Yellowstone Caldera ရှိ ရေပူစမ်းတွေရဲ့ အောက်ပိုင်း နက်ရှိုင်းတဲ့ နေရာမှာ ကမ္ဘာ့ကြားလွှာထဲက ပူပြင်းတဲ့နေရာတွင် ကျောက်ရည်ပူတွေ ရှိနေပါတယ်။ ကျောက်ရည်ပူဟာ ကမ္ဘာမြေမျက်နှာပြင်ဆီသို့ ရွေ့လျားလာတာနဲ့ ၎င်းဟာ မီးသင့်ကျောက်များအဖြစ် ပြောင်းလဲ သွားမယ့် ပုံဆောင်ခဲတွေကို ဖန်တီးပေးပါတယ်။ အဲဒီကျောက်တွေထံမှ အပူဓာတ်က မြေအောက်ရေကို မျက်နှာပြင်ဆီသို့ မောင်းနှင်ပေးပါတယ်။ ရေဟာ အေးလာရင် အိုင်းယွန်းတွေဟာ ဓာတ်သတ္ထု ပုံဆောင်ခဲများ အဖြစ် အံထုတ်ခံကြရလို့ ဆီလီကွန်နဲ့ အောက်ဆီဂျင်တို့မှ သလင်းကျောက် ပုံဆောင်ခဲများ၊ ပိုတက်စီယမ်၊ လူမီနီယမ်၊ ဆီလီကွန်နဲ့ အောက်စီဂျင်တို့မှ ​မျောကျောက်၊ ခဲနဲ့ ဆာလဖာမှ galena ကျောက်တို့ ပေါ်လာကြတာပါ။ အဲဒီပုံဆောင်ခဲ အများအပြားတို့ဆီမှာ ပင်ကိုယ် ပုံစံများ ရှိကြပါတယ်-- ဒီလို ချွန်ထွက်နေကြတဲ့ သလင်းကျောက် ဒါမှမဟုတ် galena ကုဗတုံးတွေကို ကြည့်ကြပါ။ ၎င်းတို့ အဲဒီလို ပုံစံမျိုးလို ထပ်တလဲလဲ ပုံဆောင်လာရတဲ့ အကြောင်းရင်းက ဘာလဲ။ သူတို့ရဲ့ အက်တမ်တွေထဲမှာ အဲဒါရဲ့ အဖြေ တစ်စိတ်တစ်ပိုင်း ရနိုင်ပါတယ်။ ပုံဆောင်ခဲတိုင်းရဲ့ အက်တမ်တွေကို ထပ်နေတဲ့ ပုံစံ အဆင့်မြင့်စွာဖြင့် စည်းရုံးထားပါတယ်။ အဲဒီပုံသဏ္ဍာန်ကမှ ပုံဆောင်ခဲတစ်ခုကို ပုံသွင်းဆုံးဖြတ်ပေးတာပါ၊ ဓာတ်သတ္တုတွေနဲ့သာ ကန့်သတ်မထားဘဲ၊ သဲ၊ ရေခဲ၊ သကြား၊ ချောကလက်၊ ကြွေထည်၊ သတ္တု၊ DNA နဲ့ အရည်တချို့တောင် ပုံဆောင်ခဲလို ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ ပုံဆောင်ခဲပွင့် တစ်ခုစီရဲ့ အက်တမ် စီအဉ်ထားပုံဟာ ကွဲပြားကြတဲ့ မိသားစုခြောက်ခုထဲ အကျုံးဝင်ပါတယ်- ကုဗ၊ tetragonal၊ orthorhombic၊ monoclinic၊ triclinic နဲ့ hexagonal ပါ။ အခြေအနေတွေ သင့်တော်ကြမယ် ဆိုရင်၊ ပုံဆောင်ခဲတွေဟာ ၎င်းတို့ရဲ့ အက်တမ်များ ဖွဲ့စည်းထားပုံကို ထင်ဟပ်တဲ့ ဂျီ ဩမေတြီပုံစံအဖြစ် ကြီးထွားလာတတ်တယ်။ ခဲနှင့်ဆာလဖာ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကုဗပုံကို ဆောင်တဲ့ galena ကို ယူကြည့်ပါ။ ပိုကြီးကြတဲ့ ခဲအက်တမ်တွေကို ရုပ်လုံးကြွပုံမျိုး၊ တစ်ခုနဲ့တစ်ခု ၉၀ ဒီ၈ရီ ကျနေအောင် ဖွဲ့စည်းထားပြီး ပိုသေးကြတဲ့ ဆာလဖာအက်တမ်တွေကျတော့ ၎င်းတို့ အကြားမှာ နေရာယူကြတယ်။ ပုံဆောင်ခဲ ကြီးပြင်းလာရာတွင် ဒီလိုနေရာတွေက ဆာလဖာ အက်တမ်တွေကို ဆွဲဆောင်ချိန်မှာ ခဲဟာ အဲဒီနေရာတွေကို ဝိုင်းပတ်ဖို့ ကြိုးစားလိမ့်မယ်။ နောက်ဆုံးတွင် အက်တမ်တွေနဲ့ ပြည့်နေတဲ့ အရစ်ပေါ်လာမှာပါ။ galena ပုံဆောင်ခဲရဲ့ ဖွဲ့စည်းပုံထဲက ၉၀ ဒီဂရီ ပုံစံကိုဆို မြင်ရတဲ့ ပုံသဏ္ဍာန်ထဲမှာ ရောင်ပြန်ဟပ်တာ အဲဒါကြောင့်ပါ။ သလင်းကျောက်ကျတော့ hexagonal ပုံဆောင်ခဲမျိုးပါ။ မျက်နှာပြင် တစ်ခုပေါ်တွင် အက်တမ်တွေ hexagon ပုံစံမျိုး စီစဉ်ထားမယ် သဘောပါ။ ဖက်သုံးဖက်မှ ကြည့်ပါက၊ အဲဒီ hexagon တွေဟာ အချင်းချင်း ချိတ်ဆက်နေတဲ့ ပိရမစ်တွေ ပါပြီး ဆီလီကွန်အက်တမ်တစ်ခုနဲ့ အောက်စီဂျင်အက်တမ် လေးခုဖြင့် ဖွဲ့စည်းထားတာပါ။ ဒီလိုနည်းဖြင့် သလင်းကျောက်ရဲ့ ပင်ကိုယ် ပုံသဏ္ဍာန်ဟာ ဘက်ခြေက်ဘက်ပါတဲ့ တိုင်ဖြစ်ပြီး ထိပ်ဟာ ချွန်နေတတ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး ပုံဆောင်ခဲ အများစုတို့ဟာ များပြားတဲ့ ဂြီဩမေတြီ ပုံစံတွေကို ဆောင်ယူတတ်ကြတယ်။ ဥပမာ၊ ကမ္ဘာဂြိုဟ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ဖြစ်ပေါ်လာတတ်တဲ့ စိန်ပွင့်ဟာ ကုဗပုံမျိုး ဆ​ောင်ပြီး ကုဗတုံး ဒါမှမဟုတ် octahedron အဖြစ် ပုံဆောင်နိုင်ပါတယ်။ စိန်ပွင့်တစ်ပွင့်ဟာ ဘယ်လိုပုံမျိုး ကြီးထွားလာမယ် ဆိုတာက ၎င်းပေါ်ပေါက်လာတဲ့ နေရာရဲ့ ဖိအား၊ အပူချိန်နဲ့ ဓာတုပတ်ဝန်းကျင်တို့ အပါအဝင် အခြေအနေတွေ ပေါ်မှာ မူတည်ပါတယ်။ ကမ္ဘာကြားလွှာ အခြေအနေမျိုးထဲမှာ ကြီးထွား လာမှုကို ကျွန်မတို့ ကြည့်မရဘူး ဆိုတော့ ဓာတ်ခွဲခန်း စမ်းသပ်ချက်အချို့ ထောက်ပြနေကြတာက