Return to Video

ကိုယ့် အစ္ဇျတ္တဘဝကို ဆက်သွယ်ဖို့ Aspenger's နဲ့ အတူ သင်ယူပုံ။

  • 0:01 - 0:03
    ဒီနေ့ရှင်တို့ကို အိပ်မက်တွေ
    အကြောင်း ပြောချင်ပါတယ်။
  • 0:04 - 0:07
    ကျွန်မဟာ တစ်ဘဝလုံး အိပ်မက်တွေကို
    ပြတ်သားစွာ မက်နိုင်ခဲ့တယ်၊
  • 0:07 - 0:09
    ဒါက ရုပ်ရှင်တွေထဲမှာထက်
    ပိုမိုက်တယ်လေ။
  • 0:09 - 0:11
    (ရယ်သံများ)
  • 0:11 - 0:13
    မိုးပေါ်ပျံတာ၊ မီးမှုတ်ထုတ်တာတွေနဲ့
    အမိုက်စား
  • 0:13 - 0:16
    ယောကျ်ားတွေ ပေါ်စေချင်တာနဲ့
    ပေါ်လာတာမျိုး...
  • 0:16 - 0:18
    (ရယ်သံများ)
  • 0:18 - 0:21
    ဂီတကို ရေးတာ၊ ဖတ်တာမျိုး လုပ်နိုင်ပါတယ်။
  • 0:21 - 0:25
    ရယ်ရတာက ကောလိပ်ကို ကိုယ့်ရဲ့
    ကိုယ်ရေး ကြေညာချက်ကို
  • 0:25 - 0:26
    အိပ်မက်ထဲမှာ ရေးတာပါ။
  • 0:26 - 0:29
    တကယ်ပဲ လက်ခံသွားခဲ့ပါတယ်။ ဒီတော့ ရှင်
  • 0:30 - 0:32
    ကျွန်မဟာ စက္ခုဆိုင်ရာ အတွေးခေါ်ရှင်ပါ။
  • 0:32 - 0:35
    စကားလုံးတွေ မဟုတ်ပဲ
    ရုပ်ပုံတွေနဲ့ တွေးတာပါ။
  • 0:35 - 0:39
    ကွန်မအတွက်တော့ စကားလုံးတွေဟာ
    ဗီဇတွေ၊ ဘာသာစကားတွေ ပိုဆင်နေပါတယ်။
  • 0:40 - 0:42
    ကျွန်မလို လူမျိုးတွေ အများကြီးရှိတယ်။
  • 0:42 - 0:44
    ဥပမာ Nicola Tesla ဟာ အရာရာကို
  • 0:44 - 0:49
    စိတ်ကူးနဲ့ မြင်ယောင်၊ ဒီဇိုင်းထုတ်၊
    စမ်းသပ်၊ ဖြေရှင်းနိုင်ခဲ့သူပါ။
  • 0:49 - 0:53
    သူ့စိတ်ထဲက သူ့တီထွင်မှုတွေ အားလုံးဟာ
    အတိအကျပဲလေ။
  • 0:55 - 0:58
    ဘာပဲဖြစ်ဖြစ် ဘာသာစကားဟာ ကျွန်မတို့
    မျိုးစိတ်အတွက် သီးသန့် ဆန်နေသလိုပဲလေ။
  • 0:58 - 1:00
    ကျွန်မက နည်းနည်း
    ပိုအကြမ်းစား ဆန်ပါတယ်။
  • 1:00 - 1:03
    Google Translate ရဲ့ အစမ်းသုံးလိုပေါ့။
  • 1:03 - 1:05
    (ရယ်သံများ)
  • 1:07 - 1:11
    ကျွန်မ ဦးနှောက်က စိတ်ဝင်စားတဲ့ အရာတွေဆို
    အင်မတန်ကို စူးစိုက်နိုင်စွမ်းရှိတယ်။
  • 1:11 - 1:14
    ဥပမာ တစ်ခါတုန်းက ကဲကုလသင်္ချာကို
    အာရုံစွဲညိခဲ့ရာ
  • 1:14 - 1:17
    ဒါက တချို့အကျော်အမော်
    အိမ်ထောင်ရေးတွေထက် ပိုကြာခဲ့တယ်။
  • 1:17 - 1:20
    (ရယ်သံများ)
  • 1:21 - 1:23
    ကျွန်မနဲ့ ပတ်သက်ပြီး
    အခြား ထူးခြားတာတွေ ရှိပါတယ်။
  • 1:24 - 1:27
