0:00:06.886,0:00:11.216 Yellowstone Caldera ရှိ ရေပူစမ်းတွေရဲ့[br]အောက်ပိုင်း နက်ရှိုင်းတဲ့ နေရာမှာ 0:00:11.216,0:00:16.184 ကမ္ဘာ့ကြားလွှာထဲက ပူပြင်းတဲ့နေရာတွင်[br]ကျောက်ရည်ပူတွေ ရှိနေပါတယ်။ 0:00:16.184,0:00:19.077 ကျောက်ရည်ပူဟာ ကမ္ဘာမြေမျက်နှာပြင်ဆီသို့ [br]ရွေ့လျားလာတာနဲ့ 0:00:19.077,0:00:23.337 ၎င်းဟာ မီးသင့်ကျောက်များအဖြစ် ပြောင်းလဲ[br]သွားမယ့် ပုံဆောင်ခဲတွေကို ဖန်တီးပေးပါတယ်။ 0:00:23.337,0:00:27.392 အဲဒီကျောက်တွေထံမှ အပူဓာတ်က မြေအောက်ရေကို[br]မျက်နှာပြင်ဆီသို့ မောင်းနှင်ပေးပါတယ်။ 0:00:27.392,0:00:32.882 ရေဟာ အေးလာရင် အိုင်းယွန်းတွေဟာ ဓာတ်သတ္ထု[br]ပုံဆောင်ခဲများ အဖြစ် အံထုတ်ခံကြရလို့ 0:00:32.882,0:00:36.876 ဆီလီကွန်နဲ့ အောက်ဆီဂျင်တို့မှ [br]သလင်းကျောက် ပုံဆောင်ခဲများ၊ 0:00:36.876,0:00:41.886 ပိုတက်စီယမ်၊ လူမီနီယမ်၊ ဆီလီကွန်နဲ့[br]အောက်စီဂျင်တို့မှ ​မျောကျောက်၊ 0:00:41.886,0:00:44.646 ခဲနဲ့ ဆာလဖာမှ galena ကျောက်တို့ [br]ပေါ်လာကြတာပါ။ 0:00:44.646,0:00:47.736 အဲဒီပုံဆောင်ခဲ အများအပြားတို့ဆီမှာ[br]ပင်ကိုယ် ပုံစံများ ရှိကြပါတယ်-- 0:00:47.736,0:00:51.736 ဒီလို ချွန်ထွက်နေကြတဲ့ သလင်းကျောက်[br]ဒါမှမဟုတ် galena ကုဗတုံးတွေကို ကြည့်ကြပါ။ 0:00:51.736,0:00:55.721 ၎င်းတို့ အဲဒီလို ပုံစံမျိုးလို ထပ်တလဲလဲ [br]ပုံဆောင်လာရတဲ့ အကြောင်းရင်းက ဘာလဲ။ 0:00:55.721,0:01:00.013 သူတို့ရဲ့ အက်တမ်တွေထဲမှာ အဲဒါရဲ့ အဖြေ[br]တစ်စိတ်တစ်ပိုင်း ရနိုင်ပါတယ်။ 0:01:00.013,0:01:04.933 ပုံဆောင်ခဲတိုင်းရဲ့ အက်တမ်တွေကို ထပ်နေတဲ့[br]ပုံစံ အဆင့်မြင့်စွာဖြင့် စည်းရုံးထားပါတယ်။ 0:01:04.933,0:01:08.508 အဲဒီပုံသဏ္ဍာန်ကမှ ပုံဆောင်ခဲတစ်ခုကို [br]ပုံသွင်းဆုံးဖြတ်ပေးတာပါ၊ 0:01:08.508,0:01:10.518 ဓာတ်သတ္တုတွေနဲ့သာ ကန့်သတ်မထားဘဲ၊ 0:01:10.518,0:01:15.758 သဲ၊ ရေခဲ၊ သကြား၊ ချောကလက်၊[br]ကြွေထည်၊ သတ္တု၊ DNA နဲ့ 0:01:15.758,0:01:19.679 