1 00:00:24,610 --> 00:00:25,642 (ရယ်သံများ) 2 00:00:25,666 --> 00:00:27,916 အဟုတ်ပါ၊ ဆွေစဉ်ပြကားချပ် အကြောင်းကို ပြောနေတာ-- 3 00:00:27,940 --> 00:00:29,154 (ရယ်သံများ) 4 00:00:29,178 --> 00:00:30,643 မိသားစုရဲ့ သမိုင်းလေ့လာမှုပါ။ 5 00:10:44,203 --> 00:10:48,839 ကျနော်တို့ဆီမှာ Uncle Bernie လို ဆွေစဉ် လေ့လာရေး ပညာရှင်တွေ ရှိကြတာ ကံကောင်းတယ်၊ 6 00:10:48,945 --> 00:10:52,439 သူတို့ဟာ အပျော်ထမ်း မိမိရဲ့ ဝါသနာအလျောက် လုပ်ကိုင်နေကြတဲ့ သူတွေ မဟုတ်ကြပါ။ 7 00:10:52,602 --> 00:10:59,021 ပြည်သူတို့ကြားက သိပ္ပံပညာရှင်တွေ ဖြစ်ပြီး ကျုပ်တို့အကြောင်း လေးနက်စွာ လေ့လာသူတွေပါ။ 8 00:10:59,065 --> 00:11:03,523 ပြီးတော့ အတိတ်ကာလက အနာဂတ်အတွက် သော့ကို ပေးနိုင်ကြောင်း သူတို့ ယုံကြည်တယ်။ 9 00:11:05,314 --> 00:11:08,783 (လက်ခုပ်သံများ) 10 00:00:00,817 --> 00:00:04,269 ပြည်သူတို့ဟာ အင်တာနက်ကို အကြောင်း အမျိုးမျိုးအတွက် အသုံးချကြပါတယ်။ 11 00:00:05,765 --> 00:00:09,568 လူကြိုက်အများဆုံး ဝဘ်ဆိုက် တစ်ခုက 12 00:00:09,593 --> 00:00:13,055 လူတွေပုံမှန်အားဖြင့် ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုကြတာ ဖြစ်လာပါတယ်။ 13 00:00:13,639 --> 00:00:16,149 အဲဒါဟာ စပ်စုလိုစိတ်မှ စပါတယ်၊ 14 00:00:16,172 --> 00:00:19,969 ပြီးတော့ မသိမသာ အဲဒါကို ဝါသနာပါဖို့ လိုပါတယ်။ 15 00:00:19,993 --> 00:00:22,957 ပြီးတော့ တခြားသူတွေရဲ့ မျိုးပွားမှု ဆိုင်ရာ အချက်အလက်တွေကို 16 00:00:22,957 --> 00:00:24,586 မှတ်တမ်း တင်ပေးမှု ပါဝင်ပါတယ်။ 17 00:00:30,643 --> 00:00:33,194 မိသားစုသမိုင်းကို အသေးစိတ် ရေးမှတ်ဖို့ ကိစ္စဲထဲကျတော့၊ 18 00:00:33,194 --> 00:00:36,901 မိသားစုတိုင်းထဲမှာ ဆွေစဉ်ကားချပ်ကို အထူး စိတ်ဝင်စားသူဟာ အမြဲတမ်း ရှိတတ်ပါတယ်။ 19 00:00:36,901 --> 00:00:39,224 ဥပမာအဖြစ် သူ့ကို Uncle Bernie လို့ ခေါ်ကြပါစို့။ 20 00:00:39,224 --> 00:00:42,900 အဲဒီ Uncle Bernie ဟာ လွန်ခဲ့တဲ့ ဆုတောင်းပွဲတော်တုန်းက ခင်ဗျားနဲ့ ကပ်လျက် 21 00:00:42,924 --> 00:00:44,523 ထိုင်နေခဲ့သူပါပဲ၊ 22 00:00:44,547 --> 00:00:47,661 သူဟာ ခင်ဗျားကို သေချင်းစော်နံချင် လောက်အောင်ကို ဒုက္ခပေးမယ့်သူပါ။ 23 00:00:47,661 --> 00:00:50,312 ရှေးဟောင်းမျိုးစဉ် အသေးစိတ်တွေကို မေးမကုန်မှာမို့လို့ပါ။ 24 00:00:50,312 --> 00:00:51,814 ဒါပေမဲ့ ကျုပ်တို့ သိထားသင့်တာက၊ 25 00:00:51,814 --> 00:00:54,620 အရာတိုင်းအတွက် သိပ္ပံနည်း အဖြေဆိုတာ ရှိတတ်ပါတယ်၊ 26 00:00:54,644 --> 00:00:57,622 ခုနက Uncle Bernie ရဲ့ပုံပြင်တွေဟာ 27 00:00:57,646 --> 00:01:00,636 ဇီဝကျန်းမာရေး သုတေသနအတွက် လွန်စွာမှ အရေးပါကြလို့ပါ။ 28 00:01:00,636 --> 