    ကျွန်မအသံမှာ အသံအနိမ့်အမြင့် သိပ်မများတာ
  • 1:27 - 1:28
    သတိ ထားမိကြမလားပဲ။
  • 1:28 - 1:32
    ဒါကြောင့်မို့ လူတွေက ကျွန်မကို
    GPS နဲ့မကြာခဏ ရောထွေးနေတာပေါ့။
  • 1:32 - 1:35
    (ရယ်သံများ)
  • 1:36 - 1:40
    ဒါက အခြေခံ ဆက်သွယ်ရေးမှာ စိန်ခေါ်မှု
    ဖြစ်စေတယ်၊ ညွန်ကြားချက်တွေ မလိုရင်ပေါ့။
  • 1:40 - 1:44
    (ရယ်သံများ)
  • 1:44 - 1:46
    ကျေးဇူးတင်ပါတယ်။
  • 1:46 - 1:50
    (လက်ခုပ်သံများ)
  • 1:51 - 1:54
    လွန်ခဲ့တဲ့ နစ်အနည်းငယ်က
    တင်ဆက်မှုတွေ စလုပ်တော့
  • 1:54 - 1:56
    ပထမဆုံးအနေနဲ့ လိုင်စင်ပုံ ရိုက်ဖို့သွားတယ်
  • 1:57 - 2:00
    ဓာတ်ပုံဆရာက ညုတုတုလုပ်ဖို့ပြောတယ်။
  • 2:00 - 2:02
    (ရယ်သံများ)
  • 2:02 - 2:05
    သူမ ဘာပြောနေတယ် ဆိုတာ မသိပါဘူးရှင်။
  • 2:05 - 2:07
    (ရယ်သံများ)
  • 2:07 - 2:09
    သူမက "ဒါလုပ်လိုက်၊
    သိပါတယ်၊မျက်လုံးတွေနဲ့လေ၊
  • 2:09 - 2:11
    ကောင်လေးတွေနဲ့ ပြီတီတီလုပ်နေတုန်းပေါ့"
  • 2:11 - 2:13
    "ဒါကဘာလဲ"လို့မေးလိုက်တယ်။
  • 2:14 - 2:15
    "မင်းသိပါတယ်၊ ကြာကြည့်လေ"တဲ့
  • 2:16 - 2:17
    ဒီတော့ ကြိုးစားကြည့်တယ်၊ တကယ်ပါ။
  • 2:17 - 2:19
    ဒါက ဒီလိုပုံမျိုး ပေါက်တာပေါ့။
  • 2:19 - 2:22
    (ရယ်သံများ)
  • 2:22 - 2:24
    ကျွန်မဟာ Waldo ကိုရှာနေပုံ ပေါက်နေတာပေါ့။
  • 2:25 - 2:27
    (ရယ်သံများ)
  • 2:29 - 2:30
    ဒီအတွက် ဆင်ခြေရှိပါတယ်။
  • 2:30 - 2:33
    Waldo င်္ဖွက်ထားတဲ့ ဆင်ခြေလိုမျိုးပေါ့။
  • 2:33 - 2:37
    (ရယ်သံများ)
  • 2:41 - 2:43
    ကျွန်မမှာ Asperger's ရှိတယ်လေ။
  • 2:43 - 2:45
    အဆင့်မြင်တဲ့ စိတ်ဝေဒနာပုံစံပေါ့။
  • 2:45 - 2:48
    ဒါက ပြသဖို့ မျှော်လင့်ထားတဲ့အခြေခံ
    လူမှုရေး ကျွမ်းကျင်မှု ထိခိုက်မှုပေါ့။
  • 2:51 - 2:54
    ဒါက နည်းလမ်းများစွာနဲ့ ဘဝကို
    ခက်ခဲစေတဲ့ အရာပါ။
  • 2:54 - 2:58
    ကြီးလာတော့ လူမှုရေးအရ
    ဝင်ဆန့်အောင် ရုန်းကန်ခဲ့တာပေါ့။
  • 2:58 - 3:02
    သူငယ်ချင်းတွေ ဟာသတွေ ပြောတော့
    နားမလည်ခဲ့ပါဘူး။
  • 3:02 - 3:07
    ကျွန်မရဲ့ လူစွမ်းကောင်းတွေက George
    Calrlin နဲ့ Stephen Colbert တို့ဖြစ်ပြီး
  • 3:07 - 3:09
    သူတို့က ကျွန်မကို ရယ်စရာ သင်ပေးတယ်။
