YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Burmese subtitles

← Dividing Fractions Word Problem

Get Embed Code
24 Languages

Showing Revision 2 created 08/16/2014 by KhanAcademy Burmese.

  1. ကလေးဝတ် T-Shirt တစ်ထည် အတွက် အထည် 4/5 ကိုက် (သို့)
  2. ၁ ကိုက် အထည် ရဲ့4/5 လိုအပ်တယ်
  3. 48 ကိုက် ဆိုရင် T-Shirt အထည် ဘယ်လောက် ရနိုင်မလဲ
  4. ကျွန်တော်တို့ ပြောချင်တာကတော့
  5. 48 ကိုက် ဆိုရင် 1 ကိုက်ရဲ့ 4/5 အုပ်စုလေး ဘယ်နစ်စု ဖြစ်နိုင်မလဲ
  6. စာအရပြောရင်တော့ 48 ကိုက် ကို 1 ကိုက်ရဲ့4/5 ရှိတဲ့ အုပ်စုလေးတွေ ခွဲ လိုက်မယ်။
  7. ဒါဆို
  8. အုပ်စု ဘယ်နစ်စုရှိနေမလဲ?
  9. ဘာကြောင့်လဲဆိုတော့ ဒီအုပ်စု တစ်ခုချင်းစီက
  10. ကလေး T-Shirt တစ်ထည်စီ လုပ်လို့ရတယ်။
  11. ခင်ဗျားက ကျွန်တော့်ကို 1ကိုက်ရဲ့4/5 ပေးမယ်ဆိုရင် ကလေး T-Shirt တစ်ထည်စာပေါ့.
  12. ဒါဆို 4/5 ရှိတဲ့ အုပ်စု အရေအတွက် ဟာ ကလေး T-Shirt အရေအတွက် ပဲဖြစ်တယ်။
  13. ကဲအခု ကျွန်တော်တို့အပို်င်းကိန်းနဲ့ စားမယ်
  14. ကျွန်တော်တို့မှတ်ထားရမှာက ဒါဟာ တူတူပဲဖြစ်တယ်
  15. အပိုင်းကိန်းအချင်းချင်း မြှောက်လိုက်တာနဲ့ထပ်တူကျတယ်။
  16. .
  17. ဒါကြောင့် ဒီမှာ ကျွန်တော့မှာ 4/5 ရှိတယ်ဆိုရင် ဒါဟာ 5/4 ဖြစ်တယ်။
  18. ဒါဟာ အပြန်အလှန်ပဲပေါ့။
  19. ကဲအခု ခင်ဗျားကပြောမယ်။ ခင်ဗျားမှာ ကိန်းပြည့်တစ်ခုရယ်၊အပိုင်းကိန်း တစ်ခုရယ်ရှိတယ်
  20. ခင်ဗျား မှတ်ထားရမှာက မည်သည့် ကိန်းပြည့်မဆို အပိုင်းကိန်း အဖြစ် ရေးလို့ရတယ်။
  21. ဒါဟာ 48/1 x 5/4 နဲ့တူတယ်။
  22. ဒီမှာ ကျွန်တော့်တို့မြှောက်ပြီး ဖြေရှင်းကြမယ်။
  23. 48 x 5 က ကိန်း ဂဏန်း ကြီး ရမယ်
  24. ဒါကို စားဖို့ခက်တယ်
  25. ဒါပေမယ့် ဒီမှာ ကျွန်တော်တို့စားလို့ရတယ်
  26. ကျွန်တော်တို့ ပိုင်းဝေ နဲ့ ပိုင်းခြေကို 4 နဲ့ စားနိုင်တယ်။
  27. (သို့) ဒါဟာ 48 x 5 ပြီးတော့ 4 နဲ့စား တာဖြစ်တယ်။
  28. .
  29. ကဲအခု ပိုင်းဝေ ကို 4 နဲစားမယ်။
  30. ကောင်းပြိး 48 ကို 4 နဲ့ စားလို့ရတယ် ။အဖြေက 12 ရတယ်။
  31. ပိုင်းဝေ ကို ဘာပဲလုပ်လုပ် ပိုင်းခြေ ကိုလည်း ကျွန်တော်တို့ အဲ့အတိုင်း လုပ်ရမယ်။
  32. ဒါဆို 4 ကို 4 နဲ့ စားတော့ 1 ရတယ်။
  33. ဒါဆို ကျွန်တော်တို့မှာ 12 x 5 ကျန်တယ်။ ဒါဟာ 60 နဲ့ ညီတယ်။
  34. 12 x 5 ဒါဟာ 60/1 ဖြစ်တယ်။
  35. 60 ပဲဖြစ်တယ်။
  36. ဒါကြောင့် တကယ်လို့ 1 ကိုက်ရဲ့4/5 အုပ်စုလေးတွေကို သုံးခြင်းဖြင့် ခင်ဗျားဟာ
  37. 48 ကိုက်ကနေ ကလေး 60 အတွက် (သို့) ကလေး T-Shirt 60 လုပ်နိုင်တယ်