အရည်တချို့တောင် ပုံဆောင်ခဲလို[br]ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ 0:01:19.679,0:01:22.459 ပုံဆောင်ခဲပွင့် တစ်ခုစီရဲ့[br]အက်တမ် စီအဉ်ထားပုံဟာ 0:01:22.459,0:01:25.699 ကွဲပြားကြတဲ့ မိသားစုခြောက်ခုထဲ[br]အကျုံးဝင်ပါတယ်- 0:01:25.699,0:01:32.319 ကုဗ၊ tetragonal၊ orthorhombic၊[br]monoclinic၊ triclinic နဲ့ hexagonal ပါ။ 0:01:32.319,0:01:34.359 အခြေအနေတွေ သင့်တော်ကြမယ် ဆိုရင်၊ 0:01:34.359,0:01:37.009 ပုံဆောင်ခဲတွေဟာ ၎င်းတို့ရဲ့[br]အက်တမ်များ ဖွဲ့စည်းထားပုံကို 0:01:37.009,0:01:39.699 ထင်ဟပ်တဲ့ ဂျီ ဩမေတြီပုံစံအဖြစ်[br]ကြီးထွားလာတတ်တယ်။ 0:01:39.699,0:01:44.579 ခဲနှင့်ဆာလဖာ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ [br]ကုဗပုံကို ဆောင်တဲ့ galena ကို ယူကြည့်ပါ။ 0:01:44.579,0:01:46.622 ပိုကြီးကြတဲ့ ခဲအက်တမ်တွေကို 0:01:46.622,0:01:50.932 ရုပ်လုံးကြွပုံမျိုး၊ တစ်ခုနဲ့တစ်ခု[br]၉၀ ဒီ၈ရီ ကျနေအောင် ဖွဲ့စည်းထားပြီး 0:01:50.932,0:01:55.662 ပိုသေးကြတဲ့ ဆာလဖာအက်တမ်တွေကျတော့[br]၎င်းတို့ အကြားမှာ နေရာယူကြတယ်။ 0:01:55.662,0:02:00.174 ပုံဆောင်ခဲ ကြီးပြင်းလာရာတွင် ဒီလိုနေရာတွေက[br]ဆာလဖာ အက်တမ်တွေကို ဆွဲဆောင်ချိန်မှာ 0:02:00.174,0:02:03.656 ခဲဟာ အဲဒီနေရာတွေကို[br]ဝိုင်းပတ်ဖို့ ကြိုးစားလိမ့်မယ်။ 0:02:03.656,0:02:07.096 နောက်ဆုံးတွင် အက်တမ်တွေနဲ့ [br]ပြည့်နေတဲ့ အရစ်ပေါ်လာမှာပါ။ 0:02:07.096,0:02:11.236 galena ပုံဆောင်ခဲရဲ့ ဖွဲ့စည်းပုံထဲက[br]၉၀ ဒီဂရီ ပုံစံကိုဆို 0:02:11.236,0:02:14.593 မြင်ရတဲ့ ပုံသဏ္ဍာန်ထဲမှာ [br]ရောင်ပြန်ဟပ်တာ အဲဒါကြောင့်ပါ။ 0:02:14.593,0:02:17.973 သလင်းကျောက်ကျတော့[br]hexagonal ပုံဆောင်ခဲမျိုးပါ။ 0:02:17.973,0:02:22.103 မျက်နှာပြင် တစ်ခုပေါ်တွင် အက်တမ်တွေ [br]hexagon ပုံစံမျိုး စီစဉ်ထားမယ် သဘောပါ။ 0:02:22.103,0:02:27.564 ဖက်သုံးဖက်မှ ကြည့်ပါက၊ အဲဒီ hexagon တွေဟာ[br]အချင်းချင်း ချိတ်ဆက်နေတဲ့ ပိရမစ်တွေ ပါပြီး 0:02:27.564,0:02:31.794 