1 00:00:01,627 --> 00:00:03,315 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက 2 00:00:03,339 --> 00:00:06,654 မက်မွန်သီး အမျိုးမျိုး ၂၀၀၀ ရှိခဲ့ကြပြီး၊ 3 00:00:06,678 --> 00:00:10,454 မက်မန်းသီး မျိုးစုံ ၂၀၀၀ ခန့်နဲ့ 4 00:00:10,478 --> 00:00:14,748 အမည်အမျိုမျိုးရှိ ပန်းသီး ၈၀၀ နီးပါး အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့ကြပါတယ်။ 5 00:00:15,333 --> 00:00:17,820 ဒီနေ့ကျတော့ အဲဒါတွေထဲက အနည်းငယ်မျှသာ ကျန်ရစ်ခဲ့ကြပြီး 6 00:00:17,844 --> 00:00:21,569 ကျန်ခဲ့တာတွေကလည်း လယ်ယာကို စက်မှုပုံစံ သွင်လာလို့ ခြိမ်းခြောက်ခံနေကြရတယ်၊ 7 00:00:21,569 --> 00:00:23,929 ရောဂါနှင့် ရာသီဥတုပြောင်းလဲမှုကလည်း အန္တရာယ်ပါ။ 8 00:00:24,264 --> 00:00:28,441 အဲဒီလို ပျောက်ဖို့ ခြိမ်းခြောက်ခံနေကြရတဲ့ အထဲမှာ Blood Cling ခေါ် 9 00:00:28,465 --> 00:00:33,186 စပိန်သာသနာပြုများက အမေရိကကို ယူလာခဲ့ကြတဲ့ အနီရောင်အသားရှိတဲ့ မက်မွန်ပါတယ်၊ 10 00:00:33,210 --> 00:00:36,590 အဲဒါကို အမေရိက တိုင်းရင်းသားတွေ ဓရာစုနှစ်ချီ စိုက်ပျိုးလာခဲ့ကြတယ်၊ 11 00:00:36,614 --> 00:00:39,182 တရုတ်ရွှေ့ပြောင်းလာခဲ့သူတွေ တရုတ်ဆီးသီးလည်း ပါခဲ့တယ်၊ 12 00:00:39,182 --> 00:00:42,546 တိုက်ကြီးကို ဖြတ်ပြီး ဆောက်လုပ်ခဲ့တဲ့ မီးရထားကို ဆောက်ဖို့ လာခဲ့ကြတာလေ။ 13 00:00:42,570 --> 00:00:47,161 အရှေ့အလယ်က မူရင်းဖြစ်ခဲ့ပြီး အီတလီ၊ ပြင်သစ်နဲ့ ဂျာမန် ရွေ့ပြောင်းလာသူတွေ 14 00:00:47,161 --> 00:00:50,556 ယူလာခဲ့ကြတဲ့ မက်မန်းသီး မျိုးစုံလည်း အလားတူပါပဲ။ 15 00:00:50,556 --> 00:00:53,333 အဲဒီအမျိုးအစား တစ်ခုမှာမှ ဒီမှာပေါက်လေ့ကျ မဟုတ်ခဲ့ပါဘူး။ 16 00:00:53,357 --> 00:00:57,663 တကယ်တော့ အသီးပင် အားလုံးနီးပါးကို အခြေားနေရာများမှ ဒီကို ယူဆောင်လာခဲ့ကြတာပါ။ 17 00:00:57,687 --> 00:01:00,845 ပန်းသီး၊ မက်မွန်သီးနဲ့ချယ်ရီသီးတွေ အားလုံး အပါအဝင်ပါ။ 18 00:01:00,845 --> 00:01:02,758 အဲဒီလို စားစရာအသီးတွေကို ယူဆောင်လာမှုဟာ 19 00:01:02,782 --> 00:01:05,544 အဲဒီအသီးတွေနဲ့အတူ ယဉ်ကျေးမှုကိုလည်း ယူလာခဲ့ကြတာပါ။ 20 00:01:05,736 --> 00:01:09,007 ၎င်းတို့ကို မက်မော စိုက်ပျိုးခဲ့ကြပြီး သိပ်ကို တန်ဖိုးထားခဲ့ကြလို့ 21 00:01:09,031 --> 00:01:12,160 သူတို့နဲ့အတူ ဒီကို ယူဆောင်လာခဲ့ကြတာက 22 00:01:12,160 --> 00:01:13,972 သူတို့ရဲ့ ဇာတိနဲ့ ဆက်စပ်နေခဲ့လို့ပါ။ 23 00:01:13,972 --> 00:01:17,832 ဒါကြောင့်မို့လို့ ကျုပ်တို့ဟာ အဲဒါကို လက် ဆင့်ကမ်း ရရှိလျက် မျှဝေသုံးနိုင်ကြတာပါ။ 24 00:01:17,856 --> 00:01:21,032 ဒီအသီးတွေဟာ ကျုပ်တို့ရဲ့ ပုံပြင်တွေပါလို့ တောင် ပြောဆိုနိုင်ပါတယ်။ 25 00:01:21,062 --> 00:01:24,280 ပြီးတော့ ကျနော်ဟာ ‘‘အသီးလေးဆယ် အပင်‘‘လို့ အမည်ပေးထားတဲ့ 26 00:01:24,280 --> 00:01:28,109 ကျနော်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အနုပညာ ကြောင့် ၎င်းတို့ကို အထူးပြု လေ့လာခဲ့သူပါ။ 27 00:01:28,133 --> 00:01:30,721 အသီးလေးဆယ် အပင် ဆိုပေမဲ့ အပင်က တပင်တည်းပါ၊ 28 00:01:30,745 --> 00:01:33,597 ဒါပေမဲ့ အမာစား အသီး အမျိုး ၄၀ ကို သီးနိုင်စွမ်း ရှိပါတယ်။ 29 00:01:34,121 --> 00:01:38,753 အဲဒါကြောင့်မို့လို့ မက်မွန် မက်မန်း၊ တရုတ်ဆီးသီး၊ နက်တာရင်းနဲ့ ချယ်ရီသီးတွေ 30 00:01:38,753 --> 00:01:40,664 တပင်တည်း အပေါ်မှာ သီးနိုင်ကြတာပါ။ 31 00:01:40,664 --> 00:01:44,677 အပင်ရဲ့ ဒီဇိုင်းက နှစ်ရဲ့ အများစုအချိန်မှာ ပုံမှန်မျိုးလိုဘဲ ထင်ရအောင် ပြုစုထားတယ်၊ 32 00:01:44,701 --> 00:01:48,239 နွေဦးအထိ၊ ပန်းရောင်နဲ့ အဖြူရောင် ပန်းတွေ မပွင့်ခင် အချိန်အထိပါ၊ 33 00:01:48,263 --> 00:01:51,729 နွေရာသီရောက်တာနဲ့ များပြားပြီး မတူတဲ့ အသီးတွေ စသီးလာကြပါတော့တယ်။ 34 00:01:51,753 --> 00:01:55,031 ဒီပရိုဂျက်ကို စစဉ်တုန်းက အနုပညာရှုထောင့် သက်သက်နဲ့ပါ- 35 00:01:55,055 --> 00:01:57,869 နေ့စဉ်ဘဝရဲ့ အရှိတရားကို ပြောင်းလဲဖို့ စမ်းသပ်မှုပါ၊ 36 00:01:57,893 --> 00:01:59,053 ရိုးရိုးသားသား ပြောရရင်၊ 37 00:01:59,077 --> 00:02:01,790 စိတ်ကူးက လူတွေက ဒီအပင်ကို မြင်ကြရတဲ့ အခါမှာ 38 00:02:01,790 --> 00:02:04,032 ရောင်စုံ ပန်းတွေ ပွင့်လျက် ရှိနေတာကို 39 00:02:04,032 --> 00:02:06,908 ပြီးတော့ ဒီလို မတူကွဲပြားတဲ့ အသီးမျိုးစုံ သီးနေတာ တွေ့ကြရမယ်။ 40 00:02:06,908 --> 00:02:10,262 ကျနော်ဟာ အသီး ၄၀ အပင်ကို အကိုင်းကို ဆက်ကူး ပေးတဲ့နည်းနဲ့ ဖန်တီးခဲ့တာပါ။ 41 00:02:10,262 --> 00:02:13,779 ကျနော်ဟာ ညှပ်ယူမယ့် အကိုင်းတွေကို ဆောင်းရာသီမှာ စုစည်းပြီး သိမ်းထားပါတယ်၊ 42 00:02:13,779 --> 00:02:16,919 နွေဦးတွင် အကိုင်းတွေရဲ့ အဆုံးပိုင်းမှာ ၎င်းတို့ကို ဆက်ကူးပေးတာပါ။ 43 00:02:16,943 --> 00:02:19,976 တကယ်တော့ အပင်တွေအားလုံးတို့ဟာ အကိုင်းဆက်ကူးထားတဲ့ ဟာတွေပါ၊ 44 00:02:20,000 --> 00:02:23,843 ဘာလို့လဲဆိုတော့ အပင်ရဲ့အစေ့ဟာ မိဘတွေရဲ့ မျိုးရိုးဗီဇ မူကွဲသဘောပါ။ 45 00:02:23,867 --> 00:02:27,183 အဲဒါကြောင့် ကျုပ်တို့က သိပ်ကြိုက်တဲ့ အမျိုးအစားကို တွေ့တဲ့အခါမှာ၊ 46 00:02:27,207 --> 00:02:30,563 အဲဒါကို ပြန့်ပွားပေးတဲ့ နည်းက အပင်တပင်မှ ဖြတ်ယူလျက် 47 00:02:30,563 --> 00:02:32,392 နောက် တပင်ပေါ်မှာ ကူးဆက်ပေးခြင်းပါပဲ၊ 48 00:02:32,416 --> 00:02:35,048 စဉ်းစားကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်စရာလို့ ထင်ရပေမဲ့၊ 49 00:02:35,048 --> 00:02:38,700 Macintosh apple တိုင်းဟာ အပင်တပင်တည်းဆီမှ လာတာပါ၊ 50 00:02:38,724 --> 00:02:42,895 မျိုးဆက် တခုမှ နောက်တခုဆီကို ဆက်ကူးပေးလာခဲ့တဲ့ သဘောပါပဲ။ 51 00:02:43,603 --> 00:02:47,649 ဒါပေမဲ့ သီးပင်တွေကို အစေ့များဖြင့် ထိန်းသိမ်းထားလို့ ရနိုင်တာလည်း မှန်ပါတယ်။ 52 00:02:48,147 --> 00:02:50,998 ဆက်ကူးရတဲ့ အလုပ်ကို ကျနော် မှတ်မိတာ မွေးကတည်းကပဲ ဆိုပါစို့။ 53 00:02:51,022 --> 00:02:53,274 ကျုပ် ဘေးဟာ မက်မွန်ခြံဖြင့် အသက်မွေးခဲ့သူပါ။ 54 00:02:53,274 --> 00:02:55,261 အရှေ့တောင် Pennsylvania မှာ ဖြစ်ခဲ့တယ်။ 55 00:02:55,261 --> 00:02:57,257 ကျနော်ဟာ သူ့ကို ဘယ်တုန်းကမှ မတွေ့ခဲ့ပေမဲ့၊ 