လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက
မက်မွန်သီး အမျိုးမျိုး ၂၀၀၀ ရှိခဲ့ကြပြီး၊
မက်မန်းသီး မျိုးစုံ ၂၀၀၀ ခန့်နဲ့
အမည်အမျိုမျိုးရှိ ပန်းသီး ၈၀၀ နီးပါး
အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့ကြပါတယ်။
ဒီနေ့ကျတော့ အဲဒါတွေထဲက
အနည်းငယ်မျှသာ ကျန်ရစ်ခဲ့ကြပြီး
ကျန်ခဲ့တာတွေကလည်း လယ်ယာကို စက်မှုပုံစံ
သွင်လာလို့ ခြိမ်းခြောက်ခံနေကြရတယ်၊
ရောဂါနှင့် ရာသီဥတုပြောင်းလဲမှုကလည်း
အန္တရာယ်ပါ။
အဲဒီလို ပျောက်ဖို့ ခြိမ်းခြောက်ခံနေကြရတဲ့
အထဲမှာ Blood Cling ခေါ်
စပိန်သာသနာပြုများက အမေရိကကို ယူလာခဲ့ကြတဲ့
အနီရောင်အသားရှိတဲ့ မက်မွန်ပါတယ်၊
အဲဒါကို အမေရိက တိုင်းရင်းသားတွေ
ဓရာစုနှစ်ချီ စိုက်ပျိုးလာခဲ့ကြတယ်၊
တရုတ်ရွှေ့ပြောင်းလာခဲ့သူတွေ
တရုတ်ဆီးသီးလည်း ပါခဲ့တယ်၊
တိုက်ကြီးကို ဖြတ်ပြီး ဆောက်လုပ်ခဲ့တဲ့
မီးရထားကို ဆောက်ဖို့ လာခဲ့ကြတာလေ။
အရှေ့အလယ်က မူရင်းဖြစ်ခဲ့ပြီး အီတလီ၊
ပြင်သစ်နဲ့ ဂျာမန် ရွေ့ပြောင်းလာသူတွေ
ယူလာခဲ့ကြတဲ့ မက်မန်းသီး မျိုးစုံလည်း
အလားတူပါပဲ။
အဲဒီအမျိုးအစား တစ်ခုမှာမှ
ဒီမှာပေါက်လေ့ကျ မဟုတ်ခဲ့ပါဘူး။
တကယ်တော့ အသီးပင် အားလုံးနီးပါးကို
အခြေားနေရာများမှ ဒီကို ယူဆောင်လာခဲ့ကြတာပါ။
ပန်းသီး၊ မက်မွန်သီးနဲ့ချယ်ရီသီးတွေ
အားလုံး အပါအဝင်ပါ။
အဲဒီလို စားစရာအသီးတွေကို
ယူဆောင်လာမှုဟာ
အဲဒီအသီးတွေနဲ့အတူ ယဉ်ကျေးမှုကိုလည်း
ယူလာခဲ့ကြတာပါ။
၎င်းတို့ကို မက်မော စိုက်ပျိုးခဲ့ကြပြီး
သိပ်ကို တန်ဖိုးထားခဲ့ကြလို့
သူတို့နဲ့အတူ ဒီကို ယူဆောင်လာခဲ့ကြတာက
သူတို့ရဲ့ ဇာတိနဲ့ ဆက်စပ်နေခဲ့လို့ပါ။
ဒါကြောင့်မို့လို့ ကျုပ်တို့ဟာ အဲဒါကို လက်
ဆင့်ကမ်း ရရှိလျက် မျှဝေသုံးနိုင်ကြတာပါ။
ဒီအသီးတွေဟာ ကျုပ်တို့ရဲ့ ပုံပြင်တွေပါလို့
တောင် ပြောဆိုနိုင်ပါတယ်။
ပြီးတော့ ကျနော်ဟာ ‘‘အသီးလေးဆယ် အပင်‘‘လို့
အမည်ပေးထားတဲ့
ကျနော်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အနုပညာ
ကြောင့် ၎င်းတို့ကို အထူးပြု လေ့လာခဲ့သူပါ။
အသီးလေးဆယ် အပင် ဆိုပေမဲ့
အပင်က တပင်တည်းပါ၊
ဒါပေမဲ့ အမာစား အသီး အမျိုး ၄၀ ကို