00:01:04,019 အခုတော့ အဲဒီလို Uncle Bernie နဲ့ ဆွေးစဉ် ကားချပ် လေ့လာရေး ပညာရှင်တို့ဟာ 29 00:01:04,044 --> 00:01:07,878 သူတို့ရဲ့ ဆွေစဉ်ကားချပ်ကို geni.com ဝဘ်ဆိုက်မှတစ်ဆင့် မှတ်တမ်းတင်နိုင်ကြပါပြီ။ 30 00:01:07,878 --> 00:01:11,270 အသုံးပြုသူတို့က သူတို့မျိုးစဉ်ပင်စည်ကို ဝဘ်ဆိုက်ပေါ် တင်ပေးကြတဲ့ အခါမှာ၊ 31 00:01:11,270 --> 00:01:13,290 ၎င်းဟာ သူတို့ဆွေမျိုးတွေကို စိစစ်ကြည့်တယ်၊ 32 00:01:13,290 --> 00:01:16,269 ရှိနှင့်နေကြတဲ့ ပင်စည်များနဲ့ တိုက်ဆိုင်မှုတွေကို ရှာကြည့်တယ်၊ 33 00:01:16,269 --> 00:01:18,773 ရှိနေဆဲဟာတွေကို ပင်စည်သစ်နဲ့ ပေါင်းစည်းပေးလိုက်ပါတယ်။ 34 00:01:19,768 --> 00:01:22,718 အဲဒါရဲ့ရလဒ်အဖြစ် လူတဦးချင်း အနေနဲ့ တည်ဆောက်ရနိုင်တာထက် 35 00:01:22,742 --> 00:01:26,221 များစွာမှ ကြီးမားလှတဲ့ ဆွေစဉ် ပင်စည်တွေကို ဖန်တီးပေးလာနိုင်ပါတယ်။ 36 00:01:26,808 --> 00:01:30,937 အဲဒီလို ပေါင်းစည်းမှုကို ကမ္ဘာပေါ်ရှိ ပြည်သူ သန်းပေါင်းများစွာတို့အတွက် 37 00:01:30,961 --> 00:01:32,778 လုပ်ပေးနိုင်လာလို့၊ 38 00:01:32,802 --> 00:01:38,334 ကျုပ်တို့ဟာ လူသားတစ်ရပ်လုံးရဲ့ မိသားစု ပင်စည်ကြီးကို တည်ဆောက်လာနိုင်ပါမယ်။ 39 00:01:39,292 --> 00:01:40,876 အဲဒီ ဝဘ်ဆိုက်ကို အသုံးပြုလျက်၊ 40 00:01:40,900 --> 00:01:45,713 ကျုပ်တို့ဟာ အခုထိ လူ ၁၂၅ သန်းတို့ကို တစ်ခုတည်းသော 41 00:01:45,737 --> 00:01:48,258 မိသားစု ပင်စည်ကြီးအဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါပြီ။ 42 00:01:48,407 --> 00:01:51,269 အဲဒီအပင်ကို ကျနော်ဟာ ဒီစခရင်ပေါ်မှာ ရေးဆွဲမပြနိုင်ပါဘူး၊ 43 00:01:51,269 --> 00:01:53,944 ဒီမှာ ရှိနေတဲ့ pixel တွေက ပင်စည်ထဲ ရှိနေကြတဲ့ လူတွေထက် 44 00:01:53,968 --> 00:01:56,481 နည်းနေကြလို့ပါ။ 45 00:01:56,505 --> 00:02:01,515 ဒါပေမဲ့ ဥပမာတစ်ခုအဖြစ် လူ ၆၀၀၀ တို့ရဲ့ အချက်လက်ကို ပြပေးနိုင်ပါတယ်။ 46 00:02:02,159 --> 00:02:04,521 ဒီမှာ မြင်ရတဲ့ အစိမ်းရောင် အဖုဟာ လူ တစ်ယောက်ပါ။ 47 00:02:05,060 --> 00:02:07,909 အနီရောင် အဖုက လက်ထပ်ခဲ့ကြတဲ့ စုံတွဲများပါ၊ 48 00:02:07,933 --> 00:02:10,296 ပြီးတော့ ချိတ်ဆက်မှုတွေက မိဘဖြစ်မှုကို ပြပေးပါတယ်။ 49 00:02:10,296 --> 00:02:13,029 အဲဒီလို ပင်စည်ကြီးရဲ့ ဗဟိုမှာ ဘိုးဘေးကို မြင်နိုင်ကြပါတယ်။ 50 00:02:13,029 --> 00:02:15,887 အစွန်အဖျားဆီကို သွားတာနဲ့အမျှ ဆင်းသက်လာသူတွေကို မြင်ကြရမယ်။ 51 00:02:15,887 --> 00:02:18,683 ဒီပင်စည်ထဲမှာ မျိုးဆက် ခုနစ်ခုခန့် ပါဝင်တယ်လို့ ယူဆရတယ်။ 52 00:02:19,202 --> 00:02:22,926 အခုဆက်ပြီး ပါဝင်တဲ့ လူတွေရဲ့ ဦးရေကို တိုးချဲ့ပေးရင် ဖြစ်လာပုံကို မြင်ရပါမယ် 53 00:02:22,950 --> 00:02:24,778 လူ ၇၀,၀၀၀ အထိ တိုးပေးလိုက်ရင် --- 54 00:02:24,802 --> 00:02:29,132 ကျုပ်တို့ဆီမှာ ရှိတဲ့ ဒေတာထဲက သေးငယ်လှတဲ့ အပိုင်းမျှ ရှိနေတုန်းပါ။ 55 00:02:29,629 --> 00:02:34,442 ဒါတောင်မှ သိပ်ကို ဝေးလံကြတဲ့ ဆွေမျိုး များရဲ့ အချက်အလက်တွေကို 56 00:02:34,466 --> 00:02:37,121 ခင်ဗျားတို့ မြင်လို့ ရနိုင်ပါတယ်။ 57 00:02:37,610 --> 00:02:40,744 ကျုပ်တို့ရဲ့ ဆွေစဉ်ပင်စည် ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကျေးဇူးကြောင့် 58 00:02:40,768 --> 00:02:43,871 ကျုပ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ရာချီဆီကို ပြန်ပြီး သွားနိုင်ကြပါတယ်။ 59 00:02:44,418 --> 00:02:47,859 ဥပမာ အဖြစ် Alexander Hamilton ကို ယူကြည့်ကြပါစို့၊ 60 00:02:47,883 --> 00:02:50,358 သူဟာ ၁၇၅၅ ခုနှစ်မှာ မွေးခဲ့တယ်။ 61 00:02:50,872 --> 00:02:54,636 အဲဒီ Alexander ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံး ငွေတိုက်မှူး ဖြစ်ခဲ့တယ်၊ 62 00:02:54,660 --> 00:02:58,491 ဒါပေမဲ့ ဒီနေ့တွင် လူကြိုက်များတဲ့ Broadway ဂီတဇာတ်မြူးကြောင့် လူသိများပါတယ်။ 63 00:02:59,137 --> 00:03:04,059 Alexander ဟာ ရှိုးပွဲတော်များနဲ့ နက်ရှိုင်းစွာ ဆက်နေတာကို တွေ့ရပါတယ်။ 64 00:03:04,083 --> 00:03:06,194 တကယ်တော့ သူဟာ Kevin Bacon ရဲ့ 65 00:03:06,421 --> 00:03:08,001 သိပ်ကို နီးစပ်တဲ့ ဘိုးလေးပါ။ 66 00:03:08,025 --> 00:03:09,381 (ရယ်သံများ) 67 00:03:09,381 --> 00:03:12,687 သူတို့နှစ်ဦးစလုံးဟာ စကော့တလန်မှ အမျိုးသမီးတစ်ဦးမှ ဆင်းသက်လာခဲ့ကြတယ် 68 00:03:12,711 --> 00:03:15,025 ၁၃ ရာစုမှာ နေထိုင်ခဲ့တဲ့ အမျိုးသမီးပါ။ 69 00:03:15,049 --> 00:03:18,151 ဒါကြောင့်မို့လို့ Alexander Hamilton ဟာ 70 00:03:18,175 --> 00:03:21,593 Kevin Bacon ရဲ့ ဆွေစဉ်ပင်စည်ထဲက ၃၅ အဆင့်မှာ ရှိနေသူပါလို့ ဆိုနိုင်ပါတယ်။ 71 00:03:21,593 --> 00:03:22,828 (ရယ်သံများ) 72 00:03:22,852 --> 00:03:26,082 ကျုပ်တို့ရဲ့ ပင်စည်ကြီးထဲမှာ အဲဒီလို ပုံပြင်တွေ သန်းနဲ့ချီ ရှိပါတယ်။ 73 00:03:28,113 --> 00:03:33,003 ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ ဒေတာ အရည်အသွေး ကောင်းစေဖို့ အတော့်လေး အားထုတ်ခဲ့ကြပါတယ်။ 74 00:03:33,027 --> 00:03:38,418 DNA ကို အသုံးပြုလျက် ကျုပ်တို့ ဒေတာထဲတွင် မိခင်နဲ့ကလေး ဆက်သွယ်မှုတွေရဲ့ ၃%ဟာ 75 00:03:38,442 --> 00:03:39,692 လွဲမှားနေခဲ့ကြတယ်၊ 76 00:03:39,716 --> 00:03:43,727 အဲဒါ ဒုတိယကမ္ဘာစစ် မတိုင်မီတုန်းက မွေးစား ခဲ့ကြတဲ့ ကလေးနှုန်းနဲ့ ကိုက်ညီခဲ့တယ်။ 77 00:03:44,847 --> 00:03:46,632 ဖခင်တွေအတွက် လေ့လာကြည့်တော့၊ 78 00:03:46,656 --> 00:03:48,617 သတင်းဟာ သိပ်မကောင်းလှပါ- 79 00:03:50,149 --> 00:03:55,313 ကျုပ်တို့ ဒေတာထဲက ဖခင်-ကလေး ချိတ်ဆက်မှုဟာ ၁.