ကျွန်မရဲ့မိသားစု သီးသန့်ခန်းထဲက
အနီရောင် အုတ်ကြွပ်ပြားတွေပေါ်မှာ
Bette Midler ပါဝင်တဲ့ "Gypsy"
တီဗီ ရုပ်ရှင်နဲ့လိုက်ပြီး
ကျွန်မ ကခုန်၊ သီဆိုနေခဲ့ဖူးတာပေါ့။
(သီချင်းဆို) အိပ်မက်တစ်ခု ရှိခဲ့တယ်၊
အံ့ဖွယ်အိပ်မက်တစ်ခုပေါ့ ဖေဖေ"
ဒါကို ကိုးနှစ်သမီးလေးရဲ့ အရေးတကြီး၊
ပြင်းပြတဲ့ဆန္ဒနဲ့ သီဆိုနေခဲ့တာပေါ့၊
တကယ့်ကို အိပ်မက်တစ်ခု ရှိခဲ့သူလေ။
ကျွန်မ အိပ်မက်က
ရုပ်ရှင်မင်းသမီးဖြစ်ဖို့ပါ။
ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်တွေထဲမှာ
ကျွန်မနဲ့ တူတဲ့သူ တစ်ယောက်မှ
မမြင်ဖူးခဲ့တာ အမှန်ပဲ။
သေချာတာပေါ့၊ ကျွန်မရဲ့မိသားစု၊သူငယ်ချင်း
တွေနဲ့ ဆရာ၊ဆရာမတွေ မပြတ် သတိပေးတာက
ကျွန်မလိုလူတွေဟာ ဟောလီဝုဒ်မှာ
မအောင်မြင်ဘူးတဲ့။
ဒါပေမဲ့ ကျွန်မက အမေရိကန်
တစ်ယောက်ဖြစ်ခဲ့တယ်။
လူတိုင်းဟာ ဘာမဆို ဖြစ်မြောက်နိုင်
တယ်ဆိုတာယုံကြည်ဖို့ သင်ကြားခံခဲ့ရတယ်၊
ဘယ်အသားအရောင်ပဲဖြစ်ဖြစ်၊
ကျွန်မမိဘတွေဟာ ဟွန်ဒူးရပ်ကနေ
ရွေ့ပြောင်းလာတယ်ဆိုတာဖြစ်ဖြစ်၊
ကျွန်မမှာ ငွေမရှိဘူးဆိုတာဖြစ်ဖြစ်ပါ။
ကျွန်မရဲ့အိပ်မက်ကို အလွယ်ဖြစ်ဖို့
မလိုခဲ့ဘူး၊
ဖြစ်နိုင်ခြေရီဖို့ပဲ လိုခဲ့တာပါ။
ကျွန်မ ၁၅ နှှစ်အရွယ်မှာ
ကျွန်မရဲ့ပထမဆုံး ပညာရှင်အဆင့်
အသံစစ်ဆေးတာလုပ်ရတယ်။
ဒါက ကေဘယ်လိုင်း ဝင်ကြေး(သို့)
အာမခံ စာချုပ်တွေအတွက်
စီးပွားရေးကြော်ငြာတစ်ခုပါ၊
ကျွန်မ မမှတ်မိဘူး။
(ရယ်သံများ)
ကျွန်မ အသေအချာ မှတ်မိတာက သရုပ်ဆောင်
ရွေးတဲ့ ဒါရိုက်တာ ကျွန်မကို မေးခဲ့တာပါ၊
"မင်း ဒါကို ထပ်ပြောနိုင်မလား၊
ဒီတစ်ခါ လက်တင် ပိုဆန်ဆန်ပေါေ။
"အင်း၊ ရပါတယ်။
"ကျွန်မကို စပိန်လို ပြောစေချင်တာလား"
လို့ မေးလိုက်တယ်။
"မဟုတ်ဘူး၊ အင်္ဂလိပ် လိုပြောပါ၊
လက်တင်သံပေါက်ရုံပဲ။"
"ကောင်းပြီ၊ ကျွန်မက လက်တင်သူပါ၊
ဒီတော့ ဒါက လက်တင်သံပေါက်တာ မဟုတ်ဘူးလား။
ကြာရှည်၊ ကသိကအောက်ဖြစ်တဲ့
တိတ်ဆိတ်မှုတစ်ခုဖြစ်ခဲ့ပြီး
နောက်ဆုံးမှာတော့
"အိုကေ၊ အသည်းလေးရေ၊ ကိစ္စမရှိဘူး၊
လာတဲ့အတွက် ကျေးဇူးပါ၊ ဘိုင်။"