သီးနိုင်စွမ်း ရှိပါတယ်။
အဲဒါကြောင့်မို့လို့ မက်မွန် မက်မန်း၊
တရုတ်ဆီးသီး၊ နက်တာရင်းနဲ့ ချယ်ရီသီးတွေ
တပင်တည်း အပေါ်မှာ သီးနိုင်ကြတာပါ။
အပင်ရဲ့ ဒီဇိုင်းက နှစ်ရဲ့ အများစုအချိန်မှာ
ပုံမှန်မျိုးလိုဘဲ ထင်ရအောင် ပြုစုထားတယ်၊
နွေဦးအထိ၊ ပန်းရောင်နဲ့ အဖြူရောင်
ပန်းတွေ မပွင့်ခင် အချိန်အထိပါ၊
နွေရာသီရောက်တာနဲ့ များပြားပြီး မတူတဲ့
အသီးတွေ စသီးလာကြပါတော့တယ်။
ဒီပရိုဂျက်ကို စစဉ်တုန်းက
အနုပညာရှုထောင့် သက်သက်နဲ့ပါ-
နေ့စဉ်ဘဝရဲ့ အရှိတရားကို
ပြောင်းလဲဖို့ စမ်းသပ်မှုပါ၊
ရိုးရိုးသားသား ပြောရရင်၊
စိတ်ကူးက လူတွေက ဒီအပင်ကို
မြင်ကြရတဲ့ အခါမှာ
ရောင်စုံ ပန်းတွေ ပွင့်လျက် ရှိနေတာကို
ပြီးတော့ ဒီလို မတူကွဲပြားတဲ့ အသီးမျိုးစုံ
သီးနေတာ တွေ့ကြရမယ်။
ကျနော်ဟာ အသီး ၄၀ အပင်ကို အကိုင်းကို ဆက်ကူး
ပေးတဲ့နည်းနဲ့ ဖန်တီးခဲ့တာပါ။
ကျနော်ဟာ ညှပ်ယူမယ့် အကိုင်းတွေကို
ဆောင်းရာသီမှာ စုစည်းပြီး သိမ်းထားပါတယ်၊
နွေဦးတွင် အကိုင်းတွေရဲ့ အဆုံးပိုင်းမှာ
၎င်းတို့ကို ဆက်ကူးပေးတာပါ။
တကယ်တော့ အပင်တွေအားလုံးတို့ဟာ
အကိုင်းဆက်ကူးထားတဲ့ ဟာတွေပါ၊
ဘာလို့လဲဆိုတော့ အပင်ရဲ့အစေ့ဟာ
မိဘတွေရဲ့ မျိုးရိုးဗီဇ မူကွဲသဘောပါ။
အဲဒါကြောင့် ကျုပ်တို့က သိပ်ကြိုက်တဲ့
အမျိုးအစားကို တွေ့တဲ့အခါမှာ၊
အဲဒါကို ပြန့်ပွားပေးတဲ့ နည်းက
အပင်တပင်မှ ဖြတ်ယူလျက်
နောက် တပင်ပေါ်မှာ ကူးဆက်ပေးခြင်းပါပဲ၊
စဉ်းစားကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်စရာလို့
ထင်ရပေမဲ့၊
Macintosh apple တိုင်းဟာ
အပင်တပင်တည်းဆီမှ လာတာပါ၊
မျိုးဆက် တခုမှ နောက်တခုဆီကို
ဆက်ကူးပေးလာခဲ့တဲ့ သဘောပါပဲ။
ဒါပေမဲ့ သီးပင်တွေကို အစေ့များဖြင့်
ထိန်းသိမ်းထားလို့ ရနိုင်တာလည်း မှန်ပါတယ်။
ဆက်ကူးရတဲ့ အလုပ်ကို ကျနော် မှတ်မိတာ
မွေးကတည်းကပဲ ဆိုပါစို့။
ကျုပ် ဘေးဟာ မက်မွန်ခြံဖြင့်
အသက်မွေးခဲ့သူပါ။
အရှေ့တောင် Pennsylvania မှာ ဖြစ်ခဲ့တယ်။
ကျနော်ဟာ သူ့ကို ဘယ်တုန်းကမှ
မတွေ့ခဲ့ပေမဲ့၊
တခါတလေမှာ သူ့အမည်ကို တယောက်ယောက်
ပြောဆိုရင်တော့၊
လူတွေအားလုံးက အဲဒါဟာ အပင်တွေကို