56 00:02:57,257 --> 00:02:59,499 တခါတလေမှာ သူ့အမည်ကို တယောက်ယောက် ပြောဆိုရင်တော့၊ 57 00:02:59,523 --> 00:03:01,034 လူတွေအားလုံးက အဲဒါဟာ အပင်တွေကို 58 00:03:01,034 --> 00:03:04,447 ဘယ်လို ဆက်ကူးပေးရမှာကို သိခဲ့သူ ပြောဆိုကြပုံက မှော်ပညာကို တတ်သူလိုပါပဲ။ 59 00:03:04,447 --> 00:03:07,261 ကျနော်က အသီး ၄၀ အပင်ကို ဆုံးဖြတ်ခဲ့တာက 60 00:03:07,261 --> 00:03:10,047 အဲဒီဂဏန်းကို အနောက်တိုင်း ယဉ်ကျေးမှုထဲမှာ တွေ့ရတတ်လို့ရယ်၊ 61 00:03:10,095 --> 00:03:13,282 ရေလို့ရတဲ့ ဒါဇင်လည်း မဟုတ်၊ မရေ နိုင်တဲ့ ကြီးမားတဲ့ ဂဏန်းလည်း မဟုတ်၊ 62 00:03:13,282 --> 00:03:15,933 ဒါပေမဲ့ ရေတွက်နေကျ ဘောင်ကို ကျော်နေတဲ့ ဂဏန်းမို့လို့ပါ။ 63 00:03:15,933 --> 00:03:18,244 ပြည့်စုံမှု တနည်း များပြားမှု သဘောကိုဆောင်ပါတယ်။ 64 00:03:18,244 --> 00:03:20,272 ဒါပေမဲ့ စစချင်း ကျနော် ရင်ဆိုင်ရတဲ့ ပြဿနာက 65 00:03:20,272 --> 00:03:23,467 ၄၀ အထိကို မျိုးစုံလှတဲ့ သီးပင်တွေကို ရှာမတွေ့နိုင်ခဲ့ခြင်းပါ၊ 66 00:03:23,491 --> 00:03:25,957 နယူးယောက်ပြည်နယ်ဟာ လွန်ခဲ့တဲ့ ရာစုထဲတွင် 67 00:03:25,957 --> 00:03:27,767 ခုနက ပြောပြခဲ့တဲ့ အသီးတွေအားလုံးကို 68 00:03:27,791 --> 00:03:30,710 ထုတ်လုပ်ရာတွင် နာမည်အကြီးဆုံး ဖြစ်ခဲ့တာတောင် မတွေ့နိုင်ခဲ့ပါ။ 69 00:03:30,710 --> 00:03:33,118 ကြုံကြိုက်လို့ သုတေသနခြံထဲက အပင်တွေကို ရှင်းနေတုန်း 70 00:03:33,118 --> 00:03:35,168 ရှေးဟောင်း၊ အသက်ကြီးရင့်လှတဲ့ ခြံကြီးထဲတွင် 71 00:03:35,168 --> 00:03:37,488 ၎င်းတို့ရဲ့ အကိုင်းတွေကို စုစည်းရယူနိုင်ခဲ့လို့ 72 00:03:37,488 --> 00:03:40,555 ကိုယ်ပိုင် ပျိုးပင်များထဲက အပင်တွေ ပေါ်မှာ ဆက်ကူးပေးနိုင်ခဲ့တယ်။ 73 00:03:40,555 --> 00:03:43,476 အသီး ၄၀ အပင်တွေကို ပထမဦးဆုံး စိုက်ပေးခဲ့စဉ် ဒီလိုပုံစံမျိုးပါ၊ 74 00:03:43,476 --> 00:03:45,353 ဒါကျတော့ ခြောက်နှစ်အကြာ တွေ့မြင်ရပုံပါ။ 75 00:03:45,353 --> 00:03:48,409 ဒါဟာ ချက်ချင်း ဆုတံဆိပ် ရယူနိုင်တဲ့ အားကစားမျိုး လုံးဝ မဟုတ်ပါ။ 76 00:03:48,409 --> 00:03:49,661 (ရယ်သံများ) 77 00:03:49,661 --> 00:03:53,179 ကိုယ် ဆက်ကူးပေးလိုက်တာ အောင်မြင်သလား ဆိုတာကို သိရဖို့ တစ်နှစ်စောင့်ရပါတယ်။ 78 00:03:53,203 --> 00:03:56,529 ပြီးတော့ အသီးကော သီးပါမလား ဆိုတာကို သိရဖို့ နှစ်နှစ်သုံးနှစ် ကြာပါတယ်။ 79 00:03:56,529 --> 00:03:59,712 ပြီးတော့ ဒီလို အပင်တပင်ကို ဖန်တီးဖို့ ရှစ်နှစ် အချိန်ပေးရပါတယ်။ 80 00:04:00,943 --> 00:04:03,740 ဆက်ကူး ဖန်တီးပေးလိုက်တဲ့ အသီး 40 အပင်တိုင်းဟာ 81 00:04:03,764 --> 00:04:06,700 ပုံစံအရ၊ အရောင်အရ တခုနဲ့တခု မတူ ကွဲပြားကြတယ်။ 82 00:04:07,214 --> 00:04:10,617 ဒါနဲ့ ကျနော် နားလည်မိတာက ၎င်းတို့ရဲ့ ပန်းပွင့်ချိန်ကို အချိန်ကာလအရ 83 00:04:10,641 --> 00:04:12,523 ညှိကိုက်ပေးခြင်းဖြင့် အပင်တွေ 84 00:04:12,547 --> 00:04:17,077 နွေဦးမှာ ဘယ်လိုပုံစံမျိုး တွေ့မြင်ရမှာကို စီစဉ်ဖန်တီးပေးနိုင်ပါတယ်။ 85 00:04:17,101 --> 00:04:19,103 ဒါက ၎င်းတို့ နွေရာသီမှာ တွေ့မြင်ရပုံပါ။ 86 00:04:19,127 --> 00:04:21,904 ၎င်းတို့ဟာ အသီးတွေကို ဇွန်လကနေ စက်တင်ဘာလ အထိ သီးပေးကြတယ်။ 87 00:04:21,928 --> 00:04:24,489 ချယ်ရီသီးဖြင့် စလျက်၊ တရုတ်ဆီးသီး၊ 88 00:04:24,513 --> 00:04:27,617 အာရှ မက်မန်းသီး၊ နက်တာရင်းများနဲ့ မက်မွန်သီးတွေပါ၊ 89 00:04:27,617 --> 00:04:30,167 အဲဒီထဲက တခုခုကို ပြဖို့ မေ့သွားတယ် အထဲတနေရာမှာပါ... 