1 00:00:06,841 --> 00:00:11,865 ပဋိဇီဝဆေးတွေဟာ ယခုခေတ် ဆေးပညာမှာ နောက်ကွယ်ကနေ များစွာ အထောက်အပံ့ပြုနေပါတယ်။ 2 00:00:11,865 --> 00:00:14,485 အဲဒီဆေးတွေကို ကူးစက်ရောဂါတွေကို ကုသဖို့သာမက 3 00:00:14,485 --> 00:00:18,937 ဆေးကုသမှုပြုလုပ်ရာမှာ လုံခြုံမှုရှိအောင် ခွဲစိတ်ခြင်း ၊ ကင်ဆာဆေးပေးခြင်းနဲ့ 4 00:00:18,937 --> 00:00:21,607 အင်္ဂါအစိတ်အပိုင်းတွေ အစားထိုးကုသခြင်းမှာ အသုံးပြုပါတယ်။ 5 00:00:21,607 --> 00:00:23,170 ပဋိဇီဝဆေးတွေသာ မရှိခဲ့ရင် 6 00:00:23,170 --> 00:00:27,858 သာမန်ကုသမှုတွေမှာတောင် အသက်အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါတွေ ဖြစ်သွားနိုင်ကြပါတယ်။ 7 00:00:27,858 --> 00:00:30,788 အခု အဲဒီဆေးတွေကို လက်လွှတ်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ 8 00:00:30,788 --> 00:00:34,950 ပဋိဇီဝဆေးတွေဟာ ပိုးမွှားတွေပြန့်ပွားမှုကို တားဆီးပေးတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။ 9 00:00:34,950 --> 00:00:38,871 ကံမကောင်းစွာနဲ့ အချို့ပိုးမွှားတွေဟာ လက်ရှိအသုံးပြုနေတဲ့ ပဋိဇီဝဆေးတွေကို 10 00:00:38,871 --> 00:00:42,270 ယဉ်ပါးလာကြပါပြီ။ 11 00:00:42,270 --> 00:00:46,280 ဒီအချိန်မှာပဲ ကျွန်တော်တို့ ဆေးအသစ်တွေရှာဖွေတာကို ရပ်ဆိုင်းလိုက်ပါပြီ။ 12 00:00:46,280 --> 00:00:49,673 ဒီပြဿနာကို ကျော်လွှားဖို့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိပါသေးတယ်။ 13 00:00:49,673 --> 00:00:53,160 ဒါပေမဲ့ အရင်ဆုံးအနေနဲ့ ဒီအခြေအနေမျျိးဆီ ကျွန်တော်တို့ ဘယ်လိုရောက်လာတာလဲ။ 14 00:00:53,160 --> 00:00:56,534 ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ ပဋိဇီဝဆေးဟာ ပင်နီဆီလင်ဖြစ်ပြီး 15 00:00:56,534 --> 00:01:00,210 ၁၉၂၈မှာ Alexander Fleming က တွေ့ရှိခဲ့ပါတယ်။ 16 00:01:00,210 --> 00:01:03,994 ၁၉၄၅တုန်းက သူ့ရဲ့ နိုဗယ်ဆုရမိန့်ခွန်းမှာ 17 00:01:03,994 --> 00:01:08,707 ပိုးမွှားတွေဆေးယဉ်ပါးမှုကြောင့် ပဋိဇီဝဆေးတွေရဲ့ အစွမ်းတွေ 18 00:01:08,707 --> 00:01:10,987 ပျက်စီးနိုင်တယ်လို့ ဖလင်းမင်းက သတိပေးခဲ့ပါတယ်။ 19 00:01:10,987 --> 00:01:13,994 သူပြောတာမှန်ခဲ့ပါတယ်။ ၁၉၄၀ နဲ့ ၁၉၅၀ ဆယ်စုနှစ် နှစ်စုအတွင်းမှာ 20 00:01:13,994 --> 00:01:17,904 ဆေးယဉ်ပါး ပိုးမွှားတွေ ပေါ်ပေါက်နေပါပြီ။ 21 00:01:17,904 --> 00:01:20,234 အဲဒီအချိန်ကနေ ၁၉၈၀ ဆယ်စုနှစ်မတိုင်ခင်အထိ 22 00:01:20,234 --> 00:01:23,746 ဆေးကုမ္ပဏီတွေဟာ ဆေးယဉ်ပါးမှုပြဿနာကို 23 00:01:23,746 --> 00:01:26,744 ပဋိဇီဝဆေးအသစ်တွေ ရှာဖွေခြင်းအားဖြင့် တုန့်ပြန်ဖြေရှင်းခဲ့ကြတယ်။ 24 00:01:26,744 --> 00:01:32,232 အစပိုင်းမှာတော့ ဒါဟာ အလွန်အောင်မြင်ပြီး အကျိုးအလွန်ဖြစ်ထွန်းတဲ့ စီမံချက်ဖြစ်တယ်။ 25 00:01:32,232 --> 00:01:35,092 အချိန်တော်တော်ကြာတော့ အပြောင်းအလဲ နှစ်ခုဖြစ်လာခဲ့တယ်။ 26 00:01:35,092 --> 00:01:38,582 အသစ်တွေ့ရှိထားတဲ့ ပဋိဇီဝဆေးတွေရဲ့ အာနိသင်က 27 00:01:38,582 --> 00:01:41,492 ကူးစက်ရောဂါအနည်းငယ်အတွက်ပဲ ထိရောက်မှုရှိပါတယ်။ 28 00:01:41,492 --> 00:01:44,838 အရင်ဆေးတွေကို ကူးစက်ရောဂါအများအပြားမှာ သုံးနိုင်ပါတယ်။ 29 00:01:44,838 --> 00:01:46,812 ဒါက ပြဿနာတော့မဟုတ်ပေမဲ့ 30 00:01:46,812 --> 00:01:51,072 ဒီဆေးတွေကို အနည်းအကျဉ်းပဲ ရောင်းချနိုင်တော့မှာဖြစ်လို့ 31 00:01:51,072 --> 00:01:53,486 အကျိုးအမြတ်ရရှိမှုကို နည်းသွားစေပါတယ်။ 32 00:01:53,486 --> 00:01:57,452 အစောပိုင်းကာလမှာ ပဋိဇီဝဆေးတွေကို လိုတာထက်ပိုပြီး ညွှန်းခဲ့ကြတယ်။ 33 00:01:57,452 --> 00:02:01,262 သူတို့ရဲ့ အာနိသင်မသက်ရောက်နိုင်တဲ့ ဗိုင်းရပ်စ်ရောဂါတွေမှာရောပေါ့။ 34 00:02:01,262 --> 00:02:06,751 ဆေးညွှန်းမှုဆိုင်ရာ စည်းကမ်း တင်းကျပ် လာပေမဲ့ ရောင်းချမှုကို ကျစေခဲ့တယ်။ 35 00:02:06,751 --> 00:02:10,381 တချိန်တည်းမှာ ကုမ္ပဏီတွေက ဆေးတွေ ထပ်ထုတ်ခဲ့တယ်။ 36 00:02:10,381 --> 00:02:12,966 လူနာတွေ တသက်လုံးသောက်ရမယ့် ဆေးတွေပေါ့။ 37 00:02:12,966 --> 00:02:15,626 ဥပမာ- သွေးကျဆေးတွေ၊ အဆီကျဆေးတွေနဲ့ 38 00:02:15,626 --> 00:02:20,146 နောက်ပိုင်းမှာ စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ငြိမ်ဆေးတွေ ထုတ်လာကြတယ်။ 39 00:02:20,146 --> 00:02:24,942 ဒီဆေးတွေကို ရေရှည်စွဲသောက်ရလို့ အကျိုးအမြတ် ပိုဖြစ်ထွန်းစေတယ်။ 40 00:02:24,942 --> 00:02:30,789 ၁၉၈၀ ဆယ်စုနှစ်လယ်မှာ ပဋိဇီဝဆေးတွေရဲ့ ဓာတုပစ္စည်းအသစ်တွေကို