နှုတ်ပါ၊ အဖြေကိုအရှင်းလင်းဆုံးပုံစံနဲ့ ဖော်ပြပါလို့မေးထားတယ် ကျွန်တော်တို့ တွက်ရမှာက ၈/၁၈ - ၅/၁၈ ပါ အပိုင်းကိန်းတွေကို နှုတ်တဲ့ပုံစံက အပိုင်းကိန်းတွေကို ပေါင်းတဲ့ပုံစံနဲ့ ဆင်ပါတယ် အကယ်၍ ကျွန်တော်တို့ ပိုင်းခြေကိန်း တွေတူရင် ပိုင်းခြေမှာ အဲ့ကိန်းတစ်ခုတည်းရေးတာက ကျွန်တော်တို့ နှုတ်နေတဲ့ကိန်းနှစ်ခုရဲ့ ပိုင်းခြေနှစ်ခုကို ပေါင်းရေးလိုက်တာပဲ။ ဒီတော့ ၁၈ ပါ ပိုင်းဝေမှာတော့ ပိုင်းဝေအချင်းချင်း နှုတ်ပါမယ် ဒီအပုဒ်မှာတော့ ၈ - ၅ ဖြစ်တယ်။ ၃ ကျန်တယ် ၃/၁၈ ရပါတယ်။ ဒါကအဖြေပါ။ ဒါပေမယ့် ဒါက အရှင်းဆုံးပုံစံ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ၃ ကော ၁၈ ကောကို ၃ နဲ့စားလို့ပြတ်လို့ပါ ဒီတော့ အခု ၃ နဲ့စားရအောင် ၃ ကို ၃ နဲ့စား၊ ၁၈ ကို ၃ နဲ့စား တော့ ၃ ကို ၃ နဲ့စားတာက ၁ ရတယ် ၁၈ ကို ၃ နဲ့စားတာက ၆ ရတယ်။ ဒီတော့ ၁/၆ ရတယ် မျက်စိထဲ မြင်လာအောင် ၁၈ ပိုင်းဆွဲပါမယ် ဒီနေရာမှာ ဆွဲပါမယ် ပုံက သိပ်တော့မသပ်ရပ်ပါဘူး ကျွန်တော် ကြိုးစားပြီး အကောင်းဆုံးဆွဲပါမယ် အလျားလိုက် ၆ ပိုင်းပိုင်းပါမယ် ဟိုဘက်မှာ ၃ ပိုင်း ဒီဘက် ၃ ပိုင်း ဆိုတော့ ၆ ပိုင်းရပြီ ကော်လံ ၃ခုခွဲပါမယ် ဟုတ်ပြီ အခု ကျွန်တော်တို့မှာ ၁၈ ပိုင်းဖြစ်သွားပါပြီ ၈/၁၈ ပိုင်းက ၁ ပုံ၊ ၂ ပုံ၊ ၃ပုံ၊ ၄ပုံ၊ ၅ပုံ၊ ၆ပုံ၊ ၇ပုံ၊ ၈ပုံ ဒါက ၈/၁၈ ပါ အခု ကျွန်တော်တို့ ၁၈ပုံထဲက ၅ပုံ (၅/၁၈)ကို နှုတ်ချင်ပါတယ် ဒီတော့ ၁၊ ၂၊ ၃၊ ၄၊ ၅ နှုတ်ပါမယ် အခု ဘယ်လောက်ကျန်သေးလဲ ကျွန်တော်တို့မှာ ၁၈ပုံထဲက ၃ပုံ (၃/၁၈) ကျန်တယ် ဒီမှာပါ သင်တို့မှာ ၁၈ ပုံပုံရင် ၃ပုံ ကျန်ပါတယ် အခု သင်တို့ ၁၈ပုံ ၃ပုံ ကို တစ်ပုံတည်းဖြစ်အောင်လုပ်မယ်ဆိုရင် သင်တို့မှာ အပုံကြီးဘယ်နှစ်ခုရှိမလဲ ဒါက အပုံကြီးထဲက တစ်ပုံဖြစ်တယ် ကျန်တဲ့ဟာတွေက ဘယ်မှာလဲ ဒါကတော့ နောက်ထပ်အပုံကြီးဖြစ်ပါတယ် နောက်တစ်ခု ၊ နောက်တစ်ခု နောက်တစ်ခု၊ နောက်တစ်ခု အကယ်၍ သင်တို့မှာ ၁၈ပုံရှိခဲ့မယ်ဆိုရင် ၃ပုံကိုတစ်ပုံ ဖြစ်အောင်ပေါင်းတော့ သင်တို့မှာ၆ ပုံရှိပါမယ် ၆ပုံရှိလိမ့်မယ် သင်တို့တွေ့မှာပါ တစ်တန်းက အပုံတစ်ပုံဖြစ်ပြီး အပြာရောင်ကွက်က ၆ပုံထဲက တစ်ပုံပါ ဒီတော့ ၃/၁၈ က ၁/၆ နဲ့တူပါတယ်