1 00:00:14,982 --> 00:00:18,533 လူ့အဖွဲ့အစည်းမှာ စနစ်တကျဖြစ်ဖို့ ဥပဒေတွေကို ကျုပ်တို့ လိုက်နာရပါတယ် 2 00:00:18,533 --> 00:00:22,251 ဓာတုဗေဒ ရုပ်၀တ္ထုတွေအားလုံးက တိကျတဲ့ ဥပဒေသတွေ လိုက်နာရတာကို သိပါသလား။ 3 00:00:22,251 --> 00:00:26,250 တကယ်တော့ ဆက်နွှယ်မှုတွေကို ကြည့်ပြီး ဒီဥပဒေသတွေ ကျုပ်တို့ ဖော်ထုတ်နိုင်ပါတယ်။ 4 00:00:26,250 --> 00:00:31,282 စလေ့လာဖို့ လွယ်ကူတဲ့ ဥပဒေသ တချို့က ဓာတ်ငွေ့တွေနဲ့ ပတ်သတ်ပါတယ်။ 5 00:00:31,282 --> 00:00:36,182 ၁၆၆၂ မှာ Robert Boyle က ဓာတ်ငွေ့တွေကို ထုထည်မတူတဲ့ ဘူးတွေထဲထည့်ရင် 6 00:00:36,182 --> 00:00:39,350 စိတ်ဝင်စားဖွယ် တုန့်ပြန်မှုရှိကြောင်း သဘောပေါက်ခဲ့ပါတယ်။ 7 00:00:39,350 --> 00:00:42,751 ဘူး အလွတ်တစ်လုံး ယူပြီး ဘူးကိုအဖုံးနဲ့ ပိတ်လိုက်ပါ။ 8 00:00:42,751 --> 00:00:45,549 အခု အဲဒီဘူးကို ညှစ်ကြည့်ရင် ဘယ်လို ဖြစ်လာမလဲ။ 9 00:00:45,549 --> 00:00:50,751 ဘူးအရွယ်အစား ကျုံ့သွားတဲ့အခါ ဘူးထဲမှာ ဖိအားတိုးလာပါမယ်။ 10 00:00:50,757 --> 00:00:55,267 ကိုယ်က ဘူးကို တအားဖိညှစ်လိုက်ရင် အတွင်းရှိ ဓာတ်ငွေ့တွေက လက်ကို ပြန်ကန်ပါမယ်။ 11 00:00:55,283 --> 00:01:00,549 ဒါကို ပြောင်းပြန်အချိုးလို့ခေါ်ပြီး ၎င်းက ဓာတ်ငွေ့တိုင်းအတွက် ပြောင်းနှုန်းတူပါတယ်။ 12 00:01:00,549 --> 00:01:05,757 အဲဒီဆက်နွှယ်မှုက အမြဲတူလို့ Boyle ရဲ့ ဥပဒေသက ဓာတုဗေဒ သမားတွေကို 13 00:01:05,757 --> 00:01:09,167 ဓာတ်ငွေ့ တစ်ခုခုရဲ့ ထုထည်ကို ဖိအားတစ်ခုခု အတွက် ခန့်မှန်းခွင့်ပြုပါတယ်။ 14 00:01:09,167 --> 00:01:14,822 ၁၇၈၀ မှာ Jacques Charles က ဓာတ်ငွေ့/ အပူချိန်ကြား ဆက်နွှယ်မှုကို သတိပြုမိပါတယ်။ 15 00:01:14,822 --> 00:01:18,086 လေပူပါတဲ့ ပူဖောင်းကို မြင်ဖူးရင် ဒီဥပဒေသရဲ့ သဘောကို မြင်ရခြင်းပါပဲ။ 16 00:01:18,086 --> 00:01:20,583 ဘောလုံးကို လှဲချထားရင် လုံး၀ပြားချပ်နေမှာပါ။ 17 00:01:20,583 --> 00:01:26,814 ပူဖောင်းကို လေနဲ့မှုတ်မယ့်အစား အတွင်းလေကို အပူပေးဖို့ မီးတောက်ကြီးကို သုံးပါတယ်။ 