လူ့အဖွဲ့အစည်းမှာ စနစ်တကျဖြစ်ဖို့ ဥပဒေတွေကို ကျုပ်တို့ လိုက်နာရပါတယ် ဓာတုဗေဒ ရုပ်၀တ္ထုတွေအားလုံးက တိကျတဲ့ ဥပဒေသတွေ လိုက်နာရတာကို သိပါသလား။ တကယ်တော့ ဆက်နွှယ်မှုတွေကို ကြည့်ပြီး ဒီဥပဒေသတွေ ကျုပ်တို့ ဖော်ထုတ်နိုင်ပါတယ်။ စလေ့လာဖို့ လွယ်ကူတဲ့ ဥပဒေသ တချို့က ဓာတ်ငွေ့တွေနဲ့ ပတ်သတ်ပါတယ်။ ၁၆၆၂ မှာ Robert Boyle က ဓာတ်ငွေ့တွေကို ထုထည်မတူတဲ့ ဘူးတွေထဲထည့်ရင် စိတ်ဝင်စားဖွယ် တုန့်ပြန်မှုရှိကြောင်း သဘောပေါက်ခဲ့ပါတယ်။ ဘူး အလွတ်တစ်လုံး ယူပြီး ဘူးကိုအဖုံးနဲ့ ပိတ်လိုက်ပါ။ အခု အဲဒီဘူးကို ညှစ်ကြည့်ရင် ဘယ်လို ဖြစ်လာမလဲ။ ဘူးအရွယ်အစား ကျုံ့သွားတဲ့အခါ ဘူးထဲမှာ ဖိအားတိုးလာပါမယ်။ ကိုယ်က ဘူးကို တအားဖိညှစ်လိုက်ရင် အတွင်းရှိ ဓာတ်ငွေ့တွေက လက်ကို ပြန်ကန်ပါမယ်။ ဒါကို ပြောင်းပြန်အချိုးလို့ခေါ်ပြီး ၎င်းက ဓာတ်ငွေ့တိုင်းအတွက် ပြောင်းနှုန်းတူပါတယ်။ အဲဒီဆက်နွှယ်မှုက အမြဲတူလို့ Boyle ရဲ့ ဥပဒေသက ဓာတုဗေဒ သမားတွေကို ဓာတ်ငွေ့ တစ်ခုခုရဲ့ ထုထည်ကို ဖိအားတစ်ခုခု အတွက် ခန့်မှန်းခွင့်ပြုပါတယ်။ ၁၇၈၀ မှာ Jacques Charles က ဓာတ်ငွေ့/ အပူချိန်ကြား ဆက်နွှယ်မှုကို သတိပြုမိပါတယ်။ လေပူပါတဲ့ ပူဖောင်းကို မြင်ဖူးရင် ဒီဥပဒေသရဲ့ သဘောကို မြင်ရခြင်းပါပဲ။ ဘောလုံးကို လှဲချထားရင် လုံး၀ပြားချပ်နေမှာပါ။ ပူဖောင်းကို လေနဲ့မှုတ်မယ့်အစား အတွင်းလေကို အပူပေးဖို့ မီးတောက်ကြီးကို သုံးပါတယ်။ လေကို အပူပေးတဲ့အခါ ဓာတ်ငွေ့တွေ ပွလာလို့ ဘောလုံး ဖောင်းလာပါမယ်။ ဓာတ်ငွေ့ ပူလာလေလေ၊ ထုထည် ကြီးလေလေပါ၊ ဒါ Charles' Law ပါ။ ဒါက Boyle ဥပဒေသနဲ့ မတူကြောင်း သတိပြုပါ။ Charles' Law က တိုက်ရိုက်ဆက်နွှယ်မှုပါ။ အပူချိန်တိုးတာနဲ့ ထုထည်လည်းတိုးပါတယ်။ တတိယ ဥပဒေသကိုလည်း လွယ်ကူစွာ သရုပ်ပြပေးနိုင်ပါတယ်။ ရိုးရိုးပူဖောင်းတွေကို လေမှုတ်ထည့်တဲ့အခါ ထုထည်တိုးပါတယ်။ လေကိုမှုတ်ချိန်မှာ အဆုတ်ထဲကနေ ဘောလုံးထဲကို ဓာတ်ငွေ့အမှုန်တွေကို တွန်းထည့်နေတာပါ။ ဒါ့ကြောင့် ဘောလုံး ထုထည်တိုးလာတာပါ။ ဒါက Avogadro's Law ရဲ့ သဘောပါ။ ဘူးထဲကို ဓာတ်ငွေ့ အမှုန်အရေအတွက်ကို တိုးပြီး ထည့်တဲ့အခါ ထုထည်လည်း တိုးလာမှာပါ။ အမှုန်တွေအများကြီး ထည့်ပေးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ခင်ဗျားသိနေပြီ။ နေရာတိုင်းမှာ၊ အသေးဆုံးဆိုတဲ့ဓာတ်ငွေ့မှာ တောင် ဥပဒေသတွေရှိပါတယ်။ ဒါတွေကို ညှစ်လိုက်ရင် အမှုန်တွေကို အားနဲ့စုဝေးစေလို့ ဖိအားတိုးလာမယ်။ ထုထည်ကျုံ့လာရင် ဖိအားမြင့်လာတာက ဒီအမှုန်တွေ ပြန်တွန်းကန်လို့ပါ။ အပူချိန်တိုးတဲ့အခါ ဓာတ်ငွေ့တွေ ပြန့်သွားလို့ ထုထည်လည်းတိုးပါတယ်။ နောက်ဆုံး၊ အလုံပိတ် ဘူးထဲကို ဓာတ်ငွေ့ ထည့်ရင်ဘူးရဲ့ထုထည် ပြန့်ကားလာမှာပါ။ ဒါပေမဲ့ အများကြီးမထည့်မိပါနဲ့၊ ဘောလုံးပေါက်လျက် ဇာတ်သိမ်းသွားနိုင်လို့ပါ။