Return to Video

ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ မတော်တဆဖြစ်ရပ်။ Allison Ramsey and Mary Staicu

  • 0:07 - 0:13
    လန်ဒန်၊ ၁၉၂၈။ ဓာတ်ခွဲခန်းတစ်ခုကနေ
    လေပြည်လှိုင်းစီးလာတဲ့ မှိုမျိုးမှုန်တစ်စု။
  • 0:13 - 0:16
    petri ပန်းကန်ပြားတစ်ချက်ပေါ်
    လွင့်ပါပြီး ကျဆင်းတဲ့အခါမှာ
  • 0:16 - 0:19
    ဆေးဘက်ဆိုင်ရာ တော်လှန်ရေးတစ်ခုကို
    ပေါ်ပေါက်လာတယ်။
  • 0:19 - 0:22
    ဒီဓာတ်ခွဲခန်းက စကော့လူမျိုး သိပ္ပံပညာရှင်
    Alexander Fleming ပိုင်တာပါ။
  • 0:22 - 0:26
    ကူးစက်တတ်တဲ့ ဘက်တီးရီယားတွေရဲ့
    ဂုဏ်သတ္တိတွေကို စူးစမ်းနေတာပါ။
  • 0:26 - 0:29
    ဒီတစ်ကြိမ်မှာတော့
    Fleming ဟာ အပန်းဖြေခရီးထွက်နေတာပါ။
  • 0:29 - 0:33
    သူပြန်ရောက်တဲ့အခါ အနွေးသေတ္တာထဲမှာ
    ထားဖို့ သူ မေ့နေခဲ့တဲ့ petri ပန်းကန်ပြား
  • 0:33 - 0:35
    တစ်ချပ်ပေါ်မှာ ပေါက်နေတဲ့
    မှိုပင်တစ်စုကို တွေ့ရတယ်။
  • 0:35 - 0:38
    ဒီမှိုပင်စုတစ်ဝိုက်မှာ လုံးဝကို အံ့ဩဖွယ်ရာ
  • 0:38 - 0:42
    ဘက်တီးယီးယား ကင်းနေတဲ့ ဇုန်တစ်ခုပါ။
  • 0:42 - 0:44
    ဒီအသိခက်တဲ့ ဖြစ်စဉ်ကို လေ့လာရင်း
  • 0:44 - 0:49
    Fleming သဘောပေါက်လာတာက မှိုဟာ
    ဘက်တီးရီးယာတွေကို သတ်နေတဲ့
  • 0:49 - 0:51
    ဒြပ်ပေါင်းတစ်မျိုး ထုတ်ပေးနေတာကိုပါ။
  • 0:51 - 0:55
    ဒီမှိုက Penicillium မျိုးစုထဲက
    မျိုးစိတ်တစ်ခုဆိုတော့
  • 0:55 - 0:59
    Fleming က ဘက်တီးရီးယား ကာကွယ်တဲ့
    'ပင်နီဆလင်' လို့ အမည်တပ်လိုက်တယ်။
  • 0:59 - 1:03
    Fleming အမှတ်မထင် တွေ့ရှိခဲ့တာက
    မိုက်ခရိုဘိုင်ရယ် ကာကွယ်ရေး စနစ်တစ်ခုပါ။
  • 1:03 - 1:07
    ပင်နီဆီလီယံ မှိုဟာ ခြိမ်းခြောက်မှုတွေကနေ
    ၎င်းကိုယ်၎င်း ကာကွယ်ဖို့ ပင်နီဆလင်ကို
  • 1:07 - 1:10
    အမြဲမပြတ် ထုတ်ပေးတယ်။
  • 1:10 - 1:14
    ဥပမာ ၎င်းရဲ့ ရင်းမြစ်တွေကို စာသုံးနိုင်တဲ့
    အနီးအနားက ဘက်တီးရီးယား အစုတွေပေါ့။
  • 1:14 - 1:17
    ပင်နီဆလင်ဟာ ဘက်တီးရီးယား
    မျိုးပေါင်းများစွာကို ၎င်းတို့ရဲ့
  • 1:17 - 1:20
    ဆဲလ်နံရံတွေရဲ့ပေါင်းစပ်မှုကို
    အလျဉ်ပြတ်စေရင်း ဖျက်ဆီးပစ်တယ်။
  • 1:20 - 1:24
    ဒီနံရံတွေဟာ သကြားနဲ့ အမိုင်နိအက်ဆစ်