  • 3:11 - 3:15
    ရှက်တတ်ပြီး ဂွတီးဂွကျ
    စရိုက်ကနေ ပြောင်တင်းတင်း
  • 3:15 - 3:18
    ဆဲရေးတတ်သူအဖြစ် ပြောင်းသွားတယ်။
  • 3:18 - 3:21
    မိတ်ဆွေတွေ အများကြီးမရှိတာတော့
    ပြောစရာမလိုပါဘူး။
  • 3:22 - 3:24
    ထိတွေ့မူမှာ ခံနိုင်ရည်မရှိလည်း
    ဖြစ်လာခဲ့တယ်
  • 3:25 - 3:28
    အရေပြားပေါ်က ရေကိုခံစားမှုဟာ
    အပ်ဖျားတွေနဲ့ ထိုးနေသလိုပါပဲ။
  • 3:28 - 3:31
    ဒီတော့ နှစ်အတော်ကြာ
    ရေချိုးဖို့ ငြင်းဆန်ခဲ့တယ်။
  • 3:31 - 3:35
    ဒါပေမဲ့ အခုကျွန်မရဲ့ သန့်ရှင်းရေးလုပ်စဉ်က
    ပုံမှန်အဆင့် ဆိုတာသေချာပါတယ်။
  • 3:35 - 3:37
    (ရယ်သံများ)
  • 3:38 - 3:43
    ဒီကိုရောက်ဖို့ အတော်လုပ်ယူခဲ့ရတာပါ၊
    ပြီးတော့ မိဘတွေ၊
  • 3:43 - 3:48
    ရွယ်တူ တစ်ယောက် လိင်ပိုင်းစော်ကား
    ခံရတော့ မထိန်းနိုင် ဖြစ်ရတာမျိုးတွေ
  • 3:48 - 3:52
    ပြီး ထိပ်ဆုံးကတော့ ဒါက ခက်တဲ့
    အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာပါ။
  • 3:53 - 3:59
    ကုသဖို့ တိုင်းပြည်တလွှား
    မိုင် ၂၀၀၀ ခရီးထွက်ခဲ့ရပေမယ့်
  • 3:59 - 4:03
    ဆေးဝါးသစ် တစခုကို ညွှန်ကြားတုန်း
    ရက်တွေအတွင်း
  • 4:03 - 4:05
    ကျွန်မဘဝဟာ Walking Dead ဇာတ်ဝင်ခန်းအဖြစ်
    ပြောင်းသွားတယ်။
  • 4:06 - 4:09
    သံသယလွန်ကဲသူ ဖြစ်လာတယ်၊ ပုပ်နေတဲ့
    လူသေကောင်တွေဟာ
  • 4:09 - 4:12
    ကျွန်မဆီ လာနေတယ်လို့
    ထင်ယောင်ထင်မှား စဖြစိလာတယ်။
  • 4:13 - 4:16
    နောက်ဆုံးတော့ ကျွန်မမိသားစုက
    ကျွန်မကို ကယ်လိုက်တာပါ။
  • 4:16 - 4:20
    ဒါပေမဲ အဲ့ဒီမတိုင်ခင်က
    ၃ ပတ်အတွင်း ၁၉ ပေါင်ကျသွားခဲ့ပြီး
  • 4:20 - 4:23
    ပြင်းထန်တဲ့ သွေအားနည်းရောဂါလည်း
    ဖြစ်နေခဲ့ပြီး
  • 4:23 - 4:25
    ကိုယ့်ကိုယ်ကို သေကြောင်းကြံ လုလုပေါ့။
  • 4:26 - 4:31
    ကုသရေး ဋ္ဌာနသစ်တစ်ခုကို ပြောင်းတော့
    ကိုယ့်ရဲ့ မနှစ်သက်မှုတွေ
  • 4:31 - 4:35
    စိတ်ဒဏ်ရာတွေနဲ့ လူမှုရေး ဗျာပါရတွေကို
    နားလည်သွားမိတယ်။
  • 4:35 - 4:38
    ဒါကိုကုသဖို့ သိကြလေတော့
    နောက်ဆုံး ကျွန်မလိုတဲ့ အကူရခဲ့ပါတယ်။
  • 4:38 - 4:41
    ၁၈ လ ကြိုးစားပမ်းစား လုပ်ပြီးနောက်မှာတော့
  • 4:41 - 4:44
    မယုံနိုင်ဖွယ်ရာတွေ လုပ်ဖို့ ဆက်လက်ခဲ့ပါတယ်။
