Return to Video

တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း

  • 0:02 - 0:04
    Gayle King: ထိုင်ပါ၊ Serena. Willams
  • 0:04 - 0:07
    ဒါမှမဟုတ် ထိုင်ပါဦး မေမေ လို့ ပြောရမလား။
  • 0:07 - 0:09
    (ဩဘာသံများ)
  • 0:09 - 0:11
    ဒီတော့ ရှင်တို့လည်း ကျွန်မလိုပဲ ဖြစ်မှာပါ
  • 0:11 - 0:14
    ပြီးခဲ့တဲ့ အပတ်က အဝါရောင် ရေကူးဝတ်စုံနဲ့
  • 0:14 - 0:16
    Serena ဖြန့်လိုက်တာကို မြင်ခဲ့ကြမှာပါ၊
  • 0:16 - 0:18
    ဒါကိုတွေ့တော့ တွေးလို့ရတာက
  • 0:19 - 0:22
    အိုး၊ ကျွန်မတို့ TED အတွက် စင်ပေါ် ထိုင်
    တဲ့အထိတောင် သူမစောင့်နိုင်ပါလားနော်"
  • 0:22 - 0:24
    ကျွန်မက အရမ်း အတ္တဆန်တာ သိပါတယ်။
  • 0:24 - 0:26
    ဒီပုံအကြောင်း ရှင့်ကို မေးတော့
  • 0:26 - 0:29
    ရှင်က ဘယ်သူမှ ဒီပုံကို ဘယ်သူမှ
    မမြင်ရပါဘူးလို့ဆိုတယ်။
  • 0:29 - 0:30
    ဒါက ဘာကို ဆိုလိုတာလဲ။
  • 0:30 - 0:33
    Serena Williams: အင်း၊
    တကယ်တော့ ဒါက တိုက်ဆိုင်မှုပါ။
  • 0:33 - 0:36
    ကျွန်မက ခရီးထွက်နေတာ
    ကိုယ့်ကိုယ်ကို အချိန်ယူဖို့သက်သက်ပါ၊
  • 0:36 - 0:41
    ကျွန်မရဲ့ အခြေအနေကို စစ်ဆေးနေတာနဲ့
    ကျွန်မဘယ်လောက်ခရီးပေါက်လဲဆိုတာ
  • 0:41 - 0:44
    သိမြင်ဖို့ အပတ်စဉ် ဓါတ်ပုံရိုက်တဲ့
    နေရာမှာ ရှိတဲ့အရာပါ။
  • 0:44 - 0:46
    GK: ၊ မိတ်ဆွေတွေနဲ့ မျှဝေနေတာများလား။
  • 0:46 - 0:49
    SW တကယ်တော့ မဟုတ်ဘူး။
    ကျွန်မ ဒါကို သိမ်းထားနေရုံပါ၊
  • 0:49 - 0:51
    အမှန်ဆို လူအများကြီးကို
  • 0:51 - 0:53
    မပြောပြခဲ့ဘူး။
  • 0:53 - 0:54
    ကျွန်မ သိမ်းထားနေတာပါ။
  • 0:54 - 0:57
    လူမှုရေးမီဒီယာတွေဟာ ဘယ်လိုဆိုတာ
    ရှင်သိပါတယ်။ ရှင် ခလုတ်မှားနှိပ်တာပါ
  • 0:57 - 0:58
    (ရယ်သံများ)
  • 0:58 - 1:00
    GK ဟုတ်တာပေါ့ရှင်။
  • 1:00 - 1:03
    SW ဒါနဲ့ မိနစ် ၃၀ အကြာမှာ
    ကျွန်မဖုန်းက အဲလောက်မှ မမြည်တာ
  • 1:03 - 1:05
    မိနစ် ၃၀ အကြာမှာ
    လွတ်သွားတဲ့ ဖုန်းခေါ်တာ လေးခု၊
  • 1:05 - 1:06
    ဆန်းလိုက်တာဆိုပြီး
  • 1:06 - 1:09
    ကောက်ကိုင်လိုက်တယ်၊
    အမလေးတောင် တမိတယ်။
  • 1:09 - 1:10