ဘယ်လို ဆက်ကူးပေးရမှာကို သိခဲ့သူ
ပြောဆိုကြပုံက မှော်ပညာကို တတ်သူလိုပါပဲ။
ကျနော်က အသီး ၄၀ အပင်ကို ဆုံးဖြတ်ခဲ့တာက
အဲဒီဂဏန်းကို အနောက်တိုင်း ယဉ်ကျေးမှုထဲမှာ
တွေ့ရတတ်လို့ရယ်၊
ရေလို့ရတဲ့ ဒါဇင်လည်း မဟုတ်၊ မရေ
နိုင်တဲ့ ကြီးမားတဲ့ ဂဏန်းလည်း မဟုတ်၊
ဒါပေမဲ့ ရေတွက်နေကျ ဘောင်ကို
ကျော်နေတဲ့ ဂဏန်းမို့လို့ပါ။
ပြည့်စုံမှု တနည်း များပြားမှု
သဘောကိုဆောင်ပါတယ်။
ဒါပေမဲ့ စစချင်း ကျနော် ရင်ဆိုင်ရတဲ့
ပြဿနာက
၄၀ အထိကို မျိုးစုံလှတဲ့ သီးပင်တွေကို
ရှာမတွေ့နိုင်ခဲ့ခြင်းပါ၊
နယူးယောက်ပြည်နယ်ဟာ လွန်ခဲ့တဲ့ ရာစုထဲတွင်
ခုနက ပြောပြခဲ့တဲ့ အသီးတွေအားလုံးကို
ထုတ်လုပ်ရာတွင် နာမည်အကြီးဆုံး
ဖြစ်ခဲ့တာတောင် မတွေ့နိုင်ခဲ့ပါ။
ကြုံကြိုက်လို့ သုတေသနခြံထဲက
အပင်တွေကို ရှင်းနေတုန်း
ရှေးဟောင်း၊ အသက်ကြီးရင့်လှတဲ့
ခြံကြီးထဲတွင်
၎င်းတို့ရဲ့ အကိုင်းတွေကို
စုစည်းရယူနိုင်ခဲ့လို့
ကိုယ်ပိုင် ပျိုးပင်များထဲက အပင်တွေ
ပေါ်မှာ ဆက်ကူးပေးနိုင်ခဲ့တယ်။
အသီး ၄၀ အပင်တွေကို ပထမဦးဆုံး
စိုက်ပေးခဲ့စဉ် ဒီလိုပုံစံမျိုးပါ၊
ဒါကျတော့ ခြောက်နှစ်အကြာ
တွေ့မြင်ရပုံပါ။
ဒါဟာ ချက်ချင်း ဆုတံဆိပ် ရယူနိုင်တဲ့
အားကစားမျိုး လုံးဝ မဟုတ်ပါ။
(ရယ်သံများ)
ကိုယ် ဆက်ကူးပေးလိုက်တာ အောင်မြင်သလား
ဆိုတာကို သိရဖို့ တစ်နှစ်စောင့်ရပါတယ်။
ပြီးတော့ အသီးကော သီးပါမလား ဆိုတာကို
သိရဖို့ နှစ်နှစ်သုံးနှစ် ကြာပါတယ်။
ပြီးတော့ ဒီလို အပင်တပင်ကို ဖန်တီးဖို့
ရှစ်နှစ် အချိန်ပေးရပါတယ်။
ဆက်ကူး ဖန်တီးပေးလိုက်တဲ့
အသီး 40 အပင်တိုင်းဟာ
ပုံစံအရ၊ အရောင်အရ
တခုနဲ့တခု မတူ ကွဲပြားကြတယ်။
ဒါနဲ့ ကျနော် နားလည်မိတာက ၎င်းတို့ရဲ့
ပန်းပွင့်ချိန်ကို အချိန်ကာလအရ
ညှိကိုက်ပေးခြင်းဖြင့် အပင်တွေ
နွေဦးမှာ ဘယ်လိုပုံစံမျိုး တွေ့မြင်ရမှာကို
စီစဉ်ဖန်တီးပေးနိုင်ပါတယ်။
ဒါက ၎င်းတို့ နွေရာသီမှာ တွေ့မြင်ရပုံပါ။
၎င်းတို့ဟာ အသီးတွေကို ဇွန်လကနေ
စက်တင်ဘာလ အထိ သီးပေးကြတယ်။
ချယ်ရီသီးဖြင့် စလျက်၊ တရုတ်ဆီးသီး၊
အာရှ မက်မန်းသီး၊ နက်တာရင်းများနဲ့
မက်မွန်သီးတွေပါ၊
အဲဒီထဲက တခုခုကို ပြဖို့ မေ့သွားတယ်
အထဲတနေရာမှာပါ...