"လက်တင်သံ ပိုပေါက်"ဆိုတာကို နားလည်ဖို့
ကားစီးပြန်ချိန်အများစုကို ယူသွားတယ်။
သူက ကျွန်မကို မတောက်တခေါက်
အင်္ဂလိပ်လို ပြောခိုင်းနေတာကိုး။
ဘာကြောင့် ကျွန်မဟာ တကယ့် လက်တွေ့ဘဝ၊
လက်တင်သူ စစ်စစ်ဆိုတဲ့အချက်က
တကယ်ကို အရေးမပါလဲဆိုတာ
ကျွန်မ နားမလည်နိုင်ခဲ့ဘူး။
ဘာဖြစ်ဖြစ် ကျွန်မ အလုပ်မရခဲ့ဘူး။
ကျွန်မကို မြင်ချင်လိုတဲ့ လူတွေအတွက်
အလုပ်တွေ အများကြီးမရခဲ့ဘူး။
လူဆိုးဂိုဏ်း ဖွတ်ချက်ရဲ့ ရည်းစား၊
လူဝါးဝတဲ့ အလစ်သုတ်သမား၊
ကိုယ်ဝန်ဆောင် ကုလားမ နံပါတ်နှစ်၊
(ရယ်သံများ)
ကျွန်မလိုလူ တစ်ဦးဦးအတွက်
ရှိခဲ့တဲ့ ဇာတ်ကောင်မျိုးတွေရှိခဲ့ပါတယ်။
ညိုလွန်းတယ်၊ ဝလွန်းတယ်၊
ဆင်းရဲလွန်းတယ်၊ သိပ်မနပ်ဘူးလို့
သူတို့ကြည့်တဲ့၊ မြင်တဲ့ တစ်ဦးဦးပါ။
ဒီဇာတ်ကောင်တွေဟာ သမားရိုးကျတွေဖြစ်ပြီး
ကျွန်မကိုယ်ပိုင် လက်တွေ့ဘဝကနေ(သို့)
သရုပ်ဆောင်ဖို့ ကျွန်မ အိပ်မက်မက်ခဲ့တဲ့
ဇာတ်ကောင်တွေကနေ
ပိုအလှမ်းမကွာနိုင်လောက်ဘူး။
ရှုပ်ထွေးပြီး ရှုထောင့်စုံပါတဲ့လူတွေ၊
သူတို့ကိုယ်ပိုင် ဘဝတွေရဲ့ ဗဟိုမှာ
ဖြစ်တည်ခဲ့တဲ့ လူတွေကို
ကျွန်မ သရုပ်ဆောင်ချင်ခဲ့တယ်။
တစ်ဦးဦးရဲ့ နောက်ကွယ်မှာ ရပ်တဲ့
ပေါ့ရွှတ်တဲ့ မဲပြာပုဆိုးတွေမဟုတ်ဘူး။
ဒါပေမဲ့ ဒါကို ကျွန်မရဲ့မန်နေဂျာကို
ပြောရဲတဲ့အခါ၊
အခွင့်အလမ်းရှာရာမှာ ကျွန်မကို ကူညီဖို့
ကျွန်မ လခပေးတဲ့လူလေ
သူ့အဖြေက
"ဒီမိန်းကလေးမှာ လက်တွေ့မကျတဲ့
မျှော်လင့်ချက်တွေရှိတာ ပြောဖို့လိုတယ်။"
ပြီးတော့ သူ မမှားပါဘူး။
ဆိုလိုတာက သူ့ကို အလုပ်ဖြုတ်
လိုက်တယ်၊ သူ မမှားဘူး။
(ရယ်သံများ)
(လက်ခုပ်သံများ)
အကြောင်းက သမားရိုးကျ ခပ်ညံ့ညံ့
ရေးမထားတဲ့ အခန်းမှာ ပါဖို့ကြိုးစားတိုင်း
ကြားရလေ့ရှိတာက
"ဒီအခန်းကို ထွေပြားစွာ ရိုက်ကူးဖို့
နည်းလမ်းရှာနေတာမဟုတ်ဘူး။"
ဒါမှမဟုတ် "သူကို ငါတို့သဘောကျပေမဲ့
သူက အထူးကို ယဉ်ကျေးမှုကွဲလွန်းတယ်။"
ဒါမှမဟုတ် "ကံဆိုချင်တော့ ဒီကားမှာ
လက်တင်သားတစ်ဦး ရှိပြီးသားလေ။"
ကျွန်မဟာ ဒီအလားတူ သတင်းစကားတွေကို