၉ ရာခိုင်နှုန်း လွဲမှားနေခဲ့ကြတယ်။ 80 00:03:55,313 --> 00:03:58,136 ဒါကို တချို့လူတွေ မျက်နှာ ရှုံ့မဲ့သွားကြတာ သတိထားမိတယ်။ 81 00:03:58,160 --> 00:03:59,741 ဟုတ်ပါတယ်၊ ခင်ဗျားတို့ ထင်ကြသလို 82 00:03:59,741 --> 00:04:01,690 ဘေးမှသွေးရောစပ်နေတဲ့ ကလေးတွေ များပါတယ်။ 83 00:04:01,714 --> 00:04:02,778 (ရယ်သံများ) 84 00:04:02,802 --> 00:04:06,791 တကယ်ကျတော့ ဖခင်ဆိုင်ရာ ချိတ်ဆက်မှု ၁.၉ % လွဲမှားမှုဟာ 85 00:04:06,815 --> 00:04:08,584 ကျုပ်တို့ ဒေတာအတွက် မထူးဆန်းပါဘူး။ 86 00:04:08,608 --> 00:04:11,677 အရင်တုန်းက ပြုလုပ်ခဲ့ဘူးတဲ့ ဆေးခန်းမှ လာကြတဲ့ ခွေမျိုးရိုးဆိုင်ရာ 87 00:04:11,701 --> 00:04:13,722 အမှားတွေဟာလည်း အဲဒီလောက်ပဲ ရှိခဲ့ပါတယ်။ 88 00:04:14,254 --> 00:04:16,779 ဒီတော့ ကျုပ်တို့ဒေတာရဲ့ အရည်အသွေးဟာ ကောင်းပါးတယ်၊ 89 00:04:16,803 --> 00:04:18,935 ခုနက အချက်ဟာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ 90 00:04:18,959 --> 00:04:22,736 ကျုပ်တို့ရဲ့ ဆွေစဉ်ပင်စည် ပညာရှင်များဟာ မိသားစု သမိုင်းကို 91 00:04:22,760 --> 00:04:26,428 မှတ်တမ်း တင်ကြရာတွင် တကယ့်ကို အားထုတ်ကြိုးစားကြပါတယ်။ 92 00:04:28,594 --> 00:04:32,609 ကျုပ်တို့ဟာ ဒီဒေတာကို အသုံးပြုပြီး လူသားတို့ဆိုင်ရာ အချက်အလက်တချို့ကို၊ 93 00:04:32,609 --> 00:04:35,805 ဥပမာ၊ လူဦးရေပျံ့နှံ့နေထိုင်ကြပုံ အကြောင်းကို လေ့လာနိုင်ပါတယ်။ 94 00:04:35,829 --> 00:04:40,066 ကျုပ်တို့ရဲ့ ပရိုဖိုင်အားလုံးကို ကမ္ဘာ့ မြေပုံပေါ်မှာ ဒီလို မြင်နိုင်ပါတယ်။ 95 00:04:40,250 --> 00:04:44,495 pixel တခုချင်းစီဟာ တချိန်ချိန်မှာ နေထိုင်ခဲ့တဲ့ လူပါ။ 96 00:04:44,495 --> 00:04:46,435 ကျုပ်တို့ဆီမှာ ဒေတာက သိပ်မများလှတော့၊ 97 00:04:46,459 --> 00:04:49,240 ခင်ဗျားတို့ဟာ နိုင်ငံ တော်တော်များများရဲ့ နယ်မြေတွေကို၊ 98 00:04:49,264 --> 00:04:51,763 အထူးသဖြင့် အနောက်ကမ္ဘာခြမ်းမှာ မြင်နိုင်ကြပါတယ်။ 99 00:04:51,763 --> 00:04:54,935 အခုပြမယ့် ဗီဒီယိုထဲမှာကျတော့ ခင်ဗျားတို့ကို ပြောပြခဲ့တာတွေကို 100 00:04:54,959 --> 00:04:59,155 အခြေခံပြီး ၁၄၀၀ ပြည့်နှစ်မှ ၁၉၀၀ အထိ မွေးခဲ့ကြတဲ့ သူတွေကို ကြည့်ကြရမှာပါ။ 101 00:04:59,155 --> 00:05:02,821 ပြီးတော့ အဲဒါတွေကို လူမျိုးတွေ နေရာ စွန့်ရွှေ့ပြောင်းခဲ့မှုနဲ့ ယှဉ်ပြထားပါတယ်။ 102 00:05:03,012 --> 00:05:06,001 ဒီထဲမှာ အနက်ရှိုင်းဆုံး ဒေတာတွေရဲ့ ချိတ်ဆက်မှုတွေဟာ ယူကေနဲ့ 103 00:05:06,001 --> 00:05:07,382 သက်ဆိုင်နေတာကို မြင်ကြရမှာပါ၊ 104 00:05:07,382 --> 00:05:10,024 သူတို့ဆီမှာ မှတ်တမ်းတွေကို ထားတဲ့ စနစ်က ကောင်းခဲ့လို့ပါ။ 