Return to Video

တူညီသောအပိုင်းကိန်းများ

  • 0:00 - 0:01
  • 0:01 - 0:03
    Sarah မှာ ၄၈ ဒေါ်လာရှိတယ်။
  • 0:03 - 0:07
    သူမက ခရီးတစ်ခု ထွက်ဖို့အတွက် အဲဒီ ပိုက်ဆံရဲ့ သုံးပုံတစ်ပုံကို စုချင်တယ်။
  • 0:07 - 0:10
    ဘယ်လောက် စုရမလဲ။
  • 0:10 - 0:14
    အခြေခံအားဖြင့် စဉ်းစားရရင် ၄၈ ရဲ့ သုံးပုံ တစ်ပုံက ဘယ်လောက်လဲ
  • 0:14 - 0:16
    ၄၈ကို ပိုင်းခြေမှာ ထားပြီး
  • 0:16 - 0:19
    သုံးပုံ တစ်ပုံနဲ့ တန်ဖိုးတူတဲ့ အပိုင်းကိန်းတစ်ခုကို ရှာပါ။
  • 0:19 - 0:22
    ဒီပုစ္ဆာမှာ ကျွန်တော်တို့ကို ရှာခိုင်းထားတာက
  • 0:22 - 0:26
    သူမပိုက်ဆံရဲ့ သုံးပုံတစ်ပုံကို ရှာ၊
  • 0:26 - 0:31
    ဒါပေမယ့် ပိုင်းခြေမှာ ၄၈ရှိတဲ့ အပိုင်းကိန်းတစ်ခု အသွင်နဲ့
  • 0:31 - 0:31
    အဖြေကို ရှာခိုင်းတာပါ။
  • 0:31 - 0:37
    ဆိုတော့ ဒီအပေါ်က ကွက်လပ်(ပိုင်းဝေ) အစား
  • 0:37 - 0:39
    ၄၈(ပိုင်းခြေ) ပါ။
  • 0:39 - 0:44
    ဒီအဖြေကို ဘယ်လိုရနိုင်မလဲ ဆိုတာ
  • 0:44 - 0:46
    စဉ်းစားကြည့်ရအောင်။
  • 0:46 - 0:50
    သုံးပုံတစ်ပုံကို ပုံဆွဲကြည့်ရင်
  • 0:50 - 0:56
    သေတ္တာတစ်ခု၊ ဒါမှမဟုတ် မုန့်တစ်ချပ်ကို စိတ်ကူးကြည့်ပါ။
  • 0:56 - 1:01
    ဒီမုန့်တစ်ခုကို
  • 1:01 - 1:02
    သုံးပိုင်းပိုင်း။
  • 1:02 - 1:05
    သုံးပိုင်း အညီအမျှ ခွဲလိုက်မယ်။
  • 1:05 - 1:09
    ဒီသုံးပိုင်း ထဲက တစ်ပိုင်းက မုန့်တစ်ချပ်ရဲ့ သုံးပုံတစ်ပုံပေါ့။
  • 1:09 - 1:12
    သုံးပုံတစ်ပုံဆိုတာ ဒီအဓိပ္ပါယ်ပါ။
  • 1:12 - 1:15
    သုံးပိုင်းတစ်ပိုင်းနဲ့ ညီမျှတဲ့ ပိုင်းခြေ ၄၈ ရှိတဲ့ အပိုင်းကိန်းကို
  • 1:15 - 1:16
    ဘယ်လိုရှာနိုင်မလဲ။
  • 1:16 - 1:17
    ဒီမုန့်ကို
  • 1:17 - 1:19
    ၄၈ပိုင်း ခွဲကြည့်ရအောင်။
  • 1:19 - 1:22
    ၄၈ပိုင်းရအောင် ဘယ်လိုခွဲနိုင်မလဲ။
  • 1:22 - 1:29
    ၁၆ သုံးလီ ၄၈ဆိုတော့ တစ်ခုစီကို ၁၆ပိုင်း ခွဲကြည့်ရအောင်။
  • 1:29 - 1:31
    ဒီမှာ ဆွဲဖို့တော့ နည်းနည်းခက်လိမ့်မယ်။
  • 1:31 - 1:32
    စိတ်ကူးကြည့်ပါ။
  • 1:32 - 1:38
    အရင်ဆုံး ၂ပိုင်းခွဲလိုက်မယ်။
  • 1:38 - 1:43
    ပြီးတော့ ၄ပိုင်း၊ ၈ပိုင်း။
  • 1:43 - 1:44
    လိုင်းတွေ အများကြီးဖြစ်လာပါလိမ့်မယ်။
  • 1:44 - 1:47
    စိတ်ကူးထဲမှာ ခွဲကြည့်လိုက်ပါ။
  • 1:47 - 1:51
    ၁၆ပိုင်းရအောင် ခွဲကြည့်လိုက်ပါ။
  • 1:51 - 1:54
    ဒီမှာ ၁၆ပိုင်း။
  • 1:54 - 1:58
    ပြီးတော့ ဒီမှာလည်း ၁၆ပိုင်း၊ ဒီမှာလည်း ၁၆ပိုင်း။
  • 1:58 - 2:00
    ဒီလိုပဲ
  • 2:00 - 2:01
    အပိုင်းတွေ ဆက်ခွဲကြည့်လိုက်ပါ။
  • 2:01 - 2:06
    ဆက်ခွဲရင် ၄၈ပိုင်းရပါလိမ့်မယ်။
  • 2:06 - 2:09
    ဒီပထမပိုင်းမှာ ၁၆ပိုင်း၊
  • 2:09 - 2:12
    ဒီတစ်ခုမှာ ၁၆ပိုင်း၊
  • 2:12 - 2:14
