ဇွန်းတွေ။ ကတ်ထူပုံးတွေ။ ကလေးကစားစရာ မီးရထားတွေ။ ပွဲလမ်းသဘင် အဆင်တန်ဆာတွေ။ နေအိမ်တွေ။ စောင်တွေ။ ခြင်းတွေ။ ကော်ဇောတွေ ဗန်းစားပွဲတွေ။ စမတ်ဖုန်းတွေ။ စန္ဒယားတွေ။ ဝတ်စုံတွေ။ ဓာတ်ပုံတွေ။ ဒီအရာတွေ အားလုံးက နောက်ဆုံး သုံးလအတွင်းမှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာကလွဲလို့ တူတဲ့ အချက်က ဘာများလဲ။ အဲဒီပုံတွေအတွက် ကျွန်တော် မူပိုင်ခွင့် ပိုင်တာ လွဲလို့ပေါ့လေ။ (ရယ်သံများ) ဒါတွေအားလုံးဟာ တီထွင်မှုတွေပါ၊ ဘာသာစကားရဲ့ အကျိုးကျေးဇူးကြောင့် ဖန်တီးဖြစ်ခဲ့တာပါ။ ဘာသာစကားသာ မရှိခဲ့ရင် ဒီအရာတစ်ခုမှာမှ ရှိနိုင်ခဲ့ကြမှာ မဟုတ်ပါ။ အဲဒါတွေထဲက တစ်ခုခုကို ဒါမှမဟုတ် ဒီလို အဆောက်အအုံကြီးမျိုးကို၊ ဘာသာစကားကို မသုံးနိုင်ဘဲနဲ့၊ ဘာသာစကားကို အသုံးပြုပြီး ရခဲ့တဲ့ အသိပညာကို အသုံးမပြုခဲ့ဘဲ ဆောက်လုပ် မရနိုင်ခဲ့ပါ။ အခြေခံအားဖြင့် ဘာသာစကားဟာ တစ်ကမ္ဘာလုံးမှာ အရေးအကြီးဆုံး အချက် ဖြစ်ပါတယ်။ ကျုပ်တို့ရဲ့ ယဉ်ကျေးမှုအားလုံးတို့က ၎င်းအပေါ်တွင် ရပ်တည်နေကြရတယ်။ ပြီးတော့ ဘာသာစကားကို လေ့လာရန် ရွေးချယ်ကြသူတို့ဟာ ဘာသာစကား ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ၊ လူသားတွေရဲ့ ဘာသာစကား မတူကွဲပြားကြပုံ၊ အဲဒါက တိရစ္ဆာန်တွေရဲ့ ဆက်သွယ်မှုစနစ်နဲ့ မတူပုံကို လေ့လာသူတို့ကို ဘာသာဗေဒပညာရှင်တွေလို့ ခေါ်ပါတယ်။ ဘာသာစကားဗေဒ ပညာဟာ အတော်လေး နုသေးတဲ့ ပညာရပ်ပါ။ ပြီးတော့ အဲဒီထဲမှာ အရေးကြီးတဲ့ အချက်တွေ အများကြီး မပါဝင်ကြပါဘူး၊ ဥပမာ၊ လူသားရဲ့ ဆက်သွယ်စကားပြောရေး စနစ်တွေဟာ တိရိစ္ဆာန်တွေရဲ့ စနစ်နဲ့ လုံးဝကို မတူဘူး၊ ဘာသာစကားအားလုံးတို့ရဲ့ ထုတ်ဖေါ်ပြောနိုင်စွမ်းဟာ နည်းလမ်းတွေ မတူတောင် တူညီကြပါတယ်။ ဒါတောင်၊ ဘာသာစကား အကြောင်းကို မရပ်မနား ပြောဆိုဆွေးနွေးချင်ကြတဲ့ လူတွေလည်း အထူးပဲ များပြားလှပြီး သူတို့ကိုသူတို့ ဘာသာဗေဒ ပညာရှင်တွေလိုပဲ အားလုံးသိကြတယ်လို့ ထင်မှတ်ကြပါတယ်။ သူတို့က ဘာသာစကားတစ်ခုကို ပြောနိုင်ကြတော့ ထင်နိုင်ကြပါတယ်။ ကိုယ်က ဘာသာစကား တစ်ခုကို ပြောနိုင်တော့ ဘယ်သူမဆို အဲဒီအကြောင်းကို ဆွေးနွေးခွင့် ရှိတယ်ပေါ့။ ခွဲစိတ်ကုဆရာဝန်နဲ့ ခင်ဗျား စကားပြောနေရတာ စိတ်ကူးကြည့်ကြည့်ပါ၊ ‘‘ဆရာ၊ ကျနော့်ကို နားထောင်ပါ၊ ကျွန်တော် အသက် ၄၀ ရှိလာပြီ၊ အခုတော့ သွေေးကြော အဆို့ရှင် တစ်ခုနှစ်ခု လောက် လဲပေးဖို့ လိုနေတယ်။ ခင်ဗျားကလည်း ကျွန်တော့်အမြင်ကို သဘောတူမှာပါ။‘‘ လက်တွေ့ဘဝထဲမှာ တကယ့်ကို အဲဒီလို ဖြစ်ပျက်နေပါတယ်။ Neil deGrasse Tyson ရဲ့ "Arrival," ကားကို မှတ်မိကြမယ်ဆိုရင်၊ ဒီပြင်ဂြိုဟ်သားတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်ဖို့အတွက် သူဟာ လျှိုဝှက်စာတွေကို ဖြေနိုင်သူကို ရှာဖွေယူဖို့ လိုအပ်မယ်၊ ဘာသာဗေဒပညာရှင်ကို ခေါ်မယ်ဆိုရင် ဂြိုလ်သားတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာ ဂြိုလ်သားတွေရဲ့ ဘာသာစကားကို ဘာမှ မသိတဲ့ ဘာသာဗေဒ ပညာရှင်ဟာ အဲဒီလို အခြေအနေမျိုးထဲမှာ ဘယ်လိုမှာမှ အသုံးဝင်မှာ မဟုတ်လို့ပါ။ ဟုတ်ပါတယ်၊ "Arrival" ရုပ်ရှင်ကားရဲ့ သာဓကဟာ စဉ်းစားစရာပါပဲ။ အဲဒီရုပ်ရှင်အစား ကျနော် ဆွေးနွေးချင်တာက ဟေ့လူတွေ၊ ဂြိုလ်သား အများအပြားတို့ဟာ ဧရာမအာကာသယာဉ်ကြီးတွေနဲ့ ကျုပ်တို့ဆီကို လာနေကြတာက ဆက်သွယ်စကားပြောဖို့ သက်သက် အတွက်ပဲလား၊ ဒီတော့ ဘာသာဗေဒ ပညာရှင်ကို ငှားဖို့ လိုနေတယ်ပေါ့။ (ရယ်သံများ) အမေရိကန် အစိုးရဆီမှာ ဘတ်ဂျက် ည်းနေလို့လား၊ ပြဿနာတစ်ခုခု ရှိနေလို့လား။ (ရယ်သံများ) ဒီလိုတွေးခေါ်မှုတွေက နားလည်မှု လွဲမှာနေတာတွေကို ထောက်ပြနေတယ်၊ ဘာသာစကားဆိုတာက ဘာလဲ၊ ဘာသာစကားဆိုင်ရာ၊ ပြီးတော့ ဘာသာဗေဒ ပညာရှင်ကိုပါ အပေါ်ယံ ချဉ်းကပ်မှုမျိုးပါ။ ခုနက ပြောပြခဲ့တဲ့ လွှဲမှားနေတဲ့ နားလည်မှု တော်တော်များများကို Forbes မဂ္ဂဇင်းထဲက စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးထဲမှာ စုပေါင်းဖေါ်ပြထားတယ်။ အထက်တန်းကျောင်းသား တွေ နိုင်ငံခြားဘာသာကို သင်ရန် ဆောင်းပါးပါ။ ၎င်းထဲက အချက်အလက် တချို့ကို ကျွန်တော် ကိုးကားရပါမယ်၊ အဲဒီနောက် ခင်ဗျားတို့က အဲဒီလို အယူအဆတွေ မှန်မမှန်ကို ချင့်ချိန်း ခန့်မှန်း သုံးသပ်နိုင်ကြမှာပါ။ "အမေရိကန်တွေဟာ ဂန္ထဝင်ဝတ္ထုတွေကို ဘာသာပြန်နဲ့တောင်မှ ဖတ်ခဲကြတယ်။‘‘ အဲဒီလိုဆိုရင်၊ ထိုသူတို့ဟာ မူရင်းဘာသာနဲ့ မဖတ်ကြဖို့ များတော့ သူတို့ကို နိုင်ငံခြားဘာသာစကားကို သင်ပေးဖို့ ဘာ့အတွက် လိုအပ်ပါသလဲ။ ဆိုလိုရင်းက ဘာများလဲ။ "ကျောင်းမှာ နိုင်ငံခြားဘာသာစကားကို သင်ယူမှုဟာ ကျောင်းမှာ ပြုလုပ်နိုင်တဲ့ အခြားအရာတွေနဲ့စာရင် အချိန်ကို ဖြုန်းမှုသက်သက်ပါ။" ဥရောပမှာ အတော်သေးငယ်တဲ့ ဒေသထဲတွင် ဘာသာစကားအုပ်စုတွေ အများကြီး ရှိပါတယ်။‘‘ ဒီတော့ အမေရိကန်တွေ အနေနဲ့ အခြားဘာသာ စကားတစ်ခုကို သင်ယူဖို့က ဘာ့အတွက်များလဲ။ တကယ်ပါပဲ၊ အဲဒါ့အတွက် ကိုယ်စိုက်ထုတ်ရမယ့် အချိန်အတွက် ဆုလာဘ် ရစရာမရှိပါဘူး။ ကျွန်တော်အကြိုက်ဆုံး အပိုဒ်က- Birmingham မြို့မှ ကျောင်းသားဟာ မက်ဆီကို နယ်ခြားဆီ ရောက်ဖို့ မိုင်ထောင်ချီ ခရီးထွက်ရလိမ့်မယ်၊ ဒါတောင် အဲဒီဒေသမှာ ထိုသူဟာ ပတ်ဝန်းကျင်နဲ့ အင်္ဂလိပ်လို ပြောနိုင်ဖို့ များပါတယ်။‘‘ တနည်းအားဖြင့် ကိုယ်ဟာ တစ်နေရာရာကို သွားနိုင်စွမ်း ရှိရင်၊ ကိုယ်လိုချင်တဲ့ နေရာတွေကို သွားနိုင်ပြီး ဒီ့ပြင်ဘာသာစကားကို သင်ယူခြင်းဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါ။ ဒီလို တွေးထင်လာစေတဲ့ အကြောင်းရင်းက ခံယူချက်ဆိုင်ရာ အမှားကြောင့်ပါ၊ ဘာသာစကားဟာ ကိရိယာတခုပါ ဆိုတဲ့ အချက်ကြေင့်ပါ။ အဲဒီလို ခံယူချက်က ဟုတ်မှန်သလို စဉ်းစားစရာ အကြေင်းတွေ ရှိကြတာ အမှန်ပါပဲ။ ကိုယ်ဟာ ဒေသသုံး ဘာသာစကားကို မသိရင် ဘာမှမလုပ်နိုင်ဘူး ဆိုတော့ ဘာသာစကားဟာ ကိရိယာတစ်ခုနဲ့ တူတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာသာစကားကို ကိရိယာတစ်ခု သက်သက်လို မြင်မှုကျတော့ လုံးဝကြီးကို မှားနေပါတယ်။ ဘာသာစကားဟာ ကိရိယာတခုမျှသာ ဖြစ်ခဲ့ရင် အတော့်ကို ဟောင်နွမ်းလောက်ပါပြီ။ ပိုကောင်းတာကို ရှာတွေ့လို့ အဲဒါကို စွန့်ပစ်ခဲ့သင့်တာ ကြာလှပါပြီ။ ဒီနေရာမှာ ဝါကျတစ်ကြောင်း စဉ်းစားကြည့်ပါ။ ကျွန်တော့်ဘဝထဲတွင်“မနေ့က ကျွန်တော် Kyn ကိုမြင်ခဲ့တယ်” ပြောခဲ့ဘူးပါတယ်။ ကျွန်တော့် သူငယ်ချင်း အမည်က Kyn ပါ။ "Yesterday I saw Kyn " လို့ ပြောဆိုချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ပေါ်ပေါက်နေသမျှ အားလုံးဟာ ခုနက ဝါကျမှတစ်ဆင့် ခင်ဗျားရဲ့ စိတ်ထဲမှာပါ ပေါ်လာပြီလို့ သေချာပါသလား။ ဆက်စပ်နေတဲ့ အချင်းအရာတွေ များလွန်းလို့ သေချာဖို့ မလွယ်ပါ။ ဥပမာ၊ "မနေ့က" စကားလုံး ဆိုပါစို့။ ကျွန်တော်က အဲဒီမှာ ရာသီဥတု ဘယ်လို ရှိခဲ့မှန်းကို ထင်မိနိုင်သေးတယ်။ ဆက်ပြီး ကျွန်တော် မှတ်မိသေးတာက အီးမေးလ်ပို့ဖို့ ကျွန်တော် မေ့သွားခဲ့သို့ ပို့ခဲ့ရတာမျိုးပါ။ ဒါက တမင်ကို နောက်ပြောင် ပြောလိုက်တာပါ၊ မေးလ်ပိုဖို့ မေ့သွားတာ အမှန်ပါ။ ဒီတော့ အဲဒါကို တနင်္လာကျမှ လုပ်ရမယ့် သဘောပါ၊ အဲဒီနေ့ ကျွန်တော် အိမ်ကို ပြန်ရောက်မှာမို့လို့ပါ။ ဒါနဲ့၊ တနင်္လာနေ့ကို စဉ်းစားလိုက်တာနဲ့ ကျွန်တော်ဟာ Bangles တွေရဲ့ "Manic Monday" ဆိုတဲ့ သီချင်းကောင်းကို စဉ်းစားမိတယ်။ ပြီးတော့ "saw" လို့ ပြောလိုက်လို့ စဉ်းစားမိတဲ့ စကားစုက- "ငါမြင်ပြီ။' မျက်မမြင်သူက သူ့တူနဲ့ လွှကို ယူလိုက်တာကို မြင်မိတယ်။ အမြဲတမ်း ဒီအတိုင်းပဲ။ ကျွန်တော် "saw" စကားလုံးကို ကြားရင်၊ ပြောမိရင် အမြဲတမ်း အဲဒီလို စဉ်းစားတတ်တယ်။ အဖိုးရဲ့ ပြောနေကျ စကားလုံးတွေပါ၊ တဆက်တည်း အဖိုးကိုလည်း သတိရစရာပါ။ ကျွန်ုပ်တို့ဟာ "Manic Monday" အကြောင်း ပြန်ပြောဆိုကြရဦးမယ်။ "Yesterday