(ရယ်သံများ)
ဒါက အနုပညာလက်ရာ ဆိုပေမဲ့
ပြခန်းမလို လမ်းပေါ်မှာပါ၊
ပရိုဂျက်ကို ဆက်လုပ်ကိုင်နေလို့
ဒီလို အနုပညာ အကြောင်းကို
ကမ္ဘာပေါ်မှာ ဆွေးနွေးမှု ရှိပါတယ်။
အလားတူ တခြားနေရာ အမျိုးမျိုးမှာပါ
ဖန်တီးပေးရန် တောင်းဆိုကြပါတယ်။
စပြီးလုပ်မှာက အဲဒီဒေသထဲမှာ
မူရင်းပေါက်ရောက်ခဲ့တာတွေ
သမိုင်းစဉ်အရ ပေါက်ခဲ့တာတွေကို
စူးစမ်းလေ့လာကြည့်ပါမယ်၊
ကျနော်ကိုယ်တိုင် အဲဒါတွေကို ဒေသထဲမှာ
ဆက်ကူးပေးသွားရင်း
သူတို့ ဒေသရဲ့ လယ်ယာစိုက်ပျိုးရေး
သမိုင်းလို ဖြစ်လာဖို့အတွက်ပါ။
ဒါနဲ့ ဒီပရိုဂျက်ဟာ အွန်လိုင်း
ပေါ်ကို ရောက်လာတယ်၊
အဲဒါဟာ ထိတ်လန့်စရာ ဖြစ်ခဲ့သလို
အားကျစရာလည်း ဖြစ်ခဲ့ပါတယ်။
ထိတ်လန့်ခဲ့ရတဲ့ အပိုင်းက အသီး ၄၀ အပင်
တွေကို ဆေးမင်ထိုးထားတဲ့
လူတွေကြောင့်ပါ။
(ရယ်သံများ)
အဲဒါမြင်မိတော့ "လူတွေ ကိုယ်ခန္ဓာကိုယ်မှာ
ဘာဖြစ်လို့ အဲဒါကို လုပ်ကြတာလဲ" မေးမိတယ်။
(ရယ်သံများ)
အားကျစရာ အပိုင်းက ကျနော် ရရှိခဲ့တဲ့
တောင်းဆိုချက် စာတွေပါ၊
သင်းအုပ်ဆရာတွေ၊ ဂျူးဓမ္မရာများနဲ့
ဘုန်းတော်ကြီးများတို့က
သူတို့ရဲ့ ဘာသာရေး အခမ်းအနားရဲ့
ဟိုချက်အဖြစ် သုံးချင်ခဲ့ကြတယ်။
အဲဒီလို မကြာမကြာ အမေးခံရတော့
"အဲဒီလို မမျှော်လင့်မိပါဘူး"
လို့ ဖြေခဲ့ရတယ်။
[လက်ထပ်ပွဲကို အသီး ၄၀ ပင်နဲ့
စိတ်ကူးလို့ ရနိုင်မလား။]
(ရယ်သံများ)
ဒါပေမဲ့ အဲဒီလို ကျော်ဇော်မှုကြောင့်
NPR ရဲ့ "Weekend Edition" မှာ အင်တာဗျူး
လုပ်ခံခဲ့ရပါတယ်၊
ကောလိပ်ပါမောက္ခ တဦးအနေနဲ့
ဒါဟာ ကိုယ့်အောင်မြင်မှုရဲ့
အထွပ်အထိပ်ဘဲလို့ စဉ်းစားမိခဲ့တယ်--
ဒါပေမဲ့ NPR ကို ဘယ်သူတွေ နားထောင်ခဲ့မှန်း
ဘယ်သိနိုင်ပါမလဲ။
NPR အင်တာဗျူး နောက်ပိုင်း ရက်သတ္တပါတ်
အနည်းငယ် အကြာတွင်၊
ကျနော့်ဟာ ကာကွယ်ရေးဦးစီးဌာနထံမှ
အီးမေးလ် ဝင်လာပါတယ်။
ကာကွယ်ရေး အဆင့်မြင့် သုတေသန ပရိုဂျက်
ဌာနက ကျနော့်ကို ဖိတ်ကြားခဲ့ပါတယ်။
ကျနော်ရဲ့ ဆန်းသစ်တီထွင်မှုတွေ အကြောင်းကို
