WEBVTT 00:00:00.917 --> 00:00:04.059 ကျွန်မရဲ့မိသားစု သီးသန့်ခန်းထဲက အနီရောင် အုတ်ကြွပ်ပြားတွေပေါ်မှာ 00:00:04.083 --> 00:00:08.226 Bette Midler ပါဝင်တဲ့ "Gypsy" တီဗီ ရုပ်ရှင်နဲ့လိုက်ပြီး 00:00:08.250 --> 00:00:10.393 ကျွန်မ ကခုန်၊ သီဆိုနေခဲ့ဖူးတာပေါ့။ NOTE Paragraph 00:00:10.417 --> 00:00:12.976 (သီချင်းဆို) အိပ်မက်တစ်ခု ရှိခဲ့တယ်၊ 00:00:13.000 --> 00:00:16.893 အံ့ဖွယ်အိပ်မက်တစ်ခုပေါ့ ဖေဖေ" NOTE Paragraph 00:00:16.917 --> 00:00:21.559 ဒါကို ကိုးနှစ်သမီးလေးရဲ့ အရေးတကြီး၊ ပြင်းပြတဲ့ဆန္ဒနဲ့ သီဆိုနေခဲ့တာပေါ့၊ 00:00:21.583 --> 00:00:24.684 တကယ့်ကို အိပ်မက်တစ်ခု ရှိခဲ့သူလေ။ 00:00:24.708 --> 00:00:28.476 ကျွန်မ အိပ်မက်က ရုပ်ရှင်မင်းသမီးဖြစ်ဖို့ပါ။ 00:00:28.500 --> 00:00:31.851 ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်တွေထဲမှာ ကျွန်မနဲ့ တူတဲ့သူ တစ်ယောက်မှ 00:00:31.875 --> 00:00:33.393 မမြင်ဖူးခဲ့တာ အမှန်ပဲ။ 00:00:33.417 --> 00:00:38.518 သေချာတာပေါ့၊ ကျွန်မရဲ့မိသားစု၊သူငယ်ချင်း တွေနဲ့ ဆရာ၊ဆရာမတွေ မပြတ် သတိပေးတာက 00:00:38.542 --> 00:00:42.417 ကျွန်မလိုလူတွေဟာ ဟောလီဝုဒ်မှာ မအောင်မြင်ဘူးတဲ့။ 00:00:44.417 --> 00:00:46.601 ဒါပေမဲ့ ကျွန်မက အမေရိကန် တစ်ယောက်ဖြစ်ခဲ့တယ်။ 00:00:46.625 --> 00:00:51.059 လူတိုင်းဟာ ဘာမဆို ဖြစ်မြောက်နိုင် တယ်ဆိုတာယုံကြည်ဖို့ သင်ကြားခံခဲ့ရတယ်၊ 00:00:51.083 --> 00:00:54.518 ဘယ်အသားအရောင်ပဲဖြစ်ဖြစ်၊ 00:00:54.542 --> 00:00:57.309 ကျွန်မမိဘတွေဟာ ဟွန်ဒူးရပ်ကနေ ရွေ့ပြောင်းလာတယ်ဆိုတာဖြစ်ဖြစ်၊ 00:00:57.333 --> 00:00:59.500 ကျွန်မမှာ ငွေမရှိဘူးဆိုတာဖြစ်ဖြစ်ပါ။ 00:01:00.583 --> 00:01:03.768 ကျွန်မရဲ့အိပ်မက်ကို အလွယ်ဖြစ်ဖို့ မလိုခဲ့ဘူး၊ 00:01:03.792 --> 00:01:06.167 ဖြစ်နိုင်ခြေရီဖို့ပဲ လိုခဲ့တာပါ။ NOTE Paragraph 00:01:07.833 --> 00:01:09.333 ကျွန်မ ၁၅ နှှစ်အရွယ်မှာ 00:01:11.125 --> 00:01:14.226 ကျွန်မရဲ့ပထမဆုံး ပညာရှင်အဆင့် အသံစစ်ဆေးတာလုပ်ရတယ်။ 00:01:14.250 --> 00:01:17.768 ဒါက ကေဘယ်လိုင်း ဝင်ကြေး(သို့) အာမခံ စာချုပ်တွေအတွက် 00:01:17.792 --> 00:01:19.934 စီးပွားရေးကြော်ငြာတစ်ခုပါ၊ ကျွန်မ မမှတ်မိဘူး။ NOTE Paragraph 00:01:19.958 --> 00:01:21.101 (ရယ်သံများ) NOTE Paragraph 00:01:21.125 --> 00:01:24.750 ကျွန်မ အသေအချာ မှတ်မိတာက သရုပ်ဆောင် ရွေးတဲ့ ဒါရိုက်တာ ကျွန်မကို မေးခဲ့တာပါ၊ 00:01:26.000 --> 00:01:31.458 "မင်း ဒါကို ထပ်ပြောနိုင်မလား၊ ဒီတစ်ခါ လက်တင် ပိုဆန်ဆန်ပေါေ။ NOTE Paragraph 00:01:32.917 --> 00:01:35.226 "အင်း၊ ရပါတယ်။ 00:01:35.250 --> 00:01:37.934 "ကျွန်မကို စပိန်လို ပြောစေချင်တာလား" လို့ မေးလိုက်တယ်။ NOTE Paragraph 00:01:37.958 --> 00:01:42.583 "မဟုတ်ဘူး၊ အင်္ဂလိပ် လိုပြောပါ၊ လက်တင်သံပေါက်ရုံပဲ။" NOTE Paragraph 00:01:44.917 --> 00:01:50.375 "ကောင်းပြီ၊ ကျွန်မက လက်တင်သူပါ၊ ဒီတော့ ဒါက လက်တင်သံပေါက်တာ မဟုတ်ဘူးလား။ NOTE Paragraph 00:01:51.333 --> 00:01:53.934 ကြာရှည်၊ ကသိကအောက်ဖြစ်တဲ့ တိတ်ဆိတ်မှုတစ်ခုဖြစ်ခဲ့ပြီး 00:01:53.958 --> 00:01:55.476 နောက်ဆုံးမှာတော့ 00:01:55.500 --> 00:01:59.101 "အိုကေ၊ အသည်းလေးရေ၊ ကိစ္စမရှိဘူး၊ လာတဲ့အတွက် ကျေးဇူးပါ၊ ဘိုင်။" NOTE Paragraph 00:01:59.125 --> 00:02:03.726 "လက်တင်သံ ပိုပေါက်"ဆိုတာကို နားလည်ဖို့ ကားစီးပြန်ချိန်အများစုကို ယူသွားတယ်။ 00:02:03.750 --> 00:02:07.059 သူက ကျွန်မကို မတောက်တခေါက် အင်္ဂလိပ်လို ပြောခိုင်းနေတာကိုး။ 00:02:07.083 --> 00:02:09.101 ဘာကြောင့် ကျွန်မဟာ တကယ့် လက်တွေ့ဘဝ၊ 00:02:09.125 --> 00:02:14.476 လက်တင်သူ စစ်စစ်ဆိုတဲ့အချက်က တကယ်ကို အရေးမပါလဲဆိုတာ 00:02:14.500 --> 00:02:16.309 ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ NOTE Paragraph 00:02:16.333 --> 00:02:18.184 ဘာဖြစ်ဖြစ် ကျွန်မ အလုပ်မရခဲ့ဘူး။ 00:02:18.208 --> 00:02:22.018 ကျွန်မကို မြင်ချင်လိုတဲ့ လူတွေအတွက် အလုပ်တွေ အများကြီးမရခဲ့ဘူး။ 00:02:22.042 --> 00:02:24.476 လူဆိုးဂိုဏ်း ဖွတ်ချက်ရဲ့ ရည်းစား၊ 00:02:24.500 --> 00:02:27.268 လူဝါးဝတဲ့ အလစ်သုတ်သမား၊ 00:02:27.292 --> 00:02:29.601 ကိုယ်ဝန်ဆောင် ကုလားမ နံပါတ်နှစ်၊ NOTE Paragraph 00:02:29.625 --> 00:02:31.143 (ရယ်သံများ) NOTE Paragraph 00:02:31.167 --> 00:02:35.476 ကျွန်မလိုလူ တစ်ဦးဦးအတွက် ရှိခဲ့တဲ့ ဇာတ်ကောင်မျိုးတွေရှိခဲ့ပါတယ်။ 00:02:35.500 --> 00:02:39.809 ညိုလွန်းတယ်၊ ဝလွန်းတယ်၊ ဆင်းရဲလွန်းတယ်၊ သိပ်မနပ်ဘူးလို့ 00:02:39.833 --> 00:02:43.559 သူတို့ကြည့်တဲ့၊ မြင်တဲ့ တစ်ဦးဦးပါ။ 00:02:43.583 --> 00:02:45.559 ဒီဇာတ်ကောင်တွေဟာ သမားရိုးကျတွေဖြစ်ပြီး 00:02:45.583 --> 00:02:49.226 ကျွန်မကိုယ်ပိုင် လက်တွေ့ဘဝကနေ(သို့) သရုပ်ဆောင်ဖို့ ကျွန်မ အိပ်မက်မက်ခဲ့တဲ့ 00:02:49.250 --> 00:02:51.851 ဇာတ်ကောင်တွေကနေ ပိုအလှမ်းမကွာနိုင်လောက်ဘူး။ 00:02:51.875 --> 00:02:55.809 ရှုပ်ထွေးပြီး ရှုထောင့်စုံပါတဲ့လူတွေ၊ သူတို့ကိုယ်ပိုင် ဘဝတွေရဲ့ ဗဟိုမှာ 00:02:55.833 --> 00:02:59.768 ဖြစ်တည်ခဲ့တဲ့ လူတွေကို ကျွန်မ သရုပ်ဆောင်ချင်ခဲ့တယ်။ 00:02:59.792 --> 00:03:04.518 တစ်ဦးဦးရဲ့ နောက်ကွယ်မှာ ရပ်တဲ့ ပေါ့ရွှတ်တဲ့ မဲပြာပုဆိုးတွေမဟုတ်ဘူး။ NOTE Paragraph 00:03:04.542 --> 00:03:07.434 ဒါပေမဲ့ ဒါကို ကျွန်မရဲ့မန်နေဂျာကို ပြောရဲတဲ့အခါ၊ 00:03:07.458 --> 00:03:11.143 အခွင့်အလမ်းရှာရာမှာ ကျွန်မကို ကူညီဖို့ ကျွန်မ လခပေးတဲ့လူလေ 00:03:11.167 --> 