90 00:04:30,191 --> 00:04:31,476 (ရယ်သံများ) 91 00:04:31,500 --> 00:04:34,518 ဒါက အနုပညာလက်ရာ ဆိုပေမဲ့ ပြခန်းမလို လမ်းပေါ်မှာပါ၊ 92 00:04:34,542 --> 00:04:36,193 ပရိုဂျက်ကို ဆက်လုပ်ကိုင်နေလို့ 93 00:04:36,217 --> 00:04:39,003 ဒီလို အနုပညာ အကြောင်းကို ကမ္ဘာပေါ်မှာ ဆွေးနွေးမှု ရှိပါတယ်။ 94 00:04:39,003 --> 00:04:42,029 အလားတူ တခြားနေရာ အမျိုးမျိုးမှာပါ ဖန်တီးပေးရန် တောင်းဆိုကြပါတယ်။ 95 00:04:42,029 --> 00:04:44,441 စပြီးလုပ်မှာက အဲဒီဒေသထဲမှာ မူရင်းပေါက်ရောက်ခဲ့တာတွေ 96 00:04:44,441 --> 00:04:47,656 သမိုင်းစဉ်အရ ပေါက်ခဲ့တာတွေကို စူးစမ်းလေ့လာကြည့်ပါမယ်၊ 97 00:04:47,680 --> 00:04:50,618 ကျနော်ကိုယ်တိုင် အဲဒါတွေကို ဒေသထဲမှာ ဆက်ကူးပေးသွားရင်း 98 00:04:50,642 --> 00:04:54,434 သူတို့ ဒေသရဲ့ လယ်ယာစိုက်ပျိုးရေး သမိုင်းလို ဖြစ်လာဖို့အတွက်ပါ။ 99 00:04:54,458 --> 00:04:56,776 ဒါနဲ့ ဒီပရိုဂျက်ဟာ အွန်လိုင်း ပေါ်ကို ရောက်လာတယ်၊ 100 00:04:56,800 --> 00:04:59,574 အဲဒါဟာ ထိတ်လန့်စရာ ဖြစ်ခဲ့သလို အားကျစရာလည်း ဖြစ်ခဲ့ပါတယ်။ 101 00:04:59,574 --> 00:05:02,903 ထိတ်လန့်ခဲ့ရတဲ့ အပိုင်းက အသီး ၄၀ အပင် တွေကို ဆေးမင်ထိုးထားတဲ့ 102 00:05:02,927 --> 00:05:04,056 လူတွေကြောင့်ပါ။ 103 00:05:04,056 --> 00:05:04,803 (ရယ်သံများ) 104 00:05:04,803 --> 00:05:08,760 အဲဒါမြင်မိတော့ "လူတွေ ကိုယ်ခန္ဓာကိုယ်မှာ ဘာဖြစ်လို့ အဲဒါကို လုပ်ကြတာလဲ" မေးမိတယ်။ 105 00:05:08,760 --> 00:05:09,599 (ရယ်သံများ) 106 00:05:09,623 --> 00:05:12,764 အားကျစရာ အပိုင်းက ကျနော် ရရှိခဲ့တဲ့ တောင်းဆိုချက် စာတွေပါ၊ 107 00:05:12,788 --> 00:05:15,719 သင်းအုပ်ဆရာတွေ၊ ဂျူးဓမ္မရာများနဲ့ ဘုန်းတော်ကြီးများတို့က 108 00:05:15,743 --> 00:05:18,902 သူတို့ရဲ့ ဘာသာရေး အခမ်းအနားရဲ့ ဟိုချက်အဖြစ် သုံးချင်ခဲ့ကြတယ်။ 109 00:05:18,926 --> 00:05:20,569 အဲဒီလို မကြာမကြာ အမေးခံရတော့ 110 00:05:20,593 --> 00:05:23,566 "အဲဒီလို မမျှော်လင့်မိပါဘူး" လို့ ဖြေခဲ့ရတယ်။ 111 00:05:23,566 --> 00:05:26,450 [လက်ထပ်ပွဲကို အသီး ၄၀ ပင်နဲ့ စိတ်ကူးလို့ ရနိုင်မလား။] 112 00:05:26,474 --> 00:05:27,399 (ရယ်သံများ) 113 00:05:27,399 --> 00:05:29,157 ဒါပေမဲ့ အဲဒီလို ကျော်ဇော်မှုကြောင့် 114 00:05:29,157 --> 00:05:32,437 NPR ရဲ့ "Weekend Edition" မှာ အင်တာဗျူး လုပ်ခံခဲ့ရပါတယ်၊ 115 00:05:32,461 --> 00:05:36,454 ကောလိပ်ပါမောက္ခ တဦးအနေနဲ့ ဒါဟာ ကိုယ့်အောင်မြင်မှုရဲ့ 116 00:05:36,478 --> 00:05:38,821 အထွပ်အထိပ်ဘဲလို့ စဉ်းစားမိခဲ့တယ်-- 117 00:05:38,845 --> 00:05:42,116 ဒါပေမဲ့ NPR ကို ဘယ်သူတွေ နားထောင်ခဲ့မှန်း ဘယ်သိနိုင်ပါမလဲ။ 118 00:05:42,140 --> 00:05:45,472 NPR အင်တာဗျူး နောက်ပိုင်း ရက်သတ္တပါတ် အနည်းငယ် အကြာတွင်၊ 119 00:05:45,496 --> 00:05:48,096 ကျနော့်ဟာ ကာကွယ်ရေးဦးစီးဌာနထံမှ အီးမေးလ် ဝင်လာပါတယ်။ 120 00:05:48,368 --> 00:05:52,377 ကာကွယ်ရေး အဆင့်မြင့် သုတေသန ပရိုဂျက် ဌာနက ကျနော့်ကို ဖိတ်ကြားခဲ့ပါတယ်။ 121 00:05:52,401 --> 00:05:55,398 ကျနော်ရဲ့ ဆန်းသစ်တီထွင်မှုတွေ အကြောင်းကို ဆွေးနွေးရန် အတွက်တဲ့၊ 122 00:05:55,422 --> 00:05:59,406 အဲဒီ ဆွေးနွေးမှုဟာ ခဏလေးအတွင်းမှာကို အစာ ရေစာ လုံခြုံမှု ဆွေးနွေးပွဲ ဖြစ်လာတယ်။ 123 00:05:59,807 --> 00:06:03,419 ကျုပ်တို့ရဲ့ အမျိုးသားလုံခြုံမှုဟာ အစားအစာ လုံခြုံမှုအပေါ်မှာ မူတည်နေပါတယ်။ 124 00:06:03,419 --> 00:06:06,909 အခုတော့ ကျုပ်တို့ ကောက်စပါး တစ်ခုချင်းစီ ကိုသာ အဓိကထား စိုက်ပျိုးနေကြတော့ 125 00:06:06,933 --> 00:06:10,174 ကောက်စပါး တစ်ခုထဲက အမျိုးအစား အချို့ကိုသာ စိုက်ပျိုးနေကြပါတယ်။ 126 00:06:10,198 --> 00:06:13,171 တကယ်လိုများ အဲဒီ ကောက်စပါးနဲ့ ပတ်သက်ပြီး တခုခု ဖြစ်လာခဲ့ရင်ကော၊ 127 00:06:13,195 --> 00:06:16,652 ကျုပ်တို့ရဲ့ စားနပ်ရိက္ခါဆိုင်ရာ ပြဿနာကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ 128 00:06:16,652 --> 00:06:19,716 ကျုပ်တို့ စားနပ်ရိက္ခာ လုံခြုံမှုကို ထိန်းသိမ်းထားဖို့ သော့ချက်က 129 00:06:19,716 --> 00:06:22,915 ကျုပ်တို့ရဲ့ မတူကွဲပြားတဲ့ ဇီဝမျိုးစုံကို ထိန်းသိမ်း ထားရန်ပါပဲ။ 130 00:06:22,915 --> 00:06:26,069 လွန်ခဲ့တဲ့ ရာစုတုန်းက အဲဒါကို လူတိုင်းက သူတို့ရဲ့ ခြံထဲမှာ 131 00:06:26,069 --> 00:06:28,607 အိမ်နောက်ဘက်ရှိ သိပ်မများလှတဲ့ အပင်များရဲ့ အကူအညီဖြင့် 132 00:06:28,607 --> 00:06:31,784 အသီးအနှံအမျိုးမျိုးကို မိသားစု အဆက်ဆက် စိုက်ပျိုး ထုတ်လုပ်ခဲ့ကြတယ်။ 133 00:06:31,808 --> 00:06:36,069 ဒါက အသီး ၄၀ တပင်တည်းထံမှ ဩဂုတ်လရဲ့ တစ်ပတ်မှာ ရရှိခဲ့တဲ့ မက်မန်းသီးပါ။ 134 00:06:36,069 --> 00:06:38,226 ပရိုဂျက်ကို နှစ်များစွာကြာ လုပ်လာခဲ့ရာ 135 00:06:38,250 --> 00:06:41,605 အရှေ့အမေရိကန်ပြည်ထောင်စု အတွင်းမှာ 136 00:06:41,629 --> 00:06:43,653 ဒီအသီးများရဲ့ အကြီးမားဆုံး စုစည်းထားမှုဟာ 137 00:06:43,677 --> 00:06:46,655 ကျနော့်ဆီမှာ ရှိနေတာ သိလာရတော့ မယံနိုင်အောင် ထိတ်လန့်ခဲ့ရပါတယ်။ 138 00:06:46,679 --> 00:06:47,760 (ရယ်သံများ) 139 00:06:47,760 --> 00:06:50,512 တကယ်တော့၊ ကျနော့်ဆီမှာ ရှိတာတွေဟာ ဘာတွေမှန်း မသိခဲ့လို့ပါ။ 140 00:06:50,536 --> 00:06:52,730 ကျနော်ထံက အသီးအမျိုးအစား အများစုတို့ဟာ 141 00:06:52,730 --> 00:06:55,060 ဘိုးစဉ်ဘောင်စဉ် အမျိုးအစား ဖြစ်ကြမှန်း သိလာရတယ်၊ 142 00:06:55,060 --> 00:06:57,426 ၁၉၄၅ ခုနှစ် မတိုင်မီ စိုက်ပျိုးခဲ့ကြတဲ့ ဟာတွေပါ၊ 143 00:06:57,426 --> 00:07:00,980 စိုက်ပျိုးမှုထဲ စက်မှုလုပ်ငန်းက လွှမ်းမိုး တော့တဲ့ အာရုဏ်ဦး အချိန်ကပါ။ 144 00:07:01,059 --> 