Return to Video

Figuring out angles between transversal and parallel lines

  • 0:00 - 0:01
    .
  • 0:01 - 0:03
    မျဉ်းပြိုင် နှစ်ကြောင်း ရှိတယ် ဆိုပါစို့။
  • 0:03 - 0:06
    ဒီမှာ တစ်ကြောင်း၊
  • 0:06 - 0:08
    ပထမ မျဉ်းကို ပြိုင်တဲ့
  • 0:08 - 0:10
    နောက် တစ်ကြောင်းကို
  • 0:10 - 0:12
    တတ်နိုင်သမျှ ပြိုင်အောင် ဆွဲမယ်။
  • 0:12 - 0:13
    ဒီမျဉ်း နှစ်ကြောင်း ပြိုင်နေပြီ။
  • 0:13 - 0:15
    ဒီသင်္ကေတက
  • 0:15 - 0:18
    မျဉ်းနှစ်ကြောင်း ပြိုင်တာ ပြတယ်။
  • 0:18 - 0:20
    အခု ဖြတ်မျဉ်း တစ်ကြောင်း ဆွဲမယ်။
  • 0:20 - 0:22
    ဖြတ်မျဉ်း တစ်ကြောင်း ဆွဲမယ်။
  • 0:22 - 0:25
    ဒါလည်း မျဉ်းဖြောင့်ပဲ
  • 0:25 - 0:30
    ဒီထောင့်ရဲ့ အတိုင်းအတာက
  • 0:30 - 0:33
    ၁၁၀ ဒီဂရီ ရှိတယ် ဆိုရင်
  • 0:33 - 0:37
    တခြား ဘယ်ထောင့်တွေကို သိနိုင်မလည်း။
  • 0:37 - 0:39
    ပထမဆုံး သိနိုင်တာက
  • 0:39 - 0:41
    သက်ဆိုင်ထောင့်တွေဟာ တူကြတယ်။
  • 0:41 - 0:44
    ဒီမျဉ်းပြိုင် မျဉ်းနဲ့
  • 0:44 - 0:45
    ဖြတ်မျဉ်း ကြားထောင့်ဟာ
  • 0:45 - 0:47
    ဒီမျဉ်းပြိုင် ဖြတ်မျဉ်း ကြားထောင့်နဲ့
  • 0:47 - 0:49
    တူတယ်။
  • 0:49 - 0:53
    ဒါကြောင့် ဒီထောင့်လည်း ၁၁၀ ဒီဂရီပဲ။
  • 0:53 - 0:56
    ထိပ်ဆိုင်ထောင့်တွေဟာ တူကြတယ်ဆိုတော့
  • 0:56 - 0:58
    ဒီထောင့်က ၁၁၀ ဒီဂရီဆိုရင်
  • 0:58 - 1:01
    ဒီဆုံမှတ်ရဲ့ တဖက်က ဒီထောင့်လည်း
  • 1:01 - 1:03
    ၁၁၀ ဒီဂရီ ဖြစ်ရမယ်။
  • 1:03 - 1:05
    ဒီယုတ္တိ အရ
  • 1:05 - 1:06
    ဒီထောင့်က ၁၁၀ ဒီဂရီဆိုရင်
  • 1:06 - 1:09
    ဒီထောင့်လည်း ၁၁၀ ဒီဂရီပဲ။
  • 1:09 - 1:10
    ဒီထောင့်ဟာ ဒီမှာရှိတဲ့ ထောင့်ရဲ့
  • 1:10 - 1:13
    သက်ဆိုင်ထောင့် ဖြစ်တာကြောင့်
  • 1:13 - 1:17
    တူကြတယ်လို့ ပြောနိုင်တယ်။
  • 1:17 - 1:19
    ကဲ၊ တခြား ထောင့်တွေ အတွက်ကော?
  • 1:19 - 1:23
    ဒီထောင့်ရဲ့ အပြင်မျဉ်းတန်းဟာ
  • 1:23 - 1:25
    ဒီမှာရှိတဲ့ ထောင့်နဲ့
  • 1:25 - 1:27
    မျဉ်းတဆက်ထည်းလို့ ဆိုနိုင်တယ်။
  • 1:27 - 1:31
    ဒီပန်းရောင်ထောင့်ဟာ ဒီ ၁၁၀ ဒီဂရီထောင့်ရဲ့ ဖြည့်ဖက်ပဲ။
  • 1:31 - 1:36
    ဒါကြောင့် ပန်းရောင်ထောင့်နဲ့ ၁၁၀ ပေါင်းရင် ၁၈၀ ဖြစ်ရမယ်။
  • 1:36 - 1:40
    ဒီလိုနဲ့ ပန်းရောင်ထောင့်ဟာ ၇၀ လို့ သိနိုင်တယ်။
  • 1:40 - 1:43
    ပြီးတော့ ဒီထောင့်နဲ့ ထိပ်ဆိုင်ထောင့် ဖြစ်တဲ့တွက်
  • 1:43 - 1:46
    ဒီထောင့်လည်း ၇၀ ဖြစ်ရမယ်။
  • 1:46 - 1:51
    ဒီပြိုင်မျဉ်းရဲ့အောက်ဖက်
  • 1:51 - 1:54
    ဖြတ်မျဉ်းရဲ့ ဘယ်ဖက်က ထောင့်ဟာ
  • 1:54 - 1:57
    ဒီဘယ်ဖက်အောက်က ထောင့်နဲ့ သက်ဆိုင်တယ်။
  • 1:57 - 1:58
    ဒါကြောင့် ဒီထောင့်လည်း ၇၀ ပဲ။
  • 1:58 - 2:00
    နောက်တမျိုး ပြောလို့ရတာက
  • 2:00 - 2:04
    ဒီထောင့်ဟာ ဟောဒီ ထောင့်ရဲ့ ဖြည့်ဖက်ပဲ။
  • 2:04 - 2:06
    ဒီလိုပဲ အကြောင်းပြချက် အမျိုးမျိုး သုံးလို့ရတယ်။
  • 2:06 - 2:08
    ထိပ်ဆိုင် ပြချက်၊ ဖြည့်ဖက် ပြချက် ၂နည်း အပြင်
  • 2:08 - 2:11
    သက်ဆိုင်ထောင့် ပြချက် အရ၊
  • 2:11 - 2:16
    ဒီထောင့်လည်း ၇၀ ဒီဂရီ ဖြစ်ရမယ်။
Title:
Figuring out angles between transversal and parallel lines
Video Language:
English
Duration:
02:16

Burmese subtitles

Revisions