ရှာမတွေ့နိုင်ခဲ့ပါ။ 41 00:02:30,789 --> 00:02:35,169 ဒါပေမဲ့ ပိုးမွှားတွေမှာ ဆေးယဉ်ပါးမှု ဆက်လက်ဖြစ်ထွန်းနေပြီး 42 00:02:35,169 --> 00:02:39,310 မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက်မျှဝေမှုကနေ ပိုးမွှားနောက်တစ်ကောင် သို့မဟုတ် 43 00:02:39,310 --> 00:02:41,726 အခြားမျိုးစိတ်တစ်ခုမှာ ဆေးယဉ်ပါးမှုကိုဖြစ်စေပါတယ်။ 44 00:02:41,726 --> 00:02:46,216 အခုဆိုရင် ဆေးများစွာကို ယဉ်ပါးနေတဲ့ ပိုးတော်တော်များများရှိနေပြီ ဖြစ်ပြီး 45 00:02:46,216 --> 00:02:51,954 တချို့ပိုးမွှားတွေဆို အခုလက်ရှိ အသုံးပြုနေတဲ့ ဆေးအားလုံးကို ယဉ်ပါးနေပါပြီ။ 46 00:02:51,954 --> 00:02:54,334 ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ဘာလုပ်နိုင်ကြလဲ။ 47 00:02:54,334 --> 00:02:58,791 လက်ရှိပဋိဇီဝဆေးတွေအသုံးပြုမှုကို ထိန်း ချုပ်ပြီး ဆေးအသစ်တွေ ဖန်တီးဖို့ လိုတယ်။ 48 00:02:58,791 --> 00:03:02,143 ဆေးအသစ်တွေ နဲ့ ရှိပြီးဆေးတွေယဉ်ပါးမှုကို တွန်းလှန်ကြမယ်။ 49 00:03:02,143 --> 00:03:06,081 ပြီးတော့ ပိုးမွှားကူးစက်ရောဂါတွေကို ကုသဖို့နည်းလမ်းအသစ်တွေ ရှာကြပါမယ်။ 50 00:03:06,081 --> 00:03:10,021 ပဋိဇီဝဆေးတွေကို အများဆုံးသုံးစွဲသူတွေကတော့ စိုက်ပျိုးမွေးမြူရေးသမားတွေပဲဖြစ်တယ်။ 51 00:03:10,021 --> 00:03:13,401 သူတို့က ဒီဆေးတွေကို ပိုးသတ်ဆေးအဖြစ် သုံးစွဲကြရုံမျှမက 52 00:03:13,401 --> 00:03:16,411 မွေးမြူရေးတိရစ္ဆာန်တွေမှာ ကြီးထွားမှု မြန်စေဖို့လည်း သုံးပါတယ်။ 53 00:03:16,411 --> 00:03:18,981 ပဋိဇီဝဆေး အမြောက်အမြားသုံးစွဲခြင်းက 54 00:03:18,981 --> 00:03:22,481 ပိုးမွှားနဲ့ ဆေးတို့ ထိတွေ့မှုကို ပိုမိုများပြားစေတာကြောင့် 55 00:03:22,481 --> 00:03:26,851 ဆေးယဉ်ပါးမှုဖြစ်နိုင်တဲ့ အလားအလာကို မြှင့်တင်ပေးပါတယ်။ 56 00:03:26,851 --> 00:03:30,420 တိရစ္ဆာန်တွေမှာ အဖြစ်များတဲ့ အူရောင်ငန်းဖျားရောဂါပိုးလိုမျိုး ပိုးတွေဟာ 57 00:03:30,420 --> 00:03:32,336 လူတွေဆီကိုလည်း ကူးစက်နိုင်တာကြောင့် 58 00:03:32,336 --> 00:03:36,913 ဆေးယဉ်ပါးပိုးတွေဟာ အစာမှတဆင့် ကျွန်တော်တို့ကို ကူးစက်နိုင်ပြီး 59 00:03:36,913 --> 00:03:41,456 နိုင်ငံတကာကို တင်ပို့ရောင်းချမှု နဲ့ ခရီးသွားလာမှုတွေကတဆင့် ပျံ့နှံ့နိုင်ပါတယ်။ 60 00:03:41,456 --> 00:03:44,186 ပဋိဇီဝဆေးအသစ်တွေကို ရှာဖွေရေးမှာလည်း 61 00:03:44,186 --> 00:03:47,455 သဘာဝတရားကြီးက အလားအလာကောင်းတဲ့ ဒြပ်ပေါင်းအသစ်တွေကို ပေးထားပါတယ်။ 62 00:03:47,455 --> 00:03:50,881 အခြား‌ပိုးမွှားလေးတွေ နဲ့ မှိုများဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတည်းက 63 00:03:50,881 --> 00:03:54,661 ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ ဆင့်ကဲပြောင်းလဲခဲ့ကြပါတယ်။ 64 00:03:54,661 --> 00:03:58,065 သူတို့မှာ ပဋိဇီဝပစ္စည်းတွေ ပါရှိပါတယ်။ 65 00:03:58,065 --> 00:04:02,285 ဘက်တီးရီးယားပိုးမွှားတွေကို သာလွန်ပြီး ရှင်သန်နိုင်ဖို့ပေါ့။ 66 00:04:02,285 --> 00:04:05,948 ပဋိဇီဝဆေးတွေကို ဆေးယဉ်ပါးမှုကို တားတဲ့ မော်လီကျူးတွေနဲ့ 67 00:04:05,948 --> 00:04:07,378 ပေါင်းစပ်ထုတ်လုပ်လို့ရပါတယ်။ 68 00:04:07,378 --> 00:04:12,005 ဆေးယဉ်ပါးမှုဟာ ပိုးမွှားတွေမှာပါဝင်တဲ့ ဆေးကိုဖျက်ဆီးတဲ့ 69 00:04:12,005 --> 00:04:13,745 ပရိုတိန်းကြောင့် ဖြစ်လာရတာဖြစ်ပါတယ်။ 70 00:04:13,745 --> 00:04:18,275 ပဋိဇီဝဆေးတွေနဲ့ အဲဒီပရိုတိန်းတွေကိုပိတ်တဲ့ မော်လီကျူးနဲ့ ပေါင်းစပ်ထုတ်လုပ်လိုက်ရင် 71 00:04:18,275 --> 00:04:21,187 ပဋိဇီဝဆေးဟာ မူလအတိုင်း အလုပ်လုပ်နိုင်ကြမှာပါ။ 72 00:04:21,187 --> 00:04:25,615 ဘက်တီးရီးယားပိုးကိုပဲ တိုက်ပြီး လူတွေကို အန္တရာယ်မပြုနိုင်တဲ့ 73 00:04:25,615 --> 00:04:29,965 ဗိုင်းရပ်စ်တွေဟာလည်း ကူးစက်ရောဂါကို တိုက်နိုင်မယ့် နည်းတစ်နည်းပါပဲ။ 74 00:04:29,965 --> 00:04:33,158 ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေအတွက် ကာကွယ်ဆေး ထုတ်လုပ်ခြင်းဖြင့် 75 00:04:33,158 --> 00:04:36,595 ရောဂါကို ရှေးဦးစွာ ကာကွယ်နိုင်ပါတယ်။ 76 00:04:36,595 --> 00:04:40,255 ဒါတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုက ငွေကြေးအထောက်အပံ့ဖြစ်ပြီး 77 00:04:40,255 --> 00:04:43,625 ကမ္ဘာတဝန်းမှာ လုံလောက်မှု မရှိပါဘူး။ 78 00:04:43,625 --> 00:04:48,490 ပဋိဇီဝဆေးတွေက အကျိုးအမြတ်မရနိုင်တာကြောင့် ဆေးကုမ္ပဏီကြီးအများစုဟာ 79 00:04:48,490 --> 00:04:50,870 ၎င်းတို့ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ကြပါပြီ။ 80 00:04:50,870 --> 00:04:54,645 ပဋိဇီဝဆေးအသစ်တွေကို ဈေးကွက်တင်နိုင်တဲ့ ကုမ္ပဏီလေးတွေကလည်း 81 00:04:54,645 --> 00:05:00,347 ဒေဝါလီခံရတော့မယ့် အခြေအနေကိုရောက်နေပါတယ်။ အမေရိကန်အခြေစိုက် Achaogen ကုမ္ပဏီလိုပေါ့။ 82 00:05:00,347 --> 00:05:04,077 ကာကွယ်ဆေး နဲ့ ဗိုင်းရပ်စ်တွေလိုမျိုး ကုသရေးနည်းလမ်းသစ်တွေဟာလည်း 83 00:05:04,077 --> 00:05:08,135 ပဋိဇီဝဆေးတွေလိုပဲ တူညီတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ 84 00:05:08,135 --> 00:05:11,445 သူတို့ကို သုံးတာအလုပ်ဖြစ်ရင်လည်း တစ်ခါသုံးစရာမျိုးလို ဖြစ်မှာမို့လို့ 85 00:05:11,445 --> 00:05:13,675 ပိုက်ဆံများများရဖို့ ခဲယဉ်းပါတယ်။ 86 00:05:13,675 --> 00:05:17,075 ရေရှည်မှာ ဆေးယဉ်ပါးမှုကို တွန်းလှန်ဖို့ဆိုရင် 87 00:05:17,075 --> 00:05:20,595 ပဋိဇီဝဆေးအသစ်တွေကို ချွေတာပြီး သုံးစွဲရမှာဖြစ်တာကြောင့် 88 00:05:20,595 --> 00:05:24,495 ဆေးထုတ်လုပ်သူတွေရမယ့် အကျိုးအမြတ်ကို ပိုပြီးနည်းပါးစေပါမယ်။ 89 00:05:24,495 --> 00:05:29,606 ဖြေရှင်းနည်းတစ်ခုက အမြတ်အစွန်းရရှိမှုကို ရောင်းရတဲ့ဆေးပမာဏအပေါ် မူတည်လာရန် 90 00:05:29,606 --> 00:05:30,706 ပြောင်းလဲပေးဖို့ပါပဲ။ 91 00:05:30,706 --> 00:05:33,906 ဥပမာအားဖြင့် ယူကေမှာ အငစမ်းသပ်နေတဲ့ ပုံစံတစ်ခုမှာ 92 00:05:33,906 --> 00:05:38,024 ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက ပဋိဇီဝဆေးတွေအတွက် နှစ်စဉ်ကြေးပေးရပါတယ်။ 93 00:05:38,024 --> 00:05:42,164 ပဋိဇီဝဆေးထုတ်လုပ်မှုကို အားပေးဖို့ အစိုးရက နည်းလမ်းရှာဖွေနေချိန်မှာ 94 00:05:42,164 --> 00:05:45,104 ဒီအစီအစဉ်တွေက အစပိုင်းပဲရှိပါသေးတယ်။ 95 00:05:45,104 --> 00:05:48,414 ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ လုပ်စရာ အများကြီးရှိသေးပေမဲ့ 96 00:05:48,414 --> 00:05:51,964 ပဋိဇီဝဆေးအသစ်ထုတ်လုပ်မှုနဲ့ ယခုသုံးနေဆဲဆေးတွေကိုထိန်းချုပ်ဖို့ 97 00:05:51,964 --> 00:05:54,604 ငွေကြေးထောက်ပံ့မှု အလုံအလောက်ရှိပါမှ 98 00:05:54,604 --> 00:05:57,254 ဆေးယဉ်ပါးမှုပြဿနာကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။