ဆွေးနွေးရန် အတွက်တဲ့၊
အဲဒီ ဆွေးနွေးမှုဟာ ခဏလေးအတွင်းမှာကို အစာ
ရေစာ လုံခြုံမှု ဆွေးနွေးပွဲ ဖြစ်လာတယ်။
ကျုပ်တို့ရဲ့ အမျိုးသားလုံခြုံမှုဟာ အစားအစာ
လုံခြုံမှုအပေါ်မှာ မူတည်နေပါတယ်။
အခုတော့ ကျုပ်တို့ ကောက်စပါး တစ်ခုချင်းစီ
ကိုသာ အဓိကထား စိုက်ပျိုးနေကြတော့
ကောက်စပါး တစ်ခုထဲက အမျိုးအစား အချို့ကိုသာ
စိုက်ပျိုးနေကြပါတယ်။
တကယ်လိုများ အဲဒီ ကောက်စပါးနဲ့ ပတ်သက်ပြီး
တခုခု ဖြစ်လာခဲ့ရင်ကော၊
ကျုပ်တို့ရဲ့ စားနပ်ရိက္ခါဆိုင်ရာ ပြဿနာကို
အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
ကျုပ်တို့ စားနပ်ရိက္ခာ လုံခြုံမှုကို
ထိန်းသိမ်းထားဖို့ သော့ချက်က
ကျုပ်တို့ရဲ့ မတူကွဲပြားတဲ့ ဇီဝမျိုးစုံကို
ထိန်းသိမ်း ထားရန်ပါပဲ။
လွန်ခဲ့တဲ့ ရာစုတုန်းက အဲဒါကို လူတိုင်းက
သူတို့ရဲ့ ခြံထဲမှာ
အိမ်နောက်ဘက်ရှိ သိပ်မများလှတဲ့
အပင်များရဲ့ အကူအညီဖြင့်
အသီးအနှံအမျိုးမျိုးကို မိသားစု အဆက်ဆက်
စိုက်ပျိုး ထုတ်လုပ်ခဲ့ကြတယ်။
ဒါက အသီး ၄၀ တပင်တည်းထံမှ ဩဂုတ်လရဲ့
တစ်ပတ်မှာ ရရှိခဲ့တဲ့ မက်မန်းသီးပါ။
ပရိုဂျက်ကို နှစ်များစွာကြာ လုပ်လာခဲ့ရာ
အရှေ့အမေရိကန်ပြည်ထောင်စု အတွင်းမှာ
ဒီအသီးများရဲ့ အကြီးမားဆုံး စုစည်းထားမှုဟာ
ကျနော့်ဆီမှာ ရှိနေတာ သိလာရတော့
မယံနိုင်အောင် ထိတ်လန့်ခဲ့ရပါတယ်။
(ရယ်သံများ)
တကယ်တော့၊ ကျနော့်ဆီမှာ ရှိတာတွေဟာ
ဘာတွေမှန်း မသိခဲ့လို့ပါ။
ကျနော်ထံက အသီးအမျိုးအစား
အများစုတို့ဟာ
ဘိုးစဉ်ဘောင်စဉ် အမျိုးအစား
ဖြစ်ကြမှန်း သိလာရတယ်၊
၁၉၄၅ ခုနှစ် မတိုင်မီ
စိုက်ပျိုးခဲ့ကြတဲ့ ဟာတွေပါ၊
စိုက်ပျိုးမှုထဲ စက်မှုလုပ်ငန်းက လွှမ်းမိုး
တော့တဲ့ အာရုဏ်ဦး အချိန်ကပါ။
မျိုးကွဲ တော်တော်များများဆိုရင်
နှစ်ပေါင်း ထောင်နဲ့ချီ ကြာနေခဲ့ကြပါပြီ။
အဲဒါတွေ အဲဒီလောက်ထိ ရှားပါးကြတာကို
သိလာရတဲ့ နောက်မှာ
ကျနော်ဟာ ၎င်းတို့ကို ထိန်းသိမ်းထားရေး