ဆီလီကွန်အက်တမ်တစ်ခုနဲ့ အောက်စီဂျင်အက်တမ် [br]လေးခုဖြင့် ဖွဲ့စည်းထားတာပါ။ 0:02:31.794,0:02:34.171 ဒီလိုနည်းဖြင့် သလင်းကျောက်ရဲ့[br]ပင်ကိုယ် ပုံသဏ္ဍာန်ဟာ 0:02:34.171,0:02:39.571 ဘက်ခြေက်ဘက်ပါတဲ့ တိုင်ဖြစ်ပြီး [br]ထိပ်ဟာ ချွန်နေတတ်ပါတယ်။ 0:02:39.571,0:02:41.691 ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး 0:02:41.691,0:02:46.111 ပုံဆောင်ခဲ အများစုတို့ဟာ များပြားတဲ့[br]ဂြီဩမေတြီ ပုံစံတွေကို ဆောင်ယူတတ်ကြတယ်။ 0:02:46.111,0:02:50.041 ဥပမာ၊ ကမ္ဘာဂြိုဟ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ[br]ဖြစ်ပေါ်လာတတ်တဲ့ စိန်ပွင့်ဟာ 0:02:50.041,0:02:55.701 ကုဗပုံမျိုး ဆ​ောင်ပြီး ကုဗတုံး ဒါမှမဟုတ်[br]octahedron အဖြစ် ပုံဆောင်နိုင်ပါတယ်။ 0:02:55.701,0:02:58.301 စိန်ပွင့်တစ်ပွင့်ဟာ ဘယ်လိုပုံမျိုး[br]ကြီးထွားလာမယ် ဆိုတာက 0:02:58.301,0:03:01.491 ၎င်းပေါ်ပေါက်လာတဲ့ နေရာရဲ့ [br]ဖိအား၊ အပူချိန်နဲ့ ဓာတုပတ်ဝန်းကျင်တို့ 0:03:01.491,0:03:05.121 အပါအဝင် အခြေအနေတွေ ပေါ်မှာ မူတည်ပါတယ်။ 0:03:05.121,0:03:09.128 ကမ္ဘာကြားလွှာ အခြေအနေမျိုးထဲမှာ ကြီးထွား[br]လာမှုကို ကျွန်မတို့ ကြည့်မရဘူး ဆိုတော့ 0:03:09.128,0:03:11.868 ဓာတ်ခွဲခန်း စမ်းသပ်ချက်အချို့[br]ထောက်ပြနေကြတာက 0:03:11.868,0:03:15.838 အပူချိန် နိမ့်ရင် စိန်တွေဟာ[br]ကုဗပုံစံ ဆောင်နိုင်ပြီး 0:03:15.838,0:03:19.026 အပူချိန်မြင့်ရင် octahedron ပုံကို[br]ဆောင်ကြပါတယ်။ 0:03:19.026,0:03:23.496 ရေ၊ ဆီလီကွန်၊ ဂျာမေနီယမ်၊ [br]မဂ္ဂနီစီယမ် ပါဝင်မှုကလည်း 0:03:23.496,0:03:26.646 စိန်ရဲ့ ပုံသဏ္ဍာန်အပေါ် [br]သက်ရောက်မှု ရှိနိုင်တယ်။ 0:03:26.646,0:03:31.256 စိန်ဟာ ဘယ်တော့မှာမှ ရတနာဆိုင်တွေမှာ မြင်ကြ[br]ရတဲ့ ပုံစံမျိုး ပေါ်ထွန်းမလာပါဘူး-- 0:03:31.256,0:03:36.474 ဆိုင်ထဲက စိန်ပွင့်တွေကို တောက်ပစေရန်နဲ့[br]ကြည်လင်ရန် ဖြတ်တောက် သွေးပေးကြရတယ်။ 0:03:36.474,0:03:41.251 ပုံဆောင်ခဲတွေ ပေါ်ထွန်းလာမလား မလာဘူးလားဟာ[br]ပတ်ဝန်းကျင် အခြေအနေနဲ့ ဆိုင်နိုင်ပါတယ်။ 0:03:41.251,0:03:43.846 ဖန်ကို သလင်းကျောက်ကို အရည်ဖျော် ရယူကြရတယ်၊ 0:03:43.846,0:03:45.686 ဒါပေမဲ့ ဖန်ဟာ ပုံဆောင်ခဲ မဟုတ်ပါဘူး။ 0:03:45.686,0:03:48.706 ဖန်ဟာ အတော်လေး အအေးမြန်တဲ့ အတွက် 0:03:48.706,0:03:51.646 အက်တမ်တွေဟာ သလင်းကျောက် ပုံဆောင်ခဲမျိုး 0:03:51.646,0:03:54.456 အဖြစ် စနစ်တကျ ဖွဲ့စည်းဖြစ်ဖို့[br]အချိန်မရလို့ပါ။ 0:03:54.456,0:03:58.286 အဲဒီအစား အရည်ပျော်နေခဲ့တဲ့ ဖန်ထဲက အက်တမ်[br]တွေ ဖွဲ့စည်းထားမှုဟာ ကျပန်းပုံစံဖြစ်ပြီး 0:03:58.286,0:04:00.116 အေးလာစဉ် ပိတ်မိလျက်သာ ဖြစ်သွားခဲ့တာပါ။ 0:04:00.116,0:04:03.746 ပုံဆောင်ခဲ အများအပြားဟာ ပုံဆောင်ခဲတွေနဲ့[br]ကျဉ်းကျပ်နေတဲ့ အခြေအနေထဲ ကြီးလာရလို့ 0:04:03.746,0:04:07.856 ဂြီဩ​ေမေတြီ ပုံစံကို မဆောင်နိုင်ကြပါဘူး။ 0:04:07.856,0:04:10.809 နှမ်းဖတ်ကျောက်လို ကျောက်တွေဟာ[br]ပုံဆောင်ခဲတွေနဲ့ ပြည့်နေကြပေမဲ့ 0:04:10.809,0:04:13.379 သိမှတ်ဖို့လွယ်တဲ့ ပုံသဏ္ဍာတွေ မတွေ့ရပါ။ 0:04:13.379,0:04:15.539 ကျောက်ရည်ပူက အေးလာပြီး မာကျောလာချိန်မှာ 0:04:15.539,0:04:21.249 ဓာတ်သတ္ထုတွေ အပြိုင်အဆိုင် လျင်မြန်စွာ [br]ပုံဆောင်ခဲ ဖြစ်လာလို့ နေရာလွတ် မကျန်ခဲ့ပါ။ 0:04:21.249,0:04:23.881 ပြီးတော့ စိမ်းပြာရောင်ကျောက်လို[br]ပုံဆောင်ခဲတွေကျတော့ 0:04:23.881,0:04:28.891 အခြေအနေ အများစုထဲမှာ နေရာရှိနေတောင်မှ[br]သိသာမြင်ရနိုင်တဲ့ ဂြီဩမေတြီ ပုံစံကို 0:04:28.891,0:04:30.534 မဆောင်တတ်ကြတာ တွေ့ရပါတယ်။ 0:04:30.534,0:04:34.204 ပုံဆောင်ခဲတိုင်းရဲ့ အက်တမ် ဖွဲ့စည်းထားမှုက[br]တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပြီး 0:04:34.204,0:04:39.134 အဲဒီဂုဏ်သတ္တိတွေ လူသားရဲ့ စိတ်ပိုင်း[br]လိုအပ်ချက်နဲ့ မဆက်စပ်ဘူးလို့ ထင်ရပေမဲ့၊ 0:04:39.134,0:04:44.204 ပစ္စည်းများဆိုင်ရာ သိပ္ပံပညာနဲ့ ဆေးပညာထဲ[br]၎င်းတို့ကို များစွာမှ အသုံးပြုနေကြရပါတယ်။