အထပ်ထပ် ဆက်ဆက် ရနေတယ်။
ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက ကျော်လွှားဖို
လိုတဲ့ အတားအဆီးတစ်ခုဖြစ်ခဲ့တယ်။
ဒီတော့ တွေးမိတာက
"အတားအဆီးရေ၊ ငါ့ဆီလာစမ်း၊
ငါဟာ အမေရိကန်တစ်ယောက်၊
ငါ့နာမည်က အမေရိက၊
ဒါအတွက် ငါ့တစ်သက်လုံး လေ့ကျင့်
ခဲ့တယ်၊ ကစားနည်းစာအုပ်ကို လိုက်နာမယ်၊
ငါ ပိုကြိုးစားမယ်။"
ဒီအတိုင်း လုပ်ခဲ့တယ်၊ ကျွန်မနဲ့ပတ်သက်သမျှ
လူတွေပြောတာတွေ
မှားတယ်ဆိုတာကို ကျော်လွှားဖို့
အပြင်းထန်ဆုံး ကြိုးစားခဲ့တယ်။
ကျွန်မရဲ့အသား မညိုလွန်းအောင်
နေရောင်ထဲမှာ နေခဲ့တယ်။
ကျွန်မရဲ့ အတွန့်အလိမ်တွေကို
အညံ့ခံပြီး ဖြောင့်ခဲ့တယ်။
အမြဲ ကိုယ်အလေးချိန်ကျဖို့ကြိုးစားတယ်။
ပိုဆန်းပြာ၊ ပိုစျေးကြီးတဲ့
အဝတ်အစားတွ ဝယ်ခဲ့တယ်။
ကျွန်မကို လူတွေကြည့်တဲ့ခါ
ဝလွန်း၊ ညိုလွန်း၊ ဆင်းရလွန်းတဲ့
လက်တင်သူတစ်ယောက်လို မမြင်အောင်လေ။
ကွန်မဟာ တတ်နိုင်တဲ့လူလို့
သူတို့ မြင်မိကြမယ်။
ဖြစ်နိုင်တာက ကျွန်မကို
အခွင့်အလမ်းတစ်ခုပေးမယ်ပေါ့။
မမျှော်လင့်တဲ့ ကံကြမ္မာအလှည့်တစ်ခုမှာတော့၊
ကျွန်မရဲ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့်
အခန်းတစ်ခု နောက်ဆုံး ရတဲ့အခါမှာပါ၊
ဒါက ကျွန်မဘယ်သူဆိုတာနဲ့ အံကိုက်
လိုအပ်တဲ့ အခန်းတစ်ခန်းပါ၊
" Real Women Have Curves"
ထဲက Ana ဟာ
ညိုပြီး ဆင်းရဲတဲ့ လက်တင်သူ
ဝဝ တစ်ယောက်ပါ။
သူ့ကိုယ်ပိုင်ဘဝရဲ့ ဗဟိုမှာ တည်ရှိနေတဲ့
သူ့လိုမျိုး၊ ကျွန်မလိုမျိုး
တစ်aယာက်မှ ကျွန်မ မမြင်ဖူးခဲ့ဘူး။
ဒီရုပ်ရှင်နဲ့အတူ US အနှံ့အပြားနဲ့
နိုင်ငံမျိုးစုံကို ကျွန်မ ခရီးထွက်ခဲ့တယ်၊
အဲဒီမှာ လူတွေဟာ အသက်၊ လူမျိုး၊
ခန္ဓာကိုယ် အမျိုးအစား ပဓာနမထားဘဲ
သူတိုကိုယ်သူတို့ Ana ဆီမှာ တွေ့ခဲ့တယ်။
ဖြစ်နိုင်ခြေမရှိတဲ့ သူ့အိပ်မက်ကို
ဖြည့်ဆည်းဖို့ ယဉ်ကျေးမှု စံတွေကို
ဆန့်ကျင် ရုန်းကန်နေတဲ့ ၁၇ နှစ် မက္ကဆီကန်
အမေရိကန် ဝဝကစ်ကစ် ကောင်မလေးတစ်ယောက်ပေါ့။
ကျွန်မဘဝတစ်ခုလုံးကို ဘာပဲ
ပြောခဲ့ပြောခဲ့၊၊