    ဒါပေမဲ့ ကောင်းတဲ့ ကာလပါ။
  • 1:10 - 1:14
    ပြောရရင် ငါးရက်၊ ခြောက်ရက်
    ထပ်စောင့်နေလိုက်တယ်၊ ရတယ်လေ။
  • 1:14 - 1:18
    GK: သိတယ် ဒါက ဆန်းတာကိုး။
    Serena သီတင်းပတ် ၂၀ ပဲဆိုတော့
  • 1:18 - 1:20
    သတင်းအချက်တွေက
    အများကြီးရှိတာမျိုး မဟုတ်ဘူးပေါ့။
  • 1:21 - 1:23
    SW အတိအကျပဲ၊ ဒါက ကျွန်မ
    အဲဒီတစ်ချိန်လုံး လုပ်နေတာလေ။
  • 1:23 - 1:25
    ဒီနောက်ကိုပဲ လိုက်နေတယ်၊
  • 1:25 - 1:28
    ၁၈၊ ၁၉ သီတင်းပတ်တိုင်း
    ပုံတစ်ပုံရိုက်ပြီး သိမ်းထားတယ်။
  • 1:28 - 1:30
    ဒီမှာ ကျွန်မ အတော်ကို တော်တယ်လေ၊
  • 1:30 - 1:34
    ဒါက ချော်သွားတဲ့ တစ်ခါပေါ့။
  • 1:34 - 1:37
    GK လုပ်ပြန်ပြီ၊ ကဲ ချီးကျူးပါတယ်ရှင်။
  • 1:37 - 1:38
    SW ဟုတ်ကဲ့၊ ကျေးဇူးပါရှင်။
  • 1:38 - 1:40
    GK ရပါတယ်ရှင်။
    သတင်းတွေ ရှင်ကြားတော့
  • 1:40 - 1:43
    စိတ်လှုပ်ရှားခဲ့လား၊ ကြောက်လား၊
    စိုးရိမ်ခဲ့လား။
  • 1:43 - 1:44
    ဆိုလိုတာက ရှင်ကိုယ်ဝန်ရှိတာလေ။
  • 1:44 - 1:49
    SW: ဒါကို Australian Open မစခင်
    နှစ်ရက်ကကြားပြီးသား၊
  • 1:49 - 1:51
    ဒါက ပတ်လည်ပြိုင်ပွဲကြီးတွေထဲက တစ်ပွဲလေ။
  • 1:51 - 1:53
    GK နှစ်ရက်ကြိုပြီး သိနေတာလား။
  • 1:53 - 1:55
    SW ဟုတ်တာပေါ့၊ နှစ်ရက်
    မတိုင်ခင်က သိခဲ့တာပါ။
  • 1:56 - 1:58
    ရင်ဖိုခဲ့တာပေါ့။
  • 1:58 - 2:00
    ဘာကိုတွေးရမှန်း သိပ်မသေချာပေမဲ့
  • 2:00 - 2:01
    အဲဒီအခိုက်မှာ လက်ရှိ ကျွန်မအတွက်
  • 2:01 - 2:05
    Australian Open ကို အာရုံစိုက်ဖို့
  • 2:05 - 2:06
    အရမ်းကို အရေးကြီးတာ သိပြီး
  • 2:06 - 2:10
    ဘာလုပ်ရမလဲဆိုတာ လုံးဝ မသေချာခဲ့ဘူး။
  • 2:10 - 2:11
    ဆိုပါတော့ ငါကစားနိုင်ပါ့မလား
  • 2:12 - 2:17
    ဒါဟာ သိပ် အန္တရာယ်များတာ သိတယ်၊
    တစ်ခါတစ်လေ ပထမ ၁၂ ပတ်လောက် အတွင်းပေါ့၊
  • 2:17 - 2:19
    ကျွန်မ မေးခွန်းတွေ အများကြီးရှိခဲ့တယ်။
  • 2:19 - 2:22
    GK ဒါပေမဲ့ ကစားတာတင်မက
    ရှင် နိုင်ခဲ့သေးတယ်နော်၊ Ms. Williams
  • 2:22 - 2:25
    (ဩဘာသံများ)
  • 2:25 - 2:26
    SW ဟုတ်ပါတယ်ရှင်။
  • 2:28 - 2:33