105 00:05:10,024 --> 00:05:13,856 နောက်မှာ သူတို့ဟာ အနောက်နိုင်င်ငံများရဲ့ ကိုလိုနီ လမ်းကြောင်းအတိုင်း သွားကြပါတယ်။ 106 00:05:13,856 --> 00:05:15,592 အခုတော့ ဗီဒီယိုကို ကြည့်ကြပါစို့။ 107 00:05:15,592 --> 00:05:16,752 (ဂီတ) 108 00:05:16,776 --> 00:05:19,117 [မွေးနှစ်- ] 109 00:05:19,705 --> 00:05:21,541 [၁၄၉၂- ကိုလံဘတ်က ပင်လယ်ထဲ ခရီးထွက်] 110 00:05:23,661 --> 00:05:25,661 [၁၆၂၀ - မက်ဆာချူးဆက်ထဲက မေဖလားဝါးမြေများ] 111 00:05:26,726 --> 00:05:29,221 [၁၆၅၂ - ဒတ်ခ်ျလူမျိုးတွေ တောင်အာဖရိကမှာ ခြေချခဲ့] 112 00:05:31,721 --> 00:05:34,907 [၁၇၈၈ - ဗြိတိန်နိုင်ငံက သြစတြေးလျ ဘက်သို့ ခရီးဆန့်မှုကို စတင်ခဲ့] 113 00:05:35,031 --> 00:05:38,078 [၁၈၃၆ - ပထမဦးဆုံး ရွှေ့ပြောင်း ကြသူတို့က Oregon Trail ကိုသုံးကြ] 114 00:05:38,149 --> 00:05:41,332 [လုပ်ဆောင်ချက်များ အားလုံး] 115 00:05:43,851 --> 00:05:45,394 ကျနော် ဒီဗီဒီယိုကို ကြိုက်တယ်။ 116 00:05:45,418 --> 00:05:50,265 ဒီမှာ မြင်ခဲ့ကြရတဲ့ ရွှေ့ပြောင်းမှုတွေက မိသားစုတွေရဲ့ ဇာတ်မြစ်ကို ပြသနေကြတော့၊ 117 00:05:50,265 --> 00:05:52,718 ကျုပ်တို့ဟာ ဒီလို မေးခွန်းတွေကို မေးနိုင်ကြတယ်- 118 00:05:52,742 --> 00:05:56,212 လင်နဲ့ မယားတို့ရဲ့ မွေးရပ်များ အကြားက ပုံမှန် အကွာအဝေးဟာ 119 00:05:56,236 --> 00:05:59,048 ဘယ်လောက်များပါလိမ့်။ 120 00:05:59,072 --> 00:06:02,749 လူတွေက မိသားစုကို ဖွဲ့စည်းရန် ခရီးသွား ကြပုံဟာ လူဦးရေပျံ့နှံ့နေထိုင်မှုအတွက် 121 00:06:02,773 --> 00:06:06,358 သိပ်ကို သော့ချက်ကျပြီး အရေးကြီးတဲ့ အချက် ဖြစ်နေလို့ပါ။ 122 00:06:06,358 --> 00:06:09,896 အဲဒီအချက်က မျိုးရိုးဗီဇတွေက ပထဝီဒေသ အနှံ ပြန့်နှံ့ပုံကို ဆုံးဖြတ်ပေးလို့ပါ။ 123 00:06:09,896 --> 00:06:13,034 ကျုပ်တို့ရဲ့ ဒေတာကို သုံးပြီး အဲဒီအချက်ကို ကျုပ်တို့ လေ့လာခဲ့ကြရာ၊ 124 00:06:13,058 --> 00:06:15,348 ရှေးခေတ် နှစ်များတုံးက ဒီကိစ္စဟာ 125 00:06:15,372 --> 00:06:16,602 လွယ်ကူခဲ့ပုံ ရပါတယ်။ 126 00:06:16,626 --> 00:06:19,438 လူတွေဟာ အနီးအနား ရွာထဲက တစ်ယောက်ယောက်နဲ့ လက်ထပ်ခဲ့ကြတယ်။ 127 00:06:19,438 --> 00:06:23,663 ဒါပေမဲ့ စက်မှုတော်လှန်ရေးဟာ ကျုပ်တို့ရဲ့ ဘဝကို များစွာမှ ရှုပ်ထွေးပစ်ခဲ့တယ်။ 128 00:06:23,687 --> 00:06:28,247 ဒီနေ့တွင်၊ လေယာဉ်နဲ့ သွာလာနိုင်ပြီး အွန်လိုင်း လူမှုမီဒီယာတွေ ရှိနေကြတော့၊ 129 00:06:28,271 --> 00:06:33,099 လူတွေဟာ သူတို့ရဲ့ ကြင်ဖေါ်ကို ရှာဖို့အတွက် ကိုယ့်မွေးရပ်မှနေပြီး 130 00:06:33,123 --> 00:06:34,827 ကီလိုမီတာ ၁၀၀ မကအထိ သွားကြပါတယ်။ 131 00:06:35,454 --> 00:06:37,711 ဒီတော့ ခင်ဗျားတို့ မေးချင်နိုင်ကြတာက- 132 