  • 4:45 - 4:48
    Aspenger's နဲ့ ပတ်သက်လို့ တစ်ခုရှိတာက
    အကြိမ်တော်တော် များများမှာ
  • 4:48 - 4:50
    ဒီလူတွေမှာ ရှုပ်ထွေးတဲ့ အစ္ဇျတတ္တဘဝရှိပြီး
  • 4:50 - 4:53
    အရမ်းရောင်စုံတဲ့ ပင်ကိုယ်စရိုက်၊
    ကြွယ်ဝတဲ့ စိတ်ကူးတွေရှိပြီး
  • 4:53 - 4:57
    စိတ်ထဲမှာ အများကြီး ဆက်ဖြစ်နေတာ
    ကိုယ်တိုင်သိပါတယ်။
  • 4:57 - 5:00
    ဒါပေမဲ့ ဒါတည်ရှိနေတာနဲ့ ကျန်တဲ့
    ကမ္ဘာကိုဘယ်လို
  • 5:00 - 5:03
    ဆက်သွယ်ရမလဲ ဆိုတာကြားမှာ
    ကွဟချက်တစ်ခုရှိပါတယ်။
  • 5:03 - 5:07
    ပြီးဒါက အခြေခံ ဆက်သွယ်ရေးမှာ
    စိန်ခေါ်မှုတစ်ခုကို ဖန်တီးနိုင်ပါတယ်။
  • 5:08 - 5:11
    လူမှုရေး ကျွမ်းကျင်မှုမရှိလို့ နေရာ
    အတော်များများက ကျွန်မကိုမခန့်ဘူး၊
  • 5:11 - 5:14
    ဒါကြောင့် Waffle House မှာ
    အလုပ်လျှောက်ခဲ့တာပါ။
  • 5:14 - 5:19
    (ရယ်သံများ)
  • 5:20 - 5:24
    Waffle House ဟာ ထူးခြားတဲ့ ၂၄ နာရီ
    စားသောက်ဆိုင်ပါ။
  • 5:24 - 5:26
    (ရယ်သံများ)
  • 5:26 - 5:29
    (လက်ခုပ်သံများ)
  • 5:29 - 5:31
    ကျေးဇူးတင်ပါတယ်၊
  • 5:31 - 5:33
    လူတစ်ယောက်က လူသေအလောင်း တစ်လောင်း
  • 5:33 - 5:36
    ရှင်းထုတ်မယ့် ပုံမျိုးနဲ့
    အာလူးဆီပူထိုးတွေ မှာနိုင်တဲ့နေရာလေ။
  • 5:36 - 5:38
    (ရယ်သံများ)
  • 5:38 - 5:42
    ပါးပါး၊ အတုံးအတစ်လား၊
    ငြုပ်ကောင်ဖြူး၊ အအုပ်၊အပိတ်လားပေါ့။
  • 5:42 - 5:44
    (ရယ်သံများ)
  • 5:44 - 5:46
    လူမှုရေး စံနှုန်းတွေအတိုင်း
  • 5:46 - 5:49
    ညအချိန်တော်၊ မတော် Waffle House ကိုပဲ
    သွားသင့်တာပေါ့။
  • 5:49 - 5:51
    (ရယ်သံများ)
  • 5:51 - 5:55
    ဒီတော့ တစ်ကြိမ်မှာတော့ စားပွဲထိုးနဲ့
    အာလူးဖုတ်ရင်း မေးမိတာက
  • 5:55 - 5:58
    အလုပ်မှာ မင်းကြုံရတဲ့ ရယ်စရာ
    အကောင်းဆုံးအဖြစ်က ဘာပါလိမ့်။
  • 5:59 - 6:02
    သူမပြောတာက တစ်ခါတော့ ယောကျ်ား
    တစ်ယောက် ကိုယ်လုံးတီး ဝင်လာတာပဲ့တဲ့။
  • 6:02 - 6:03
    (ရယ်သံများ)
  • 6:04 - 6:06
    ကဲ၊ သုဿန်အဆိုင်းအတွက်
    စာရင်းပေးလိုက်လို့ ပြောလိုက်တယ်
  • 6:06 - 6:09
    (ရယ်သံများ)
  • 6:09 - 6:12
    ပြောဖို့မလိုတာက Waffle House
    က ကျွန်မကို အလုပ်မခန့်ဘူးလေ။
  • 6:14 - 6:18