ကိုယ်တွေ့ မြင်ခဲ့တာက လူတွေဟာ ကျွန်မလို
လူတွေရဲ့ ဇာတ်လမ်းတွေကိုတကယ် မြင်ချင်တာပါ။
ယဉ်ကျေးမှုထဲမှာ အစစ်အမှန် ကိုယ်စားပြုတာ
ကျွန်မကိုယ်တိုင် မြင်တွေ့ဖို့ ကျွန်မရဲ့
လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေဟာ
အခြားသူတွေရဲ့ မျော်လင့်ချက်
တွေလည်းဖြစ်ခဲ့တယ်။
"Real Women Have Curves" ဟာ
အလွန်အရေးပါတဲ့ ယဉ်ကျေးမှုနဲ့
ငွေကြေးပိုင်း အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။
"ကောင်းလိုက်တာ၊ ငါတို့လုပ်ခဲ့တာ"
လို့ တွေးမိခဲ့တယ်။
ကျွန်မတို့ ဇာတ်လမ်းတွေမှာ
တန်ဘိုးရှိတယ်လို့ သက်သေပြခဲ့တယ်။
အခုဆို အကြောင်းတရားတွေက
ပြောင်းလဲတော့မယ်။
ဒါပေမဲ့ မဆိုစလောက် ဖြစ်ပျက်ခဲ့တာလို
စောင့်ကြည့်ခဲ့တယ်။
အရေးပါတဲ့ အပြောင်းအလဲမရှိခဲ့ဘူး။
ပရိတ်သတ်ဟာ ဆာလောင်ပြီး ဒါတွေကို ကြည်ဖို့
ပိုက်ဆံပေးချင်စိတ်ရှိကြတယ်ဆိုတဲ့
အကြောင်းနောက်ဇာတ်လမ်းတွေ ပြောပြဖို့
လုပ်ငန်းထဲက ဘယ်သူမှ အပူတပြင်းလုပ်မနေကြဘူး။
နောက် လေးနှစ်အကြာ
Ugly Betty ကို သရုပ်ဆောင်ရတဲ့အခါ
အလားတူဖြစ်စဉ် ဆင်နွှဲသွားတာ မြင်ခဲ့တယ်။
"Ugly Betty" ဟာ US မှာ
ကြည့်ရှုသူ ၁၆ သန်းကို ပွဲဦးထွက် ပြခဲ့ပြီး
၎င်းရဲ့ပထမနှစ်မှာ Emmys ဆု
၁၁ ဆု အဆိုပြုခံခဲ့ရတယ်။
(လက်ခုပ်သံများ)
"Ugly Betty's" အောင်မြင်မှုရပေမဲ့
အမေရိကန် ရုပ်သံမှာ ရှစ်နှစ်တိုတိုင်
လက်တင် ရုပ်ရှင်မင်းသမီးဦးဆောင်တဲ့
နောက်ထပ် ရုပ်သံပြပွဲ ရှိခဲ့မှာမဟုတ်ဘူး။
ခေါင်းဆောင် အတန်းအစားမှာ
Emmy ဆုတစ်ဆု ရဖူးဖို့ ပထမဆုံးနဲ့
တစ်ဦးတည်းသော လက်တင်သူ
ကျွန်မ ဖြစ်လာချိန်ကတည်းကဆို
၁၂ နှစ်ကြာခဲ့ပါတယ်။
ဒါဟာ ဂုဏ်ယူစရာ အချက်တစ်ခု ဟုတ်ဘူး။
နက်ရှိုင်းတဲ့ ခံပြင်းမှုရဲ့ အချက်တစ်ခုပါ။
ကျွန်တို့တန်ဘိုးကို သက်သေပြတဲ့
ဆုတွေကြောင့်မဟုတ်ပဲ
ကျွန်မတို့ ကမ္ဘာထဲမှာ ရှင်သန်နေတာ
မြင်သူက
ကိုယ်တိုင် မြင်တတ်ဖို့၊
ကိုယ်ပိုင်တန်ဖိုးအကြောင်း
တွေးတတ်ဖို့၊
အနာဂတ်တွေကို အိပ်မက်မက်
တတ်ဖို့ သင်ပေးတာကြောင့်ပါ
