ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့
-
0:01 - 0:02ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊
-
0:02 - 0:04ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။
-
0:04 - 0:08အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း
လူတိုင်း သိတယ်၊ မဟုတ်လား။ -
0:08 - 0:10မသိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ
-
0:10 - 0:12ဘာလဲ မေးကြည့်ရုံပါပဲ။
-
0:12 - 0:13ဒီတော့ စမ်းကြည့်ရအောင်။
-
0:14 - 0:16Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။
-
0:16 - 0:20ဒီမှာ ရိုဘော့ ပုံစံတွေ
အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ -
0:20 - 0:23အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ
လူနဲ့ ဆင်တူကြပါတယ်။ -
0:23 - 0:25ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ
-
0:25 - 0:27ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊
သတ္ထုပါတယ်၊ -
0:28 - 0:30မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။
-
0:30 - 0:31တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊
-
0:31 - 0:34သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။
-
0:34 - 0:35တချို့ကျတော့ ခင်မင်စရာမျိုး
-
0:35 - 0:37မဟုတ်ဘဲ "Terminator"ထဲက
များလား ထင်ရပါတယ်။ -
0:37 - 0:40တကယ်တမ်းမှာလည်း "Terminator" မှ
ဖြစ်နိုင်ပါတယ်။ -
0:40 - 0:43အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့
အရာတွေ လုပ်နိုင်တယ်၊ -
0:43 - 0:45စိတ်လှုပ်ရှားရာ ပစ္စည်းတွေ လုပ်နိုင်တယ်။
-
0:45 - 0:47ဒါပေမဲ့ အခု ပြောချင်တာက
မတူတဲ့ ရိုဘော့မျိုးတွေပါ၊ -
0:47 - 0:50ကျွန်တော်ဟာ မတူတဲ့ ရိုဘော့တေွကို
ထုတ်လုပ်ချင်တယ်။ -
0:50 - 0:53အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့
မတူတဲ့ ဒီလိုအရာမျိုးမှ -
0:53 - 0:54စိတ်ကူးတွေကို ယူချင်တယ်။
-
0:55 - 0:57ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊
-
0:57 - 1:00၎င်းတို့ဟာ ကျွန်ုပ်တို့ြရော လက်ရှိ
ရိုဘော့များပါ -
1:00 - 1:02မလုပ်နိုင်တဲ့ မိုက်တဲ့
အရာတွေကို လုပ်နိုင်ကြတယ်။ -
1:02 - 1:06၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊
ဥယျာဉ်ထဲ သွားခြင်းနဲ့ -
1:06 - 1:08သီးနှံတွေ စားခြင်းလို
လုပ်နိုင်တာ အများကြီး၊ -
1:08 - 1:09သစ်ပင်ပေါ် တက်နိုင်ခြင်း၊
-
1:09 - 1:11ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊
-
1:11 - 1:14အင်းဆက်တွေကို ဖမ်းနိုင်၊ သားနိုင်ကြပါတယ်။
-
1:14 - 1:16ဒီတော့ သူတို့ လုပ်နိုင်တာ တကယ့်ကို
စိတ်ဝင်စားစရာတွေပါ။ -
1:16 - 1:19၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး
-
1:19 - 1:21ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။
-
1:21 - 1:24ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ
အဲဒါတွေ မလုပ်တတ်ကြပါ။ -
1:24 - 1:25ဒီတော့၊ ဒီလို ထူးခြားတဲ့
-
1:25 - 1:29လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ
အသုံးပြုလျက် တကယ့်ကို -
1:29 - 1:31အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင်
မကောင်းပေဘူးလား။ -
1:31 - 1:34ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ
အချို့ကို ယူပြီး -
1:34 - 1:37အကောင်းများနဲ့ အပင်များထံမှ
ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ -
1:37 - 1:39နည်းပညာတွေကို အသုံးပြုကာ
-
1:39 - 1:41အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင်
-
1:41 - 1:43လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။
-
1:43 - 1:45ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို
လေ့လာကြပါစို့။ -
1:45 - 1:47အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊
-
1:47 - 1:50လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း
လုပ်ပစ်လိုက်တဲ့ -
1:50 - 1:52စိတ်ပျက်စရာ အရာတွေပါ။
-
1:52 - 1:56ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့
ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ -
1:56 - 1:59တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့
ဖိအားပေးမှုကြောင့် -
1:59 - 2:03လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ
သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ -
2:03 - 2:04တဖန် အဲဒီလို တိုးထုတ်နိုင်ဖို့
-
2:04 - 2:07လယ်သမားတွေဟာ စိုက်ခင်းတွေမှာ
ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ -
2:07 - 2:10သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ
ပိုးသတ်ဆေးများ စသဖြင့် -
2:10 - 2:13သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို
များစွာ သုံးနေကြရာ -
2:13 - 2:15အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။
-
2:15 - 2:19အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက်
တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ -
2:19 - 2:21များစွာ သုံးတယ်အခါ အားလုံးဟာ
အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ -
2:21 - 2:24တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊
-
2:24 - 2:25မိုးရွာတဲ့ အခါမှာ၊ အဲဒီလို
-
2:25 - 2:28ဓာတုပစ္စည်းတွေဟာ မြေအောက်
ရေထုထဲ စိမ့်ဝင်သွားတယ်။ -
2:28 - 2:29တဖန် အဲဒီ မြေထုရေဟာ
-
2:29 - 2:33ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ
ရောက်ရှိသွားလျက် -
2:33 - 2:34ပင်လယ်ထဲကို ရောက်လာပါတယ်။
-
2:34 - 2:37ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊
-
2:37 - 2:39နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင်
-
2:39 - 2:42ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့
အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ -
2:42 - 2:44ဥပမာ၊ ရေညှိဆိုပါစို့။
-
2:44 - 2:47ရေညှိဟာ နိုင်ထရိတ်တွေကို၊
ဓာတုမြေဩဇာကိုကြိုက်တော့၊ -
2:47 - 2:49အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို
စုပ်ယူမှာပါ၊ -
2:49 - 2:52အခြေအနေတွေ ကောင်းမယ်ဆိုရင်
၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ -
2:52 - 2:54ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး
ပွားများလာမှာပါ။ -
2:54 - 2:56အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။
-
2:56 - 2:59ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင်
၎င်းတို့ဟာ -
2:59 - 3:01ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။
-
3:01 - 3:03အဲဒီနောက်မှာ ရေထဲက
-
3:03 - 3:06တခြားအကောင်တွေဟာ အသက်ရှင်
မရနိုင်တော့ပါ။ -
3:06 - 3:08ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။
-
3:08 - 3:12ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက်
ပတ်ဝန်းကျင်ကို လုံခြုံအောင် -
3:12 - 3:14လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။
-
3:14 - 3:15အဲဒါက ပထမ ပြဿနာပါ။
-
3:16 - 3:18ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက်
ဖြစ်ပြီး -
3:18 - 3:20ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။
-
3:21 - 3:25အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့
သုံးကြတဲ့ အင်ဂျင်နာများ၊ -
3:25 - 3:26လှေများမှ စီးထွက်လာတတ်တယ်။
-
3:26 - 3:29ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို
ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ -
3:29 - 3:31အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ
ရောက်လာတယ်။ -
3:31 - 3:34အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး
ရေနံကွက်ကြီးတွေ -
3:34 - 3:39ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို
သုံးနိုင်မယ် ဆိုရင်ကော။ -
3:39 - 3:41ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက
-
3:41 - 3:43ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။
-
3:44 - 3:45အဲဒီ ရိုဘော့တွေကို လက်တွေ့
-