    Aspenger's ဆိုတဲ့အရ အားနည်းချက်
    တစ်ခုအဖြစ် ရှုမြင်ကြပြီး
  • 6:18 - 6:20
    တစ်ခါတစ်ခါမှာ အရမ်းကို နာကျင်မိပေမယ့်
  • 6:20 - 6:22
    ဆန့်ကျင့်ဘက် လည်းဖြစ်တတ်ပါတယ်။
  • 6:22 - 6:26
    ဒါဟာ ပါရမီတစ်ခုဖြစ်ပြီး ကျွန်မကို
    ဆန်းဆန်းပြားပြား တွေးခေါ်ဖြစ်စေတယ်။
  • 6:27 - 6:34
    ၁၉ နှစ်မှာ ကျွန်မရဲ့ သန္ဆာကျောက်တန်း
    သုသေသနဟာ ပြိုင်ပွဲမှာဆုရခဲ့ပြီး
  • 6:34 - 6:35
    ကုလသမဂ္ဂ ညီလာခံမှာ
  • 6:35 - 6:37
    ဒီသုသေသနကို တင်ပြထားတဲ့ ဇီဝမျိုးကွဲတွေ
  • 6:37 - 6:39
    အကြောင်းပြောတာနဲ့ အဆုံးသတ်ခဲ့တယ်
  • 6:39 - 6:41
    (လက်ခုပ်သံများ)
  • 6:41 - 6:42
    ကျေးဇူးပါ။
  • 6:42 - 6:47
    (လက်ခုပ်သံများ)
  • 6:47 - 6:51
    ၂၂ နှစ်မှာ ကောလိပ်ကဘွဲ့ယူဖို့
    အသင့် ဖြစ်တော့မှာဖြစ်ပြီး
  • 6:51 - 6:55
    Autismsees ဆိုတဲ့ ဇီဝနည်းပညာ
    ကုမ္ပဏီတို တွဲဖက်တည်ထောင်သူပါ။
  • 6:56 - 6:57
    (လက်ခုပ်သံများ)
  • 6:57 - 6:59
    ကျေးဇူးပါရှင်။
  • 6:59 - 7:01
    (လက်ခုပ်သံများ)
  • 7:01 - 7:04
    ဒါပေမဲ့ ဒီကိုရောက်ဖို့
    ကျွန်မလုပ်ခဲ့ရတာတွေကို စဉ်းစားကြည့်ပါဦး။
  • 7:04 - 7:10
    အထူးကု ၂၅ ဦး၊ မှားယွင်းတွေ့ရှိမှု ၁၁ ခု
    ပြီးတော့ နှစ်ချီတဲ့ နာကျင်မှုနဲ့ ဒုက္ခတွေ
  • 7:11 - 7:14
    ပိုကောင်းတဲ့နည်း ရှိလေမလားလို့
    အချိန်အများကြီး အကုန်ခံစဉ်းစားခဲ့
  • 7:14 - 7:18
    ရှိတယ်လို့ တွေးမိတယ်။ အထီးကျန်
    စိတ်ဝေဒနာ ထောက်ကူရေး နည်းပညာ။
  • 7:19 - 7:21
    ဒီနည်းပညာက ASD အထီးကျန်
    စိတ်ဝေဒနာ နယ်ပယ်
  • 7:21 - 7:23
    ကစဉ့်ကလျား ဖြစ်ချင်တဲ့ လူတွေကို
  • 7:23 - 7:25
    အဓိကကျတဲ့အခန်းပါ။
  • 7:26 - 7:31
    ကျွန်မရဲ့ကုမ္ပဏီ AutismSees က
    ထုတ်တဲ့ Podium app မှာ
  • 7:31 - 7:37
    ဆက်ဆံရေး ကျွမ်းကျင်မှုတွေကို
    သီးခြားအကဲ ဖြစ်ပြီး တိုးတက်အောင်ကူပေးတဲ့
  • 7:37 - 7:42
    အစွမ်းရှိတဲ့အပြင် မျက်လုံးဆက်သွယ်မှုကို
    ကင်မရာကနေ ခြေရာခံထားကာ
  • 7:42 - 7:48
    လူအများရှေ့မှာ စကားပြောတာနဲ့ အင်တာဗျူး
    အတွေ့အကြုံကို နှိုးဆွပေးပါတယ်။
  • 7:49 - 7:51
    ဒီလိုနဲ့ တစ်နေ့ ဒါကိုကျင့်ပြီးတဲ့အခါ
    Waffle House က
  • 7:51 - 7:53