I saw Kyn" ဝါကျထဲမှာ Kyn ကို ပြောဆိုခဲ့ရာတွင်လည်း၊ ကျွန်တော် သူ့ကိုတွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကိုပါ စဉ်းစားမိမှာပါ။ ထိုနေ့တုန်းကလည်း အလားတူ ဖြစ်ခဲ့တယ်။ သူဟာ ကျွန်တော့်ကြောင်နဲ့ အတူ ဒီမှာ ရှိနေတယ်။ ကျွန်တော် Kyn အကြောင်းကို စဉ်းစားနေစဉ် သူအခု Long Beach State သွားနေတာကို သိတယ်၊ တဆက်တည်း ကျွန်တော့်မိတ်ဆွေနဲ့ ကျွန်တော့်မိခင်တို့ဟာ နှစ်ဦးစလုံး Long Beach State မှ ဘွဲ့ရခဲ့တာ မှတ်မိမယ်၊ ကျွန်တော့ တူမဝမ်းကွဲ Katie အခု Katie Long Beach State တက်နေတယ်။ အားလုံးကး "Manic Monday" သဘောပါပဲ။ ကိုယ်က တစ်ခုခုပြောချိန်မှာ ခေါင်းထဲမှာ ပေါ်လာတတ်တာတွေရဲ့ အစိတ်အပိုင်း အချို့ပဲ ရှိပါသေးတယ်။ ကျုပ်တို့အားလုံး ကိုယ့်ခေါင်းထဲမှာ ဖြစ်ပျက်နေတာတွေကို အဲဒီလိုပုံစံ စဉ်းစားလေ့ ရှိကြပါတယ်။ ကျုပ်တို့ အားလုံး အလားတူပါပဲ။ (ရယ်သံများ) ဒီတော့ ကျုပ်တို့ရဲ့ စနစ်က အခုလို ညံ့နေတာဟာ ဘာမှ အံ့အားသင့်စရာမဟုတ်ပါ။ ဥပမာ တစ်ခုကို ပြသပေးတဲ့ အနေနဲ့ ခင်ဗျားတို့က ကိတ်မုန့်စားရတာ ဘယ်လိုလဲ သိချင်ကြတယ် ဆိုပါစို့၊ ကိတ်မုန့်ကိုယူပြီး စားမယ့်အစား ကျုပ်တို့ဟာ ကိတ်ထဲ ပါဝင်တဲ့ အရာတွေကို တစ်ခုပြီးတစ်ခု ညွှန်ကြားချက်နဲ့အတူ စားပစ်ကြရန် လိုအပ်ပါမယ်။ ဝင်ပစ္စည်းတွေက ပေါင်းစည်းမိလျက် ကိတ်မုန့် ဖန်တီးပေးပုံအကြောင်း သိရန်အတွက်ပါ။ ခင်ဗျားတို့ ညွှန်ကြားချက်ကိုပါ စားပစ်ရမယ်။ (ရယ်သံများ) ကျုပ်တို့က ကိတ်မုန့်ကို အဲဒီပုံစံနဲ့ လက်တွေ့စမ်းသပ်ကြရမယ်ဆိုရင်၊ ကျုပ်တို့ဟာ ကိတ်မုန့်ကို ဘယ်တော့မှ စားဖြစ်မှ မဟုတ်ပါဘူး။ ဒါပေမဲ့၊ ကျုပ်တို့ ခေါင်းထဲမှာ ဖြစ်ပျက်နေ တာတွေကို နားလည်ရန် ဘာသာစကားဟာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အတွင်းပိုင်းလက္ခဏာပါ၊ ကျုပ်တို့ကို လူသားလုပ်ပေးတဲ့ အရာပါ၊ ကျန်တဲ့ တိရိစ္ဆာန်တွေနဲ့ကျုပ်တို့ကို မတူအောင် လုပ်ပေးတဲ့ အချက်ပါပဲ၊ ကျုပ်တို့ အတွင်းထဲမှာ တစ်နေရာရာမှာရှိနေတဲ့ အရာပါ၊ ကျုပ်တို့အနေနဲ့ အဲဒါကို မိတ်ဆက်ပေးဖို့ လိုအပ်တာက ကျုပ်တို့ရဲ့ ဘာသာစကားတွေပါပဲ။ ကျုပ်တို့ခေါင်းထဲမှာ ဖြစ်ပျက်နေတာကို ပြသဖို့ ဘာသာစကားဟာ အကောင်းဆုံးနည်းလမ်းပဲ။ ‘‘လူသားရဲ့ တွေးခေါ်ပုံနဲ့ ခံစားချက်များရဲ့ သဘာဝက ဘာလဲ‘‘ မေးခွန်းကို ခင်ဗျားတို့အား မေးလိုတာကို စိတ်ကူးကြည့်ကြပါ။ ခင်ဗျား လုပ်ချင်ကြမှာက အတတ်နိုင်ဆုံး အများဆုံး ကွဲပြားကြတဲ့ ဘာသာစကားတွေကို လေ့လာကြရပါမယ်။ တစ်ခုတည်းကို လေ့လာရုံနဲ့ မဖြစ်နိုင်ပါ။ ခင်ဗျားတို့အား