ ခန္ဓာကိုယ်အနှံ့က ဆဲလ်တွေဆီ
ရောက်သွားပါတယ်။ -
2:01 - 2:06အတွင်းရောက်တာနဲ့ ဆဲလ်ဟာ ပွားဖို့အတွက်
DNA ကို အပြင်ထုတ်လိုက်တဲ့အခါ -
2:06 - 2:10ခီမိုဆေးဟာ DNA နှစ်ပင်လိမ်ပုံစံရဲ့
အခြေခံအုတ်မြစ်တွေကို ဝင်ဖျက်ပါတယ်။ -
2:10 - 2:13ဒါကို အချိန်မှီ မပြင်နိုင်ရင်တော့
ဆဲလ်က သေသွားပါလိမ့်မယ်။ -
2:13 - 2:16ကင်ဆာဆဲလ်တွေဟာ အရမ်းပွားတာကြောင့်
-
2:16 - 2:20ခီမိုဆေး ပမာဏအများစုဟာ
သူတို့အတွက် ဖြစ်ကုန်ပါတယ်။ -
2:20 - 2:24ပွားလေလေ၊ ခီမိုတွေက ဝင်ဖျက်လေလေ၊
ပြန်ပြင်ဖို့ခက်လေလေ ဖြစ်လာတော့ -
2:24 - 2:28ကင်ဆာဆဲလ်တွေဟာ
သာမန်ဆဲလ်တွေထက် ပိုသေကုန်ပါတယ်။ -
2:28 - 2:30သာမန်ဆဲလ်က ပွားတာနှေးလို့
DNA ပြန်ပြင်ချိန် ရှိတယ် -
2:30 - 2:35ပွားတာနှေးလို့လည်း
ခီမိုဆေးတွေကို သုံးစွဲတဲ့ပမာဏ နည်းပါတယ်။ -
2:35 - 2:41နောက်ထပ်ခီမိုဆေးတစ်မျိုးကတော့
microtubule stabilizers ကွန်ပေါင်းပါ -
2:41 - 2:44ဆဲလ်တွေမှာ ဆဲလ်ပွားဖို့အတွက်၊
DNA ကူးပွားဖို့၊ ဖြန့်ခွဲပွားဖို့ -
2:44 - 2:48စီထားတဲ့
ပိုက်ငယ်လေးတွေ ရှိပါတယ်။ -
2:48 - 2:51ဒီ microtubule stabilizers ခီမိုဆေးတွေ
ဆဲလ်အတွင်းကို ဝင်တာနဲ့ -
2:51 - 2:54ဒီပိုက်ငယ်လေးတွေကို
ကွဲမထွက်အောင် ထိန်းသိမ်းလိုက်ပါတယ်။ -
2:54 - 2:59ဒါကြောင့် ဆဲလ်ဟာ ပြီးအောင်မပွားနိုင်တော့ပဲ
သေသွားပါတော့တယ်။ -
2:59 - 3:04ဒီဟာတွေကတော့ ယနေ့ခေတ်မှာသုံးနေတဲ့
ခီမိုဆေး ခြောက်မျိုးထဲက -
3:04 - 3:06ဥပမာနှစ်မျိုးပါ။
-
3:06 - 3:11ဒီလိုကောင်းကျိုးတွေရှိနေပေမဲ့
ဆိုးကျိုးအကြီးကြီးတစ်ခု ရှိနေပါတယ်။ -
3:11 - 3:17ခီမိုဟာ သဘာဝအရ မြန်မြန်ပွားဖို့လိုတဲ့
ဆဲလ်တွေကိုလည်း ထိခိုက်ပါတယ်။ -
3:17 - 3:21ဥပမာ - ဆံပင်အိတ်တွေ၊ အာခံတွင်းကဆဲလ်တွေ၊
အူလမ်းကြောင်းတစ်လျှောက်ဆဲလ်တွေ၊ -
3:21 - 3:27မျိုးပွားအင်္ဂါတွေ၊ ရိုးတွင်းခြင်ဆီတွေဟာ
ပွားတာမြန်လို့ ခီမိုဆေးဒဏ် ခံရပါတယ်။ -
3:27 - 3:32ကင်ဆာဆဲလ်တွေလို မြန်မြန်ပွားတဲ့
သဘာဝကြောင့် -
3:32 - 3:35ဒီဆဲလ်တွေဟာ
ခီမိုဆေးတွေနဲ့ များများထိပြီး -
3:35 - 3:39ဆေးဒဏ်ကို ကင်ဆာဆဲလ်တွေနီးပါး
ခံကြရပါတယ်။ -
3:39 - 3:42ဒါကြောင့် ဆေးတွေရဲ့ ဘေးထွက်
ဆိုးကျိုးများစွာဖြစ်တဲ့ -
3:42 - 3:47ဆံပင်ကျွတ်တာ၊ မောပန်းတာ၊ မြုံတာ၊
ပျို့အန်တာတွေ ဖြစ်လာပါတယ်။ -
3:47 - 3:51ဒါ့ကြောင့် ဆရာဝန်တွေဟာ
ဒီဘေးထွက်ဆိုးကျိုးတွေရန်က ကာကွယ်ဖို့ -
3:51 - 3:54ပျို့အန်ပျောက်ဆေး အပြင်းစားတွေ ပေးပါတယ်။
-
3:54 - 3:59ဆံပင်ကျွတ်တာကိုကာကွယ်ဖို့၊ အပူချိန်ချတဲ့
အအေးခေါင်းဆောင်းတွေကို အသုံးပြုနိုင်ပါတယ်။ -
3:59 - 4:02အပူချိန်ကျတာဟာ ခေါင်းနားတဝှိက်က
သွေးကြောတွေကို ကျဥ်းသွားစေပြီး -
4:02 - 4:06ဆံပင်အိတ်တွေဆီရောက်မယ့် ဆေးပမာဏကို
လျှော့ချပေးပါတယ်။ -
4:06 - 4:09ခီမိုဆေးသွင်းကုသမှု ပြီးသွားတဲ့အခါ
-
4:09 - 4:13ခီမိုထိထားတဲ့ဆဲလ်ကောင်းတွေဟာ
ပြန်လည်ကောင်းမွန်လာပြီး -