3:45 - 3:47ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ
အကြံဉာဏ် ယူခဲ့တယ်။ -
3:48 - 3:50ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက
ငါးမန်းကောင်ကြီးပါ။ -
3:50 - 3:53ဧရာမ ငါးမန်းကောင်ပါ။
-
3:53 - 3:56၎င်းဟာ သားစားကောင် မဟုတ်လို့
၎င်းနဲ့အတူ ရေကူးနိုင်တယ်။ -
3:56 - 3:57ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။
-
3:57 - 3:59အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက်
-
3:59 - 4:02ရေထဲကူးသွားရင်း ရေမျောတွေကို
လိုက်စုစည်းတယ်။ -
4:03 - 4:05အဲဒီလို လုပ်နေချိန်မှာ အစာကို
ချေဖျက်လိုက်လို့ -
4:05 - 4:09ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန်
အသုံးပြုပါတယ်။ -
4:09 - 4:11ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့
-
4:11 - 4:14ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ
ကူးသွားစေလျက် -
4:14 - 4:16ညစ်ညမ်းမှုကို စားခိုင်းလို့ ရနိုင်မလား။
-
4:16 - 4:18လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။
-
4:18 - 4:21တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား
အကောင်များဆီမှပါ အကြံရသေးတယ်။ -
4:21 - 4:23ဒီနေရာမှာ ရှိတဲ့ ငါးတမျိုးကို
ကျွန်တော် ပြချင်တယ်။ -
4:23 - 4:25ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။
-
4:25 - 4:26၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့
-
4:27 - 4:29တူတဲ့ ခြေတွေကို သုံးပြီး
ရှေ့ကို တွန်းယူတယ်။ -
4:29 - 4:32အဲဒီအကောင် နှစ်မျိုးကို
ကျွန်တော်တို့ ယူပြီး -
4:32 - 4:35ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို
ဖန်တီးလိုက်ကြတယ်။ -
4:35 - 4:38ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို
အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ -
4:39 - 4:41ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့
-
4:41 - 4:43ကျွန်တော်တို့ရဲ့ ရိုဘော့ကို
-
4:43 - 4:45"Row-bot" လို့ ခေါ်ပါတယ်။
-
4:45 - 4:49ဒီတော့ Row-bot လှော်တတ်တဲ့
ရိုဘော့ စက်ရုပ်ပါ။ -
4:49 - 4:51ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ
ဘယ်လိုများ ရှိလဲ။ -
4:51 - 4:53Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။
-
4:53 - 4:55ခင်ဗျားတို့ သတိထားမိကြမှာက
-
4:55 - 4:58ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့
ရိုဘော့တွေနဲ့ မတူပါဘူး။ -
4:58 - 5:00Google ဟာ မှားတယ်၊ ရိုဘော့တွေ
အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ -
5:00 - 5:02ဒီလို ပုံစံမျိုးတွေပါ။
-
5:02 - 5:03အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။
-
5:03 - 5:05ခင်ဗျားတို့အတွက် ပြပေးမယ်။
-
5:05 - 5:06စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။
-
5:06 - 5:08ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။
-
5:08 - 5:10အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊
-
5:10 - 5:12ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊
-
5:12 - 5:13Row-bot ထဲ ပါဝင်တာက-
-
5:13 - 5:15၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက-
-
5:15 - 5:18Row-bot ထဲ ပါဝင်ကြတဲ့
အပိုင်း သုံးပိုင်းပါ၊ -
5:18 - 5:22အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း
ထဲက အတိုင်းပါပဲ။ -
5:22 - 5:24၎င်းဆီမှာ ဦးနှောက်ရှိတယ်၊
-
5:24 - 5:25ခန္ဓာကိုယ် ရှိတယ်၊
-
5:25 - 5:27ပြီးတော့ အစာအိမ် ရှိတယ်။
-
5:27 - 5:30စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။
-
5:30 - 5:32Row-bot ဆီမှာ အဲဒီလို
အပိုင်း သုံးပိုင်း ရှိတယ်၊ -
5:32 - 5:35သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ
အပိုင်း သုံးပိုင်း ရှိတယ်။ -
5:35 - 5:37အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။
-
5:37 - 5:38၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊
-