ကိစ္စကိုပဲ တချိန်လုံး စဉ်းစားလာတော့တယ်၊
အဲဒါအတွက် အနုပညာက
မောင်းနှင်အား ဖြစ်လာပါတယ်။
ကျနော်ဟာ ရှေးဟောင်းခြံတွေကို ဖျက်ဆီး
မပစ်ခင် အရောက်သွားပြီး
အကိုင်ကြီး ဒါမှမဟုတ် ပင်စည်အပိုင်းကို
ဆက်ကူးလို့ ရနိုင်သေးတာကို
ကယ်ယူဖို့ ကြိုးစားခဲ့တယ်။
ကျနော်ဟာ ပန်းတွေန့ အရွက်တွေကို
ဖိသိပ်သိမ်းမှုကို စတင်ခဲ့တယ်
အပင်မျိုးစိတ်တွေကို ဖန်တီးဖို့ပါ။
ကျနော်ဟာ DNA အစီအစဉ်ကို စတင်ခဲ့တယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့
ဒီလို ကြေးနီပြား စာတန်းဖြင့်
ရေးသးဖေါ်ပြချက်များဖြင့် အဆုံးသတ်လာခဲ့တယ်။
George IV မက်မွန်ရဲ့
ဇာတ်လမ်းကို ပြောပြရန်၊
တချိန်တုန်းက နယူးယောက် စီးတီး အဆောက်
အအုံ နှစ်ခု အကြားမှာ အမြစ်တွယ်ရပ်နေခဲ့ပြီး
တချို့က ဘေးမှ လျှောက်သွားခဲ့ကြတယ်၊
တချို့က မြည်းစမ်းခဲ့ကြတယ်၊
အဲဒါဟာ 19 ရာစုအတွင်း အရောင်းရဆုံး
အမျိုးအစား ဖြစ်လာခဲ့တယ်၊
၎င်းရဲ့ အရသာက သိပ်ကို ကောင်းလွန်ခဲ့လို့ပါ။
အဲဒီနောက်မှာ အားလုံး ပျောက်ကွယ်သွားခဲ့တယ်၊
သင်္ဘောနဲ့ တင်ပို့ရာတွင် အဆင်မပြေလို့၊
ခေတ်မီစိုက်ပျိုးရေးနည်းနဲ့
အံဝင်ခွင်မကျလို့ပါ။
ဒါပေမဲ့ အဲဒီအကြောင်းကို ပုံပြင်အဖြစ်
လူတွေကို ပြောပြသင့်တာ ကျနော် သိနားလည်တယ်။
အဲဒီလို ပုံပြင်ကို ပြောပြရာတွင်
အဲဒါကို ထိတွေ့ စမ်းကြည့်မှုဆိုတဲ့
အတွေ့အကြုံ၊
အနံ့ခံကြည့်ဖို့နဲ့ အဲဒီအမျိုးအစားတွေကို
စားသုံးမှုလည်း ပါရပါမယ်။
အဲဒီလိုနည်းဖြင့် ကျနော်ဟာ ခြံကို
ဖန်တီးရန် ဆုံးဖြတ်ခဲ့တယ်၊
အဲဒီအသီးတွေကို အများပြည်သူတို့
မြည်းစမ်းကြည့်နိုင်ဖို့
စိတ်ကူးကြည့်လို့ ရနိုင်မယ့်အထဲက
လူတွေ အများဆုံး
လည်ပတ်ကြတဲ့ နေရာမှာ ထားပေးရမယ်။
နယူးယောက်စီးတီး ထဲက မြေတစ်ဧက
လောက်ရှိမယ့် နေရာကို ရှာကြည့်နေခဲ့တယ်၊
(ရယ်သံများ)
လက်တွေ့တွင် လုံးဝမဖြစ်နိုင်တဲ့
ရဲဝံ့လှတဲ့ စိတ်ကူးဖြစ်နေလို့
ကျနော့်ဖုန်း ဒါမှမဟုတ် အီးမေးလ်ကို