    ဆု ၂၃ ခုလို့ပဲ ပြောပါရစေတော့။
  • 2:33 - 2:34
    SW ကျေးဇူးပါ။
  • 2:34 - 2:35
    (လက်ခုပ်သံများ)
  • 2:35 - 2:36
    GK ကိုယ်ဝန်ဆောင်တုန်းနော်၊
  • 2:36 - 2:40
    SW အင်း၊ နောက်ထပ် အကျောပေးပြိုင်ပွဲ
    ရှာနေလားဆိုတော့..နိုး
  • 2:40 - 2:43
    GK ရှင်က ကိုယ်ဝန်ရှိမှန်း သိနေတော့
    ဒီပွဲမှာ တစ်မူထူး ကစားခဲ့လား။
  • 2:43 - 2:45
    SW ကစားခဲ့တယ်၊ တော်တော်တော့ မလွယ်ဘူး။
  • 2:45 - 2:48
    လူတွေ ကိုယ်ဝန်ရှိတဲ့အခါ ဇာတ်လမ်း
    အားလုံးကို ရှင်ကြားဖူးပါတယ်၊
  • 2:48 - 2:50
    ပျို့အန်တာ၊ ပင်ပန်းတာလေ။
  • 2:50 - 2:51
    GK ကိုယ်ဝန်ဆောင် ပျို့အန်လား။
  • 2:51 - 2:54
    SW ဟင့်အင်း၊ ကျွန်မက
    ကံကောင်းလွန်းတော့ မဖြစ်ခဲ့ပါဘူး။
  • 2:54 - 2:57
    ဒါပေမဲ့ ဒါတွေက တကယ်ကိုပင်ပန်းပြီး
    အရမ်းကို ဖိစီးပါတယ်။
  • 2:57 - 3:00
    ကျွန်မ ရှိသမျှ စွမ်းအားစိုက်ပြီး
  • 3:00 - 3:02
    စက္ကူအိတ်ထဲမှာ ထည့်လိုက်တယ်၊
  • 3:02 - 3:03
    ပြောရရင်၊ အန်ထုတ်တာပေါ့။
  • 3:03 - 3:06
    ဘာလို့ဆို တကယ့်ကို ကိုယ့်မှာ
    အပိုခံစားမှုတွေ
  • 3:06 - 3:09
    အပိုဟာတွေလုပ်ဖို့
    အချိန်မရှိဘူးလို့ ခံစားမိလို့ပါ။
  • 3:09 - 3:11
    အကြောင်းက ကိုယ်ဝန်ဟုတ်၊ မဟုတ်
    ဘယ်သူမှ မသိဘူးလေ၊
  • 3:11 - 3:13
    ကျွန်မက ဒီပြိုင်ပွဲ နိုင်ဖို့ယူဆထားပြီး
  • 3:13 - 3:15
    ကျွန်မ တက်တဲ့ ပြိုင်ပွဲတိုင်း
  • 3:15 - 3:16
    နိုင်ဖို့ မျှော်လင့်တာလေ။
  • 3:16 - 3:19
    ကျွန်မ မနိုင်ရင် သတင်းတွေထက်
    တကယ့်ကို ပိုကြီးတယ်။
  • 3:19 - 3:21
    ဟုတ်တယ်၊ ရှင်မနိုင်တဲ့အခါ
    သတင်းက ကြီးတော့တာပဲ။
  • 3:21 - 3:24
    SW ဟုတ်တယ် ကျွန်မရောလေ။
    ကျွန်မဟာ တကယ်ပဲ အပျက်သဘောမြင်တယ်။
  • 3:24 - 3:27
    အဲဒီအခိုက်မှာ ကျွန်မခံစားနေရတဲ့
    ခံစားမှုတွေ
  • 3:27 - 3:29
    မျိုသိပ်ထားရတာမျိုးတွေနဲ့
  • 3:29 - 3:33
    ငါ့အတွက် နောက်တစ်ဆင့်မှာ
    ဘာလုပ်ဖို့ဆိုတာကို ကြံဆတာပါ။
  • 3:33 - 3:35
    GK ရှင့်မှာ ထောက်ခံမှုများကြီး၊
    အချစ်တွေအများကြီးပါ။
  • 3:35 - 3:38
    ကျွန်မ ဒီကိုလာနေတုန်းကတောင်