    ကျွန်မကို ခန့်ချင်ခန့်မှာပေါ့။
  • 7:53 - 7:55
    (ရယ်သံများ)
  • 7:57 - 8:03
    ပြောင်မြောက်တာ တစ်ခုက Podium ကို
    ယနေ့အတွက် ပြင်ဆင်ရာမှာ
  • 8:03 - 8:08
    အထောက်အကူရဖို့ သုံးလိုက်တာ
    တော်တော် အကူရပါတယ်။
  • 8:08 - 8:09
    ဒါပေမဲ့ ဒီထက်ပိုပါသေးတယ်။
  • 8:09 - 8:11
    လုပ်နိုင်တာတွေထက် ပိုများပါသေးတယ်
  • 8:12 - 8:15
    ဥပမာ ASD ရှိတဲ့လူတွေပေါ့၊
  • 8:15 - 8:20
    ဒါဟာ များပြားလှတဲ့ ဆန်းသစ်တဲ့
    သိပ္ပံပညာရှင်တွေ၊ သုသေသီတွေ
  • 8:20 - 8:25
    အနုပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေမှာ
    ရှိတယ်လို့ သုံးသပ်ထားကြတယ်။
  • 8:25 - 8:31
    ဥပမာ Emily Dickinson ၊Jane Austin၊
    Isaac Newton ၊ Bill Gates
  • 8:31 - 8:32
    တို့ဟာ နမူနာတစ်ချို့ပေါ့။
  • 8:32 - 8:34
    ဒါပေမဲ့ ကြုံတွေ့ရတဲ့ ပြဿနာက
  • 8:34 - 8:38
    တစ်ခါတစ်ခါမှာ ပြောင်မြောက်တဲ့
    စိတ်ကူးတွေဟာ ဆက်သွယ်မှု
  • 8:38 - 8:40
    လမ်းကြောင်း ပိတ်ဆို့နေရင်
    မျှဝေလို့မရဘူးလေ။
  • 8:41 - 8:46
    ဒီလိုနဲ့ နေ့စဉ် သတိမူခြင်း မခံရတဲ့အထီးကျန်
    စိတ်ဝေဒနာရှင်တွေ အများကြီးရှိပြီး
  • 8:46 - 8:48
    သူတို့တွေဟာ အမြတ်ထုတ်တာ ခံနေရတယ်။
  • 8:49 - 8:56
    ဒီတော့ အထီးကျန် စိတ်ဝေဒနာရှင်တွေ အတွက်
    ကျွန်မစိတ်ကူးက
  • 8:56 - 8:59
    သူတို့အောင်မြင်မှုကို ကာဆီးထားတဲ့
    ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ပါ။
  • 9:00 - 9:02
    အကြောင်းပြချက် တစ်ခုက
    ကျွန်မက ကြည်လင်တဲ့ အိပ်မက်တွေကို
  • 9:02 - 9:05
    ကြိုက်တော့ ဒါကကျွန်မကို
    လူမှုရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ
  • 9:05 - 9:09
    အကျိုးဆက်တွေကို ဝေဖန်ခြင်း
    မပါတဲ့ လွတ်လပ်ခွင့်ပေးတယ်။
  • 9:10 - 9:13
    စိတ်ထဲမှာ ဖန်ဆင်းထားတဲ့ မြင်ကွင်းတွေပေါ်ကို
    ပျံသန်းနေတုန်းမှာ
  • 9:13 - 9:14
    စိတ်ဟာ ငြိမ်းချမ်းပါတယ်။
  • 9:15 - 9:17
    ဝေဖန်မှုတွေက ကင်းလွတ်နေတော့
  • 9:17 - 9:19
    ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်မို့လား။
  • 9:19 - 9:24
    ကျွန်မက Brad Pitt နဲ့ ဖက်နေတာကို
    Angelina က လုံးဝကို အေးဆေးပဲလေ။
  • 9:24 - 9:26
    (ရယ်သံများ)
