မေးခွန်းမှာ 3/15 နဲ့ 7/15 ကိုပေါင်းပါ
အဖြေကို အရှင်းဆုံးပုံစံနဲ့ပြပါ လို့ပေးထားတယ်
သင်တို့အပိုင်းကိန်းတွေကို ပေါင်းတဲ့ အစဉ်အတိုင်းပါပဲ
ပထမဆုံးအနေနဲ့ ဒီအပိုင်းကိန်းတွေထဲက တစ်ခုမှ
ကိန်းရောတွေမဟုတ်ဘူး၊ ပြီးတော့ သူတို့ရဲ့
ပိုင်းခြေတွေ တူတယ်
ဒီဥပမာမှာ ပိုင်းခြေတွေ
တူတယ်။ တူပြီးသားဖြစ်တယ်
ပိုင်းခြေက 15
သင်တို့ ဒီအပိုင်းကိန်းနှစ်ခုကို ပေါင်းရင် ပေါင်းလဒ်က
ပိုင်းခြေမှာတူတော့ 15 ပဲဖြစ်မယ်၊ ပိုင်းဝေမှာတော့
ပိုင်းဝေတွေ အချင်းချင်း ပေါင်းမယ်
ဒီတော့ 3 + 7 ဖြစ်မယ်။ 10/15 ရပါတယ်
အခု ကျွန်တော်တို့ အဲဒါကိုရှင်းရင်
ကျွန်တော်တို့ 10 ရော 15 ရောရဲ့ အကြီးဆုံးဘုံဆခွဲကိန်းကို ရှာမယ်
ကျွန်တော် သိသလောက်တော့ 5 က ဒီကိန်းနှစ်ခုလုံးရဲ့
အကြီးဆုံးဘုံဆခွဲကိန်းပါပဲ
ဒီတော့ 10 ကို 5 နဲ့စား၊ 15 ကို 5 နဲ့စားတော့
10 ကို 5 နဲ့စားတာက 2 ရတယ်။ 15 ကို 5 နဲ့စားတော့ 3 ရတယ်
2/3 ရပါတယ်
ဒီ ပုံစံကို သေချာနားလည်အောင် ပုံဆွဲကြည့်ရအောင်
တစ်ခုခုဆွဲပြီး 15 ပိုင်းပိုင်းရအောင်
ကျွန်တော် ဒါကို 15 ပိုင်းပိုင်းပါမယ်
ကျွန်တော် ဘယ်လောက်ကောင်းကောင်းဆွဲနိုင်လည်း ကြည့်ရအောင်
အမှန်တော့ ပိုပြီးကောင်းတဲ့ ပိုလွယ်တဲ့နည်းလမ်းက
စက်ဝိုင်းဆွဲလိုက်တာပါပဲ
ကျွန်တော် 15 ပိုင်းကိုဆွဲမယ်
ကျွန်တော် ဆွဲတော့မယ်
ဒီမှာ တစ်ပိုင်း
ဒီတစ်ပိုင်းကို ကော်ပီကူးပါမယ်
ဒါ နှစ်ပိုင်း၊ ဒါက သုံးပိုင်း ၊ လေးပိုင်း
ပြီးတော့ ငါးပိုင်း
ဒီဟာကြီးတစ်ခုလုံးကို ကော်ပီကူးပါမယ်
ဒီမှာ အပိုင်းငါးပိုင်း ရှိတယ်
ကော်ပီ ကူးလိုက်တော့
ဆယ်ပိုင်းဖြစ်သွားပြီ။ ကျွန်တော်
နောက်တစ်ခေါက် ထပ်ကူးမယ်
ဒီတော့ 15 ပိုင်းဖြစ်သွားပြီ
သင်တို့ ဒီဟာကြီးတစ်ခုလုံးကို ချောကလက်တောင့်လို့လဲ
စဉ်းစားလို့ရတယ်။ ကျွန်တော်တို့ 15 ပိုင်းပိုင်းပြီးသွားပြီ
အခု 3/15 ဘယ်လောက်ဖြစ်မလဲ
ဒါက 15 ပိုင်းထဲက 3 ပိုင်းဖြစ်လိမ့်မယ်
3/15 က တစ်၊ နှစ်၊ သုံး။ 3/15 ပါ
အခု အဲဒါကို 15 ပိုင်းထဲက 7 ပိုင်း
7 ပိုင်းနဲ့ပေါင်းထားတာဆိုတော့
ကျွန်တော်တို့ 7 ပိုင်းထပ်ပေါင်းပါမယ်
ဒီတော့ ဒါက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်
အခုဆို သင်တို့တွေ့ပြီ ၊ သင်တို့ လိမ္မော် နဲ့ အပြာအပိုင်းတွေကို ရေတွက်ရင်
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး
တစ်ဆယ် အပိုင်း (သို့) 15 ပိုင်းထဲက 10 ပိုင်းရှိတယ်
ဒါက ဘာလို့ 2/3 နဲ့တူလဲဆိုတော့
သင်တို့ ဒီ ချောကလက်တောင့်ကို သုံးပိုင်းစီပိုင်းမယ်ဆိုရင်
တစ်ခုမှာ ငါးပိုင်းပါတယ်
လုပ်ရအောင်
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဒါက သုံးပုံတစ်ပုံ ဖြစ်တယ်
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဒါက
နောက်ထပ် သုံးပုံတစ်ပုံ ဖြစ်တယ်
ကြည့်ပါ ဒီလိုလုပ်လိုက်တော့ ကျွန်တော်တို့
တစ်ပုံ ၊ နှစ်ပုံ အတိအကျ ဖြည့်ပြီးသွားပြီ
ဒီသုံးပုံတစ်ပုံကိုတော့ မဖြည့်ရသေးဘူး
ဒီ သုံးပုံတစ်ပုံက မဖြည့်ရသေးဘူးဆိုတော့ 10/15 က 2/3 နဲ့အတူတူပဲ