5:38 - 5:40အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊
-
5:40 - 5:42၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။
-
5:42 - 5:45ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး
-
5:45 - 5:46ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊
-
5:46 - 5:48ခုန ပြခဲ့တဲ့ ရေပိုးကောင် အတိုင်းပါ
-
5:48 - 5:50၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊
-
5:50 - 5:52ဒါပေမဲ့ ရော်ဘာနဲ့
လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ -
5:52 - 5:54ဒီမှာ နောက်ပါးစပ် ရှိတယ်-
ပါးစပ် နှစ်ခု ရှိတယ်။ -
5:54 - 5:56ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။
-
5:56 - 5:58တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊
-
5:58 - 6:00နောက်တစ်ခုက အစာကို အပြင်ကို
ထုတ်ပစ်ရန် အတွက်ပါ။ -
6:00 - 6:03ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့
စအိုပေါက် -
6:03 - 6:04ဒါမှမဟုတ်--
-
6:04 - 6:05(ရယ်မောသံများ)
-
6:05 - 6:07မလိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊
-
6:07 - 6:09တကယ့် အကောင်တွေ အတိုင်းပါပဲ။
-
6:09 - 6:12ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့
ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ -
6:12 - 6:13ဒါက ခန္ဓာကိုယ်ပါ။
-
6:13 - 6:16ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။
-
6:16 - 6:20ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင်
လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ -
6:20 - 6:22ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ
-
6:22 - 6:23အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။
-
6:23 - 6:27အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ်
ဆိုတာ ရှိပါတယ်။ -
6:27 - 6:30ကျွန်တော် ဒီမှာ ချထားလိုက်ပြီး
ဆဲလ်ကို မတင်ပြပါမယ်။ -
6:30 - 6:32ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား
-
6:32 - 6:34သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊
-
6:34 - 6:36ကျွန်တော် ဒါကို သုံးပါတယ်။
-
6:36 - 6:37အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။
-
6:37 - 6:38အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။
-
6:38 - 6:42အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့
လောင်စာကို ထည့်ပေးနိုင်တယ်၊ -
6:42 - 6:43၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။
-
6:43 - 6:44ဒီတော့ ဒါဘာလဲ။
-
6:44 - 6:46ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။
-
6:46 - 6:48ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့
နည်းနည်း ဆင်တူတယ်။ -
6:48 - 6:50ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ်
သတင်းများထဲမှာ -
6:50 - 6:52မြင်တွေ့ခဲ့ဘူးကြမှာပါ။
-
6:52 - 6:55ဓာတုဗေဒ ဆဲလ်တွေဟာ
ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး -
6:55 - 6:57ပေါင်းစပ်ပေးလိုက်ကာ
လျှပ်စစ်ကို ထုတ်ပေးကြတယ်။ -
6:57 - 7:00အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး
Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ -
7:00 - 7:02အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။
-
7:02 - 7:04ဒါက နည်းနည်း ပိုသစ်ပါတယ်။
-
7:04 - 7:05ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။
-
7:05 - 7:06လုပ်ပုံ အခြေခံမူ တူတယ်။
-
7:06 - 7:08တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊
-
7:08 - 7:10အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား
-
7:10 - 7:11စွပ်ပြုတ် ရှိတယ်၊
-
7:11 - 7:14တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့
သက်ရှိ ပိုးမွှားတွေပါ။ -
7:14 - 7:17ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊
-
7:17 - 7:19စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊
-