အချိန်တိုင်းပ ဒါကို ကျွန်မ သံသယစဖြစ်တယ်။
ပါကစ္စတန်က Swat Valley မှာနေတဲ့
ကလေးမလေးတစ်ယောက်ရှိတာ အမှတ်ရတယ်။
ဘာကြောင့်မှန်းမသိ သူ့မှာ
အမေရိကန် ရုပ်သံပြပွဲတစ်ခုရဲ့
လက်တွေ့ကျတဲ့ ဒီဗီဒီတွေ သူ့မှာရှိတယ်၊
ဒီထဲမှာ စာရေးဆရာဖြစ်လာခြင်းဆိုတဲ့
သူ့အိပ်မက်ကို ရောင်ပြန်ဟပ်ထာတာ မြင်ခဲ့တယ်။
သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ
မာလာလာ ရေးခဲ့တာက
"ကျွန်မရဲ့ကိုယ်ပိုင်စကားလုံးတွေက
ခြားနားမှုတစ်ခု ဖန်တီးနိုင်ပုံကို သိပြီး၊
"Ugly Betty" ဒီဗီဒီတွေနဲ့
အမေရိကန် မဂ္ဂဇင်းတစ်ခုက
ဘဝအကြောင်း ကြည့်ပြီး၊နောက်မှာ
သတင်းစာပညာကို စိတ်ဝင်စားလာခဲ့တယ်။"
(လက်ခုပ်သံများ)
ကျွန်မအလုပ်ရဲ့ ၁၇ နှစ်လုံးလုံး
ကျွန်မတို့အသံတွေယဉ်ကျေးမှုထဲမှာ
တည်ရှိခွင့်ရအခါ
၎င်းအသံတွေမှာရှိတဲ့
စွမ်းအားကို မျက်မြင်ဒီဌကြုံခဲ့တယ်။
ကျွန်မ ဒါကို မြင်တယ်၊
ဒါနဲ့ ကျွန်မ ရှင်သန်တယ်၊ ကျွန်မတို့အားလုံး
ဒါကို မြင်တယ်။
ဖျော်ဖြေရေးမှာ၊ နိုင်ငံရေးမှာ၊
စီပွားရေးမှာ၊ လူမှု ပြောင်းလဲရေးမှာ
ဒါကို ကျွန်မတို့ ငြင်းလို့မရဘူး၊
ရှိနေခြင်းဟာ ဖြစ်နိုင်ခြေကို ဖန်တီးတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၂ နှစ်လုံးလုံး
ဒီဆင်ခြေတွေလည်း ကျွန်မ ကြားခဲ့တယ်၊
ဘာကြောင့် ကျွန်မတို့တစ်ချို့က ယဉ်ကျေးမှု
ထဲက တည်ရှိခွင့်ရနိုင်ပြီး
တစ်ချို့က မရနိုင်တာအတွက်လေ။
ကျွန်မတို့ဇာတ်လမ်းတွေက ပရိတ်သတ်မရှိ၊
ကျွန်မတို့အတွေ့အကြုံတွေက
ပင်မစီးကြောင်းထဲမှာ ဟိန်းမနေဘူး၊
ကျွန်မတို့အသံတွေဟာ ကြီးမားလွန်းတဲ့
ငွေရေးကြေးရေး စွန့်စားမှုတစ်ခုပါ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ
ကျွန်မ ကိုယ်စားလှယ်က
ဘာကြောင့် ကျွန်မ ရုပ်ရှင်မှာ နေရာတော
ရှင်းပြဖို့ ဖုန်းဆက်တယ်။
သူပြောတာက "သူတို့ မင်းကို
သဘောကျတယ်၊
တကယ်ပဲ မင်းကို အမျိုးမျိုးမှာ
သရုပ်ဆောင်စေချင်ပေမဲ့
ရုပ်ရှင်က လူဖြူသရုပ်ဆောင်ကို
အရင်ရိုက်မှ ငွေကြေးရနိုင်တာလေ။"
ဒီသတင်းစကားကို ဝမ်းနည်းပက်လက်နဲ့
