ပဋိဇီဝဆေးတွေဟာ ယခုခေတ် ဆေးပညာမှာ
နောက်ကွယ်ကနေ များစွာ အထောက်အပံ့ပြုနေပါတယ်။
အဲဒီဆေးတွေကို
ကူးစက်ရောဂါတွေကို ကုသဖို့သာမက
ဆေးကုသမှုပြုလုပ်ရာမှာ လုံခြုံမှုရှိအောင်
ခွဲစိတ်ခြင်း ၊ ကင်ဆာဆေးပေးခြင်းနဲ့
အင်္ဂါအစိတ်အပိုင်းတွေ အစားထိုးကုသခြင်းမှာ
အသုံးပြုပါတယ်။
ပဋိဇီဝဆေးတွေသာ မရှိခဲ့ရင်
သာမန်ကုသမှုတွေမှာတောင် အသက်အန္တရာယ်ရှိတဲ့
ကူးစက်ရောဂါတွေ ဖြစ်သွားနိုင်ကြပါတယ်။
အခု အဲဒီဆေးတွေကို လက်လွှတ်ရမယ့်
အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။
ပဋိဇီဝဆေးတွေဟာ ပိုးမွှားတွေပြန့်ပွားမှုကို
တားဆီးပေးတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ အချို့ပိုးမွှားတွေဟာ
လက်ရှိအသုံးပြုနေတဲ့ ပဋိဇီဝဆေးတွေကို
ယဉ်ပါးလာကြပါပြီ။
ဒီအချိန်မှာပဲ ကျွန်တော်တို့
ဆေးအသစ်တွေရှာဖွေတာကို ရပ်ဆိုင်းလိုက်ပါပြီ။
ဒီပြဿနာကို ကျော်လွှားဖို့ အခွင့်အရေး
ကျွန်တော်တို့မှာ ရှိပါသေးတယ်။
ဒါပေမဲ့ အရင်ဆုံးအနေနဲ့ ဒီအခြေအနေမျျိးဆီ
ကျွန်တော်တို့ ဘယ်လိုရောက်လာတာလဲ။
ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့
ပဋိဇီဝဆေးဟာ ပင်နီဆီလင်ဖြစ်ပြီး
၁၉၂၈မှာ Alexander Fleming က
တွေ့ရှိခဲ့ပါတယ်။
၁၉၄၅တုန်းက
သူ့ရဲ့ နိုဗယ်ဆုရမိန့်ခွန်းမှာ
ပိုးမွှားတွေဆေးယဉ်ပါးမှုကြောင့်
ပဋိဇီဝဆေးတွေရဲ့ အစွမ်းတွေ
ပျက်စီးနိုင်တယ်လို့
ဖလင်းမင်းက သတိပေးခဲ့ပါတယ်။
သူပြောတာမှန်ခဲ့ပါတယ်။
၁၉၄၀ နဲ့ ၁၉၅၀ ဆယ်စုနှစ် နှစ်စုအတွင်းမှာ
ဆေးယဉ်ပါး ပိုးမွှားတွေ ပေါ်ပေါက်နေပါပြီ။
အဲဒီအချိန်ကနေ ၁၉၈၀ ဆယ်စုနှစ်မတိုင်ခင်အထိ
ဆေးကုမ္ပဏီတွေဟာ ဆေးယဉ်ပါးမှုပြဿနာကို
ပဋိဇီဝဆေးအသစ်တွေ ရှာဖွေခြင်းအားဖြင့်
တုန့်ပြန်ဖြေရှင်းခဲ့ကြတယ်။
အစပိုင်းမှာတော့ ဒါဟာ အလွန်အောင်မြင်ပြီး
အကျိုးအလွန်ဖြစ်ထွန်းတဲ့ စီမံချက်ဖြစ်တယ်။
အချိန်တော်တော်ကြာတော့
အပြောင်းအလဲ နှစ်ခုဖြစ်လာခဲ့တယ်။
အသစ်တွေ့ရှိထားတဲ့ ပဋိဇီဝဆေးတွေရဲ့ အာနိသင်က
ကူးစက်ရောဂါအနည်းငယ်အတွက်ပဲ
ထိရောက်မှုရှိပါတယ်။
အရင်ဆေးတွေကို ကူးစက်ရောဂါအများအပြားမှာ
သုံးနိုင်ပါတယ်။
ဒါက ပြဿနာတော့မဟုတ်ပေမဲ့
ဒီဆေးတွေကို အနည်းအကျဉ်းပဲ
ရောင်းချနိုင်တော့မှာဖြစ်လို့
အကျိုးအမြတ်ရရှိမှုကို နည်းသွားစေပါတယ်။
အစောပိုင်းကာလမှာ ပဋိဇီဝဆေးတွေကို
လိုတာထက်ပိုပြီး ညွှန်းခဲ့ကြတယ်။
သူတို့ရဲ့ အာနိသင်မသက်ရောက်နိုင်တဲ့
ဗိုင်းရပ်စ်ရောဂါတွေမှာရောပေါ့။
ဆေးညွှန်းမှုဆိုင်ရာ စည်းကမ်း တင်းကျပ်
လာပေမဲ့ ရောင်းချမှုကို ကျစေခဲ့တယ်။
