ကျွန်မက ခြင်္သေ့ သဘာဝဝန်းကျင်
မြတ်နိုးသူပါ
မိုက်တယ်လို့ ထင်ရတယ်မို့လား။
ဒါက ဘာကိုဆိုလိုတာကို
လူတစ်ချို့ မသိလောက်ဘူး။
ဒါပေမဲ့ ခြင်္သေ့ Cecil ကိုတော့
အားလုံး ကြားဖူးလောက်တာ သေချာတယ်။
[Cecil the Lion (2002-2015)]
(Cecil ဟိန်းသံ)
သူ မဟိန်းတော့ပါဘူး။
၂၀၁၅ ဇူလိုင် ၂ ရက်မှာ
ဆုရ မုဆိုးတစ်ယောက်က
သတ်လိုက်တဲ့အခါ သူ့အသက် တိုခဲ့ရတယ်။
သင် လေ့လာတဲ့ တိရိစ္ဆာန်တွေကို
တွယ်တာလာနိုင်တယ်လို့ ဆိုကြတယ်။
ဒါက ခြင်္သေ့ Cecil နဲ့ ကျွန်မရဲ့ အဖြစ်ပါ၊
သုံးနှစ်တာ Hwange National Park မှာ
သူ့ကို သိကျွမ်း၊ လေ့လာရင်းပါ။
သူသေသွားတာ ကျွန်မ အသည်းကွဲခဲ့တယ်။
ဒါပေမဲ့ ဒီအဖြစ်ဆိုကနေ ထွက်လာတဲ့
ကောင်းတဲ့အရာက
ဒီအဖြစ်က ခြိမ်းခြောက်ခံနေရတဲ့
တောရိုင်းတွေရဲ့
အတိဒုက္ခဆီကို
ယူဆောင်သွားတဲ့ အာရုံစိုက်မှုပါ။
Cecil သေဆုံးပြီးနောက်မှာ
ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ
စမေးခဲ့တယ်။
ခြင်္သေ့ Cecil နဲ့ ကပ်လျက်နေတဲ့
ရပ်ရွာက သူ့ကို ကာကွယ်ရာမှာ
ပါဝင်ခဲ့တယ်ဆိုရင်ရော။
ကျွန်မရဲ့ အသက် ၂၉ နှစ် အစား
၁၀ နှစ်တုန်းက Cecil နဲ့ တွေ့ဆုံခဲရင်ရော။
ကျွန်မ (သို့) အတန်းဖော်တွေက
သူ့ကြမ္မာကို ပြောင်းနိုင်မလား။
ခြင်္သေ့တွေ ပျောက်ကွယ်သွားမှာ
တားဆီးဖို့ လူအများအပြား လုပ်ဆောင်နေကြတယ်။
ဒီလူတွကေ နေရပ်း နိုင်ငံတွေ (သို့)
အများဆုံး ထိခိုက်ခံရတဲ့
ရပ်ရွာတွေက လူတွေ မရှိသလောက်ပါ။
ဒါပေမဲ့ ခြင်္သေ့တွေနားမှာ နေထိုင်နေတဲ့
ရပ်ရွာတွေက
ခြင်္သေ့တွေကိုအများဆုံး ကူညီဖို့
အကောင်းဆုံး နေရာယူထားသူတွေပါ။
ဒေသခံတွေဟာ သူတို့ရဲ့
တောရိုင်း တိရိစ္ဆာန်တွေ
ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေရဲ့
ဖြေရှင်းမှုတွေမှာ ရှေ့တန်းမှာ ရှိသင့်တယ်။
တစ်ခါတစ်လေမှာ ပြောင်းလဲမှုက
အများဆုံး ထိခိုက်ခံရ၊ ခြောက်ခြားခံရတဲ့
လူတွေ တာဝန်ယူမှသာ ဖြစ်ပေါ်တာပါ။
ခြင်္သေ့တွေနဲ့ အခြား
တောရိုင်းတိရိစ္ဆာန်တွေကို
အဓိက ခြိမ်းခြောက်နေတဲ့
ခိုးဖမ်းတာနဲ့ တရားမဝင် တောရိုင်း
ရောင်းဝယ်မှု တိုက်ဖျက်ရေးမှာ ဒေသတွင်း