    တွေရဲ ထူထဲပြီး ကြိုတင်လုပ်ဆောင်တဲ့
  • 1:24 - 1:25
    ကွန်ရက်ကနေ အင်အားရတယ်။
  • 1:25 - 1:28
    ဒါတွေက အစဉ်မပြတ် ပြိုကွဲပြီး
    ပြန်တည်ဆောက်နေတာပါ။
  • 1:28 - 1:33
    ပင်နီဆလင်ဟာ ဒီကွန်ရက်ကို အတူတကွရက်လုပ်တဲ့
    ဒြပ်ပေါင်းတွေထဲက တစ်ခုနဲ့နှောင်ဖွဲ့ပြီး
  • 1:33 - 1:38
    အရေးကြီးတဲ့ အဆင့်တစ်ခုမှာ နံရံကို
    ပြန်တည်ဆောက်ခြင်းကနေ တားဆီးတယ်။
  • 1:38 - 1:43
    တစ်ချိန်တည်းမှာ ပင်နီဆလင်ဟာ အပိုပျက်စီးမှု
    ဖြစ်ပေါ်စေတဲ့ မြင့်မားစွာ တုံ့ပြန်တဲ့
  • 1:43 - 1:45
    မော်လီကျူး
    ထုတ်လွှင့်မှုကို နှိုးဆွတယ်။
  • 1:45 - 1:48
    နောက်ဆုံးမှာတော့ ဆဲလ်ရဲ့
    တည်ဆောက်မှုဟာ လုံးဝကို ပြိုကွဲသွားတယ်။
  • 1:48 - 1:52
    ဒီနှစ်ခွ တိုက်ခိုက်မှုဟာ ဘက်တီးရီးယား
    မျိုးစုံအတွက်တော့ သေစေနိုင်တယ်။
  • 1:52 - 1:56
    petri ပန်းကန်းတွေထဲမှာ (သို့)
    ခန္ဓာကိုယ်တွေမှာ (သို့) ဘယ်မှာရှိရှိပါ။
  • 1:56 - 1:59
    ဒါပေမဲ့ ကျွန်ုပ်တို့ကိုယ်ပိုင် ဆဲလ်တွေ
    အတွက်တော့ဘေးမဖြစ်ပါဘူး။
  • 1:59 - 2:02
    အကြောင်းက ဒါတွေမှာ ဆဲလ်နံရံတွေ မရှိလို့ပါ။
  • 2:02 - 2:05
    Fleming ရဲ့ တွေ့ရှိမှုအပြီး
    ဆယ်စုနှစ်တစ်ခုလောက်မှာ
  • 2:05 - 2:08
    ပင်နီဆလင်ဟာ ဓာတ်ခွဲခန်း ထူးဆန်း
    ပစ္စည်းတစ်ခုအဖြစ် ကျန်နေတယ်။
  • 2:08 - 2:10
    ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ
  • 2:10 - 2:13
    သုတေသီတွေက ဒီတက်ကြွတဲ့ ဒြပ်ပေါင်းကို
    သီးခြားခွဲထုတ်ပြီးမှိုကို အမြောက်အမြား
  • 2:13 - 2:17
    စိုက်ပျိုးနည်းကို အဖြေရရှိခဲ့တယ်။
  • 2:17 - 2:20
    ဒီနောက်မှာ သူတို့ရဲ့ လုပ်ရပ်အတွက်
    နိုဘယ်ဆုရတဲ့အထိ ဆက်ဖြစ်ခဲ့တယ်။
  • 2:20 - 2:25
    Oxford အသင်းတွေနဲ့ များစွာသော အမေရိကန်
    ဆေးကုမ္ပဏီတွေက တီထွင်မှု ဆက်လုပ်ခဲ့ပြီး
  • 2:25 - 2:28
    နှစ်အနည်းငယ်အတွင်းမှာ
    စီးပွားရေးအရ ရရှိလာခဲ့ယ်။
  • 2:28 - 2:33
    ပင်နီဆလင်နဲ့ အလားတူ ဒြပ်ပေါင်းတွေဟာ ကူးစက်
    ရောဂါ ကုသမှုအဖြစ် အမြန်ပြောင်းခဲ့တယ်။
  • 2:33 - 2:35
    လောလောဆယ်မှာတော့
  • 2:35 - 2:41
    ဒါတွေက ဆေးဝါးမှာ အသုံးပြုတဲ့ အရေးပါဆုံး
    အသက်ကယ် ပဋိဇီဝဆေးတစ်ချို့ ဖြစ်ကျန်နေတယ်။
