၁၁/၂၅သို့မဟုတ်ဆယ့်တစ်နှစ်ဆယ့်ငါးလို့ ခေါ်တဲ့အပိုင်းကိုဒသမနဲ့ရေးလို့ရမရကြည့်မယ် အကယ်၍ဒသမနဲ့ရေးလျှင်အနီးစပ်ဆုံး တစ်ထောင်နေရာကိုသွားမည်။ တခြားနည်းဖြင့်ကြည့်လျှင်နှစ်ဆယ့်ငါးပိုင်း ဆယ့်တစ်ပိုင်းဖြစ်သည်။ ဒါက"ဆယ့်တစ်"ကို"နှစ်ဆယ့်ငါး"ဖြင့်စားခြင်း နှင့်တူသည်။ ဒါဆိုကျွန်တော်တို့၂၅ကို၁၁ဖြင့်စားပြီး ရတဲ့အဖြေဟာ အဲ့ဒီဒသမက၂၅ပိုင်း၁၁ပိုင်းကို ကိုယ်စားပြုတာပေါ့။ ပြီးနောက်"ခု"နေရာထက်တောင်နည်းတဲ့နေရာ ဆီကိုသွားနေတဲ့အတွက်ကြောင့် ဒသမဆယ်နေရာ၊ဒသမရာနေရာနှင့်ဒသမထောင်နေရာ ဆီကိုသွားမည်။ ဒါဆိုဆယ့်တစ်ဘေးကဒသမနောက်မှာ သုညနည်းနည်းထည့်သွားရအောင်။ ကဲအခုစပြီး စားရအောင်။ ၁ကို၂၅နဲ့စားလို့မရပါ။ ၁၁ကိုလည်း၂၅နဲ့စားလို့မရပါဘူး။ ၁၁၀ကိုတော့၂၅နဲ့စားလို့ရသည်။ ဒါကြောင့်၁၁၀ကို၂၅နဲ့စားတဲ့အခါ(၂၅x၄=၁၀၀) ဖြစ်လို့၎ရပါမယ်။ ဒါဆိုကျွန်တော်တို့ဒသမပါထည့်ပြီး ၀.၄လို့ရေးရအောင်။ ၄အမြှောက်၂၅ဟာ၁၀၀၊၁၁၀အနှုတ်၁၀၀သည်၁၀ဖြစ်သည်။ အခုတစ်ခါနောက်ထပ်သုညဆွဲချနိုင်သည်။ ၁၀၀ကို၂၅နဲ့စားလျှင်၎၊၄x၂၅သည် ၁၀၀၊ပြီးနောက်နှုတ်လိုက်ပါကသုညရမည်ဖြစ်သည်။ ဒီအပိုင်းဟာ ၀.၄၄ ဖြစ်ပါတယ်။ဒါကို အနီးစပ်ဆုံးကိန်းပြည့်ယူဖို့မလိုပါ။