00:03:14.184 သူ့အဖြေက 00:03:14.208 --> 00:03:19.625 "ဒီမိန်းကလေးမှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေရှိတာ ပြောဖို့လိုတယ်။" 00:03:21.625 --> 00:03:23.684 ပြီးတော့ သူ မမှားပါဘူး။ 00:03:23.708 --> 00:03:26.143 ဆိုလိုတာက သူ့ကို အလုပ်ဖြုတ် လိုက်တယ်၊ သူ မမှားဘူး။ NOTE Paragraph 00:03:26.167 --> 00:03:28.309 (ရယ်သံများ) NOTE Paragraph 00:03:28.333 --> 00:03:32.934 (လက်ခုပ်သံများ) NOTE Paragraph 00:03:32.958 --> 00:03:38.143 အကြောင်းက သမားရိုးကျ ခပ်ညံ့ညံ့ ရေးမထားတဲ့ အခန်းမှာ ပါဖို့ကြိုးစားတိုင်း 00:03:38.167 --> 00:03:39.434 ကြားရလေ့ရှိတာက 00:03:39.458 --> 00:03:42.559 "ဒီအခန်းကို ထွေပြားစွာ ရိုက်ကူးဖို့ နည်းလမ်းရှာနေတာမဟုတ်ဘူး။" 00:03:42.583 --> 00:03:47.101 ဒါမှမဟုတ် "သူကို ငါတို့သဘောကျပေမဲ့ သူက အထူးကို ယဉ်ကျေးမှုကွဲလွန်းတယ်။" 00:03:47.125 --> 00:03:52.000 ဒါမှမဟုတ် "ကံဆိုချင်တော့ ဒီကားမှာ လက်တင်သားတစ်ဦး ရှိပြီးသားလေ။" 00:03:53.125 --> 00:03:58.250 ကျွန်မဟာ ဒီအလားတူ သတင်းစကားတွေကို အထပ်ထပ် ဆက်ဆက် ရနေတယ်။ 00:03:59.167 --> 00:04:04.750 ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက ကျော်လွှားဖို လိုတဲ့ အတားအဆီးတစ်ခုဖြစ်ခဲ့တယ်။ 00:04:06.167 --> 00:04:08.684 ဒီတော့ တွေးမိတာက 00:04:08.708 --> 00:04:10.518 "အတားအဆီးရေ၊ ငါ့ဆီလာစမ်း၊ 00:04:10.542 --> 00:04:14.893 ငါဟာ အမေရိကန်တစ်ယောက်၊ ငါ့နာမည်က အမေရိက၊ 00:04:14.917 --> 00:04:19.142 ဒါအတွက် ငါ့တစ်သက်လုံး လေ့ကျင့် ခဲ့တယ်၊ ကစားနည်းစာအုပ်ကို လိုက်နာမယ်၊ 00:04:19.166 --> 00:04:20.892 ငါ ပိုကြိုးစားမယ်။" 00:04:20.916 --> 00:04:23.559 ဒီအတိုင်း လုပ်ခဲ့တယ်၊ ကျွန်မနဲ့ပတ်သက်သမျှ လူတွေပြောတာတွေ 00:04:23.583 --> 00:04:27.351 မှားတယ်ဆိုတာကို ကျော်လွှားဖို့ အပြင်းထန်ဆုံး ကြိုးစားခဲ့တယ်။ 00:04:27.375 --> 00:04:30.684 ကျွန်မရဲ့အသား မညိုလွန်းအောင် နေရောင်ထဲမှာ နေခဲ့တယ်။ 00:04:30.708 --> 00:04:34.684 ကျွန်မရဲ့ အတွန့်အလိမ်တွေကို အညံ့ခံပြီး ဖြောင့်ခဲ့တယ်။ 00:04:34.708 --> 00:04:36.559 အမြဲ ကိုယ်အလေးချိန်ကျဖို့ကြိုးစားတယ်။ 00:04:36.583 --> 00:04:39.309 ပိုဆန်းပြာ၊ ပိုစျေးကြီးတဲ့ အဝတ်အစားတွ ဝယ်ခဲ့တယ်။ 00:04:39.333 --> 00:04:41.226 ကျွန်မကို လူတွေကြည့်တဲ့ခါ 00:04:41.250 --> 00:04:46.458 ဝလွန်း၊ ညိုလွန်း၊ ဆင်းရလွန်းတဲ့ လက်တင်သူတစ်ယောက်လို မမြင်အောင်လေ။ 00:04:47.708 --> 00:04:50.393 ကွန်မဟာ တတ်နိုင်တဲ့လူလို့ သူတို့ မြင်မိကြမယ်။ 00:04:50.417 --> 00:04:53.042 ဖြစ်နိုင်တာက ကျွန်မကို အခွင့်အလမ်းတစ်ခုပေးမယ်ပေါ့။ NOTE Paragraph 00:04:55.792 --> 00:04:59.684 မမျှော်လင့်တဲ့ ကံကြမ္မာအလှည့်တစ်ခုမှာတော့၊ 00:04:59.708 --> 00:05:04.458 ကျွန်မရဲ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် အခန်းတစ်ခု နောက်ဆုံး ရတဲ့အခါမှာပါ၊ 00:05:06.000 --> 00:05:10.208 ဒါက ကျွန်မဘယ်သူဆိုတာနဲ့ အံကိုက် လိုအပ်တဲ့ အခန်းတစ်ခန်းပါ၊ 00:05:11.167 --> 00:05:14.559 " Real Women Have Curves" ထဲက Ana ဟာ 00:05:14.583 --> 00:05:18.417 ညိုပြီး ဆင်းရဲတဲ့ လက်တင်သူ ဝဝ တစ်ယောက်ပါ။ 00:05:20.125 --> 00:05:24.518 သူ့ကိုယ်ပိုင်ဘဝရဲ့ ဗဟိုမှာ တည်ရှိနေတဲ့ သူ့လိုမျိုး၊ ကျွန်မလိုမျိုး 00:05:24.542 --> 00:05:28.934 တစ်aယာက်မှ ကျွန်မ မမြင်ဖူးခဲ့ဘူး။ 00:05:28.958 --> 00:05:30.851 ဒီရုပ်ရှင်နဲ့အတူ US အနှံ့အပြားနဲ့ 00:05:30.875 --> 00:05:33.101 နိုင်ငံမျိုးစုံကို ကျွန်မ ခရီးထွက်ခဲ့တယ်၊ 00:05:33.125 --> 00:05:38.559 အဲဒီမှာ လူတွေဟာ အသက်၊ လူမျိုး၊ ခန္ဓာကိုယ် အမျိုးအစား ပဓာနမထားဘဲ 00:05:38.583 --> 00:05:41.143 သူတိုကိုယ်သူတို့ Ana ဆီမှာ တွေ့ခဲ့တယ်။ 00:05:41.167 --> 00:05:44.976 ဖြစ်နိုင်ခြေမရှိတဲ့ သူ့အိပ်မက်ကို ဖြည့်ဆည်းဖို့ ယဉ်ကျေးမှု စံတွေကို 00:05:45.000 --> 00:05:49.750 ဆန့်ကျင် ရုန်းကန်နေတဲ့ ၁၇ နှစ် မက္ကဆီကန် အမေရိကန် ဝဝကစ်ကစ် ကောင်မလေးတစ်ယောက်ပေါ့။ NOTE Paragraph 00:05:50.750 --> 00:05:54.268 ကျွန်မဘဝတစ်ခုလုံးကို ဘာပဲ ပြောခဲ့ပြောခဲ့၊၊ 00:05:54.292 --> 00:06:00.559 ကိုယ်တွေ့ မြင်ခဲ့တာက လူတွေဟာ ကျွန်မလို လူတွေရဲ့ ဇာတ်လမ်းတွေကိုတကယ် မြင်ချင်တာပါ။ 00:06:00.583 --> 00:06:03.809 ယဉ်ကျေးမှုထဲမှာ အစစ်အမှန် ကိုယ်စားပြုတာ 00:06:03.833 --> 00:06:07.893 ကျွန်မကိုယ်တိုင် မြင်တွေ့ဖို့ ကျွန်မရဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေဟာ 00:06:07.917 --> 00:06:10.125 အခြားသူတွေရဲ့ မျော်လင့်ချက် တွေလည်းဖြစ်ခဲ့တယ်။ 00:06:11.250 --> 00:06:12.726 "Real Women Have Curves" ဟာ 00:06:12.750 --> 00:06:17.559 အလွန်အရေးပါတဲ့ ယဉ်ကျေးမှုနဲ့ ငွေကြေးပိုင်း အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။ 00:06:17.583 --> 00:06:20.792 "ကောင်းလိုက်တာ၊ ငါတို့လုပ်ခဲ့တာ" လို့ တွေးမိခဲ့တယ်။ 00:06:21.750 --> 00:06:24.518 ကျွန်မတို့ ဇာတ်လမ်းတွေမှာ တန်ဘိုးရှိတယ်လို့ သက်သေပြခဲ့တယ်။ 00:06:24.542 --> 00:06:27.375 အခုဆို အကြောင်းတရားတွေက ပြောင်းလဲတော့မယ်။ NOTE Paragraph 00:06:30.042 --> 00:06:32.976 ဒါပေမဲ့ မဆိုစလောက် ဖြစ်ပျက်ခဲ့တာလို စောင့်ကြည့်ခဲ့တယ်။ 00:06:33.000 --> 00:06:35.101 အရေးပါတဲ့ အပြောင်းအလဲမရှိခဲ့ဘူး။ 00:06:35.125 --> 00:06:38.726 ပရိတ်သတ်ဟာ ဆာလောင်ပြီး ဒါတွေကို ကြည်ဖို့ ပိုက်ဆံပေးချင်စိတ်ရှိကြတယ်ဆိုတဲ့ 00:06:38.750 --> 00:06:44.625 အကြောင်းနောက်ဇာတ်လမ်းတွေ ပြောပြဖို့ လုပ်ငန်းထဲက ဘယ်သူမှ အပူတပြင်းလုပ်မနေကြဘူး။ NOTE Paragraph 00:06:46.792 --> 00:06:50.750 နောက် လေးနှစ်အကြာ Ugly Betty ကို သရုပ်ဆောင်ရတဲ့အခါ 00:06:51.750 --> 00:06:54.851 အလားတူဖြစ်စဉ် ဆင်နွှဲသွားတာ မြင်ခဲ့တယ်။ 00:06:54.875 --> 00:06:58.976 "Ugly Betty" ဟာ US မှာ ကြည့်ရှုသူ ၁၆ သန်းကို ပွဲဦးထွက် ပြခဲ့ပြီး 00:06:59.000 --> 00:07:03.208 ၎င်းရဲ့ပထမနှစ်မှာ Emmys ဆု ၁၁ ဆု အဆိုပြုခံခဲ့ရတယ်။ NOTE Paragraph 00:07:04.792 --> 00:07:09.226 (လက်ခုပ်သံများ) NOTE Paragraph 00:07:09.250 --> 00:07:13.601 "Ugly Betty's" အောင်မြင်မှုရပေမဲ့ 00:07:13.625 --> 00:07:17.059 အမေရိကန် ရုပ်သံမှာ ရှစ်နှစ်တိုတိုင် 00:07:17.083 --> 00:07:19.434 လက်တင် ရုပ်ရှင်မင်းသမီးဦးဆောင်တဲ့ 00:07:19.458 --> 00:07:22.083 နောက်ထပ် ရုပ်သံပြပွဲ ရှိခဲ့မှာမဟုတ်ဘူး။ 00:07:24.667 --> 00:07:26.601 ခေါင်းဆောင် အတန်းအစားမှာ 00:07:26.625 --> 00:07:30.226 Emmy ဆုတစ်ဆု ရဖူးဖို့ ပထမဆုံးနဲ့ တစ်ဦးတည်းသော လက်တင်သူ 00:07:30.250 --> 00:07:33.208 ကျွန်မ ဖြစ်လာချိန်ကတည်းကဆို ၁၂ နှစ်ကြာခဲ့ပါတယ်။ 00:07:34.333 --> 00:07:36.684 ဒါဟာ ဂုဏ်ယူစရာ အချက်တစ်ခု ဟုတ်ဘူး။ 00:07:36.708 --> 00:07:39.226 နက်ရှိုင်းတဲ့ ခံပြင်းမှုရဲ့ အချက်တစ်ခုပါ။ 00:07:39.250 --> 00:07:42.018 ကျွန်တို့တန်ဘိုးကို သက်သေပြတဲ့ ဆုတွေကြောင့်မဟုတ်ပဲ 00:07:42.042 --> 00:07:45.851 ကျွန်မတို့ ကမ္ဘာထဲမှာ ရှင်သန်နေတာ မြင်သူက 00:07:45.875 --> 00:07:48.601 ကိုယ်တိုင် မြင်တတ်ဖို့၊ 00:07:48.625 --> 00:07:51.226 ကိုယ်ပိုင်တန်ဖိုးအကြောင်း တွေးတတ်ဖို့၊ 00:07:51.250 --> 00:07:53.934 အနာဂတ်တွေကို အိပ်မက်မက် တတ်ဖို့ သင်ပေးတာကြောင့်ပါ NOTE Paragraph 00:07:53.958 --> 00:07:55.893 အချိန်တိုင်းပ ဒါကို ကျွန်မ သံသယစဖြစ်တယ်။ 00:07:55.917 --> 00:08:01.018 ပါကစ္စတန်က Swat Valley မှာနေတဲ့ ကလေးမလေးတစ်ယောက်ရှိတာ အမှတ်ရတယ်။ 00:08:01.042 --> 00:08:03.934 ဘာကြောင့်မှန်းမသိ သူ့မှာ အမေရိကန် ရုပ်သံပြပွဲတစ်ခုရဲ့ 00:08:03.958 --> 00:08:05.934 လက်တွေ့ကျတဲ့ ဒီဗီဒီတွေ သူ့မှာရှိတယ်၊ 00:08:05.958 --> 00:08:09.708 ဒီထဲမှာ စာရေးဆရာဖြစ်လာခြင်းဆိုတဲ့ သူ့အိပ်မက်ကို ရောင်ပြန်ဟပ်ထာတာ မြင်ခဲ့တယ်။ 00:08:11.250 --> 00:08:14.768 သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ မာလာလာ ရေးခဲ့တာက 00:08:14.792 --> 00:08:16.643 "ကျွန်မရဲ့ကိုယ်ပိုင်စကားလုံးတွေက 00:08:16.667 --> 00:08:20.018 ခြားနားမှုတစ်ခု ဖန်တီးနိုင်ပုံကို သိပြီး၊ "Ugly Betty" ဒီဗီဒီတွေနဲ့ 00:08:20.042 --> 00:08:24.018 အမေရိကန် မဂ္ဂဇင်းတစ်ခုက ဘဝအကြောင်း ကြည့်ပြီး၊နောက်မှာ 00:08:24.042 --> 00:08:27.059 သတင်းစာပညာကို စိတ်ဝင်စားလာခဲ့တယ်။" NOTE Paragraph 00:08:27.083 --> 00:08:34.143 (လက်ခုပ်သံများ) NOTE Paragraph 00:08:34.167 --> 00:08:37.893 ကျွန်မအလုပ်ရဲ့ ၁၇ နှစ်လုံးလုံး 00:08:37.917 --> 00:08:43.183 ကျွန်မတို့အသံတွေယဉ်ကျေးမှုထဲမှာ တည်ရှိခွင့်ရအခါ 00:08:43.207 --> 00:08:46.250 ၎င်းအသံတွေမှာရှိတဲ့ စွမ်းအားကို မျက်မြင်ဒီဌကြုံခဲ့တယ်။ 00:08:47.292 --> 00:08:48.934 ကျွန်မ ဒါကို မြင်တယ်၊ 00:08:48.958 --> 00:08:51.684 ဒါနဲ့ ကျွန်မ ရှင်သန်တယ်၊ ကျွန်မတို့အားလုံး ဒါကို မြင်တယ်။ 00:08:51.708 --> 00:08:54.893 ဖျော်ဖြေရေးမှာ၊ နိုင်ငံရေးမှာ၊ 00:08:54.917 --> 00:08:58.726 စီပွားရေးမှာ၊ လူမှု ပြောင်းလဲရေးမှာ 00:08:58.750 --> 00:09:03.375 ဒါကို ကျွန်မတို့ ငြင်းလို့မရဘူး၊ ရှိနေခြင်းဟာ ဖြစ်နိုင်ခြေကို ဖန်တီးတယ်။ 00:09:04.917 --> 00:09:06.934 ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၂ နှစ်လုံးလုံး 00:09:06.958 --> 00:09:09.726 ဒီဆင်ခြေတွေလည်း ကျွန်မ ကြားခဲ့တယ်၊ 00:09:09.750 --> 00:09:13.643 ဘာကြောင့် ကျွန်မတို့တစ်ချို့က ယဉ်ကျေးမှု ထဲက တည်ရှိခွင့်ရနိုင်ပြီး 00:09:13.667 --> 00:09:15.208 တစ်ချို့က မရနိုင်တာအတွက်လေ။ 00:09:17.042 --> 00:09:18.768 ကျွန်မတို့ဇာတ်လမ်းတွေက ပရိတ်သတ်မရှိ၊ 00:09:18.792 --> 00:09:22.184 ကျွန်မတို့အတွေ့အကြုံတွေက ပင်မစီးကြောင်းထဲမှာ ဟိန်းမနေဘူး၊ 00:09:22.208 --> 00:09:25.958 ကျွန်မတို့အသံတွေဟာ ကြီးမားလွန်းတဲ့ ငွေရေးကြေးရေး စွန့်စားမှုတစ်ခုပါ။ NOTE Paragraph 00:09:27.625 --> 00:09:30.226 လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ကျွန်မ ကိုယ်စားလှယ်က 00:09:30.250 --> 00:09:33.226 ဘာကြောင့် ကျွန်မ ရုပ်ရှင်မှာ နေရာတော ရှင်းပြဖို့ ဖုန်းဆက်တယ်။ 00:09:33.250 --> 00:09:35.226 သူပြောတာက "သူတို့ မင်းကို သဘောကျတယ်၊ 00:09:35.250 --> 00:09:38.893 တကယ်ပဲ မင်းကို အမျိုးမျိုးမှာ သရုပ်ဆောင်စေချင်ပေမဲ့ 00:09:38.917 --> 00:09:44.417 ရုပ်ရှင်က လူဖြူသရုပ်ဆောင်ကို အရင်ရိုက်မှ ငွေကြေးရနိုင်တာလေ။" 00:09:46.708 --> 00:09:49.393 ဒီသတင်းစကားကို ဝမ်းနည်းပက်လက်နဲ့ ပြောခဲ့ပြီး 00:09:49.417 --> 00:09:53.250 ဆက်သွယ်မှုရှိတဲ့လေသံနဲ့က "ဒါ ဘယ်လို အရှုပ်ထုပ်ဆိုတာ ငါနားလည်တယ်"တဲ့ 00:09:54.667 --> 00:10:00.601 ဒါပေမဲ့ ဘာဖြစ်ဖြစ်၊ ဒါမျိုးက အရင်က အကြိမ်ရာချီပါတယ်။ 00:10:00.625 --> 00:10:02.875 မျက်နှာမှာ မျက်ရည်တွေစီကျတာ သိလိုက်တယ်။ 00:10:03.875 --> 00:10:07.934 ပယ်ချခြင်းရဲ့ စူးရှရှဝေဒနာက ကျွန်မဆီမှာ မြင့်တက်လာယ်၊ 00:10:07.958 --> 00:10:10.268 ဒီနောက်မှာ အရှက်ရမှုရဲ့ အသံက ကျွန်မကို ဆူနေတယ်။ 00:10:10.292 --> 00:10:13.833 "နင်ဟာ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်လေ၊ အလုပ်တစ်ခုအတွက် ငိုတာရပ်လိုက်စမ်း။" 