00:07:04,725 မျိုးကွဲ တော်တော်များများဆိုရင် နှစ်ပေါင်း ထောင်နဲ့ချီ ကြာနေခဲ့ကြပါပြီ။ 145 00:07:05,184 --> 00:07:07,971 အဲဒါတွေ အဲဒီလောက်ထိ ရှားပါးကြတာကို သိလာရတဲ့ နောက်မှာ 146 00:07:07,971 --> 00:07:11,759 ကျနော်ဟာ ၎င်းတို့ကို ထိန်းသိမ်းထားရေး ကိစ္စကိုပဲ တချိန်လုံး စဉ်းစားလာတော့တယ်၊ 147 00:07:11,759 --> 00:07:13,897 အဲဒါအတွက် အနုပညာက မောင်းနှင်အား ဖြစ်လာပါတယ်။ 148 00:07:13,921 --> 00:07:17,061 ကျနော်ဟာ ရှေးဟောင်းခြံတွေကို ဖျက်ဆီး မပစ်ခင် အရောက်သွားပြီး 149 00:07:17,085 --> 00:07:20,160 အကိုင်ကြီး ဒါမှမဟုတ် ပင်စည်အပိုင်းကို ဆက်ကူးလို့ ရနိုင်သေးတာကို 150 00:07:20,160 --> 00:07:21,618 ကယ်ယူဖို့ ကြိုးစားခဲ့တယ်။ 151 00:07:21,642 --> 00:07:25,354 ကျနော်ဟာ ပန်းတွေန့ အရွက်တွေကို ဖိသိပ်သိမ်းမှုကို စတင်ခဲ့တယ် 152 00:07:25,378 --> 00:07:27,166 အပင်မျိုးစိတ်တွေကို ဖန်တီးဖို့ပါ။ 153 00:07:27,190 --> 00:07:29,341 ကျနော်ဟာ DNA အစီအစဉ်ကို စတင်ခဲ့တယ်။ 154 00:07:29,365 --> 00:07:33,068 ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလို ကြေးနီပြား စာတန်းဖြင့် 155 00:07:33,092 --> 00:07:36,394 ရေးသးဖေါ်ပြချက်များဖြင့် အဆုံးသတ်လာခဲ့တယ်။ 156 00:07:36,418 --> 00:07:39,818 George IV မက်မွန်ရဲ့ ဇာတ်လမ်းကို ပြောပြရန်၊ 157 00:07:39,818 --> 00:07:43,633 တချိန်တုန်းက နယူးယောက် စီးတီး အဆောက် အအုံ နှစ်ခု အကြားမှာ အမြစ်တွယ်ရပ်နေခဲ့ပြီး 158 00:07:43,633 --> 00:07:46,558 တချို့က ဘေးမှ လျှောက်သွားခဲ့ကြတယ်၊ တချို့က မြည်းစမ်းခဲ့ကြတယ်၊ 159 00:07:46,558 --> 00:07:49,780 အဲဒါဟာ 19 ရာစုအတွင်း အရောင်းရဆုံး အမျိုးအစား ဖြစ်လာခဲ့တယ်၊ 160 00:07:49,804 --> 00:07:52,460 ၎င်းရဲ့ အရသာက သိပ်ကို ကောင်းလွန်ခဲ့လို့ပါ။ 161 00:07:52,543 --> 00:07:54,654 အဲဒီနောက်မှာ အားလုံး ပျောက်ကွယ်သွားခဲ့တယ်၊ 162 00:07:54,678 --> 00:07:56,623 သင်္ဘောနဲ့ တင်ပို့ရာတွင် အဆင်မပြေလို့၊ 163 00:07:56,623 --> 00:07:59,135 ခေတ်မီစိုက်ပျိုးရေးနည်းနဲ့ အံဝင်ခွင်မကျလို့ပါ။ 164 00:07:59,276 --> 00:08:03,249 ဒါပေမဲ့ အဲဒီအကြောင်းကို ပုံပြင်အဖြစ် လူတွေကို ပြောပြသင့်တာ ကျနော် သိနားလည်တယ်။ 165 00:08:03,273 --> 00:08:04,996 အဲဒီလို ပုံပြင်ကို ပြောပြရာတွင် 166 00:08:05,020 --> 00:08:08,145 အဲဒါကို ထိတွေ့ စမ်းကြည့်မှုဆိုတဲ့ အတွေ့အကြုံ၊ 167 00:08:08,145 --> 00:08:11,225 အနံ့ခံကြည့်ဖို့နဲ့ အဲဒီအမျိုးအစားတွေကို စားသုံးမှုလည်း ပါရပါမယ်။ 168 00:08:11,225 --> 00:08:13,997 အဲဒီလိုနည်းဖြင့် ကျနော်ဟာ ခြံကို ဖန်တီးရန် ဆုံးဖြတ်ခဲ့တယ်၊ 169 00:08:13,997 --> 00:08:16,573 အဲဒီအသီးတွေကို အများပြည်သူတို့ မြည်းစမ်းကြည့်နိုင်ဖို့ 170 00:08:16,573 --> 00:08:19,721 စိတ်ကူးကြည့်လို့ ရနိုင်မယ့်အထဲက လူတွေ အများဆုံး 171 00:08:19,745 --> 00:08:21,531 လည်ပတ်ကြတဲ့ နေရာမှာ ထားပေးရမယ်။ 172 00:08:21,555 --> 00:08:25,303 နယူးယောက်စီးတီး ထဲက မြေတစ်ဧက လောက်ရှိမယ့် နေရာကို ရှာကြည့်နေခဲ့တယ်၊ 173 