7:19 - 7:21ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊
-
7:21 - 7:24အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက
အဲဒီအစာကို စားကြပြီး -
7:24 - 7:26အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။
-
7:26 - 7:30အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့
ပိုးမွှားတွေကို ရွေးနိုင်ရင် -
7:30 - 7:34ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု
အချို့ကို ရှင်းရန် သုံးနိုင်မယ်။ -
7:34 - 7:36မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင်
-
7:36 - 7:39ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။
-
7:39 - 7:41ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊
-
7:41 - 7:45၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့
ရေနံစိမ်းကို စားကြမယ်။ -
7:45 - 7:48ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို
ရှင်းရန်အတွက်သာမက -
7:48 - 7:51အသုံးပြုလို့ ရနိုင်ရုံသမာက
-
7:51 - 7:54ညစ်ညမ်းမှုမှ လျှပ်စစ်
ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ -
7:54 - 7:57ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ
ရွေ့ရှားရင်း -
7:57 - 7:59အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊
-
7:59 - 8:02အစာကို ချေဖျက်လျက်
လျှပ်စစ်ကို ထုတ်လုပ်မယ်၊ -
8:02 - 8:04ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့
လျှပ်စစ်ကို သုံးနိုင်ပြီး -
8:04 - 8:06ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။
-
8:06 - 8:09ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့
၎င်းက လှော်နေတဲ့ အခါမှာ -
8:09 - 8:11ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။
-
8:11 - 8:13ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။
-
8:13 - 8:15ခင်ဗျားတို့ ပထမဆုံး မြင်ရမှာက၊
မြင်ရတယ်နော်၊ -
8:15 - 8:16ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။
-
8:16 - 8:19ရှေ့ပါးစပ်နဲ့ အောက်ပိုင်း
ပါးစပ်ကို ဖွင့်ထား၊ -
8:19 - 8:21လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊
-
8:21 - 8:23အဲဒီနောက် ရိုဘော့ဟာ
ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ -
8:23 - 8:25၎င်းဟာ ရေကို ဖြတ်သွားလျက်
-
8:25 - 8:27အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး
စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ -
8:27 - 8:29လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊
-
8:29 - 8:31၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊
-
8:32 - 8:34တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊
-
8:34 - 8:36ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊
-
8:36 - 8:38ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။
-
8:38 - 8:40အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ
-
8:40 - 8:42ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။
-
8:42 - 8:44ကျွန်တော်တို့ တကယ်လိုချင်တာက
စွမ်းအင် အများကြီးကို -
8:44 - 8:47ပိုးမွှားများထံမှ အတတ်နိုင်ဆုံး
အမြန်ဆုံး ရချင်တယ်။ -
8:47 - 8:49ဒါပေမဲ့ ပိုးမွှာတွေက
စက္ကန့်တိုင်းမှာ ထုတ်ပေးကြတဲ့ -
8:49 - 8:52လျှပ်စစ်ဟာ နည်းပြီး တိုးထုတ်ဖို့
ပိုးမွှားတွေကို ခိုင်းမရပါ။ -
8:52 - 8:55သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ်
ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ -
8:55 - 8:56ဒါကို ရှင်းပြပါရစေ။
-
8:56 - 8:58ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း၊
-
8:58 - 8:59ခေတ်အမှီဆုံး တစ်ခုဆိုရင်၊
-
8:59 - 9:01ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။
-
9:02 - 9:05ဒီတော့ ဖုန်း သုံးတာက ခုနက
ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် -
9:05 - 9:07အကြိမ် တစ်ထောင်၊ တသန်းအထိကို များပါတယ်။
-
9:08 - 9:10ဒီပြဿနာကို ကျွန်တော်တို့
