နှုတ်ပါ၊ အဖြေကိုအရှင်းလင်းဆုံးပုံစံနဲ့ ဖော်ပြပါလို့မေးထားတယ်
ကျွန်တော်တို့ တွက်ရမှာက ၈/၁၈ - ၅/၁၈ ပါ
အပိုင်းကိန်းတွေကို နှုတ်တဲ့ပုံစံက
အပိုင်းကိန်းတွေကို ပေါင်းတဲ့ပုံစံနဲ့ ဆင်ပါတယ်
အကယ်၍ ကျွန်တော်တို့ ပိုင်းခြေကိန်း တွေတူရင်
ပိုင်းခြေမှာ အဲ့ကိန်းတစ်ခုတည်းရေးတာက
ကျွန်တော်တို့ နှုတ်နေတဲ့ကိန်းနှစ်ခုရဲ့
ပိုင်းခြေနှစ်ခုကို ပေါင်းရေးလိုက်တာပဲ။ ဒီတော့ ၁၈ ပါ
ပိုင်းဝေမှာတော့ ပိုင်းဝေအချင်းချင်း
နှုတ်ပါမယ်
ဒီအပုဒ်မှာတော့ ၈ - ၅ ဖြစ်တယ်။ ၃ ကျန်တယ်
၃/၁၈ ရပါတယ်။ ဒါကအဖြေပါ။ ဒါပေမယ့် ဒါက
အရှင်းဆုံးပုံစံ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ၃ ကော ၁၈ ကောကို ၃ နဲ့စားလို့ပြတ်လို့ပါ
ဒီတော့ အခု ၃ နဲ့စားရအောင်
၃ ကို ၃ နဲ့စား၊ ၁၈ ကို ၃ နဲ့စား တော့
၃ ကို ၃ နဲ့စားတာက ၁ ရတယ်
၁၈ ကို ၃ နဲ့စားတာက ၆ ရတယ်။ ဒီတော့ ၁/၆ ရတယ်
မျက်စိထဲ မြင်လာအောင် ၁၈ ပိုင်းဆွဲပါမယ်
ဒီနေရာမှာ ဆွဲပါမယ်
ပုံက သိပ်တော့မသပ်ရပ်ပါဘူး
ကျွန်တော် ကြိုးစားပြီး အကောင်းဆုံးဆွဲပါမယ်
အလျားလိုက် ၆ ပိုင်းပိုင်းပါမယ်
ဟိုဘက်မှာ ၃ ပိုင်း
ဒီဘက် ၃ ပိုင်း ဆိုတော့ ၆ ပိုင်းရပြီ
ကော်လံ ၃ခုခွဲပါမယ်
ဟုတ်ပြီ
အခု ကျွန်တော်တို့မှာ ၁၈ ပိုင်းဖြစ်သွားပါပြီ
၈/၁၈ ပိုင်းက ၁ ပုံ၊ ၂ ပုံ၊ ၃ပုံ၊ ၄ပုံ၊
၅ပုံ၊ ၆ပုံ၊ ၇ပုံ၊ ၈ပုံ
ဒါက ၈/၁၈ ပါ
အခု ကျွန်တော်တို့ ၁၈ပုံထဲက ၅ပုံ (၅/၁၈)ကို နှုတ်ချင်ပါတယ်
ဒီတော့ ၁၊ ၂၊ ၃၊ ၄၊ ၅ နှုတ်ပါမယ်
အခု ဘယ်လောက်ကျန်သေးလဲ
ကျွန်တော်တို့မှာ ၁၈ပုံထဲက ၃ပုံ (၃/၁၈) ကျန်တယ်
ဒီမှာပါ
သင်တို့မှာ ၁၈ ပုံပုံရင် ၃ပုံ ကျန်ပါတယ်
အခု သင်တို့ ၁၈ပုံ ၃ပုံ ကို တစ်ပုံတည်းဖြစ်အောင်လုပ်မယ်ဆိုရင်
သင်တို့မှာ အပုံကြီးဘယ်နှစ်ခုရှိမလဲ
ဒါက အပုံကြီးထဲက တစ်ပုံဖြစ်တယ်
ကျန်တဲ့ဟာတွေက ဘယ်မှာလဲ
ဒါကတော့ နောက်ထပ်အပုံကြီးဖြစ်ပါတယ်
နောက်တစ်ခု ၊ နောက်တစ်ခု
နောက်တစ်ခု၊ နောက်တစ်ခု
အကယ်၍ သင်တို့မှာ ၁၈ပုံရှိခဲ့မယ်ဆိုရင် ၃ပုံကိုတစ်ပုံ
ဖြစ်အောင်ပေါင်းတော့ သင်တို့မှာ၆ ပုံရှိပါမယ်
၆ပုံရှိလိမ့်မယ်
သင်တို့တွေ့မှာပါ တစ်တန်းက အပုံတစ်ပုံဖြစ်ပြီး
အပြာရောင်ကွက်က ၆ပုံထဲက တစ်ပုံပါ
ဒီတော့ ၃/၁၈ က ၁/၆ နဲ့တူပါတယ်