၅ ၁/၄ ကိုအပိုင်းကိန်းတု ပြောင်းပါ
အပိုင်းကိန်းတုဆိုတာ ပိုင်းဝေက
ပိုင်းခြေထက်ကြီးတာ ဒါမှမဟုတ်
ပိုင်းဝေ နဲ့ ပိုင်းခြေနဲ့တူတာ၊
ပိုင်းဝေရဲ့ ပကတိတန်ဖိုးက
ပိုင်းခြေရဲ့ ပကတိတန်ဖိုး ထက်ကြီးတာ (သို့) တူတာ တွေပဲဖြစ်တယ်
ဒီနေရာမှာတော့ ကျွန်တော်တို့မှာ
ကိန်းရောရှိတယ်။ ၅ ကကိန်းပြည့်ဖြစ်ပြီးတော့
၁/၄ ကအပို်င်းကိန်းစစ် ဖြစ်တယ် ဘာလို့လဲဆိုတော့
ပို်င်းဝေက ပိုင်းခြေထက်ငယ်လို့ပဲ ဖြစ်တယ်
ဒီတော့ ကိန်းတု ပြောင်းဖို့
နည်းလမ်းပြပါမယ်
ဒီတော့ ၅ ၁/၄ ၊ နည်းလမ်းက ရှင်းပါတယ်
၅ က ၂၀/၄ နဲ့လည်းတူတူပါပဲ
၂၀/၄ + ၁/၄ ဆိုရင် ၂၁/၄ ပါ
နောက်တစ်နည်း တွက်လို့ရတာက ၅ × ၄ = ၂၀ + ၁ = ၂၁
ဒီတော့ ၂၁/၎
ရှင်းရှင်းပြောရရင် ကိန်းရောကိုပဲ ယူယူ၊ ကိန်းရောရဲ့
ကိန်းပြည့်အပိုင်းကိုပဲ ယူယူ ၊ ၅ ကို ပိုင်းခြေနဲ့ မြှောက်ပြီး
ပိုင်းဝေ နဲ့ပေါင်းပါ။ ဒီတော့ ၂၁/၄ ရတယ်
အခု ကိန်းတုပုံစံ ဖြစ်သွားပြီ။ ပိုင်းဝေရဲ့ ပကတိတန်ဖိုးက ပိုင်းခြေရဲ့ ပကတိတန်ဖိုးထက်ကြီးတယ်။ ဒီတွက်နည်းအလုပ်လုပ်ပုံကို ပြချင်ပါတယ်
၅ ၁/၄ ကို ကြည့်ရအောင်
ကိန်းပြည့် ၅ ရှိတယ်။ ဒါက ၁ ခုပါ
၅ ခုဆွဲပါမယ်
၂ ၊ ၃ ၊ ၄ ၊ ပြီးတော့ ၅
ကျွန်တော်တို့မှာ ၅ခု ရှိတယ် ပြီးတော့ လေးပုံတစ်ပုံ
လေးပုံတစ်ပုံဆိုတာ ဒီလောက်ပဲ။ ဒီတော့ ဒါက ၅ ၁/၄ ပဲ
ကိန်းတုပုံစံရေးဖို့ဆိုရင်၊ ဒီမှာ ၅ ခုနဲ့ လေးပုံတစ်ပုံရှိတယ်
တစ်ခုချင်းစီကို လေးပုံတစ်ပုံ ခွဲထုတ်ပါ
ဒါက ၄ ၁/၄၊ နောက်ထပ် ၄ ၁/၄၊ နောက်ထပ် ၄ ၁/၎
ဒီမှာ နောက်ထပ် ၄ ၁/၄။ ဒီတော့ ကျွန်တော်တို့မှာ ၁/၎
ဘယ်နှစ်ခုရှိလဲ။ ဒီမှာ ၄ ၁/၄ ၊ ဒီမှာ ၄ ၁/၄၊ ဒီမှာ ၄ ၁/၄၊ ဒီမှာ ၄ ၁/၄။ ၁/၄ က အစိမ်းရောင်လေးတွေပါ။ ကျွန်တော်တို့မှာ ၁/၄ နှစ်ဆယ်တောင် ရှိတယ်
ဒီတော့ ၂၀/၄ ။ ဒါက ၅ နဲ့တူတူပဲ တစ်ခုချင်းစီက၄ ၁/၄ စိတ်တွေပါ။
ဒီမှာ အားလုံးပေါင်းက ၅။ ၅ × ၄ ၁/၄ ဆိုတော့ ၂၀/၄။ ဒါကကျွန်တော်တို့ ဒီမှာ ရှိသလောက်ပါ။ အခု အဲဒါကို ၁/၄ နဲ့ပေါင်းမယ်
ကျွန်တော်တို့ ပိုင်းခြေတွေတူတယ် ဒီတော့ ပိုင်းဝေတွေပေါင်းလိုက်တော့ ၂၁/၄ ရတယ်
ဒီဟာက တွက်နည်းရဲ့ စဉ်းစားပုံ စဉ်းစားနည်းပါပဲ
ကိန်းပြည့်ကို ပိုင်းခြေနဲ့ မြှောက်တော့ ၂၀ရတယ်
ပြီးတော့ အဲဒါကို ပိုင်းဝေ ၁ နဲ့ပေါင်းတော့ ၂၁/၄ ရတယ်
ကျွန်တော်တွက်တာကို ရှင်းမယ်လို့ထင်ပါတယ်။
၅ ၁/၄ က [ (၅×၄) + ၁ ] /၄ ပါ