ဘယ်လို လုပ်မလဲ။ -
9:10 - 9:12ကောင်းပြီ၊ Row-bot က
အစာကို ချေပြီးသွားတဲ့ အခါမှာ -
9:12 - 9:14အစားအစာကို အထဲကို ယူထည့်လိုက်ကာ
-
9:14 - 9:17ထိုင်နေလျက် အစာအားလုံးကို
သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ -
9:18 - 9:21အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ်
အထိ ကြာနိုင်တယ်။ -
9:21 - 9:24Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတယ်-
-
9:24 - 9:26၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊
-
9:26 - 9:27ရှေ့ကို ရွေ့တယ်၊
-
9:27 - 9:28၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊
-
9:28 - 9:30ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။
-
9:30 - 9:32အစားအစာတွေကို ချေဖျက်ပြီးတာနဲ့
-
9:32 - 9:34ရှေ့ဆက် လှုပ်ရှားလျက်
အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ -
9:34 - 9:37ဒါပေမဲ့၊ ဒါဟာ တကယ့်
သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ -
9:37 - 9:39အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ကြပုံ
အတိုင်းပါပဲ။ -
9:39 - 9:42စနေညနေတွင် ကျွန်ုပ်တို့ဟာ
ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ -
9:42 - 9:44ကျွန်ုပ်တို့ရဲ့ အစာအိမ်တွေကို ဖြည့်ကြတယ်၊
-
9:44 - 9:46တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။
-
9:46 - 9:49အတော်လေး ချေပြီးတဲ့ နောက်မှာ
အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ -
9:49 - 9:51အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ
-
9:51 - 9:55ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ
စွမ်းအင် ကျန်နေသေးရင် -
9:55 - 9:57ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။
-
9:57 - 9:59ကျွန်ုပ်တို့ဟာ စာတိုကို
ပို့နိုင်တယ်၊ ဥပမာ၊ -
9:59 - 10:01အခုလို ပါတဲ့ စာတို ပို့နိုင်တယ်၊
-
10:01 - 10:03"မကြာမီ ကျွန်တော် စားခဲ့တဲ့
ညစ်ညမ်းမှုက ဒီလောက်ကြီး" -
10:03 - 10:05ဒါမှမဟုတ် "ငါရင်ဆိုင်နေရတဲ့
ပြဿာက ဒီလိုပါ။" -
10:05 - 10:07ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။"
-
10:08 - 10:11"ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို
ပို့နိုင်တဲ့ -
10:11 - 10:13လုပ်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးတယ်။
-
10:13 - 10:16အစောပိုင်း ကျွန်ုပ်တို့
မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို -
10:16 - 10:18ပွင့်လာကြတဲ့ ရေညှိတွေကို
စဉ်းစားရင် -
10:18 - 10:20ကျွန်ုပ်တို့ တကယ်လုပ်နိုင်တာက Row-bot ကို
ချထားရန်ပါပဲ၊ -
10:20 - 10:22၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။
-
10:22 - 10:24ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။
-
10:24 - 10:25ဘာဖြစ်လို့လဲ။
-
10:25 - 10:27လောလောဆယ်မှာ ဒီ Row-bot တွေဟာ
-
10:27 - 10:28ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင်
-
10:28 - 10:30မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊
-
10:30 - 10:34ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့
အစိတ်အပိုင်းတွေ ပါတယ်။ -
10:34 - 10:36လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက်
ဘက်ထရီ ရှိပါတယ်။ -
10:37 - 10:38အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။
-
10:39 - 10:41ဒါကြောင့် ၎င်းတို့ကို
စောင့်ကြည့်ရန် လိုတယ်၊ -
10:41 - 10:42၎င်းတို့ရဲ့ အလုပ်ပြီးသွားတဲ့အခါ
-
10:42 - 10:44၎င်းတို့ကို ကောက်ယူရန် လိုတယ်။
-
10:44 - 10:46အဲဒါကြောင့် Row-bot သုံးရာတွင်
ကန့်သတ်ချက် ရှိတယ်။ -
10:46 - 10:47နောက်တစ်ဖက်မှ ကျတော့၊
-
10:47 - 10:50ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့
နည်းနည်းလေး တူပါက၊ -
10:50 - 10:53အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊
-
10:53 - 10:55၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။
-