ပြောခဲ့ပြီး
ဆက်သွယ်မှုရှိတဲ့လေသံနဲ့က
"ဒါ ဘယ်လို အရှုပ်ထုပ်ဆိုတာ ငါနားလည်တယ်"တဲ့
ဒါပေမဲ့ ဘာဖြစ်ဖြစ်၊ ဒါမျိုးက
အရင်က အကြိမ်ရာချီပါတယ်။
မျက်နှာမှာ မျက်ရည်တွေစီကျတာ သိလိုက်တယ်။
ပယ်ချခြင်းရဲ့ စူးရှရှဝေဒနာက
ကျွန်မဆီမှာ မြင့်တက်လာယ်၊
ဒီနောက်မှာ အရှက်ရမှုရဲ့ အသံက
ကျွန်မကို ဆူနေတယ်။
"နင်ဟာ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်လေ၊
အလုပ်တစ်ခုအတွက် ငိုတာရပ်လိုက်စမ်း။"
ကျရှုံးမှုကို ကိုယ်ပိုင်အဖြစ်လက်ခံတာ၊
အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုတဲ့
နက်ရှိုင်းတဲ့ ရှက်စိတ်
ဒီဖြစ်စဉ်ကို နှစ်တွေချီ ဖြတ်သန်းခဲ့တယ်၊
ဒါပေမဲ့ ဒီတစ်ခါ အသံသစ်တစ်သံကြားတယ်။
အသံတစ်ခုက ပြေတာက "ငါ ပင်ပန်းတယ်၊
ငါ စိတ်ကုန်နေပြီ"တဲ့။
ကျွန်မရဲ့မျက်ရည်တွေနဲ နာကျင်မှုဟာ
အလုပ် ဆုံးရှုံးတာနဲ့ မဆိုင်ဘူးဆိုတာ
နာလည်တဲ့ အသံတစ်ခုပါ။
ဒါတွေဟာ တကယ်တော့ ကျွန်မအကြောင်း
ကျွန်မပြောနေတာနဲ့ ဆိုင်တာပါ။
ကျွန်မရဲ့ ဘဝတစ်ခုလုံးအကြောင်းပြောခဲ့တာက
အလုပ်အမှုဆောင်တွေ၊ ထုတ်လုပ်သူတွေ၊
ဒါရိုက်တာတွေ၊ စာရေးဆရာတွေ၊
ကိုယ်စားလှယ်တွေ၊ မန်နေဂျာတွေ၊
ဆရာဆရာမတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုပါ။
ကျွန်မဟာ တန်ဖိုးသိပ်မရှိတဲ့လူပေါ့။
နေရောင်ခံလိမ်းဆေးနဲ့ ဆံပင်ဖြောင့်တံတွေက
နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ တန်ဖိုးစနစ်မှာ
အပြောင်းအလဲ ဖြစ်ပေါ်စေမှာလား တွေးမိတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ
နားလည်လိုက်တာက
ကျွန်မဟာ တကယ်က စနစ်ကို
ပြောင်းဖို့ တောင်းဆိုနေတာမဟုတ်တာပါ။
ကျွန်မ တောင်းဆိုနေတာက ကျွန်မကို
ခွင့်ပြုပေးဖို့နဲ့ ဒါတွေဟာ မတူဘူးဆိုတာပါ။
ကျွန်မကို ယုံကြည်တဲ့ စနစ်တစ်ခုကို
ကျွန်မ မပြောင်းနိုင်ပေမဲ့
ကျွန်မကိုယုံကြည်တဲ့ စနစ်ကို
ကျွန်မ ယုံကြည်တယ်။
ကျွန်မ ယုံကြည်ခဲ့တယ်။
ကျွန်မအနားက လူတိုင်းလိုပဲ
ကျွန်မအတွက် မက်ခဲ့သလို အိပ်မက်ထဲမှာ
တည်ရှိဖို့ မဖြစ်နိုင်ဘူးလို့ယုံကြည်ခဲ့တယ်။
