Return to Video

Converting decimals to fractions 1 (ex 1)

  • 0:00 - 0:06
    0.15 ကို အပိုင်းကိန်းလို ရေးကြည့်ရအောင်။
  • 0:06 - 0:08
    ဒီနေရာမှာ အရေးကြီးတဲ့အရာကို ကြည့်ရမှာကတော့
  • 0:08 - 0:11
    ဒီ ကိန်းဂဏန်းတွေ ဘယ်နေရာမှာ ရှိသလဲ။
  • 0:11 - 0:13
    ဒီ ၁ ဂဏန်းက ဆယ်နေရာမှာ ရှိတယ်။
  • 0:13 - 0:17
    အဲဒီတော့ ၁၀ပိုင်း ၁ပိုင်း လို့ မြင်နိုင်တယ်။
  • 0:17 - 0:21
    ဒီ ၅ကတော့ ရာ ဂဏန်း နေရာမှာ ရှိတယ်။
  • 0:21 - 0:24
    အဲဒီတော့ ၅ အမြောက် ၁၀၀ပိုင်း၁ပိုင်း လို့ မြင်ရမယ်။
  • 0:24 - 0:25
    အဲဒါကို ပြန်ပြီး ရေးရင်
  • 0:25 - 0:28
    ပေါင်းလဒ်မှာ
  • 0:28 - 0:30
    ၁ က ၁ အမြောက် ၁၀ပိုင်း ၁ပိုင်းကို ကိုယ်စားပြုတော့
  • 0:30 - 0:33
    အမှန်တကယ်ဆိုရင် ၁၀ပိုင်း၁ပိုင်း အပေါင်း
  • 0:33 - 0:37
    ပြီးတော့ 5 က ကိုယ်စားပြုတဲ့ 5 အမြောက် ၁၀၀ပိုင်း၁ပိုင်း က
  • 0:37 - 0:41
    အပေါင်း ၁၀၀ပိုင်း၅ပိုင်း
  • 0:41 - 0:42
    အဲဒါတွေကို ပေါင်းလိုက်မယ်ဆိုရင်..
  • 0:42 - 0:44
    ဘုံပိုင်းခြေ တစ်ခုကို ရှာရမယ်
  • 0:44 - 0:46
    ဘုံပိုင်းခြေက ၁၀၀
  • 0:46 - 0:48
    ၁၀ နဲ့
  • 0:48 - 0:51
    ၁၀၀တို့ရဲ့ အငယ်ဆုံး ဘုံမြောက်လဒ်ဟာ..
  • 0:51 - 0:53
    ၁၀၀ ပဲ ဖြစ်မယ်
  • 0:53 - 1:00
    အဲလိုဆိုရင် ပိုင်းခြေတူအောင် ၁၀၀ လို့ ပြင်ရအောင်
  • 1:00 - 1:03
    ဒီဟာကတော့ မပြောင်းပါဘူး။ ၁၀၀ပိုင်း၅ပိုင်းပဲ
  • 1:03 - 1:05
    ဒီပိုင်းခြေကို ၁၀ နဲ့ မြှောက်လိုက်မယ်ဆိုရင်
  • 1:05 - 1:08
    ဟုတ်တယ်.. ၁၀ နဲ့ မြှောက်လိုက်တာပါ။
  • 1:08 - 1:11
    ပြီးတော့ ပိုင်းဝေကိုလည်း ၁၀ နဲ့ မြှောက်ရမယ်
  • 1:11 - 1:13
    အဲဒီတော့ ၁၀၀ပိုင်း ၁၀ပိုင်းနဲ့ အတူတူပဲပေါ့
  • 1:13 - 1:14
    ဒါဆိုရင် ပေါင်းလို့ရပြီ
  • 1:14 - 1:21
    ၁၀အပေါင်း၅ ဆိုတော့ ၁၀၀ပိုင်း၁၅ပိုင်း ပေါ့။
  • 1:21 - 1:22
    နောက်တစ်နည်းကတော့
  • 1:22 - 1:24
    ဒါကို ကြည့်လိုက်ရင် နဲနဲပိုမြန်တဲ့နည်း..
  • 1:24 - 1:25
    ကြည့်..
  • 1:25 - 1:27
    အသေးဆုံးနေရာက ရာဂဏန်းနေရာ
  • 1:27 - 1:31
    ၁၀ပိုင်း၁ပိုင်း လို့ ပြောမယ့်အစား ၁၀၀ပိုင်း၁၀ိုင်း လို့ ပြောလို့ရတယ်
  • 1:31 - 1:35
    ဒါမှမဟုတ် တစ်ခုလုံးကို ၁၀၀ပိုင်း၁၅ပိုင်းလို့ပြောလို့ရတယ်
  • 1:35 - 1:38
    ကဲ အခု အငယ်ဆုံးထိ လျှော့မယ်ဆိုရင်
  • 1:38 - 1:39
    ရတယ်.. ကြည့်ရအောင်
  • 1:39 - 1:42
    ပိုင်းခြေရော ပိုင်းဝေပါ ၅ နဲ့ စားလို့ရတယ်
  • 1:42 - 1:45
    အဲဒီတော့ နှစ်ခုစလုံးကို ၅ နဲ့ စားလိုက်
  • 1:45 - 1:49
    ပိုင်းဝေ ၁၅ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၃
  • 1:49 - 1:52
    ပိုင်းခြေ ၁၀၀ ကို ၅ နဲ့စားလိုက်တော့ အဖြေက ၂၀
  • 1:52 - 1:56
    အဲဒါက အရှင်းလင်းဆုံး လုပ်လို့ရနိုင်တာပဲ။
Title:
Converting decimals to fractions 1 (ex 1)
Description:

more » « less
Video Language:
English
Duration:
01:56

Burmese subtitles

Revisions