    လူတွေက လေဆိပ်မှာ တားခဲ့တယ်။
  • 3:38 - 3:42
    "ကျွန်မ သွားတဲ့နေရာ မှန်းကြည့်"လို့
    လေယာဉ်မယ်နဲ့ လေယာဉ်မှူးကို ပြောတော့
  • 3:42 - 3:44
    သူတို့က "အမလေး၊ သူမကိုယ်ဝန်
    ရှိတာ အရမ်းဝမ်းသာတယ်"တဲ့
  • 3:44 - 3:46
    ရှင့်မှာ တစ်ယူသန်
    အမေရိကန်တွေ အမြဲရှိတယ်
  • 3:46 - 3:49
    အဲဒီအသွားမှာ တစ်ယောက်က ကျွန်မကို
    Ilie Nastase အကြောင်း ပြောနေတယ်
  • 3:49 - 3:53
    အတော့ကို မညှာမတာ၊ မဆီလျော်တဲ့
    လူမျိုးရေးအကြောင်းတွေ ပြောတဲ့သူလေ။
  • 3:53 - 3:54
    ရှင်သူ့ကို တုံ့ပြန်ထားတယ်။
  • 3:54 - 3:56
    သူပြောတာကို ဂုဏ်တောင် မဖော်တော့ပါဘူး။
  • 3:56 - 3:58
    ဒါပေမဲ့ ရှင်တုံ့ပြန်ခဲ့တယ်၊ ဘာလို့လဲ။
  • 3:58 - 4:01
    SW အင်း တော်တော် မဆီလျော်တဲ့
    မှတ်ချက်တွေ ရှိတယ်ထင်တယ်။
  • 4:01 - 4:03
    ဒါတင်မက ကျွန်မဟာ အဖော်တွေနဲ့
    ကျွန်မနဲ့ တွဲလုပ်သူတွေရဲ့
  • 4:03 - 4:05
    ထောက်ခံမှုရထားပါတယ်။
  • 4:05 - 4:07
    ကြေးစားဖြစ်တာ နှစ် ၂၀ နီးပါး ဆိုတော့
  • 4:07 - 4:09
    အမျိုးသမီးတွေကို ထောက်ပံ့ဖို့က
    သိပ် အရေးကြီးတယ်။
  • 4:10 - 4:12
    အမျိုးသမီးငယ်တွေ အဝတ်လဲခန်း ထဲဝင်လာ၊
  • 4:12 - 4:15
    ဒီ ကျွန်မနဲ့ ဓာတ်ပုံတွဲရိုက်မယ် ဆိုတာ
  • 4:15 - 4:16
    ကျွန်မအတွက်တော့ ငါဟာ
  • 4:16 - 4:19
    ခေါင်းဆောင်ကောင်း သူတို့အတွက်
    နမူနာကောင်းဖြစ်ချင်တယ်ဆိုတာမျိုးပါ။
  • 4:19 - 4:21
    ဒီတော့ ဒါတင်မက
  • 4:21 - 4:22
    (လက်ခုပ်သံများ)
  • 4:22 - 4:26
    ကျွန်မနဲ့ ကျွန်မအဖော်တွေကို
    သူပြောတဲ့ အပနာပတွေမကပဲ
  • 4:26 - 4:29
    ကျွန်မတို့ အချင်းချင်းအတွက်
    ရပ်တည်ကြဖို့ ကျွန်မတို့အတွက်
  • 4:29 - 4:30
    အရေးကြီးတယ်လို့ ခံစားမိတယ်။
  • 4:30 - 4:33
    ဒီအချက်မှာ ပြောဖို့ ကျွန်မအတွက်
    တကယ်အရေးကြီးတာက
  • 4:33 - 4:36
    ငါ မကြောက်ဘူး၊
    ငါဘယ်မှမသွားဘူးဆိုပေမဲ့
  • 4:36 - 4:38
    ဒါက မဆီလျော်ပဲ
  • 4:38 - 4:41
    အရာတိုင်းအတွက် အချိန်ရှိတယ်၊
    နေရာရှိတယ်လို့ ပါ။
  • 4:41 - 4:43
    ပြီးတော့ ဒါက တယ့်အချိန်နဲ့
    နေရာ မဟုတ်ခဲ့ဘူး။
  • 4:43 - 4:46
    GK ဘယ်မှ မသွားတော့ဘူးလို့