00:08:25,327 --> 00:08:26,328 (ရယ်သံများ) 174 00:08:26,352 --> 00:08:30,732 လက်တွေ့တွင် လုံးဝမဖြစ်နိုင်တဲ့ ရဲဝံ့လှတဲ့ စိတ်ကူးဖြစ်နေလို့ 175 00:08:30,756 --> 00:08:35,063 ကျနော့်ဖုန်း ဒါမှမဟုတ် အီးမေးလ်ကို ဖြေကြားလာသူ တစ်ဦးမှ မရှိခဲ့ပါ။ 176 00:08:35,087 --> 00:08:36,094 (ရယ်သံများ) 177 00:08:36,118 --> 00:08:41,167 လွန်ခဲ့တဲ့ လေးနှစ်တုန်းက Governors Island ထံမှ ပြန်ကြားလာတဲ့ အထိပါပဲ။ 178 00:08:41,191 --> 00:08:43,210 Governors Island ဟာ ရေတပ်အခြေစိုက်စခန်းပါ၊ 179 00:08:43,210 --> 00:08:46,388 2000 ခုနှစ်နယူးယောက်စီးတီးထံ ၂၀၀၀ ပြည့်နှစ်တွင် ပြန်အပ်နှံလိုက်တယ်။ 180 00:08:46,388 --> 00:08:48,880 အဲဒီကျွန်းဟာ အခုတော့ ဘာမှမရှိ သဘာဝပကတိ အတိုင်းရှိနေကာ 181 00:08:48,904 --> 00:08:51,192 ဖယ်ရီနဲ့ဆို နယူးယောက်မြို့နဲ့ ငါးမိနစ် ခရီးမျှပါ။ 182 00:08:51,216 --> 00:08:55,114 သူတို့ကနေပြီး "Open Orchard" ဆိုတဲ့ ပရိုဂျက်ကို ဖန်တီးရန် အဆိုပြုလာတာပါ။ 183 00:08:55,114 --> 00:08:57,439 အဲဒီကျွန်းပေါ်မှာ တချိန်တုန်းက နယူးယောက်တွင် 184 00:08:57,463 --> 00:09:00,228 ရာစုနှစ်ချီကြာ သီးခဲ့ကြတဲ့ အသီးတွေကို ပြန်ယူဆောင်ပေးမှာပါ။ 185 00:09:00,281 --> 00:09:02,183 လောလောဆယ်တွင် ရုပ်လုံးဖေါ်နေဆဲဖြစ်တဲ့ 186 00:09:02,207 --> 00:09:06,369 အဲဒီ Open Orchard တွင် ဆက်ကူးထားတဲ့ အပင် ၅၀ ရှိကြလျက် 187 00:09:06,393 --> 00:09:11,213 ရှေးဟောင်း အမွေအနှစ် အသီး အမျိုးအစား ၂၀၀ ပါဝင်ကြပါမယ်။ 188 00:09:11,647 --> 00:09:15,672 ဒီဒေသထဲက မူရင်းဖြစ်ခဲ့ပြီး သမိုင်းစဉ်အရ ပေါက်ခဲ့ကြတဲ့ အမျိုးအစားတွေပါ။ 189 00:09:16,049 --> 00:09:18,616 Early Strawberry ပန်းသီးလို အမျိုးအစားပါ။ 190 00:09:18,640 --> 00:09:22,119 ၁၃ လမ်းနဲ့ Third Avenue မှ မူရင်းအပင်ပါ။ 191 00:09:22,143 --> 00:09:24,645 သီးပင်ကို အစေ့ဖြင့် ထိန်းသိမ်းထား မရနိုင်လို့ 192 00:09:24,645 --> 00:09:27,271 Open Orchard ဟာ ရှင်သန်နေတဲ့ မျိုးရိုးဗီဇဘဏ်နဲ့တူပါမယ်၊ 193 00:09:27,271 --> 00:09:29,813 တနည်းအားဖြင့် အဲဒီအသီးတွေရဲ့ မှတ်တမ်းတိုက်နဲ့ တူပါတယ်။ 194 00:09:29,813 --> 00:09:30,758 အသီး ၄၀ အပင်လိုပဲ 195 00:09:30,758 --> 00:09:32,449 ဒါဟာလည်း စမ်းသပ်တဲ့ သဘောပါပဲ။ 196 00:09:32,449 --> 00:09:34,733 ပြီးတော့ ထင်ရှားတဲ့ သင်္ကေတလည်း ဖြစ်ပါလိမ့်မည်။ 197 00:09:34,733 --> 00:09:38,921 အရေးအကြီးဆုံး အချက်က လူတွေကို အစားအစာကို ထိန်းသိမ်းစောင့်ရှောက်မှုထဲ 198 00:09:38,921 --> 00:09:41,332 လက်တွဲပါဝင်လာစေလျက် ပိုပြီး လေ့လာသင်ယူလာစေမှာပါ။ 199 00:09:41,356 --> 00:09:42,852 အသီး ၄၀ အပင်ကို အကြောင်းပြုပြီး 200 00:09:42,876 --> 00:09:45,650 ကျနော်ဟာ လူတွေ ထောင်ချီတို့ထံမှနေပြီး အီးမေးလ်တွေ ရရှိခဲ့ရာ 201 00:09:45,650 --> 00:09:49,081 အဓိကအကျဆုံး "အပင်တစ်ပင်ကို စိုက်ဖို့ ခင်ဗျားဘယ်လို စတင်ပါသလဲ" မေးကြပါတယ်။ 202 00:09:49,081 --> 00:09:51,817 စိုက်ပျိုးရေး လုပ်ငန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ လူဦးရေ 203 00:09:51,841 --> 00:09:54,457 သုံးရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့၊ 204 00:09:54,481 --> 00:09:57,021 ကျုပ်တို့ရဲ့ Open Orchard ကနေပြီး 205 00:09:57,045 --> 00:10:01,223 အများပြည်သူဆိုင်ရာ အစီအစဉ်များထဲနဲ့ အလုပ်ရုံဆွေးနွေးပွဲများထဲ ပါဝင်ကြရန်၊ 206 00:10:01,247 --> 00:10:05,074 သစ်ပင်ကို စိုက်ရပုံ၊ ဆက်ကူးပေးရပုံနဲ့ ကြီးပြင်းအောင် လုပ်ပေးရပုံကို လေ့လာကြရန်၊ 207 00:10:05,074 --> 00:10:08,187 လတ်ဆတ်တဲ့ အသီးတွေကို စားကြည့်တာ၊ ပန်းပွင့်မှု ခရီးစဉ်များထဲတွင် 208 00:10:08,187 --> 00:10:11,682 ဒေသခံ စားဖိုးမှူးများနဲ့ လက်တွဲလျက် အဲဒီအသီးများ အသုံးပြုပုံကို လေ့လာရင်း 209 00:10:11,682 --> 00:10:13,687 ရာစုနှစ်ချီ ဟင်းလျာများကို ဖန်တီးကြည့်ရန် 210 00:10:13,687 --> 00:10:16,582 လက်ရှိ အသီးတွေ အဲဒီဟင်းလျာများထဲ သုံးပုံကို လေ့လာကြည့်ဖို့ပါ။ 211 00:10:16,606 --> 00:10:19,810 ကျုပ်တို့ခြံရဲ့ ရုပ်ပိုင်းဘောကို ကျော်ပြီး ချက်ပြုတ်ရေး စာအုပ်ကိုပါ 212 00:10:19,810 --> 00:10:22,633 ထုတ်ဝေဖို့ ရှိနေနရာ ချက်ပြုတ်နည်းတွေ အားလုံး ပါဝင်ကြပါမယ်။ 213 00:10:22,633 --> 00:10:24,960 ၎င်းဟာ ကွင်းဆင်းလေ့လာရေး လမ်းညွှန်လည်း ဖြစ်ပါမယ်၊ 214 00:10:24,960 --> 00:10:27,723 အဲဒီအသီးများရဲ့ ဝိသေသလက္ခဏာများနဲ့ ပင်ကိုထူးခြားချက်များ၊ 215 00:10:27,723 --> 00:10:30,024 ၎င်းတို့ရဲ့ မူလဇာတိနဲ့ သမိုင်းလည်း ပါရှိပါဦးမယ်။ 216 00:10:30,024 --> 00:10:33,725 စိုက်ပျိုးရင်း ကြီးပြင်းလာခဲ့လို့ စိုက်ပျိုးရေးကို နားလည်တယ်လို့ ထင်ခဲ့တယ်၊ 217 00:10:33,725 --> 00:10:36,664 အဲဒါနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာ ဘာမှ မရှိဘူးလို့ ထင်မှတ်ခဲ့တယ်။ 218 00:10:36,664 --> 00:10:38,997 အဲဒါနဲ့ ကျနော်ဟာ အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်-- 219 00:10:38,997 --> 00:10:39,937 (ရယ်သံများ) 220 00:10:39,937 --> 00:10:43,378 ဒါပေမဲ့ ဒါဟာ ကျနော်ကိုယ်တိုင်ရဲ့ DNA နဲ့ တနည်းနည်းနဲ့ ဆက်စပ်နေပုံရပါတယ်။ 221 00:10:43,378 --> 00:10:46,325 ပြီးတော့ ဒီကိစ္စဲထဲမှာ ကျနော် တယောက်တည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ 222 00:10:46,325 --> 00:10:50,829 လွန်ခဲ့တဲ့ နှစ် 100 တုန်းက ကျုပ်တို့အားလုံးဟာ ကျုပ်တို့ အစားအစာရဲ့ 223 00:10:50,853 --> 00:10:54,375 ယဉ်ကျေးမှု၊ စိုက်ပျိုးမှုနဲ့ သမိုင်းစဉ်နဲ့ နီးကပ်စွာ ဆက်စပ်နေခဲ့ကြပါတယ်။ 224 00:10:54,375 --> 00:10:56,711 အခုတော့ ကျုပ်တို့ဟာ အဲဒါတွေထံမှ ခွဲခွာခံခဲ့ကြရတယ်။ 225 00:10:56,711 --> 00:10:58,623 Open Orchard ဟာ ကျုပ်တို့ မသိကြတော့တဲ့ 226 00:10:58,647 --> 00:11:02,234 အတိတ်နဲ့ ပြန်ဆက်သွယ်ဖို့ အခွင့်ကောင်းဖြစ်သလို 227 00:11:02,258 --> 00:11:06,233 ကျုပ်တို့ အစားအစာရဲ့ အနာဂတ် ဘယ်လို ဖြစ် သင့်လဲ ပြန်စဉ်းစားဖို့ နည်းလမ်းလဲ ဖြစ်တယ်။ 228 00:11:06,428 --> 00:11:07,579 ကျေးဇူးတင်ပါတယ်။ 229 00:11:07,603 --> 00:11:11,436 (လက်ခုပ်သံများ)