ဥပမာတစ်ခု အနေနဲ့၊ ကြောက်လေး Roman ရဲ့ ပုံတစ်ပုံ ရိုက်ထားရာ၊ 12 megapixel ကင်မရာနဲ့ ရိုက်ယူခဲ့တယ်။ ဒါကျတော့ အဲဒီကြောင်ရဲ့ ပုံပါပဲ၊ ဒါပေမဲ့ pixel ပိုနည်းတဲ့ပုံပါ။ ဒီပုံနှစ်ပုံလုံးဟာ တကယ့်ကြောင်ပါလို့ ပြောမရနိုင်တာ ရှင်းနေပါတယ်။ ဒါပေမဲ့ တစ်ပုံက နောက်ပုံနဲ့စာရင် ကြောင်ကို ပိုပြီးပြည့်စုံစွာ ဖေါ်ပြနိုင်ပါတယ်။ ဘာသာစကားဟာ ကိရိယာတစ်ခု သက်သက်မဟုတ်ပါ။ ၎င်းဟာ ကျွန်တော်တို့ရဲ့အမွေပါ။ အဲဒါဟာ လူသားဖြစ်ရခြင်းရဲ့ အနှစ်သာရကို ဖေါ်ပြပေးနေပါတယ်။ ပြီးတော့ ကျွန်တော်က ကျုပ်တို့အမွေလို ပြော လိုက်တာက လူသားတိုင်းကို ဆိုလိုတာပါ။ ဘာသာစကား တစ်ခုတည်း ဆုံးရှုံးရခြင်းဟာ ကားချပ်ပုံကို ပြတ်သားမှု နည်းသွားစေပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ အလုပ်အနေနဲ့ရော၊ ပျော်စရာ အနေနဲ့ပါ၊ ကျွန်တော်ဟာ ဘာသာစကားတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒါတွေကို "conlangs" လို့ ခေါ်ကြတယ်၊ "constructed languages" ရဲ့ အတိုကောက်ပါ။ အချက်နှစ်ချက်ကို ဘေးချင်းယှဉ် မိတ်ဆက်ပေးလိုက်ခြင်းက ကျုပ်တို့ဟာ ကမ္ဘာ့ဘာသာစကားတွေကို ဆုံးရှုံးနေရတယ်၊ ကျွန်တော်က ဘာသာစကားအသစ်ကို ဖန်တီးနေတယ် ဆိုတော့ အဲဒီနှစ်ချက် အပြင်ပန်းဆက်သွယ်မှု ရှိနေသလို ထင်စရာ ရှိနိုင်ပါတယ်။ တကယ်တော့ လူတော်တော်များများတို့က အဲဒီလို ဆက်စပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ခုနက ပြောဆိုနေတာတွေရဲ့ ဘောင်အပြင်ကို ထိုးထွက်နေတဲ့ James Cameron ရဲ့ Avatar ရုပ်ရှင်ထဲက conlang တစ်ခု ရှိနေပါတယ်။ သူအဆိုအရ "သုံးနှစ်အတွင်းမှာ ၎င်းဟာ James Cameron ကို သိမ်းယူနိုင်ခဲ့တယ်။ Avatar ကို ရုံတွေမှာ လိုက်ပြပြီးတဲ့နောက် အဲဒီဘာသာစကား သေဆုံးသွားပါပြီ။‘‘ နောက် ပြောစရာ ရှိပါသေးတယ်။ "Na'vi, alas ရဲ့ နေရာကို ဘယ်လိုမှာမှ အစားထိုးလို့ ရနိုင်မယ် မထင်ပါ..." တကယ့်ကို လေးနက်လှပြီး နောင်တရစရာပါ၊ တချို့တို့ကတော့ အဲဒီအကြောင်း စဉ်းစားချင်မှ စဉ်းစားမိကြမှာပါ။ (ရယ်သံများ) ကျွန်တော် ဘွဲ့ယူစဉ်တုန်းက အဓိက ဘာသာရပ် နှစ်ခုကို သင်ယူခဲ့တယ်။ တစ်ခုက ဘာသာဗေဒ ဖြစ်ခဲ့ပြီး နောက်တစ်ခုက အင်္ဂလိပ်စာပါ။ အင်္ဂလိပ်ကို အဓိကဘာသာအဖြစ် သင်ခဲ့တာ၊ အင်္ဂလိပ်စာကို လေ့လာခဲ့တာက လက်တွေ့မှာကျတော့ ကျုပ်တို့ သိရှိကြသလို အင်္ဂလိပ်စာလေ့လာမှုမဟုတ်ခဲ့ဘဲ စာပေကို လေ့လာမှုသာ ဖြစ်ခဲ့ပါတယ်။ စာပေဆိုတဲ့အရာ တကယ့်အံ့ဩစရာကြီးပါ၊ အခြေခံအားဖြင့် စာပေဟာ ပိုကျယ်ပြန့်စွာ ပြောရရင် အနုပညာနဲ့ဆင်ပါတယ်။ ၎င်းဟာ အနုပညာဆိုတဲ့ ခေါင်းစီးအောက်မှာပါ။ စာပေကို ကျုပ်တို့ လေ့လာကြည့်ရင်၊ စာရေးဆရာတွေဟာ လုံးဝကို အသစ်ဖြစ်ကြတဲ့ ဖြစ်ရပ်တွေကို ဖန်တီးကြပါတယ်။ စာရေးသူတို့က သူတို့စိတ်ကူးယဉ်ပြီး ဖန်တီးပေးလိုက်ကြတဲ့ ဇာတ်ကောင်များထည့်ကို ထည့်ပေးလိုက်လို့ ကျွန်ုပ်တို့အားလုံးတို့ဟာ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေကို ခံစားလာကြရပါတယ်။ သူတို့ရဲ့ လက်ရာ အစွမ်းထက်ပုံကို ဒါတွေကို ကြည့်ရင် ထင်ရှားနေပါတယ်။ လုံးဝကို စိတ်ကူးထားတဲ့ ဇာတ်ကောင်တွေ အကြောင်း စာအုပ်တွေ တသီတတန်းကြီး ရှိပါတယ်။ တနည်း၊ စာအုပ်တစ်အုပ်လုံးဟာ အတုဖန်တီးထားတဲ့ လူတစ်ယောက် အကြောင်း ဖြစ်နိုင်တယ်။ George F. Babbitt ဆိုသူ အကြောင်း စာအုပ်ရှိပါတယ်။ Sinclair Lewis ရဲ့ "Babbitt" စာအုပ်ပါ၊ အဲဒီစာအုပ်ဟာ ‘‘Babbitt‘‘ ကိုယ်၌ထက်ကို ပိုရှည်တာ အာမခံနိုင်ပါတယ်။ စာအုပ်ကိုယ်၌ကျတော့ တိုတိုလေးပါ။ တစ်ယောက်ယောက်က အဲဒါကို မှတ်မိရဲ့လား။ စာအုပ်ဟာ အတော်လေး ကောင်းပါတယ်၊ ‘‘Main Street‘‘ ထက်ပိုကောင်းတယ်ထင်တယ်။ အဲဒီစာအုပ်ကို ကျွန်တော် အရမ်း ကြိုက်ပါတယ်။ ဒီတော့ စာပေဟာ စိတ်ဝင်စားစရာ ကောင်းတာကို ကျုပ်တို့ ဘယ်တော့မှ မေးခွန်း မထုတ်ခဲ့ကြပါ။ အဲဒါအပြင့်၊ ဘာသာဗေဒပညာရှင်တွေကတောင်မှ ဖန်တီးထားတဲ့ စာပေက ဘာတွေ ပြောနိုင်ကြောင်း အနုပညာအဖြစ် လူသားတွေရဲ့ ခံစားချက်ကို သက် ရောက်နိုင်ပုံကို စိတ်မဝင်စားကြပါဘူး။ ကျွန်တော် ဥပမာ ကောင်း တစ်ခုကို ပြပါမယ်။ တချိန်တုန်း ကျွန်တော့်အကြောင်း ဆောင်းပါး တစ်ပုဒ် ပေါ်လာခဲ့တယ်။ California alumnimagazine ထဲမှာ မကြာခင်တုန်းကပါ။ အဲဒီဆောင်းပါးကိုရေး သူတို့ရေးကြစဉ် ဝေဖန်ရေးပေးမယ့်သူ တစ်ယောက်ယောက်ကို သူတို့ ရှာလိုခဲ့ကြတယ်၊ လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ထူးဆန်းနေခဲ့ပါတယ်။ ကိုယ်က လူတစ်ယောက် အကြောင်းကို ပြောပြနေတုန်းပဲ ရှိသေး၊ အဲဒီသူကို ဝေဖန်ရေးမယ့် လူတစ်ယောက်ကို ရှာချင်နေကြပြီ။ (ရယ်သံများ) တကယ်ကျတော့ အဲဒါကြောင့် အချိန်ကို ဆွဲနေသလို ဖြစ်သွားခဲ့တယ်။ နောက်ဆုံးတွင် သူတို့ ကျုပ်တို့ခေတ်အတွင်း အကျော်ကြားဆုံး ဘာသာဗေဒပညာရှင်ကို ရှာတွေခဲ့ကြတယ်၊ ကျုပ်တို့ ဒီBerkeley မှ ဘာသာဗေဒပညာရှင် George Lakoff ပါ။ သူရဲ့ သုတေသနများဟာ ဘာသာဗေဒပညာနဲ့ သိရှိနားလည်မှုပညာ နယ်ပယ်ကို အခြေခံမှအစ ပြောင်းပစ်ခဲ့ကြပါတယ်။ သူ့ကို ကျွန်တော့်အကြောင်း၊ အထူးသဖြင့် ဘာသာစကား ဖန်တီးမှုအကြောင်း မေးကြည့်တော့၊ "ဘာသာစကား လေ့လာမှုထဲမှာ လေ့လာစရာတွေ များလှပါတယ်၊ ကျုပ်တို့ဟာ လက်တွေ့ကျတဲ့ အရာတစ်ခုခုအတွက် အချိန်ကို ဖြုန်းသင့်တယ်။‘‘ ဖြေခဲ့ပါတယ်။ တကယ်ပါ။ "လက်တွေ့ကျတဲ့ အရာတစ်ခုခု"က ခင်ဗျားတို့ကို တစ်ခုခု သတိမရစေဘူးလား။ သူကိုယ်တိုင် တီထွင်ခဲ့တဲ့ မူဘောင်ကိုပဲ ပြန်သုံးချင်ပါတယ်၊ ကျွန်ုပ်တို့ ခံယူပြောဆိုလာခဲ့ကြတဲ့ ခံယူချက်ကို ပြန် ထောက်ပြပါရစေ- ဘာသာစကားဟာ ကိရိယာတခုပါ။ သူကပါ အဲဒီလို ခံယူချက်ကို လက်ခံထားလျက် လုပ်ကိုင်နေပုံရပါတယ်၊ ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်မှသာ ဘာသာစကားဟာ အသုံးဝင်တယ် ဆိုတဲ့အချက်ပါ။ ဆက်သွယ်ရေးအတွက် အသုံးပြုမရနိုင်ရင် ဘာသာစကားဟာ အသုံးမဝင်ပါ။ ကျုပ်တို့ဟာ သေနေကြပြီဖြစ်တဲ့ ဘာသာစကားတွေ ကိုကော ဘာလုပ်ကြရမလဲ စဉ်းစားကြရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ အဲဒီလို ယူဆကြရိုးမှန်ပါက၊ ကျွန်တော်က HBO ရဲ့ "Game of Thrones" အတွက် ဖန်တီးပေးခဲ့တဲ့ High Valyrian ဘာသာစကား တစ်ခုဖြစ်တဲ့ Duolingo သင်တန်းကို တက်မှုဟာ အဓိပ္ပါယ် လုံးဝမရှိနိုင်ပါ။ တကယ်တမ်းတွင် လူ ၇၄၀,၀၀၀ တို့ဟာ သင်တန်းကို တက်နေကြပါတယ်။ (ရယ်သံများ) အဲဒီအကြောင်းကို ကြည့်ကြရအောင်။ သူတို့ ဘာတွေကို သင်ယူနေကြသလဲ။ သူတို့ဘာတွေကို သင်ယူရရှိမယ်လို့ မျှော်လင့်နေကြလဲ။ ကောင်းပြီ၊ ဒီလို နောက်ဘာသာစကားကို သင်ယူနေကြသူတို့က-- အင်္ဂလိပ်လိုပြောသူတွေ ဆိုတာကို ထည့်စဉ်းစားကြည့်ပါက။ အင်္ဂလိပ်စကားပြောသူ တော်တော်များများက အဲဒီမှာ သင်ယူနေကြတယ်။ ကျွန်တော် ဖတ်ပြမယ့် ဝါကျကို ဆက်သွယ်စကားပြောဖို့ ဘယ်တော့မှာမှ သူတို့ရဲ့ဘဝထဲတွင် သုံးကြမှာ မဟုတ်ပါဘူး- "Vala ābre urnes." အင်္ဂလိပ်လိုက "The man sees the woman." အလယ်မှာ မြင်ရတဲ့ လိုင်းငယ်က သင်္ကေတပါ၊ စကားလုံး တစ်လုံးချင်းစီကို ဘာသာပြန်ပေးထားတာပါ။ သူတို့ဟာ၊ အထူးသဖြင့် အင်္ဂလိပ်လို ပြောဆိုကြသူတွေဆိုရင်၊ အံ့အားသင့်ဖွယ် အရာတွေကို သင်ယူနေကြပါတယ်။ ကြိယာဟာ ဝါကျရဲ့ အဆုံးမှာ ရှိနိုင်တာ သူတို့သိလာကြရမယ်။ ပြောဆိုချင်တာ နှစ်ခုရှိနေရင် အင်္ဂလိပ်ဘာသာ ထဲမှာ အဲဒီလို လုပ်မရနိုင်ပါ။ ပြီးတော့ အဲဒီမှာ "the" လုံးဝမရှိဘူးဆိုတော့ သူတို့ဟာ ဘာသာစကား တချို့ထဲတွင် the မရှိတာကို သိလာကြရတယ်။ ဘာသာစကားဟာ အဲဒါကို လုပ်ပေးနိုင်ပါတယ်။ ရှည်လျားတဲ့သရသံဟာ အချိန်ကာလအရပါ ပိုကြာရှည်နိုင်တာကို သူတို့ သိလာကြတယ်။ အင်္ဂလိပ်စာထဲမှာလို စကားလုံးအတိုအရှည်နဲ့ အဆိုင်ဘဲ သရသံဟာ ရှည်လျားတတ်တာမျိုး မဟုတ်ပါ။ ပြီးတော့ သူတို့ဟာ အဲဒီမှာ အသံ ပြောင်းလဲပုံကို သင်ယူကြရတယ်။ အင်း။ အင်း။ နာမ်တွေကို အဆုံးသတ်ရာတွင် အသံပြောင်းပေးမှု