    ရှင်ပြောခဲ့တဲ့ အပိုင်းကို ဖြတ်တယ်။
  • 4:46 - 4:49
    ဘာလို့ဆို စက်တင်ဘာမှာ ရှင်က ၃၆
    ၊ကလေးက ၃၆ မှာ လာမယ်။
  • 4:49 - 4:51
    ရှင့်နည်းပြပြောတာက
    အသက်က အမြဲအရေးကြီးတယ်တဲ့။
  • 4:51 - 4:53
    တင်းနစ်မှာ အလွန်ကို အရေးကြီးပေမဲ့
  • 4:53 - 4:55
    ရှင်ပြန်လာမယ်ဆိုတာ
    သူသံသယ မရှိပါဘူး။
  • 4:55 - 4:57
    ငါပြန်လာမယ်၊
    ငါ အာလပ်ချိန်ရမလားလို့
  • 4:57 - 4:58
    ရှင်တွေးဖူလား။။
  • 4:58 - 5:00
    လှည့်ကစားတဲ့ အမျိုးသမီးတွေ ပြောနေတာက
  • 5:00 - 5:04
    "ကလေးယူဖို့ ဘယ်လောက် ကြာလဲ၊
    နှစ်နှစ်ဆို သူမသွာ။ပြီလား။"
  • 5:04 - 5:05
    ရှင်ဘာကို တွေးနေလဲ။
  • 5:05 - 5:07
    SW အခြေအနေပေးမှုကို ဖီဆန်ဖို့
    ကျွန်မ အမြဲ ကြိုးစားနေတယ်၊
  • 5:07 - 5:10
    ကျွန်မအတွက်တော့ အရာတိုင်းက
    တကယ်တော့ စိတ်ပါပဲ။
  • 5:10 - 5:12
    ပြန်လာဖို့ သေချာပေါက် စီစဉ်တယ်
    ကျွန်မ မပြီးသေးဘူး။
  • 5:12 - 5:14
    ကျွန်မ အမရဲ့ စေ့ဆော်မှုကို ရတယ်။
  • 5:14 - 5:17
    သူက တစ်နှစ်ပိုကြီးပြီး
    ဒါက သူမ ဆက်ကစားနေရင်
  • 5:17 - 5:19
    ကျွန်မ ကစားနိင်တယ်ဆိုတာပါ။
  • 5:19 - 5:20
    (ရယ်သံများ)
  • 5:20 - 5:24
    နောက် အများကြီးပါ၊ Roger Federer
    ကျွန်မထက် နည်းနည်း ပိုကြီးတယ်၊
  • 5:24 - 5:28
    အကုန်လုံး သူနိုင်နေတုန်းလေ။
    ဆိုရရင် ကျွန်မလည်း လုပ်နိုင်တာ သိတယ်ပေါ့။
  • 5:28 - 5:32
    ဒီတော့ ဒါက ကျွန်မကို အရမ်း စေ့ဆော်ပေးတယ်။
    အထူးသဖြင့် မကြာခင်ကပါ၊
  • 5:32 - 5:34
    ဒါက ကျွန်မလုပ်ချင်တာဆိုတာ သိတယ်။
  • 5:34 - 5:36
    ကျွန်မဇာတ်လမ်းက လုံးဝ ပြီးမသွားသေးဘူး။
  • 5:36 - 5:38
    ကျွန်မနည်းပြကို ဒီအကြောင်းပြောနေပြီး
  • 5:38 - 5:42
    ဒါက ကျွန်မဘဝရဲ့ အပိုင်းသစ်ပဲ၊
    မှန်းရတာက ကျွန်မကလေးဟာ
  • 5:42 - 5:44
    ပွဲကြည့်စင်ကိုလာပြီး ကျွန်မကို
  • 5:44 - 5:47
    အားပေးနေမှာလို့
    ပြောနေခဲ့ကြတယ်။ သိပ်မငိုဘူးပေါ့။
  • 5:47 - 5:50
    GK နိုး၊ မနေ့က ရှင့်ကလေးကို
    လှပတဲ့ စာတစ်စောင် ရေးခဲ့တယ်။
  • 5:50 - 5:53
    ရှင်ပြောတာက အသက်အကြီးဆုံး မေမေကနေ
    အငယ်ဆုံးထိ၊