00:06:37,735 --> 00:06:42,231 ကောင်းပါပြီ၊ အဲဒီလို မိသားစုထူထောင်ဖို့ အဝေးမှာ ရှာကြံရတဲ့ ခက်ခဲတဲ့ အလုပ်ကို 133 00:06:42,255 --> 00:06:43,524 လုပ်တာက ဘယ်သူများလဲ။ 134 00:06:43,548 --> 00:06:46,782 အဲဒါ ဤယောက်ျားလား မိန်းမလား။ 135 00:06:46,782 --> 00:06:49,907 ကျုပ်တို့ ဒေတာကို သုံးပြီး အဲဒီမေးခွန်း အတွက် အဖြေကို ရှာကြည့်တော့ 136 00:06:49,931 --> 00:06:52,449 အနည်းဆုံးအားဖြင့် နောက်ဆုံး နှစ် ၃၀၀ အတွင်းမှာ 137 00:06:52,449 --> 00:06:56,432 မိသားစုကို ထူထောင်ဖို့အတွက် တနေရာမှနေပြီး နောက် တနေရာကို သွားရတဲ့ မလွယ်တဲ့ အလုပ်ကို 138 00:06:56,456 --> 00:06:59,452 အမျိုးသမီးတွေ ပြုလုပ်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ 139 00:06:59,476 --> 00:07:02,577 အဲဒီစာရင်းအင်းတွေက အတော့်ကို အရေးပါကြလို့ 140 00:07:02,601 --> 00:07:06,072 ယောက်ျားတွေဟာ ပျင်းရိကြတာကို သိပ္ပံနည်းကျ အဖြေအဖြစ် လက်ခံကြရပါမယ်။ 141 00:07:06,096 --> 00:07:09,216 (ရယ်သံများ) 142 00:07:09,216 --> 00:07:11,812 ကျုပ်တို့ဟာ လူဦးရေပျံ့နှံ့နေထိုင်မှု မေးခွန်းတွေကနေပြီး 143 00:07:11,836 --> 00:07:14,749 ရွှေ့ပြောင်းလျက် လူ့ကျန်းမာရေး အကြောင်း မေးနိုင်ကြပါတယ်။ 144 00:07:14,773 --> 00:07:16,260 ဥပမာ၊ လူတဦးနဲ့တဦး 145 00:07:16,284 --> 00:07:21,247 အသက်အရွယ်ချင်း မတူကွဲပြားမှုက မျိုးရိုးဗီဇမူကွာဟချက်နဲ့ 146 00:07:21,271 --> 00:07:22,465 ဘယ်လို ဆက်စပ်နေပါသလဲ။ 147 00:07:22,658 --> 00:07:26,772 အမွှာများရဲ့ အသက်အရွယ် ကွဲပြားခဲ့ပုံကို အရင်တုန်းက လေ့လာရင်း 148 00:07:26,772 --> 00:07:28,984 အဲဒီမေးခွန်းကို ဖြေဖို့ အားထုတ်ခဲ့ကြတယ်။ 149 00:07:29,411 --> 00:07:32,078 လူတွေရဲ့ အသက်အရွယ် မတူကွဲပြားရခြင်းရဲ့ 150 00:07:32,102 --> 00:07:35,968 လေးပုံတပုံအတွက် ဗီဇဆိုင်ရာ ကွဲလွဲချက်တွေ နဲ့ ဆိုင်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ 151 00:07:35,968 --> 00:07:39,286 ဒါပေမဲ့ အမွှာတွေဆီမှာ ကျတော့ တူညီဆက်စပ်တဲ့ အကြောင်းအရာတွေ များလှပါတယ်၊ 152 00:07:39,310 --> 00:07:41,744 ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု မျိုးစုံအပါအဝင် 153 00:07:41,744 --> 00:07:43,260 တအိမ်ထဲမှာ အတူနေရတာ အဆုံးပါပဲ။ 154 00:07:43,501 --> 00:07:46,948 ကြီးမားတဲ့ မိသားစု ပင်စည်တွေဟာ အမွှာများလို နီးစပ်တဲ့ ဆွေမျိုးများ 155 00:07:46,948 --> 00:07:48,429 တို့ကိုသာမက၊ 156 00:07:48,429 --> 00:07:51,999 စတုတ္ထဝမ်းကွဲများ အထိကိုတောင် ဝေးလံတဲ့ ဆွေမျိုးတွေကို လေ့လာခွင့်ပေးကြတယ်။ 157 00:07:51,999 --> 00:07:55,438 အဲဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဗီဇဆိုင်ရာ ကွဲပြားချက်တွေကို 