. မျဉ်းပြိုင် နှစ်ကြောင်း ရှိတယ် ဆိုပါစို့။ ဒီမှာ တစ်ကြောင်း၊ ပထမ မျဉ်းကို ပြိုင်တဲ့ နောက် တစ်ကြောင်းကို တတ်နိုင်သမျှ ပြိုင်အောင် ဆွဲမယ်။ ဒီမျဉ်း နှစ်ကြောင်း ပြိုင်နေပြီ။ ဒီသင်္ကေတက မျဉ်းနှစ်ကြောင်း ပြိုင်တာ ပြတယ်။ အခု ဖြတ်မျဉ်း တစ်ကြောင်း ဆွဲမယ်။ ဖြတ်မျဉ်း တစ်ကြောင်း ဆွဲမယ်။ ဒါလည်း မျဉ်းဖြောင့်ပဲ ဒီထောင့်ရဲ့ အတိုင်းအတာက ၁၁၀ ဒီဂရီ ရှိတယ် ဆိုရင် တခြား ဘယ်ထောင့်တွေကို သိနိုင်မလည်း။ ပထမဆုံး သိနိုင်တာက သက်ဆိုင်ထောင့်တွေဟာ တူကြတယ်။ ဒီမျဉ်းပြိုင် မျဉ်းနဲ့ ဖြတ်မျဉ်း ကြားထောင့်ဟာ ဒီမျဉ်းပြိုင် ဖြတ်မျဉ်း ကြားထောင့်နဲ့ တူတယ်။ ဒါကြောင့် ဒီထောင့်လည်း ၁၁၀ ဒီဂရီပဲ။ ထိပ်ဆိုင်ထောင့်တွေဟာ တူကြတယ်ဆိုတော့ ဒီထောင့်က ၁၁၀ ဒီဂရီဆိုရင် ဒီဆုံမှတ်ရဲ့ တဖက်က ဒီထောင့်လည်း ၁၁၀ ဒီဂရီ ဖြစ်ရမယ်။ ဒီယုတ္တိ အရ ဒီထောင့်က ၁၁၀ ဒီဂရီဆိုရင် ဒီထောင့်လည်း ၁၁၀ ဒီဂရီပဲ။ ဒီထောင့်ဟာ ဒီမှာရှိတဲ့ ထောင့်ရဲ့ သက်ဆိုင်ထောင့် ဖြစ်တာကြောင့် တူကြတယ်လို့ ပြောနိုင်တယ်။ ကဲ၊ တခြား ထောင့်တွေ အတွက်ကော? ဒီထောင့်ရဲ့ အပြင်မျဉ်းတန်းဟာ ဒီမှာရှိတဲ့ ထောင့်နဲ့ မျဉ်းတဆက်ထည်းလို့ ဆိုနိုင်တယ်။ ဒီပန်းရောင်ထောင့်ဟာ ဒီ ၁၁၀ ဒီဂရီထောင့်ရဲ့ ဖြည့်ဖက်ပဲ။ ဒါကြောင့် ပန်းရောင်ထောင့်နဲ့ ၁၁၀ ပေါင်းရင် ၁၈၀ ဖြစ်ရမယ်။ ဒီလိုနဲ့ ပန်းရောင်ထောင့်ဟာ ၇၀ လို့ သိနိုင်တယ်။ ပြီးတော့ ဒီထောင့်နဲ့ ထိပ်ဆိုင်ထောင့် ဖြစ်တဲ့တွက် ဒီထောင့်လည်း ၇၀ ဖြစ်ရမယ်။ ဒီပြိုင်မျဉ်းရဲ့အောက်ဖက် ဖြတ်မျဉ်းရဲ့ ဘယ်ဖက်က ထောင့်ဟာ ဒီဘယ်ဖက်အောက်က ထောင့်နဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ဒီထောင့်လည်း ၇၀ ပဲ။ နောက်တမျိုး ပြောလို့ရတာက ဒီထောင့်ဟာ ဟောဒီ ထောင့်ရဲ့ ဖြည့်ဖက်ပဲ။ ဒီလိုပဲ အကြောင်းပြချက် အမျိုးမျိုး သုံးလို့ရတယ်။ ထိပ်ဆိုင် ပြချက်၊ ဖြည့်ဖက် ပြချက် ၂နည်း အပြင် သက်ဆိုင်ထောင့် ပြချက် အရ၊ ဒီထောင့်လည်း ၇၀ ဒီဂရီ ဖြစ်ရမယ်။