00:10:15.208 --> 00:10:19.268 ကျရှုံးမှုကို ကိုယ်ပိုင်အဖြစ်လက်ခံတာ၊ အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုတဲ့ 00:10:19.292 --> 00:10:23.333 နက်ရှိုင်းတဲ့ ရှက်စိတ် ဒီဖြစ်စဉ်ကို နှစ်တွေချီ ဖြတ်သန်းခဲ့တယ်၊ NOTE Paragraph 00:10:24.750 --> 00:10:26.458 ဒါပေမဲ့ ဒီတစ်ခါ အသံသစ်တစ်သံကြားတယ်။ 00:10:27.750 --> 00:10:30.792 အသံတစ်ခုက ပြေတာက "ငါ ပင်ပန်းတယ်၊ 00:10:31.917 --> 00:10:33.559 ငါ စိတ်ကုန်နေပြီ"တဲ့။ 00:10:33.583 --> 00:10:35.184 ကျွန်မရဲ့မျက်ရည်တွေနဲ နာကျင်မှုဟာ 00:10:35.208 --> 00:10:39.500 အလုပ် ဆုံးရှုံးတာနဲ့ မဆိုင်ဘူးဆိုတာ နာလည်တဲ့ အသံတစ်ခုပါ။ 00:10:40.417 --> 00:10:44.101 ဒါတွေဟာ တကယ်တော့ ကျွန်မအကြောင်း ကျွန်မပြောနေတာနဲ့ ဆိုင်တာပါ။ 00:10:44.125 --> 00:10:48.018 ကျွန်မရဲ့ ဘဝတစ်ခုလုံးအကြောင်းပြောခဲ့တာက 00:10:48.042 --> 00:10:51.018 အလုပ်အမှုဆောင်တွေ၊ ထုတ်လုပ်သူတွေ၊ 00:10:51.042 --> 00:10:54.059 ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊ ကိုယ်စားလှယ်တွေ၊ မန်နေဂျာတွေ၊ 00:10:54.083 --> 00:10:57.018 ဆရာဆရာမတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုပါ။ 00:10:57.042 --> 00:10:59.667 ကျွန်မဟာ တန်ဖိုးသိပ်မရှိတဲ့လူပေါ့။ NOTE Paragraph 00:11:00.750 --> 00:11:04.351 နေရောင်ခံလိမ်းဆေးနဲ့ ဆံပင်ဖြောင့်တံတွေက 00:11:04.375 --> 00:11:08.458 နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ တန်ဖိုးစနစ်မှာ အပြောင်းအလဲ ဖြစ်ပေါ်စေမှာလား တွေးမိတယ်။ 00:11:10.500 --> 00:11:13.434 ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ နားလည်လိုက်တာက 00:11:13.458 --> 00:11:19.226 ကျွန်မဟာ တကယ်က စနစ်ကို ပြောင်းဖို့ တောင်းဆိုနေတာမဟုတ်တာပါ။ 00:11:19.250 --> 00:11:24.833 ကျွန်မ တောင်းဆိုနေတာက ကျွန်မကို ခွင့်ပြုပေးဖို့နဲ့ ဒါတွေဟာ မတူဘူးဆိုတာပါ။ 00:11:26.375 --> 00:11:29.393 ကျွန်မကို ယုံကြည်တဲ့ စနစ်တစ်ခုကို ကျွန်မ မပြောင်းနိုင်ပေမဲ့ 00:11:29.417 --> 00:11:32.417 ကျွန်မကိုယုံကြည်တဲ့ စနစ်ကို ကျွန်မ ယုံကြည်တယ်။ 00:11:33.458 --> 00:11:34.934 ကျွန်မ ယုံကြည်ခဲ့တယ်။ 00:11:34.958 --> 00:11:36.851 ကျွန်မအနားက လူတိုင်းလိုပဲ 00:11:36.875 --> 00:11:42.625 ကျွန်မအတွက် မက်ခဲ့သလို အိပ်မက်ထဲမှာ တည်ရှိဖို့ မဖြစ်နိုင်ဘူးလို့ယုံကြည်ခဲ့တယ်။ 00:11:43.625 --> 00:11:47.250 ကျွန်မကိုယ်ကျွန်မ ပျောက်သွားအောင် လျှောက်လုပ်နေခဲ့တယ်။ 00:11:50.250 --> 00:11:54.684 ဒါက ကျွန်မကို ဖွင့်ဟပြတာ အပြောင်းအလဲကို 00:11:54.708 --> 00:11:59.726 အစစ်အမှန် မြင်ချင်တဲ့လူဖြစ်နိုင်ပေမဲ့ 00:11:59.750 --> 00:12:05.667 အကြောင်းတရားတွေကို အရှိအတိုင်း တားတဲ့ လုပ်ရပ်တွေနဲ့ လူလည်းဖြစ်နေတာပါ။ 00:12:08.500 --> 00:12:12.059 ဒါက ကျွန်မကို ယုံကြည်စေတာက အပြောင်းအလဲဟာ လူကောင်း လူဆိုး 00:12:12.083 --> 00:12:15.018 ခွဲခြားခြင်းကနေ လာမှာမဟုတ်ဘူးဆိုတာပါ။ 00:12:15.042 --> 00:12:17.851 ဒီဆွေးနွေးပွဲက ကျွန်မတို့အားလုံးကို အသက်ရှူပေါက်ရခဲ့တယ်။ 00:12:17.875 --> 00:12:20.375 အကြောင်းက ကျွန်မတို့အများစုဟာ ဒါတစ်ခုမှ မဟုတ်လို့ပါ။ NOTE Paragraph 00:12:21.500 --> 00:12:23.101 အပြောင်းအလဲ ဖြစ်လာာမှာက 00:12:23.125 --> 00:12:25.059 တစ်ဦးချင်းစီမှာ ကိုယ့်ကိုယ်ပိုင် အခြေခံ 00:12:25.083 --> 00:12:29.309 တန်ဖိုးထားမှုတွေ၊ယုံကြည်ချက်တွေကို မေးခွန်းထုတ်ဖို့ သတ္တိရှိလာတဲ့အခါမှာပါ။ 00:12:29.333 --> 00:12:34.542 ဒီနောက် လုပ်ရပ်တွေက အကောင်းဆုံး ရည်ရွယ်ချက်တွေကို ဦးတည်စေတာ မြင်ပါ။ 00:12:36.542 --> 00:12:39.601 ကျွန်မရဲ့အိပ်မက်တွေ ဖြည့်ဆည်းဖို့၊ 00:12:39.625 --> 00:12:43.476 ကျွန်မပင်ကိုအစွမ်းတွေ ကမ္ဘာကို ပေးေဝးဖို့ ကျွန်မ ဘယ်သူဆိုတာရဲ့ အမှန်တရားကို 00:12:43.500 --> 00:12:45.684 ခုခံဖို့လိုတယ်လို့ ညွှန်ပြခံထားရတဲ့ 00:12:45.708 --> 00:12:48.833 လူတစ်သန်းထဲက တစ်ယောက်ပါပဲ။ 00:12:50.042 --> 00:12:53.851 ကျွန်မအနေနဲ့ ခုခံခြင်းကို ရပ်တန့်ပြီး 00:12:53.875 --> 00:12:58.625 ကျွန်မရဲ့ ပြည့်ဝ၊စစ်မှန်တဲ့ အတ္တအဖြစ် စတင် တည်ရှိဖို့ အဆင်သင့်ပါ။ NOTE Paragraph 00:13:00.417 --> 00:13:03.059 သီးသန့်အခန်းထဲမှာ ကခုန်နေတဲ့၊ သူ့အိပ်မက်တွေ မက်နေတဲ့ 00:13:03.083 --> 00:13:07.559 အဲဒီကိုးနှစ်သမီးလေးဆီကို ပြန်သွားပြီး တစ်ခုခုပြောလို့ ရနိုင်မယ်ဆိုရင် 00:13:07.583 --> 00:13:09.101 ကျွန်မ ပြောမှာက 00:13:09.125 --> 00:13:11.250 ကျွန်မ ကိုယ်ပိုင်လက္ခဏာက အတားအဆီး မဟုတ်ပါ။ 00:13:12.292 --> 00:13:14.250 ကျွန်မ ကိုယ်ပိုင်လက္ခဏာက မဟာ စွမ်းအားပါ၊ 00:13:15.250 --> 00:13:17.601 ဘာကြောင့်လဲဆိုတော့ အမှန်တရားက 00:13:17.625 --> 00:13:19.708 ကျွန်မဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။ 00:13:20.667 --> 00:13:23.643 သင်တို့ဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။ 00:13:23.667 --> 00:13:28.768 စုပေါင်းအနေနဲ့ ကျွန်မတို့ဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။ 00:13:28.792 --> 00:13:31.893 ကျွန်မတို့ စနစ်တွေက ဒါကို ရောင်ပြန်ဟပ်ဖို့ 00:13:31.917 --> 00:13:34.875 သူတို့အနေနဲ့ ဖြစ်တည်မှု အသစ်တစ်ခု ဖန်တီးဖို့မလိုဘူး။ 00:13:35.833 --> 00:13:39.375 ကျွန်မတို့ ရှင်သန်နေပြီးသား တစ်ခုကို ခုခံနေတာကို ရပ်တန့်ဖို့ပဲလိုတာပါ။ NOTE Paragraph 00:13:40.667 --> 00:13:41.934 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:13:41.958 --> 00:13:46.458 (လက်ခုပ်သံများ)