အပူချိန် နိမ့်ရင် စိန်တွေဟာ ကုဗပုံစံ ဆောင်နိုင်ပြီး အပူချိန်မြင့်ရင် octahedron ပုံကို ဆောင်ကြပါတယ်။ ရေ၊ ဆီလီကွန်၊ ဂျာမေနီယမ်၊ မဂ္ဂနီစီယမ် ပါဝင်မှုကလည်း စိန်ရဲ့ ပုံသဏ္ဍာန်အပေါ် သက်ရောက်မှု ရှိနိုင်တယ်။ စိန်ဟာ ဘယ်တော့မှာမှ ရတနာဆိုင်တွေမှာ မြင်ကြ ရတဲ့ ပုံစံမျိုး ပေါ်ထွန်းမလာပါဘူး-- ဆိုင်ထဲက စိန်ပွင့်တွေကို တောက်ပစေရန်နဲ့ ကြည်လင်ရန် ဖြတ်တောက် သွေးပေးကြရတယ်။ ပုံဆောင်ခဲတွေ ပေါ်ထွန်းလာမလား မလာဘူးလားဟာ ပတ်ဝန်းကျင် အခြေအနေနဲ့ ဆိုင်နိုင်ပါတယ်။ ဖန်ကို သလင်းကျောက်ကို အရည်ဖျော် ရယူကြရတယ်၊ ဒါပေမဲ့ ဖန်ဟာ ပုံဆောင်ခဲ မဟုတ်ပါဘူး။ ဖန်ဟာ အတော်လေး အအေးမြန်တဲ့ အတွက် အက်တမ်တွေဟာ သလင်းကျောက် ပုံဆောင်ခဲမျိုး အဖြစ် စနစ်တကျ ဖွဲ့စည်းဖြစ်ဖို့ အချိန်မရလို့ပါ။ အဲဒီအစား အရည်ပျော်နေခဲ့တဲ့ ဖန်ထဲက အက်တမ် တွေ ဖွဲ့စည်းထားမှုဟာ ကျပန်းပုံစံဖြစ်ပြီး အေးလာစဉ် ပိတ်မိလျက်သာ ဖြစ်သွားခဲ့တာပါ။ ပုံဆောင်ခဲ အများအပြားဟာ ပုံဆောင်ခဲတွေနဲ့ ကျဉ်းကျပ်နေတဲ့ အခြေအနေထဲ ကြီးလာရလို့ ဂြီဩ​ေမေတြီ ပုံစံကို မဆောင်နိုင်ကြပါဘူး။ နှမ်းဖတ်ကျောက်လို ကျောက်တွေဟာ ပုံဆောင်ခဲတွေနဲ့ ပြည့်နေကြပေမဲ့ သိမှတ်ဖို့လွယ်တဲ့ ပုံသဏ္ဍာတွေ မတွေ့ရပါ။ ကျောက်ရည်ပူက အေးလာပြီး မာကျောလာချိန်မှာ ဓာတ်သတ္ထုတွေ အပြိုင်အဆိုင် လျင်မြန်စွာ ပုံဆောင်ခဲ ဖြစ်လာလို့ နေရာလွတ် မကျန်ခဲ့ပါ။ ပြီးတော့ စိမ်းပြာရောင်ကျောက်လို ပုံဆောင်ခဲတွေကျတော့ အခြေအနေ အများစုထဲမှာ နေရာရှိနေတောင်မှ သိသာမြင်ရနိုင်တဲ့ ဂြီဩမေတြီ ပုံစံကို မဆောင်တတ်ကြတာ တွေ့ရပါတယ်။ ပုံဆောင်ခဲတိုင်းရဲ့ အက်တမ် ဖွဲ့စည်းထားမှုက တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပြီး အဲဒီဂုဏ်သတ္တိတွေ လူသားရဲ့ စိတ်ပိုင်း လိုအပ်ချက်နဲ့ မဆက်စပ်ဘူးလို့ ထင်ရပေမဲ့၊ ပစ္စည်းများဆိုင်ရာ သိပ္ပံပညာနဲ့ ဆေးပညာထဲ ၎င်းတို့ကို များစွာမှ အသုံးပြုနေကြရပါတယ်။