10:55 - 10:57အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ
-
10:57 - 11:00ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား
-
11:00 - 11:01ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ
-
11:01 - 11:04ေကြပျက်လွယ်တဲ့ ပစ္စည်းများဖြင့်
လုပ်ထားမယ်ဆိုရင် -
11:04 - 11:05ဘာမှမကျန် ပျက်စီးသွားရင်ကော။
-
11:05 - 11:07အဲဒီလိုဆိုရင် ရိုဘော့တွေ
သုံးပုံ ပြောင်းသွားမယ်။ -
11:07 - 11:10ပတ်ဝန်းကျင် ထဲတွင်
၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ -
11:10 - 11:11၎င်းတို့ကို စောင့်ကြည့်နေရမယ်၊
-
11:11 - 11:13ပြီးတော့ ၎င်းတို့ သေတဲ့အခါမှာ
-
11:13 - 11:14လိုက်ပြီး စုစည်းရမယ့်အစား
-
11:14 - 11:16ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ
-
11:16 - 11:18ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ
ချထားနိုင်ကြမယ်။ -
11:18 - 11:20၎င်းတို့ကို ဝန်းကျင်ထဲမှာ
ဖြန့်ထားနိုင်မယ်။ -
11:20 - 11:24၎င်းတို့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန်
ပျက်ပြုန်းသွားကြမှာပါ။ -
11:24 - 11:26ကျွန်ုပ်တို့ဟာ ၎င်းတို့ အကြောင်း
စဉ်းစားရန် မလိုတော့ပါ။ -
11:26 - 11:29ဒီလိုဆိုရင် ရိုဘော့အကြောင်း ကျွန်ုပ်တို့
စဉ်းစားပုံအသုံးချပုံ -
11:29 - 11:31ပြောင်းလဲ သွားပါလိမ့်မယ်။
-
11:31 - 11:32အခုမေးစရာက - ဒီလို လုပ်လို့ရနိုင်မလား။
-
11:32 - 11:34လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။
-
11:34 - 11:36ဇီဝဆွေးလွယ် ရိုဘော့တွေ လုပ်နိုင်တယ်။
-
11:36 - 11:39အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို
အိမ်သုံးပစ္စည်းများနဲ့ -
11:39 - 11:40လုပ်နိုင်တာ စိတ်ဝင်စားစရာပါပဲ။
-
11:40 - 11:43တချို့ကိုပြပါမယ်၊
ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ -
11:43 - 11:46ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။
-
11:46 - 11:49လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား
-
11:49 - 11:51ကျွန်ုပ်တို့ဟာ ကြွက်သား
အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ -
11:51 - 11:53ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊
-
11:53 - 11:55၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊
-
11:55 - 11:57၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊
တွန့်လိမ်ကြမယ်။ -
11:57 - 11:59၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။
-
11:59 - 12:02ဒီတော့ မော်တာအစား ဒီလို
ကြွက်သားအတုတွေ သုံးကြမယ်။ -
12:02 - 12:05အဲဒီလို ကြွက်သားအတုကို
ဂျယ်လီနဲ့ လုပ်နိုင်တယ်။ -
12:05 - 12:07ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး
-
12:07 - 12:09နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊
-
12:09 - 12:11ကျွန်ုပ်တို့ဟာ ကြွက်သား
အတုကို လုပ်နိုင်ပြီ။ -
12:11 - 12:15ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ်
ပြုလုပ်ပုံကိုလည်း ကျွန်ုပ်တို့ ပြခဲ့ပြီ၊ -
12:15 - 12:16စက္ကူနဲ့ လုပ်နိုင်တာ။
-
12:16 - 12:20ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို
ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ -
12:20 - 12:22လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ
မကျန်ဘဲ ဆွေးသွားမှာပါ။ -
12:23 - 12:25အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။
-
12:25 - 12:29အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း
အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ -
12:29 - 12:31တချိန်တည်းမှာ ကျွန်ုပ်တို့အား
ဖန်တီးခွင့် ပေးမယ်။ -
12:31 - 12:35ကိုယ့် အတွေးအခေါ်၊ ရိုဘော့နဲ့ လုပ်လို့
ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ -
12:35 - 12:36ကျွန်တော် ဥပမာတစ်ခုပြမယ်။
-
12:36 - 12:38ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊
-
12:38 - 12:40ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။