  • 2:41 - 2:47
    သို့ပေမည့် ပဋိဇီဝဆေးတွေ ပိုသုံးလေ ဒါကို
    ဘက်တီးရီးယားက ခုခံနိုင်မှု ပိုဖြစ်လေပါ။
  • 2:47 - 2:49
    ပင်နီဆလင် ကိစ္စမှ​ာ
  • 2:49 - 2:53
    တစ်ချို့ ဘက်တီးရီးယာတွေက ဆဲလ် နံရံ
    ပေါင်းစည်းမှုကိုနှောင့်ယှက်တဲ့
  • 2:53 - 2:56
    အဓိက တည်ဆောက်မှုကို ပြိုကွဲနိုင်တဲ့
    ဒြပ်ပေါင်းတွေကို ထုတ်တယ်။
  • 2:56 - 2:58
    ပဋိဇီဝဆေး သုံးစွဲမှု တိုးလာတာကြောင့်
  • 2:58 - 3:02
    ပိုပိုများလာတဲ့ ဘက်တီးရီးယာတွေဟာ
    ဒီကာကွယ်မှုကို ဆင့်ကဲပြောင်းလဲလာတယ်။
  • 3:02 - 3:04
    တိုးလာနေတဲ့ ဘက်တီးရီးယား ကူးစက်မှုတွေကို
  • 3:04 - 3:08
    ဆန့်ကျင့်တဲ့ ပဋိဇီဝဆေးတွေကို
    အာနိသင်မဲ့စေတာပါ။
  • 3:08 - 3:12
    ဆရာဝန်တွေဟာ ဒီဆေးကို အလွန်အကျွံ
    မညွှန်းဖို့က ပဓာနကျတယ်လို့ဆိုလိုတာပါ။
  • 3:12 - 3:17
    တစ်ချိန်တည်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက
    လူနာ ၅ ကနေ ၁၅% ဟာ
  • 3:17 - 3:20
    ပင်နီဆလင်နဲ့ ဓာတ်မတည့်ဘူးလို့
    ကိုယ့်ကိုယ်ကိုယ် သဘောထားတာက
  • 3:20 - 3:23
    ဒါကို ဆေးဓာမတည့်မှု သတင်းပို့တာ
    အဖြစ်အများဆုံး ဖြစ်စေတယ်။
  • 3:23 - 3:28
    သို့ပေမည့် ပင်နီဆလင်နဲ့ ဓာတ်မတည့်
    ဘူးလို့ ထင်ကြတဲ့ အများစု
  • 3:28 - 3:31
    လူ ၉၀% ကျော်ဟာ
    တကယ်တော့ မဟုတ်ကြဘူးလေ။
  • 3:31 - 3:33
    ဘာကြောင့် အသိအမြင်မှားတာလဲ။
  • 3:33 - 3:36
    လူအများအပြားဟာ ဓာတ်မတည့်မှု အမည်ကို
    ကလေးတွေလို ဆည်းပူးကြတာပါ။
  • 3:36 - 3:40
    ပင်နီဆလင်နဲ့ ရောဂါကူးစက်မှု ကုသခံရတာ
    (သို့) ဆေးဝါးတွေနဲ့ နီးစပ်စွာ
  • 3:40 - 3:42
    ပတ်သက်ပြီးနောက် အင်ပျဉ်ပေါ်လာတဲ့အခါပါ။
  • 3:42 - 3:45
    မကြာခဏ အင်ပျဉ်ထမှုကို
    ပင်နီဆလင်အပေါ် အပြစ်တင်ကြတယ်။
  • 3:45 - 3:48
    ဒါပေမဲ့ ပိုဖြစ်နိုင်ခြေရှိတဲ့ လက်သည်က
    မူလ ရောဂါကူးစက်မှု
  • 3:48 - 3:52
    (သို့) ရောဂါကူးစက်မှုနဲ့ ပဋိဇီဝဆေးကြားက
    ဓာတ်တုံ့ပြန်မှုပါ။
  • 3:52 - 3:55
    ဒါပေမဲ့ ပင်နီဆလင်ကိုကျူးလွန်တာတစ်ခုအဖြစ်
  • 3:55 - 3:58
    မှားယွင်းတဲ့ ကျွန်ုပ်တို့ရဲ့
    ကိုယ်ခံစွမ်းအားစနစ်တွေရှိတဲ့
  • 3:58 - 4:01
    ပင်နီဆလင် ဓာတ်မတည့်မှု အစစ်တွေဟာ