ကျွန်မကိုယ်ကျွန်မ ပျောက်သွားအောင်
လျှောက်လုပ်နေခဲ့တယ်။
ဒါက ကျွန်မကို ဖွင့်ဟပြတာ
အပြောင်းအလဲကို
အစစ်အမှန် မြင်ချင်တဲ့လူဖြစ်နိုင်ပေမဲ့
အကြောင်းတရားတွေကို အရှိအတိုင်း
တားတဲ့ လုပ်ရပ်တွေနဲ့ လူလည်းဖြစ်နေတာပါ။
ဒါက ကျွန်မကို ယုံကြည်စေတာက
အပြောင်းအလဲဟာ လူကောင်း လူဆိုး
ခွဲခြားခြင်းကနေ လာမှာမဟုတ်ဘူးဆိုတာပါ။
ဒီဆွေးနွေးပွဲက ကျွန်မတို့အားလုံးကို
အသက်ရှူပေါက်ရခဲ့တယ်။
အကြောင်းက ကျွန်မတို့အများစုဟာ
ဒါတစ်ခုမှ မဟုတ်လို့ပါ။
အပြောင်းအလဲ ဖြစ်လာာမှာက
တစ်ဦးချင်းစီမှာ ကိုယ့်ကိုယ်ပိုင် အခြေခံ
တန်ဖိုးထားမှုတွေ၊ယုံကြည်ချက်တွေကို
မေးခွန်းထုတ်ဖို့ သတ္တိရှိလာတဲ့အခါမှာပါ။
ဒီနောက် လုပ်ရပ်တွေက အကောင်းဆုံး
ရည်ရွယ်ချက်တွေကို ဦးတည်စေတာ မြင်ပါ။
ကျွန်မရဲ့အိပ်မက်တွေ ဖြည့်ဆည်းဖို့၊
ကျွန်မပင်ကိုအစွမ်းတွေ ကမ္ဘာကို ပေးေဝးဖို့
ကျွန်မ ဘယ်သူဆိုတာရဲ့ အမှန်တရားကို
ခုခံဖို့လိုတယ်လို့ ညွှန်ပြခံထားရတဲ့
လူတစ်သန်းထဲက တစ်ယောက်ပါပဲ။
ကျွန်မအနေနဲ့ ခုခံခြင်းကို ရပ်တန့်ပြီး
ကျွန်မရဲ့ ပြည့်ဝ၊စစ်မှန်တဲ့ အတ္တအဖြစ်
စတင် တည်ရှိဖို့ အဆင်သင့်ပါ။
သီးသန့်အခန်းထဲမှာ
ကခုန်နေတဲ့၊ သူ့အိပ်မက်တွေ မက်နေတဲ့
အဲဒီကိုးနှစ်သမီးလေးဆီကို ပြန်သွားပြီး
တစ်ခုခုပြောလို့ ရနိုင်မယ်ဆိုရင်
ကျွန်မ ပြောမှာက
ကျွန်မ ကိုယ်ပိုင်လက္ခဏာက အတားအဆီး မဟုတ်ပါ။
ကျွန်မ ကိုယ်ပိုင်လက္ခဏာက မဟာ စွမ်းအားပါ၊
ဘာကြောင့်လဲဆိုတော့ အမှန်တရားက
ကျွန်မဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။
သင်တို့ဟာ ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။
စုပေါင်းအနေနဲ့ ကျွန်မတို့ဟာ
ကမ္ဘာကြီးက အသွင်ဆောင်မယ့်အရာပါ။
ကျွန်မတို့ စနစ်တွေက ဒါကို ရောင်ပြန်ဟပ်ဖို့
သူတို့အနေနဲ့ ဖြစ်တည်မှု
အသစ်တစ်ခု ဖန်တီးဖို့မလိုဘူး။
ကျွန်မတို့ ရှင်သန်နေပြီးသား တစ်ခုကို
ခုခံနေတာကို ရပ်တန့်ဖို့ပဲလိုတာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)