  • 9:28 - 9:32
    ဒါပေမဲ့ စိတ်ဝေဒနာ ထောက်ကူရေး
    နည်းပညာ ရည်ရွယ်ချက်ဟာ ဒါထက်ကြီးပြီး
  • 9:32 - 9:33
    ပိုပြီးလည်း အရေးပါပါတယ်။
  • 9:34 - 9:38
    ကျွန်မရဲ့ရည်ရွယ်ချက်က အထီးကျန်
    စိတ်ဝေဒနာအပေါ် လူတွေရဲ့အမြင်နဲ့
  • 9:38 - 9:43
    မြင့်မားတဲ့ စွမ်းဆောင်မှုရှိတဲ့ Aspenger's နဲ့
    လူတွေိကို ပြောင်းလဲဖို့ပါ။
  • 9:43 - 9:47
    သူတို့တွေဟာ အတော်များများကို
    လုပ်တတ်ကြလို့ပါ။
  • 9:47 - 9:50
    ဆိုလိုတာက Temple Grandin ကို
    ဥပမာကြည့်လိုက်ပါ။
  • 9:50 - 9:55
    ဒီလိုလုပ်ခြင်းအားဖြင့် လူတွေကို သူတို့ရဲ့
    အစွမ်းတွေကို ဒီကမ္ဘာနဲ့မျှဝေခွင့်
  • 9:55 - 9:58
    ပေးလိုက်ပြီး ကမ္ဘာကြီးကို
    ရှေ့ဆက် သွားစေတာပေါ့
  • 9:58 - 10:01
    ထပ်ပြီး သူတို့ကို တကယ့်ကမ္ဘာကြီး
    ထဲက အချိန်နဲ့တပြေးညီ
  • 10:01 - 10:03
    သုတို့ရဲ့အိပ်မက်တွေ နောက်လိုက်ကြဖို့
    အားပေးပါတယ်။
  • 10:03 - 10:04
    ကျေးဇူးတင်ပါတယ်။
  • 10:04 - 10:08
    (လက်ခုပ်သံများ)
  • 10:08 - 10:09
    ကျေးဇူးတင်ပါတယ်။
  • 10:09 - 10:13
    (လက်ခုပ်သံများ)
Title:
ကိုယ့် အစ္ဇျတ္တဘဝကို ဆက်သွယ်ဖို့ Aspenger's နဲ့ အတူ သင်ယူပုံ။
Speaker:
Alix Generous
Description:

Alix Generous ဟာ စိတ်ကူးပေါင်း သန်းချီရှိတဲ့ အမျိုးသမီးငယ်လေးပါ။ သူမဟာ သိပ္ပံပညာဆိုင်ရာ ချီးမြင့်ဆုရထားသူဖြစ်ပြီး နည်းပညာသစ်ကို ကူညီဖွံ့ဖြိုးစေပြီး ပေါက်ကရလည်းပြောပါတယ်။ (မြင်ကြရမှာပါ) သူမမှာ Aspenger's ရှိပါတယ်။ ဒါကတော့ အခြေခံကျတဲ့ ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ လူမှုရေးရာ တတ်ပွန်မှုတွေကို ကမောက်ကမ ဖြစ်စေတဲ့ အထီးကျန် စိတ်ဝေဒနာဆိုင်ရာ နယ်ပယ် ကစဉ့်ကလျားဖြစ်ခြင်း ပုံစံတစ်ခုပါ။ သူမရဲ့ စိတ်ကူးတွေကို ကမ္ဘာကြီးနဲ့ ဘယ်လိုမျှဝေလို့ရအောင် သင်ယူဖို့ နှစ်နဲ့ချီပြီး ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ဒီပျော်ရွှင်စရာ ကိုယ်ရေးကိုယ်တာ ဟောပြောချက်မှာ သူမရဲ့ ဇာတ်လမ်းကို မျှဝေထားပါတယ်။ ပိုပြီးများပြားတဲ့ လူတွေကို သူတို့ရဲ့ကြီးမားတဲ့ စိတ်ကူးတွေကို အဆက်အသွယ်ပြုရာမှာ အကူအညီပေးတဲ့ ကိရိယာတွေနဲ့ဆိုင်တဲ့ သူမရဲ့အမြင်ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:26

Burmese subtitles

Revisions