ရပ်ရွာတွေက အရေးပါတဲ့ အခန်းက ပါဝင်ပါတယ်။
သိပ္ပံပညာရပ်တွေမှာ လူမည်း
အမျိုးသမီးဖြစ်နေတော့
ဆုံတွေ့တဲ့လူတွေ
အမြဲတမ်း သိချင်တာက
ကျွန်မက သဘာဝတန်းကျင် မြတ်နိုးသူ
အမြဲ ဖြစ်ချင်ခဲ့တာလားတဲ့
ဘာလို့လဲဆို ကျွန်မနဲ့တူတဲ့
သဘာဝဝန်းကျင်မြတ်နိုးသူ
အများအပြားကို မဆုံဖူးလို့ပါ။
ကျွန်မ ကြီးပြင်းလာစဉ်မှာ
တောရိုင်းဝန်းကျင် ထိန်းသိမ်းရေးဟာ
အလုပ်တစ်ခုလို့တောင် မသိခဲ့ဘူး။
မွေးရပ်မြေမှာတောရိုင်း တိရိစ္ဆာန်
တစ်ကောင်ကို ပထမဆုံး မြင်ဖူးခဲ့တာက
အသက် ၂၅ နှစ်မှာပါ၊
ခြင်္သေ့တွေ၊ အာဖရိကန် ခွေးရိုင်းတွေဟာ
အိမ်နဲ့ဆို မိုင်အနည်းငယ်အတွင်းမှာ
နေတာတောင်ပါ။
ဒါက Zimbabwe မှာ ဖြစ်နေကျပါ၊
အတော်များများဟာ တောရိုင်းတွေနဲ့
ထိတွေ့မှု မရှိကြဘူး၊
သူတို့ အမွေအနှစ်ရဲ့ အစိတ်အပိုင်း
ဆိုတာတောင်နော်။
ကျွန်မ ကြီပြင်းလာစဉ်မှာ
ခြင်္သေ့တွေက ကျွန်မရဲ့အိမ်နောက်ဘက်မှာ
နေတာကိုတောင် မသိခဲ့ဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်က အေးစက်တဲ့
ဆောင်းမနက်ခင်းတစ်ခုမှာ
ကျွန်မရဲ့ မဟာတန်း သုတေသန ပရောဂျက်အတွက်
အာဖရီကန် ခွေးရိုင်းတွေကို လေ့လာဖို့
Savé Valley Conservancy ကို ဝင်မိတော့
ကျွန်မကို ဝန်းရံနေတဲ့ အလှပအပနဲ့
အေးချမ်းမှုရဲ့ ညှို့ယူခံလိုက်ရတယ်။
ကျွန်မရဲ့ ထက်သန်မှုနဲ့ ဘဝ ရည်ရွယ်ချက်ကို
တွေ့လိုက်ပြီးလို့ အထင်ရောက်ခဲ့တယ်။
အဲဒီနေ့မှာ တိရိစ္ဆာန်တွေကို ကာကွယ်ရေးမှာ
ဘဝကို ရည်စူထားတော့မယ်လို့
စိတ်ပိုင်းဖြတ်လိုက်တယ်။
Zimbabwe မှာ ကလေးဘဝ
ကျောင်းတက်ရက်တွေနဲ့ ကျောင်းမှာ
အတူရှိခဲ့တဲ့ အခြားကလေးတွေကို
တွေးမိသွားတယ်။
ဖြစ်နိုင်တာက သဘာဝ
တောရိုင်းနဲ့ ထိတွေ့ခွင့်ရှိရင်
အခုဆို ပိုများတဲ့ အတန်းဖော်တွေ
ကျွန်မနဲ့ တွဲလုပ်နေကြမလားပေါ့။
ဒေသတွင်း ရပ်ရွာတွေက တောရိုင်းသဘာဝကို
ကာကွယ်ပြီး အတူမနေချင်ဘူးဆိုရင်
ထိန်းသိမ်း ကြိုးပမ်းမှု အားလုံးဟာ
အချည်းနှီးဖြစ်လိမ့်မယ်။
ဂေဟစနစ် တစ်ခုတည်းမှာ
တောရိုင်း တိရိစ္ဆာန်တွေနဲ့ နေထိုင်တဲ့
ရပ်ရွာတွေရှိပြီး ဒီလိုဖြစ်တာရဲ့
ဆုံးရှုံးမှုကို ခေါင်းခံရတာပါ။