    ဖြစ်ခဲပြီး အန္တရာယ်ရှိနိုင်ပါတယ်။
  • 4:01 - 4:04
    ဒီတော့ သင်က ဓာတ်မတည့်ဘူးလို့ ထင်ပေမဲ့
    အသေအချာ မသိဘူးဆိုရင်
  • 4:04 - 4:06
    အကောင်;ဆုံးက ဓာတ်မတည့်တာ
    ကုသသူတစ်ဦးနဲ့ ပြကြည့်ပါ။
  • 4:06 - 4:09
    သင့်မှာ ဓာတ်မတည့်တာ ရှိ၊မရှိကို
    အတည်ပြုပေးမယ့်
  • 4:09 - 4:11
    အကဲဖြတ်မှုတစ်ခုကို
    သူတို့ အပြီးသတ်ပေးမှာပါ။
  • 4:11 - 4:13
    သင့်မှာ ပင်နီဆလင် ဓာတ်မတည့်မှု
    တစ်ခုရှိရင်တောင်
  • 4:13 - 4:19
    ဆေးကို ဓာတ်ပြုတဲ့ ခံနိုင်ရည်ရှိတဲ့ဆဲလ်တွေ
    ဟာ ဒါကို သိရှိနိုင်စွမ်းပျောက်နိုင်တယ်။
  • 4:19 - 4:23
    တကယ်တမ်းက ပင်နီဆလင်နဲ့ ဓာတ်မတည့်သူ
    ၈၀% ခန့်ဟာ ဆယ်နှစ်အတွင်းမှာ
  • 4:23 - 4:26
    ဓာတ်မတည့်မှုကို လွန်မြောက်သွားပါပြီ။
  • 4:26 - 4:29
    ဒါကတော့ ပင်နီဆလင်နဲ့ ဓာတ်မတည့်
    ဘူးလို့ လောလောဆယ်
  • 4:29 - 4:31
    ခွဲခြားနိုင်သူတွေအတွက် သတင်းကောင်းပါ။
  • 4:31 - 4:36
    တစ်နေ့ ဒီဆေးဟာ အခြားသူများစွာအတွက်လုပ်သလို
    သူတို့ရဲ့အသက်တွေကို ကယ်နိုင်လောက်တယ်။
Title:
ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ မတော်တဆဖြစ်ရပ်။ Allison Ramsey and Mary Staicu
Speaker:
Allison Ramsey and Mary Staicu
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-accident-that-changed-the-world-allison-ramsey-and-mary-staicu တွင် ကြည့်ရှုပါ။

၁၉၂၈ ခုနှစ်မှာ သိပ္ပံပညာရှင် Alexander Fleming ဟာ သူ့ရဲ့ ဓာတ်ခွဲခန်းကို ပြန်လာတော့ မျှော်လင့်မထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တယ်။ သူ့ရဲ့ အနွေးသေတ္တာထဲမှာ ထားဖို့ သူ မေ့နေခဲ့တဲ့ Petri ပန်းကန်တစ်ချပ်ပေါ်မှာ ပေါက်နေတဲ့ မှိုပင်တစ်စုပါ။ ဒီမှိုပင်စုတစ်ဝိုက်မှာ လုံးဝကို အံ့ဩဖွယ်ရာ ဘက်တီးယီးယား ကင်းနေတဲ့ ဇုန်တစ်ခုပါ။ ဒီအသိခက်တဲ့ ဖြစ်စဉ်က ဘာလဲ။ Allison Ramsey နဲ့ Mary Staicu တို့ကနေပြီး ပင်နီဆလင် တွေ့ရှိမှုနဲ့ ၎င်းက ဆေးဝါးအဖြစ် ပြောင်းသွားပုံကို အသေးစိတ် တင်ပြထားပါတယ်။

သင်ခန်းစာကို Allison Ramsey နဲ့ Mary Staicu တို့က ပြုစုပြီး WOW-HOW Studio က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:36

Burmese subtitles

Revisions