    နောက်ပြီး ဒီတစ်ခုမှာ ၁၆ပိုင်း။
  • 2:14 - 2:16
    အားလုံးပေါင်းရင် ၄၈ပိုင်း ရှိမှာပါ။
  • 2:16 - 2:19
    ဒီတော့ သုံးပုံတစ်ပုံက ဘယ်လောက်ဖြစ်မလဲ။
  • 2:19 - 2:23
    ၄၈ခုထဲက ၁၆ခုက
  • 2:23 - 2:26
    သုံးပုံတစ်ပုံပါ။ ၁၆ခုက
  • 2:26 - 2:31
    ၄၈ပုံ၁၆ပုံက သုံးပုံတစ်ပုံနဲ့
  • 2:31 - 2:33
    တူတူပါပဲ။
  • 2:33 - 2:41
    ၁ အစား ၃ က ၁၆ အစား ၄၈နဲ့ တူတူပဲ။
  • 2:41 - 2:43
    အခု ကျွန်တော်တို့ ဒီအတိုင်းပဲ စဉ်းစားပြီး
  • 2:43 - 2:49
    ဖြေလိုက်တာပါ။
  • 2:49 - 2:54
    စနစ်တကျ လုပ်မယ်ဆိုရင်
  • 2:54 - 2:59
    ဒီပိုင်းခြေ ၃ ကို ၄၈ ဖြစ်အောင်
  • 2:59 - 3:02
    ၁၆နဲ့ မြှောက်။
  • 3:02 - 3:05
    ၁၆ သုံးလီက ၄၈။
  • 3:05 - 3:08
    အပိုင်းသုံးပိုင်းကနေ ၄၈ပိုင်းဖြစ်အောင်
  • 3:08 - 3:09
    လုပ်လိုက်တာပါ။
  • 3:09 - 3:11
    ၁၆နဲ့ မြှောက်လိုက်တာ။
  • 3:11 - 3:14
    အပိုင်း တစ်ပိုင်းစီကို ၁၆ပိုင်းရအောင်
  • 3:14 - 3:16
    လုပ်လိုက်တာ။
  • 3:16 - 3:20
    ပိုင်းခြေတစ်ခုထဲကိုပဲ ၁၆နဲ့မြှောက်လို့ မရပါဘူး။
  • 3:20 - 3:25
    ပိုင်းဝေကိုလည်း ၁၆နဲ့ မြှောက်ရပါမယ်။
  • 3:25 - 3:30
    အပိုင်းတစ်ခုစီက
  • 3:30 - 3:33
    ၁၆ပိုင်းဖြစ်သွားပါတယ်။
  • 3:33 - 3:36
    နောက်တစ်နည်း စဉ်းစားရင်တော့
  • 3:36 - 3:42
    ၃ ကို ၁၆နဲ့ မြှောက်ရင် ၄၈၊ ပိုင်းဝေ ၁ ကို ၁၆နဲ့ မြှောက်တော့ ၁၆။
  • 3:42 - 3:45
    အဲဒီတော့ ၃ပိုင်း၁ပိုင်းဟာ ၄၈ပိုင်း၁၆ပိုင်းနဲ့ ညီမျှပါတယ်။
  • 3:45 - 3:47
    နောက်တစ်နည်း စဉ်းစားလို့ရတာကတော့
  • 3:47 - 3:54
    ကျွန်တော်တို့ ၄၈ရဲ့ ၃ပုံ၁ပုံကို လိုချင်တယ်။
  • 3:54 - 4:00
    သူမ စုချင်တဲ့ ပိုက်ဆံက အဲဒီလောက်ပါ။
  • 4:00 - 4:04
    ၄၈ကို ၃ပိုင်း၁ပိုင်းနဲ့ မြှောက်။
  • 4:04 - 4:08
    မြှောက်လိုက်ရင်
  • 4:08 - 4:13
    ၄၈ကို အပိုင်းကိန်းလိုပြန်ရေးရင်
  • 4:13 - 4:17
    ၁ပုံ၄၈ပုံပေါ့။
  • 4:17 - 4:18
    အပိုင်းကိန်းတွေကိုမြှောက်ရင်
  • 4:18 - 4:20
    ပိုင်းဝေတွေကို အရင်မြှောက်ပါ။
  • 4:20 - 4:25
    ပြီးတော့ ပိုင်းခြေကို
  • 4:25 - 4:26
    လည်းမြှောက်ပါ။
  • 4:26 - 4:30
    ၁×၄၈=၄၈
  • 4:30 - 4:32
    အသေးစိတ် အချက်အလက်တွေကို နောက်ဗီဒီိယိုတွေထဲမှာ ရှင်းပြပါမယ်။
  • 4:32 - 4:33
    အခုနည်းနည်း ရှုပ်နေရင် စိတ်မပူပါနဲ့။
  • 4:33 - 4:38
    ပိုင်းခြေမှာ ၃×၁ က ၃၊
  • 4:38 - 4:41
    ၄၈ အစား ၃ ကတော့ ၁၆။
  • 4:41 - 4:48
    အဲဒီတော့ ၄၈ရဲ့ ၃ပုံတစ်ပုံက ၄၈ပုံ၁၆ပုံပါ။
  • 4:48 - 4:50
    နားလည်မယ်လို့ မျှော်လင့်ပါတယ်။
Title:
တူညီသောအပိုင်းကိန်းများ
Description:

more » « less
Video Language:
English
Duration:
04:50

Burmese subtitles

Revisions Compare revisions