တိရိစ္ဆာန်တွေဆီက တိုက်ရိုက် ဆက်သွယ်မှု
(သို့)အကျိုးကျေးဇူးတစ်ခု သူတို့မှာ မရှိရင်
သူတို့ကို ကာကွယ်ချင်စရာ အကြောင်းမရှိပါ။
ဒေသတွင်း ရပ်ရွာတွေက သူတို့ရဲ့
သဘာဝတောရိုင်းကို မကာကွယ်ရင်
ပြင်ပက စွက်ဖက်မှု ဘယ်လောက်ဖြစ်ဖြစ်
အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ဒီတော့ ဘာတွေ လုပ်ထားဖို့လိုလဲ။
ထိန်းသိမ်းစောင့်ရှောက်သူတွေဟာ ပတ်ဝန်းကျင်
ဆိုင်ရာ ပညာရေးကို ဦးစားပေးပြီး
သဘာဝတောရိုင်းကို ထိန်းသိမ်းဖို့ ရပ်ရွာရဲ့
ကျွမ်းကျင်မှုတွေ ကျယ်ပြန့်ဖို့ကူညီရမယ်
သဘာဝတောရိုင်းနဲ့ ဆက်သွယ်ဖို့
အခွင့်အလမ်းတစ်ခု ရရှိစေဖို့
ကျောင်းသားတွေနဲ့ရပ်ရွာတွေကို
အမျိုးသား ဉယျာဉ်တွေဆီ ခေါ်သွားရပါမယ်။
အားထုတ်မှုတိုင်း၊ အဆင့်တိုင်းမှာ
ထိန်းသိမ်းရေးဟာ တောရိုင်း
တိရိစ္ဆာန်တွေနဲ့ မြေကိုမျှဝေနေထိုင်တဲ့
လူတွေရဲ့ စီးပွားရေးတွေကို ထည့်သွင်းရမယ်။
ဒေသတွင်း သဘာဝဝန်းကျင်
ထိန်းသိမ်းသူတွေဟာ အားထုတ်မှုတိုင်းရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ကလည်း
အရေးကြီးပါတယ်။
ယုံကြည်မှု တည်ဆောက်ပြီး ထိန်းသိမ်းရေးကို
ရပ်ရွာတွေထဲမှာစွဲခိုင်နေအောင် လုပ်ဖို့ပါ။
ဒေသတွင်း ထိန်းသိမ်းသူတွေအနေနဲ့
အတားအဆီးတွေ ကြုံရပါတယ်၊
ဗြောင်ကျတဲ့ ခွဲခြားဆက်ဆံခြင်းကနေ
ယဉ်ကျေးမှု စံတွေကြောင့် အတားအဆီးတွေအထိပါ။
ဒါပေမဲ့ ကမ္ဘာမြေ ရှင်ကျန်ရေး
အတွက် တိုက်ပွဲမှာ
ဌာနေရင်း လူစုတွေကို ခေါ်ဖို့
အားထုတ်မှုတွေကို
ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။
သင်တို့ကို လာပြီး ကျွန်မနဲ့အတူ
ရပ်တည်ပေးဖို့ တောင်းခံနေတာပါ။
ကျွန်မတို့ ဖန်တီးထားတဲ့ အတားအဆီးတွေကို
တက်ကြွစွာ တစ်စစီ ဖျက်သိမ်းရမှာပါ။
ဒါတွေက ထိန်းသိမ်းရေး အားထုတ်မှုတွေကနေ
ဌာနေရင်း လူစုတွေကို ချန်ရစ်စေတာပါ။
ကျွန်မရဲ့ဘဝကို ခြင်္သေ့တွေကို
ကာကွယ်ရေးမှာ ရည်စူးထားခဲ့တယ်။
တိရိစ္ဆာန်တွေဟာ သူတို့နဲ့ ကပ်လျက်
နေနေတာကို သိမှသာ
ကျွန်မရဲ့ အိမ်နီးနားချင်းတွေ
လုပ်မယ်ဆိုတာလည်းသိပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)