တချိန်တည်းမှာ
ကုမ္ပဏီတွေက ဆေးတွေ ထပ်ထုတ်ခဲ့တယ်။
လူနာတွေ တသက်လုံးသောက်ရမယ့် ဆေးတွေပေါ့။
ဥပမာ- သွေးကျဆေးတွေ၊ အဆီကျဆေးတွေနဲ့
နောက်ပိုင်းမှာ စိတ်ကျရောဂါပျောက်ဆေး၊
စိတ်ငြိမ်ဆေးတွေ ထုတ်လာကြတယ်။
ဒီဆေးတွေကို ရေရှည်စွဲသောက်ရလို့
အကျိုးအမြတ် ပိုဖြစ်ထွန်းစေတယ်။
၁၉၈၀ ဆယ်စုနှစ်လယ်မှာ ပဋိဇီဝဆေးတွေရဲ့
ဓာတုပစ္စည်းအသစ်တွေကို ရှာမတွေ့နိုင်ခဲ့ပါ။
ဒါပေမဲ့ ပိုးမွှားတွေမှာ
ဆေးယဉ်ပါးမှု ဆက်လက်ဖြစ်ထွန်းနေပြီး
မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက်မျှဝေမှုကနေ
ပိုးမွှားနောက်တစ်ကောင် သို့မဟုတ်
အခြားမျိုးစိတ်တစ်ခုမှာ
ဆေးယဉ်ပါးမှုကိုဖြစ်စေပါတယ်။
အခုဆိုရင် ဆေးများစွာကို ယဉ်ပါးနေတဲ့
ပိုးတော်တော်များများရှိနေပြီ ဖြစ်ပြီး
တချို့ပိုးမွှားတွေဆို အခုလက်ရှိ
အသုံးပြုနေတဲ့ ဆေးအားလုံးကို ယဉ်ပါးနေပါပြီ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး
ကျွန်တော်တို့ ဘာလုပ်နိုင်ကြလဲ။
လက်ရှိပဋိဇီဝဆေးတွေအသုံးပြုမှုကို ထိန်း
ချုပ်ပြီး ဆေးအသစ်တွေ ဖန်တီးဖို့ လိုတယ်။
ဆေးအသစ်တွေ နဲ့ ရှိပြီးဆေးတွေယဉ်ပါးမှုကို
တွန်းလှန်ကြမယ်။
ပြီးတော့ ပိုးမွှားကူးစက်ရောဂါတွေကို
ကုသဖို့နည်းလမ်းအသစ်တွေ ရှာကြပါမယ်။
ပဋိဇီဝဆေးတွေကို အများဆုံးသုံးစွဲသူတွေကတော့
စိုက်ပျိုးမွေးမြူရေးသမားတွေပဲဖြစ်တယ်။
သူတို့က ဒီဆေးတွေကို ပိုးသတ်ဆေးအဖြစ်
သုံးစွဲကြရုံမျှမက
မွေးမြူရေးတိရစ္ဆာန်တွေမှာ
ကြီးထွားမှု မြန်စေဖို့လည်း သုံးပါတယ်။
ပဋိဇီဝဆေး အမြောက်အမြားသုံးစွဲခြင်းက
ပိုးမွှားနဲ့ ဆေးတို့ ထိတွေ့မှုကို
ပိုမိုများပြားစေတာကြောင့်
ဆေးယဉ်ပါးမှုဖြစ်နိုင်တဲ့ အလားအလာကို
မြှင့်တင်ပေးပါတယ်။
တိရစ္ဆာန်တွေမှာ အဖြစ်များတဲ့
အူရောင်ငန်းဖျားရောဂါပိုးလိုမျိုး ပိုးတွေဟာ
လူတွေဆီကိုလည်း ကူးစက်နိုင်တာကြောင့်
ဆေးယဉ်ပါးပိုးတွေဟာ အစာမှတဆင့်
ကျွန်တော်တို့ကို ကူးစက်နိုင်ပြီး
နိုင်ငံတကာကို တင်ပို့ရောင်းချမှု နဲ့
ခရီးသွားလာမှုတွေကတဆင့် ပျံ့နှံ့နိုင်ပါတယ်။
ပဋိဇီဝဆေးအသစ်တွေကို ရှာဖွေရေးမှာလည်း
သဘာဝတရားကြီးက အလားအလာကောင်းတဲ့
ဒြပ်ပေါင်းအသစ်တွေကို ပေးထားပါတယ်။
အခြားပိုးမွှားလေးတွေ နဲ့ မှိုများဟာ
လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတည်းက
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ
နေထိုင်ဖို့ ဆင့်ကဲပြောင်းလဲခဲ့ကြပါတယ်။
သူတို့မှာ ပဋိဇီဝပစ္စည်းတွေ ပါရှိပါတယ်။
ဘက်တီးရီးယားပိုးမွှားတွေကို သာလွန်ပြီး
ရှင်သန်နိုင်ဖို့ပေါ့။