ဖြေကြားလာသူ တစ်ဦးမှ မရှိခဲ့ပါ။
(ရယ်သံများ)
လွန်ခဲ့တဲ့ လေးနှစ်တုန်းက Governors Island
ထံမှ ပြန်ကြားလာတဲ့ အထိပါပဲ။
Governors Island ဟာ ရေတပ်အခြေစိုက်စခန်းပါ၊
2000 ခုနှစ်နယူးယောက်စီးတီးထံ
၂၀၀၀ ပြည့်နှစ်တွင် ပြန်အပ်နှံလိုက်တယ်။
အဲဒီကျွန်းဟာ အခုတော့ ဘာမှမရှိ
သဘာဝပကတိ အတိုင်းရှိနေကာ
ဖယ်ရီနဲ့ဆို နယူးယောက်မြို့နဲ့
ငါးမိနစ် ခရီးမျှပါ။
သူတို့ကနေပြီး "Open Orchard" ဆိုတဲ့
ပရိုဂျက်ကို ဖန်တီးရန် အဆိုပြုလာတာပါ။
အဲဒီကျွန်းပေါ်မှာ
တချိန်တုန်းက နယူးယောက်တွင်
ရာစုနှစ်ချီကြာ သီးခဲ့ကြတဲ့
အသီးတွေကို ပြန်ယူဆောင်ပေးမှာပါ။
လောလောဆယ်တွင် ရုပ်လုံးဖေါ်နေဆဲဖြစ်တဲ့
အဲဒီ Open Orchard တွင်
ဆက်ကူးထားတဲ့ အပင် ၅၀ ရှိကြလျက်
ရှေးဟောင်း အမွေအနှစ် အသီး
အမျိုးအစား ၂၀၀ ပါဝင်ကြပါမယ်။
ဒီဒေသထဲက မူရင်းဖြစ်ခဲ့ပြီး သမိုင်းစဉ်အရ
ပေါက်ခဲ့ကြတဲ့ အမျိုးအစားတွေပါ။
Early Strawberry ပန်းသီးလို အမျိုးအစားပါ။
၁၃ လမ်းနဲ့ Third Avenue မှ မူရင်းအပင်ပါ။
သီးပင်ကို အစေ့ဖြင့် ထိန်းသိမ်းထား
မရနိုင်လို့
Open Orchard ဟာ ရှင်သန်နေတဲ့
မျိုးရိုးဗီဇဘဏ်နဲ့တူပါမယ်၊
တနည်းအားဖြင့် အဲဒီအသီးတွေရဲ့
မှတ်တမ်းတိုက်နဲ့ တူပါတယ်။
အသီး ၄၀ အပင်လိုပဲ
ဒါဟာလည်း စမ်းသပ်တဲ့ သဘောပါပဲ။
ပြီးတော့ ထင်ရှားတဲ့
သင်္ကေတလည်း ဖြစ်ပါလိမ့်မည်။
အရေးအကြီးဆုံး အချက်က လူတွေကို
အစားအစာကို ထိန်းသိမ်းစောင့်ရှောက်မှုထဲ
လက်တွဲပါဝင်လာစေလျက် ပိုပြီး
လေ့လာသင်ယူလာစေမှာပါ။
အသီး ၄၀ အပင်ကို အကြောင်းပြုပြီး
ကျနော်ဟာ လူတွေ ထောင်ချီတို့ထံမှနေပြီး
အီးမေးလ်တွေ ရရှိခဲ့ရာ
အဓိကအကျဆုံး "အပင်တစ်ပင်ကို စိုက်ဖို့
ခင်ဗျားဘယ်လို စတင်ပါသလဲ" မေးကြပါတယ်။
စိုက်ပျိုးရေး လုပ်ငန်းနဲ့ တိုက်ရိုက်
ဆက်စပ်နေတဲ့ လူဦးရေ
သုံးရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့၊
ကျုပ်တို့ရဲ့ Open Orchard ကနေပြီး