-
12:40 - 12:43ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။
-
12:43 - 12:44စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။
-
12:45 - 12:48ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။
-
12:48 - 12:50ဟောဒီမှာ၊ အထုပ်တစ်ထုပ်။
-
12:51 - 12:52သံပုရာ အနံ့နဲ့ဟာ ရှိတယ်။
-
12:53 - 12:56အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊
ရိုဘော့ မဟုတ်ဘူးနော်။ -
12:56 - 12:58ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။
-
12:58 - 13:01အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ
ထည့်လိုက်မယ်ဆိုရင်- -
13:01 - 13:02သံပုရာ အရသာ ကောင်းတယ်ဗျ။
-
13:03 - 13:06ရိုဘော့ ဆိုတော့ သိပ်မဝါးပါနဲ့၊
အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ -
13:06 - 13:09ပြီးတော့ မျိချလိုက်မယ်။
-
13:09 - 13:11အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။
-
13:11 - 13:15အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊
စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ -
13:15 - 13:16တစ်ခုခု လုပ်နေမှာပါ။
-
13:16 - 13:18၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊
-
13:18 - 13:20အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ
စူးစမ်းမယ်၊ -
13:20 - 13:23လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။
-
13:23 - 13:25၎င်းဟာ သူ့အလုပ်ကို
လုပ်ကိုင်လို့ ပြီးသွားရင် -
13:25 - 13:28၎င်းကို သင့် အစာအိမ်ကို
စားသုံးပစ်နိုင်တယ်၊ -
13:28 - 13:29ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊
-
13:29 - 13:31၎င်းဟာ သင့်ခန္ဓာကိုယ်ကို ဖြတ်သွားပြီး
-
13:31 - 13:32အိမ်သာသို့ ထွက်သွားမယ်၊
-
13:32 - 13:34ပတ်ဝန်းကျင်အတွက်
အန္တရာယ်မရှိဘဲ ဆွေးသွားမယ်။ -
13:35 - 13:38ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း
ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ -
13:39 - 13:43ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့်
ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကာ -
13:43 - 13:46စားလို့ရနိုင်မယ့် ရိုဘော့တွေဖြင့်
လေ့လာမှု အဆုံးသတ်လိုက်တယ်။ -
13:46 - 13:49အခုတော့ ခင်ဗျားတို့ဆီမှာ
အနာဂတ် ရိုဘော့တွေ လုပနိုင်မယ့် -
13:49 - 13:51စိတ်ကူး တချို့ ရှိလာပြီလို့
မျှော်လင့်ပါတယ်။ -
13:52 - 13:53အခုလို အာရုံပြု
နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ -
13:53 - 13:57(လက်ခုပ်သံများ)
- Title:
- ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့
- Speaker:
- Jonathan Rossiter
- Description:
-
ညစ်ညမ်းတဲ့ ရေကို မျိုချပစ်ရင်း ညစ်ညမ်းမှုတွေကို ရှင်းလင်းပေးကာ ကိုယ်တိုင် အလုပ်လုပ်ရန် လိုအပ်တဲ့ လျှပ်စစ်ကို ထုတ်လုပ်ပေးနိုင်တဲ့ "Row-bot" နဲ့ မိတ်ဆက်ပေးပါရစေ။ ရိုဘော့ ပညာရှင် Jonathan Rossiter က ရေညှိတွေ “ပွင့်မှု’ နဲ့ ရေနံယိုဖိတ်မှုတွေကို ချေဖျက်နိုင်ပြီး ညစ်ညမ်းမှုကို အလိုအလျောက် တိုက်ပွဲဝင်နိုင်မယ့် ေကြပျက်လွယ်ဇီဝ ရိုဘော့ရဲ့ ရှေ့ပြေး နမူနာ ဖြစ်လာနိုင်တဲ့ မိုက်ခရိုလောင်စာဆဲလ်ကို သုံးမယ့် အထူးရေကူးစက် အကြောင်းကို ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 14:10
sann tint edited Burmese subtitles for A robot that eats pollution | ||
sann tint edited Burmese subtitles for A robot that eats pollution | ||
sann tint edited Burmese subtitles for A robot that eats pollution | ||
sann tint edited Burmese subtitles for A robot that eats pollution | ||
sann tint accepted Burmese subtitles for A robot that eats pollution | ||
sann tint edited Burmese subtitles for A robot that eats pollution | ||
Myo Aung edited Burmese subtitles for A robot that eats pollution | ||
Myo Aung edited Burmese subtitles for A robot that eats pollution |