158 00:07:55,462 --> 00:07:59,170 ပတ်ဝန်းကျင်လို သက်ရောက်မှုများမှ ခွဲခြားပစ်လို့ ရနိုင်တဲ့ ခိုင်ခံ့တဲ့ 159 00:07:59,194 --> 00:08:01,069 မော်ဒယ်တွေကို တည်ဆောက်ခွင့် ရလာပါတယ်။ 160 00:08:01,069 --> 00:08:04,278 ကျုပ်တို့ရဲ့ ဒေတာကို သုံးပြီး ကျုပ်တို့က အဲဒါကို ဆန်းစစ်ကြည့်ခဲ့ကြရာ 161 00:08:04,302 --> 00:08:10,093 လူအမျိုးမျိုးအကြားက အသက်အရွယ် ကွဲပြားရမှုကသာ 162 00:08:10,117 --> 00:08:12,923 ဗီဇဆိုင်ရာ ကွဲလွဲချက်များကြောင့် ဖြစ်တယ်လို့ တွေ့ခဲ့ကြတယ်။ 163 00:08:14,760 --> 00:08:17,516 အဲဒါဟာ ပျမ်းမျှအားဖြင့် ငါးနှစ်ခန့်ဖြစ်ပါတယ်။ 164 00:08:18,316 --> 00:08:23,024 ဒီတော့ အသက်အရွယ်နဲ့ ပတ်သက်ရင် ဗီဇရဲ့ သက်ရောက်မှုဟာ ထင်ခဲ့ကြတာထက် နည်းပါတယ်။ 165 00:08:23,675 --> 00:08:25,811 ကျနော့်အတွက် အဲဒါဟာ တကယ့် သတင်းကောင်းပါ၊ 166 00:08:26,438 --> 00:08:29,731 ကျုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေက ပိုအရေးပါတယ်လို့ အဓိပ္ပါယ်ရလို့ပါ။ 167 00:08:30,533 --> 00:08:34,807 ဥပမာ၊ ဆေးလိပ်သောက်ခြင်းက မျိုးရိုးဗီဇအရ ရှိရမယ့် အသက်ကို 168 00:08:34,831 --> 00:08:36,616 ဆယ်နှစ်ခန့် လျှော့ချ ပစ်နိုင်တယ်။ 169 00:08:36,616 --> 00:08:38,919 ကျုပ်တို့ဟာ မိသားစုပင်စည်များမှ ရွှေ့ပြောင်းလျက် 170 00:08:38,919 --> 00:08:42,341 ဆွေစဉ်ကားချပ်ကို လေ့လာကြသူတို့အား DNA အချက်အလက်တွေကို စုစည်းခွင့်ပြုရင် 171 00:08:42,341 --> 00:08:46,797 ပိုလို့ကို အံ့အားသင့်စရာ ရလဒ်တွေကို ကျုပ်တို့ ရရှိကြလာမှာပါ။ 172 00:08:46,821 --> 00:08:49,335 အဲဒီရလဒ်တွေကို ယုံကြည့်ဖို့တောင် လွယ်မှာ မဟုတ်ပါဘူး။ 173 00:08:49,335 --> 00:08:52,384 စိတ်ကူးဖို့ မလွယ်ပေမဲ့ Uncle Bernie နဲ့ သူ့မိတ်ဆွေတွေဟာ 174 00:08:52,384 --> 00:08:55,840 လက်ရှိ အချိန်မှာ FBI ထံမှာ ရှိနေတဲ့ DNA အခြေပြု ပြစ်မှုစူးစမ်းရှာဖွေရေး 175 00:08:55,864 --> 00:08:59,423 အလားအလာတွေထက်တောင် များစွာ သာလွန်မှာပါ။ 176 00:08:59,502 --> 00:09:02,750 ကျုပ်တို့က DNA ကို ကြီးမားတဲ့ မိသားစု ပင်စည် ပေါ်ကို တင်ပေးလိုက်ရင်၊ 177 00:09:02,750 --> 00:09:05,081 အလင်းတန်းလေးကို တီထွင်ပေးတာနဲ့ တူပါတယ်၊ 178 00:09:05,081 --> 00:09:08,065 ၎င်းဟာ ဝေးလံတဲ့ ဆွေမျိုးသားချင်း ရာချီတို့ကို လင်းလက်လာစေပါမယ်။ 179 00:09:08,089 --> 00:09:11,579 ခုနက DNA မှ အစပြုလာခဲ့ကြတဲ့ လူတွေကို ဆက်စပ်ပြသပေးပါမယ်။ 180 00:09:11,635 --> 00:09:15,418 အဲဒီလို အလင်းတန်း အများကြီးကို ကြီးမားတဲ့ မိသားစုပင်စည် ပေါ်ကို တင်ပေးလိုက်ရင်၊ 181 00:09:15,442 --> 00:09:19,162 ကိုယ် လုံးဝမသိရသေးသူရဲ့ DNA ကို တြိဂံပုံဖွဲ့ တိုင်းနိုင်ပါတယ်။ 182 00:09:19,186 --> 00:09:23,124 GPS