4:13 - 4:15မူလတာဝန်များ ပြန်လည်ထမ်းဆောင်ပါတယ်။
-
4:15 - 4:22၂၀၁၈ တစ်နှစ်တည်းမှာပဲ လူ ၁၇ သန်းမှာ
ကင်ဆာရောဂါ ရှာဖွေသိရှိခဲ့ပါတယ်။ -
4:22 - 4:27ဒါပေမယ့် ခီမိုဆေးနဲ့ အခြားကုထုံးတွေဟာ
အများကြီးပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ -
4:27 - 4:31ဝှေးစေ့ကင်ဆာဖြစ်တဲ့လူနာထဲက
၉၅ ရာနှုန်းလောက်ဟာ -
4:31 - 4:35တိုးတက်လာတဲ့ ကုသမှုတွေကြောင့်
အသက်ဆက်ရှင်သန်နိုင်ခဲ့ပါတယ်။ -
4:35 - 4:40သွေးကင်ဆာဆိုးတစ်ခုဖြစ်တဲ့
acute myeloid leukemia မှာဆို -
4:40 - 4:44အသက် ၆၀ အောက်လူနာထဲက ၆၀ ရာနှုန်း
ကျော်ဟာ ခီမိုကုထုံး ပထမအဆင့်မှာပဲ -
4:44 - 4:48ရောဂါပျောက်ကင်းတဲ့အဆင့်ကို
ရောက်ရှိခဲ့ပါတယ်။ -
4:48 - 4:51လေ့လာသူပညာရှင်တွေဟာ
ကင်ဆာဆဲလ်ကိုသာ ဦးတည်တိုက်ခိုက်မယ့် -
4:51 - 4:55ပိုမိုအစွမ်းထက်တဲ့ ဆေးဝါးများကို
လေ့လာရှာဖွေနေဆဲ ဖြစ်ပါတယ်။ -
4:55 - 4:58ဒီရှာဖွေမှုတွေကြောင့်
သာမန်ဆဲလ်တွေ အထိအခိုက်နည်းပြီး -
4:58 - 4:59ပိုကောင်းလာသလို
-
4:59 - 5:04ကင်ဆာကိုတိုက်မယ့် အကောင်းဆုံး
လက်နက်တစ်ခု ရရှိလာမှာဖြစ်ပါတယ်။
- Title:
- ကင်ဆာကုခီမိုဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ? - Hyunsoo Joshua No
- Speaker:
- Hyunsoo Joshua No
- Description:
-
သင်ခန်းစာအပြည့်အစုံ - https://ed.ted.com/lessons/how-does-chemotherapy-work-hyunsoo-joshua-no
ပထမကမ္ဘာစစ်တုန်းက သိပ္ပံပညာရှင်တွေဟာ Mustard Gas လို့ခေါ်တဲ့ အဝါရောင်အဆိပ်ဓာတ်ငွေ့အတွက် ဖြေဆေးဖော်ဖို့ ကြိုးစားခဲ့ရင်း ဒီဓာတ်ငွေ့ဟာ ထိမိတဲ့စစ်သားတွေရဲ့ ရိုးတွင်းခြင်ဆီကို ကုမရအောင် ပျက်စီးစေတယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ကင်ဆာဆဲလ်နဲ့ ရိုးတွင်းခြင်ဆီဟာ ပွားနှုန်းများတဲ့ သဘောသဘာဝချင်း တူညီတာကြောင့် ဒီဓာတ်ငွေ့ဓာတ်ပေါင်းဟာ ကင်ဆာကိုတိုက်နိုင်မလားဆိုတဲ့ အကြံတစ်ခု ရခဲ့ပါတယ်။ Hyunsoo No က ယင်းတွေ့ရှိမှုနဲ့ ခီမိုဆေးတိုးတက်ဖွံ့ဖြိုးလာမှုအကြောင်း ရှင်းပြထားပါတယ်။
သင်ခန်းစာပို့ချသူ Hyunsoo Joshua No
စီစဥ်ညွှန်ကြားသူ Artrake Studio. - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:05
sann tint approved Burmese subtitles for How does chemotherapy work? | ||
sann tint edited Burmese subtitles for How does chemotherapy work? | ||
sann tint accepted Burmese subtitles for How does chemotherapy work? | ||
sann tint edited Burmese subtitles for How does chemotherapy work? | ||
Ko Ko Oo edited Burmese subtitles for How does chemotherapy work? | ||
Ko Ko Oo edited Burmese subtitles for How does chemotherapy work? | ||
Ko Ko Oo edited Burmese subtitles for How does chemotherapy work? | ||
Ko Ko Oo edited Burmese subtitles for How does chemotherapy work? |