ပဋိဇီဝဆေးတွေကို
ဆေးယဉ်ပါးမှုကို တားတဲ့ မော်လီကျူးတွေနဲ့
ပေါင်းစပ်ထုတ်လုပ်လို့ရပါတယ်။
ဆေးယဉ်ပါးမှုဟာ
ပိုးမွှားတွေမှာပါဝင်တဲ့ ဆေးကိုဖျက်ဆီးတဲ့
ပရိုတိန်းကြောင့် ဖြစ်လာရတာဖြစ်ပါတယ်။
ပဋိဇီဝဆေးတွေနဲ့ အဲဒီပရိုတိန်းတွေကိုပိတ်တဲ့
မော်လီကျူးနဲ့ ပေါင်းစပ်ထုတ်လုပ်လိုက်ရင်
ပဋိဇီဝဆေးဟာ မူလအတိုင်း
အလုပ်လုပ်နိုင်ကြမှာပါ။
ဘက်တီးရီးယားပိုးကိုပဲ တိုက်ပြီး
လူတွေကို အန္တရာယ်မပြုနိုင်တဲ့
ဗိုင်းရပ်စ်တွေဟာလည်း ကူးစက်ရောဂါကို
တိုက်နိုင်မယ့် နည်းတစ်နည်းပါပဲ။
ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေအတွက်
ကာကွယ်ဆေး ထုတ်လုပ်ခြင်းဖြင့်
ရောဂါကို ရှေးဦးစွာ ကာကွယ်နိုင်ပါတယ်။
ဒါတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုက
ငွေကြေးအထောက်အပံ့ဖြစ်ပြီး
ကမ္ဘာတဝန်းမှာ လုံလောက်မှု မရှိပါဘူး။
ပဋိဇီဝဆေးတွေက အကျိုးအမြတ်မရနိုင်တာကြောင့်
ဆေးကုမ္ပဏီကြီးအများစုဟာ
၎င်းတို့ ထုတ်လုပ်ခြင်းကို
ရပ်ဆိုင်းလိုက်ကြပါပြီ။
ပဋိဇီဝဆေးအသစ်တွေကို ဈေးကွက်တင်နိုင်တဲ့
ကုမ္ပဏီလေးတွေကလည်း
ဒေဝါလီခံရတော့မယ့် အခြေအနေကိုရောက်နေပါတယ်။
အမေရိကန်အခြေစိုက် Achaogen ကုမ္ပဏီလိုပေါ့။
ကာကွယ်ဆေး နဲ့ ဗိုင်းရပ်စ်တွေလိုမျိုး
ကုသရေးနည်းလမ်းသစ်တွေဟာလည်း
ပဋိဇီဝဆေးတွေလိုပဲ
တူညီတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
သူတို့ကို သုံးတာအလုပ်ဖြစ်ရင်လည်း
တစ်ခါသုံးစရာမျိုးလို ဖြစ်မှာမို့လို့
ပိုက်ဆံများများရဖို့ ခဲယဉ်းပါတယ်။
ရေရှည်မှာ ဆေးယဉ်ပါးမှုကို
တွန်းလှန်ဖို့ဆိုရင်
ပဋိဇီဝဆေးအသစ်တွေကို
ချွေတာပြီး သုံးစွဲရမှာဖြစ်တာကြောင့်
ဆေးထုတ်လုပ်သူတွေရမယ့် အကျိုးအမြတ်ကို
ပိုပြီးနည်းပါးစေပါမယ်။
ဖြေရှင်းနည်းတစ်ခုက အမြတ်အစွန်းရရှိမှုကို
ရောင်းရတဲ့ဆေးပမာဏအပေါ် မူတည်လာရန်
ပြောင်းလဲပေးဖို့ပါပဲ။
ဥပမာအားဖြင့် ယူကေမှာ
အငစမ်းသပ်နေတဲ့ ပုံစံတစ်ခုမှာ
ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက
ပဋိဇီဝဆေးတွေအတွက် နှစ်စဉ်ကြေးပေးရပါတယ်။
ပဋိဇီဝဆေးထုတ်လုပ်မှုကို အားပေးဖို့
အစိုးရက နည်းလမ်းရှာဖွေနေချိန်မှာ
ဒီအစီအစဉ်တွေက အစပိုင်းပဲရှိပါသေးတယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာ
လုပ်စရာ အများကြီးရှိသေးပေမဲ့
ပဋိဇီဝဆေးအသစ်ထုတ်လုပ်မှုနဲ့
ယခုသုံးနေဆဲဆေးတွေကိုထိန်းချုပ်ဖို့
ငွေကြေးထောက်ပံ့မှု အလုံအလောက်ရှိပါမှ
ဆေးယဉ်ပါးမှုပြဿနာကို
ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။