အများပြည်သူဆိုင်ရာ အစီအစဉ်များထဲနဲ့
အလုပ်ရုံဆွေးနွေးပွဲများထဲ ပါဝင်ကြရန်၊
သစ်ပင်ကို စိုက်ရပုံ၊ ဆက်ကူးပေးရပုံနဲ့
ကြီးပြင်းအောင် လုပ်ပေးရပုံကို လေ့လာကြရန်၊
လတ်ဆတ်တဲ့ အသီးတွေကို စားကြည့်တာ၊
ပန်းပွင့်မှု ခရီးစဉ်များထဲတွင်
ဒေသခံ စားဖိုးမှူးများနဲ့ လက်တွဲလျက်
အဲဒီအသီးများ အသုံးပြုပုံကို လေ့လာရင်း
ရာစုနှစ်ချီ ဟင်းလျာများကို ဖန်တီးကြည့်ရန်
လက်ရှိ အသီးတွေ အဲဒီဟင်းလျာများထဲ
သုံးပုံကို လေ့လာကြည့်ဖို့ပါ။
ကျုပ်တို့ခြံရဲ့ ရုပ်ပိုင်းဘောကို ကျော်ပြီး
ချက်ပြုတ်ရေး စာအုပ်ကိုပါ
ထုတ်ဝေဖို့ ရှိနေနရာ ချက်ပြုတ်နည်းတွေ
အားလုံး ပါဝင်ကြပါမယ်။
၎င်းဟာ ကွင်းဆင်းလေ့လာရေး
လမ်းညွှန်လည်း ဖြစ်ပါမယ်၊
အဲဒီအသီးများရဲ့ ဝိသေသလက္ခဏာများနဲ့
ပင်ကိုထူးခြားချက်များ၊
၎င်းတို့ရဲ့ မူလဇာတိနဲ့
သမိုင်းလည်း ပါရှိပါဦးမယ်။
စိုက်ပျိုးရင်း ကြီးပြင်းလာခဲ့လို့
စိုက်ပျိုးရေးကို နားလည်တယ်လို့ ထင်ခဲ့တယ်၊
အဲဒါနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာ
ဘာမှ မရှိဘူးလို့ ထင်မှတ်ခဲ့တယ်။
အဲဒါနဲ့ ကျနော်ဟာ
အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်--
(ရယ်သံများ)
ဒါပေမဲ့ ဒါဟာ ကျနော်ကိုယ်တိုင်ရဲ့ DNA နဲ့
တနည်းနည်းနဲ့ ဆက်စပ်နေပုံရပါတယ်။
ပြီးတော့ ဒီကိစ္စဲထဲမှာ ကျနော် တယောက်တည်း
မဟုတ်ဘူးလို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် 100 တုန်းက
ကျုပ်တို့အားလုံးဟာ ကျုပ်တို့ အစားအစာရဲ့
ယဉ်ကျေးမှု၊ စိုက်ပျိုးမှုနဲ့ သမိုင်းစဉ်နဲ့
နီးကပ်စွာ ဆက်စပ်နေခဲ့ကြပါတယ်။
အခုတော့ ကျုပ်တို့ဟာ အဲဒါတွေထံမှ
ခွဲခွာခံခဲ့ကြရတယ်။
Open Orchard ဟာ ကျုပ်တို့ မသိကြတော့တဲ့
အတိတ်နဲ့ ပြန်ဆက်သွယ်ဖို့
အခွင့်ကောင်းဖြစ်သလို
ကျုပ်တို့ အစားအစာရဲ့ အနာဂတ် ဘယ်လို ဖြစ်
သင့်လဲ ပြန်စဉ်းစားဖို့ နည်းလမ်းလဲ ဖြစ်တယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)