စနစ်က ဂြိုဟ်တုအများအပြားကို သုံးပြီး 183 00:09:23,148 --> 00:09:24,472 တည်နေရာကို ရှာဖွေသလိုပါပဲ။ 184 00:09:25,226 --> 00:09:28,850 ဒီနည်းပညာ စွမ်းဖက်ပုံ အထင်ရှားဆုံး အဓိကက 185 00:09:28,874 --> 00:09:31,549 Golden State Killer လို့ နာမည်ပေးခံခဲ့ရတဲ့ 186 00:09:32,612 --> 00:09:37,140 အမေရိက သမိုင်းထဲက နာမည်အဆိုးဆုံး လူသတ်သမားကို ဖမ်းနိုင်ခဲ့ခြင်းပါပဲ။ 187 00:09:37,164 --> 00:09:42,948 FBI ဟာ အဲဒီလူကို ဖမ်းဖို့ ရှာကြံနေခဲ့တာ နှစ်ပေါင်း 40 ကျော်ခဲ့တယ်။ 188 00:09:42,948 --> 00:09:45,583 သူတို့ဆီမှာ အဲဒီလူရဲ့ DNA တောင် သူတို့ဆီမှာ ရှိခဲ့တယ်၊ 189 00:09:45,583 --> 00:09:48,797 ဒါပေမဲ့ သူ့ကို ဘယ်လိုမှ ခြေရာခံ မရခဲ့ပါ။ 190 00:09:49,447 --> 00:09:54,159 လွန်ခဲ့တဲ့တစ်နှစ်လောက်က၊ FBI က မျိုးရိုးဗီဇပညာရှင်နဲ့ 191 00:09:54,183 --> 00:09:58,047 လာတိုင်ပင်ခဲ့လို့ သူတို့ရဲ့ DNA ကို ဆွေစဉ်ကားချပ် ဝန်ဆောင်မှုသို့ 192 00:09:58,047 --> 00:10:01,055 တင်ပေးပြီး ဝေးလံတဲ့ ဆွေမျိုးတွေကို ရှာကြည့်ရန် အကြံပေးခဲ့ကြတယ်။ 193 00:10:01,117 --> 00:10:02,693 သူတို့ အဲဒီလို ပြုလုပ်ခဲ့ကြလို့၊ 194 00:10:02,693 --> 00:10:05,989 Golden State Killer နဲ့ တတိယဝမ်းကွဲ တော်သူကို ရှာတွေ့ခဲ့တယ်။ 195 00:10:06,013 --> 00:10:08,517 သူတို့ဟာ ကြီးမားတဲ့မိသားစု ပင်စည်ကို ရေးဆွဲခဲ့ကြတယ်၊ 196 00:10:08,517 --> 00:10:10,953 ပင်စည်ရဲ့ အကိုင်းမျိုးစုံကို ဆန်းစစ် လေ့လာခဲ့ကြတယ်၊ 197 00:10:10,953 --> 00:10:13,072 နောက်ဆုံးမှာတော့ သူတို့ အတိအကျ သိခဲ့ကြတဲ့ 198 00:10:13,096 --> 00:10:15,677 Golden State Killer ကို တွေ့ခဲ့ကြတဲ့ အထိပါပဲ။ 199 00:10:15,701 --> 00:10:19,293 သူတို့ဟာ အဲဒီလူဆီကနေပြီး DNA ကို ရယူခဲ့ကြရာ သူတို့လက်ထဲမှာ ရှိနေခဲ့တဲ့ 200 00:10:19,317 --> 00:10:20,886 DNA နဲ့ ကွက်တိကိုက်နေခဲ့တယ်။ 201 00:10:20,886 --> 00:10:24,576 အဲဒါနဲ့ သူတို့ဟာ သူ့ကို ဖမ်းနိုင်ခဲ့ပြီး နှစ်ပေါင်း များစွာကြာပြီးတဲ့ နောက်မှာ 202 00:10:24,576 --> 00:10:26,204 တရားစီရင်နိုင်ခဲ့ကြတယ်။ 203 00:10:26,204 --> 00:10:29,413 အဲဒီအချိန်ကစလျက် မျိုးရိုးဗီဇ ဆွေစဉ်ကားချပ် ပညာရှင်များဟာ 204 00:10:29,437 --> 00:10:32,105 ဒေသခံ အမေရိကန်ဥပဒေ စိုးမိုးရေးအေဂျင်စီများနဲ့ 205 00:10:32,129 --> 00:10:35,491 လက်တွဲလျက် ရာဇဝတ်ကောင်တွေကို ဖမ်းနိုင်ရန် အဲဒီနည်းပညာကို သုံးနေကြပါပြီ။ 206 00:10:35,521 --> 00:10:38,202 လွန်ခဲ့တဲ့ ခြောက်လ ကာလအတွင်းမှာကို 207 00:10:38,226 --> 00:10:42,522 သူတို့ရဲ့ နည်းကို သုံးပြီး နှစ်များစွာကြာ အမှုဟေင်း ၂၀ ကို ဖြေရှင်းပေးနိုင်ခဲ့ကြတယ်။ 208 00:11:03,647 --> 00:11:05,250 ကျေးဇူးအများကြီးတင်ပါတယ်။