ရှိပါတယ်-- (ရယ်သံများ) ဝါကျတစ်ခုထဲတွင် ဘယ်သူက ဘယ်သူကို ဘာလုပ်တယ် ဆိုတာကို ပြသပေးပါတယ်။ တကယ်လို့များ စာလုံးတွေရဲ့ နေရာကို မပြောင်းတောင် အဆုံးသတ်သံကို ပြောင်းလိုက်ရင်၊ ဘယ်သူက ဘယ်သူကို ဘာလုပ်ကြောင်း အဓိပ္ပါယ် ပြောင်းသွားမယ်။ သူတို့ဟာ ဘာသာစကားတွေဟာ တူတဲ့အရာတွေကို မတူကွဲပြားစွာ လုပ်နိုင်တာကို သင်ယူနေကြတယ်။ ပြီးတော့ ဘာသာစကား သင်ယူရတာ ပျော်စရာကောင်းတာကို ပြနေတယ်။ သူတို့လုပ်နေကြတာက ဘာသာစကားအား လေးစားမှုကို ပြသနေကြတာပါ။ အမေရိကန်လူမျိုး ၈၈ ရာခိုင်နှုန်းတို့ကသာ အိမ်မှာ အင်္ဂလိပ်လို ပြောကြတယ် ဆိုတော့၊ ဒါဟာ ဆိုးတဲ့အရာပါလို့ ပြောမရနိုင်ပါ။ ကျုပ်တို့ ဂြိုဟ်ပေါ်မှာ ဘာသာစကားတွေ သေနေကြတာ ဘာကြောင့်လဲ သိကြလား။ အစိုးရက လူအုပ်စုငယ်ကို ဘာသာစကား တစ်မျိုးတည်းသုံးရန် အမိန့်ပေးလို့ မဟုတ်ပါ။ ဒါမှမဟုတ် ဘာသာစကား တစ်မျိုး ပြောသူတွေကို ရှင်းပစ်ခဲ့လို့ မဟုတ်ပါ။ အတိတ်ကာလမှာ အဲဒီလို ဖြစ်နိုင်ခဲ့ပြီး အခုလည်း ဖြစ်ပျက်နေပုံပေမဲ့၊ အဓိကအကြောင်းရင်းက အဲဒါ မဟုတ်ပါ။ အဓိကအကြောင်းရင်းက ကလေးတစ်ဦး မွေးလာတဲ့ မိသားစုရဲ့ ဘာသာစကားကို သူတို့အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောဆိုကြလို့ပါ။ အဲဒါနဲ့ အဲဒီကလေးဟာ သူ့ဘာသာစကားကို မသင်ဖြစ်တော့ပါ။ ဘာကြောင့်လဲ ဆိုရင်။ အဲဒီ ဘာသာစကားကို သူတို့ရဲ့ အသိုင်းအဝိုင်းမှာ တန်ဖိုးမထားကြလို့ပဲ။ အဲဒီ ဘာသာစကားဟာ အသုံးမဝင်လို့ပါ။ အဲဒီကလေးဟာ သူ့ဘာသာစကားကို သင်ယူပြောကြား ခဲ့မယ် ဆိုရင် အလုပ်ရနိုင်မှာ မဟုတ်ပါဘူး။ ဘာသာစကားဟာ ကကိရိယာ သက်သက် ဖြစ်ခဲ့ရင် ကိုယ့်မိခင်ဘာသာစကားကို သင်ယူမှုဟာ High Valyrian ကို သင်ယူသလိုပဲ အသုံးဝင်မှာပါ။ ဒီတော့ စိုးရိမ်စရာ မရှိပါဘူး။ ဆက်ပြောချင်တာက... ဘာသာစကားကို လေ့လာမှုဟာ ဘာသာစကားပို ကျွမ်းကျင်စေမှာ ဟုတ်ချင်မှ ဟုတ်နိုင်ပေမဲ့ တကယ်တော့ အဲဒီအချက်ဟာ သိပ်အရေးမကြီးပါဘူး။ ပိုပိုများတဲ့လူတွေက ဘာသာစကားတွေကို ပိုပိုလေ့လာလာကြပါက၊ ဘာသာစကားဆိုင်ရာ သည်းခံစိတ် ပိုကြီးထွားလာစေလျက် ဘာသာစကားအရ နယ်ချဲ့မှုဟာ နည်းလာမှာပါ။ ကျုပ်တို့က ဘာသာစကားကို တကယ့်ကို လေးစားကြပါက-- လူသားတို့အတွက် တကယ့်ကို အကြီးမားဆုံး တီထွင်မှုအဖြစ် လေးစားကြပါက-- အနာဂါတ် တစ်နေ့တွင် ကျုပ်တို့ အန္တရာယ် ရင်ဆိုင်နေရတဲ့ ဘာသာစကား များ ရှင်သန်နေကြလို့ ဆက်ဂုဏ်ပြုနိုင်ကြမယ်။ ပြတိုက်ထဲမှာသာ မြင်ရမှာကို ရှောင်ရှားနိုင်ကြမှာပါ။ (High Valyrian) Kirimvose. ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)