18 00:01:26,814 --> 00:01:31,424 လေကို အပူပေးတဲ့အခါ ဓာတ်ငွေ့တွေ ပွလာလို့ ဘောလုံး ဖောင်းလာပါမယ်။ 19 00:01:31,433 --> 00:01:35,283 ဓာတ်ငွေ့ ပူလာလေလေ၊ ထုထည် ကြီးလေလေပါ၊ ဒါ Charles' Law ပါ။ 20 00:01:35,283 --> 00:01:38,181 ဒါက Boyle ဥပဒေသနဲ့ မတူကြောင်း သတိပြုပါ။ 21 00:01:38,181 --> 00:01:40,298 Charles' Law က တိုက်ရိုက်ဆက်နွှယ်မှုပါ။ 22 00:01:40,299 --> 00:01:44,216 အပူချိန်တိုးတာနဲ့ ထုထည်လည်းတိုးပါတယ်။ 23 00:01:44,216 --> 00:01:46,699 တတိယ ဥပဒေသကိုလည်း လွယ်ကူစွာ သရုပ်ပြပေးနိုင်ပါတယ်။ 24 00:01:46,699 --> 00:01:49,849 ရိုးရိုးပူဖောင်းတွေကို လေမှုတ်ထည့်တဲ့အခါ ထုထည်တိုးပါတယ်။ 25 00:01:49,849 --> 00:01:55,000 လေကိုမှုတ်ချိန်မှာ အဆုတ်ထဲကနေ ဘောလုံးထဲကို ဓာတ်ငွေ့အမှုန်တွေကို တွန်းထည့်နေတာပါ။ 26 00:01:55,000 --> 00:02:00,754 ဒါ့ကြောင့် ဘောလုံး ထုထည်တိုးလာတာပါ။ ဒါက Avogadro's Law ရဲ့ သဘောပါ။ 27 00:02:00,754 --> 00:02:04,054 ဘူးထဲကို ဓာတ်ငွေ့ အမှုန်အရေအတွက်ကို တိုးပြီး ထည့်တဲ့အခါ 28 00:02:04,054 --> 00:02:05,989 ထုထည်လည်း တိုးလာမှာပါ။ 29 00:02:05,989 --> 00:02:10,020 အမှုန်တွေအများကြီး ထည့်ပေးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ခင်ဗျားသိနေပြီ။ 30 00:02:10,020 --> 00:02:14,489 နေရာတိုင်းမှာ၊ အသေးဆုံးဆိုတဲ့ဓာတ်ငွေ့မှာ တောင် ဥပဒေသတွေရှိပါတယ်။ 31 00:02:14,489 --> 00:02:18,388 ဒါတွေကို ညှစ်လိုက်ရင် အမှုန်တွေကို အားနဲ့စုဝေးစေလို့ ဖိအားတိုးလာမယ်။ 32 00:02:18,388 --> 00:02:22,371 ထုထည်ကျုံ့လာရင် ဖိအားမြင့်လာတာက ဒီအမှုန်တွေ ပြန်တွန်းကန်လို့ပါ။ 33 00:02:22,371 --> 00:02:28,287 အပူချိန်တိုးတဲ့အခါ ဓာတ်ငွေ့တွေ ပြန့်သွားလို့ ထုထည်လည်းတိုးပါတယ်။ 34 00:02:28,287 --> 00:02:33,323 နောက်ဆုံး၊ အလုံပိတ် ဘူးထဲကို ဓာတ်ငွေ့ ထည့်ရင်ဘူးရဲ့ထုထည် ပြန့်ကားလာမှာပါ။ 35 00:02:33,323 --> 00:02:38,355 ဒါပေမဲ့ အများကြီးမထည့်မိပါနဲ့၊ ဘောလုံးပေါက်လျက် ဇာတ်သိမ်းသွားနိုင်လို့ပါ။