  • 5:53 - 5:56
    အကြီးဆုံးထိ၊ အငယ်ဆုံးထိ၊
    အဲဒီရောက်ဖို့ ရှင့်ကို မစောင့်နိုင်တော့ဘူး
  • 5:56 - 5:58
    လူအများကြီး ဒါကို ခံစားမိတယ်။
  • 5:58 - 6:01
    လွန်ခဲ့တဲ့ တစ်နှစ်က ရှင့်ကိုတွေ့ခဲ့တယ်၊
    ရှင့်ဘဝအကြောင်း တွေးမိလို့ပါ
  • 6:01 - 6:04
    ရှင့်မှာ ဘဝကိုပြောင်းလဲစေတဲ့ အရာ
    သုံးခုရှိသွားပြီ။
  • 6:04 - 6:08
    ကိုယ်ဝန်၊ ကြီးမားတဲ့ နိုင်ပွဲနဲ့
    ချစ်မိခြင်းပါ။
  • 6:08 - 6:10
    မနှစ်က ရှင်ကိုတွေ့တော့
  • 6:10 - 6:12
    ကျွန်မက "ရှင်ရဲ့ အချစ်ဘဝ ဘယ်လိုလဲ၊ ဒါဒါဒါ
  • 6:12 - 6:15
    ရှင်က "ငနဲတစ်ကောင်နဲ့တွေတယ်၊
    သူက ဂွကျကျ လူတော်လိုလူပေါ့၊
  • 6:15 - 6:16
    ဘယ်သူဆိုတာ သိမှာ မဟုတ်ဘူး"တဲ့
  • 6:16 - 6:17
    ကျွန်မက "သူ့နာမည် ဘယ်သူလဲ"
  • 6:17 - 6:20
    SW ရှင့်ကို ဒီအကြောင်းပြောတာ မှတ်မိပါတယ်၊
  • 6:20 - 6:24
    GK ပြီးတော့ ရှင်က "Alexis Ohanian"တဲ့၊
    ကျွန်မက "သူ့ကို သိပါတယ်. သူက အံ့ဩစရာပါ"
  • 6:24 - 6:26
    ရှင့်ကို ဂွကျကျလူနဲ့
    တစ်ခါမှ ပြောမှာမဟုတ်ဘူး
  • 6:26 - 6:27
    ရှင်ရော မပြောခဲ့ဘူးပဲလေ။
  • 6:27 - 6:30
    SW အမှန်အတိုင်းဝန်ခံမယ်၊
    ကျွန်မလည်း မပြောခဲ့ဘူး။
  • 6:30 - 6:31
    ဒါပေမဲ့ ကျွန်မအတွက်
    အကောင်းဆုံးအရာပါ
  • 6:31 - 6:33
    GK အကောင်းဆုံးအရာ၊ ဘာလို့လဲ။
  • 6:33 - 6:35
    ဒါက ဂွကျတဲ့ လူတော်ပုံပေါက်တာလား။
  • 6:35 - 6:36
    ဒီအကင်္ျီကို ကြည့်လေ။
  • 6:36 - 6:37
    (ရယ်သံများ)
  • 6:37 - 6:38
    နိုး၊ အင်မတန် ကောင်းတဲ့လူ၊
  • 6:39 - 6:40
    SW သူက နည်းပညာမှာ စိတ်ပါတာ ပြောလို့ရတယ်
  • 6:40 - 6:42
    GK အင်မတန်ကို ကောင်းတဲ့သူပါ။
  • 6:42 - 6:44
    ကျွန်မ သူ့ကို အရမ်း သဘောကျတယ်။
  • 6:44 - 6:46
    သူများတွေ ကျရှုံးချိန်မှာ
    ဘယ်လို အောင်မြင်ခဲ့လဲ။
  • 6:46 - 6:50
    ရှင်သိခဲ့တဲ့ တစ်ယောက်က ဘယ်လိုလဲ
    ဒါဟာ ငါအတွက်ပဲလို့လား။
  • 6:50 - 6:52
    SW အင်း၊ ဒါတော့ ကျွန်မ မပြောတော့ဘူး။
  • 6:52 - 6:53
    ဒါပေမဲ့
  • 6:54 - 6:55
    (ရယ်သံများ)
  • 6:55 - 6:56
    GK ပြောပါ၊ Serena ပြောပါ၊
  • 6:57 - 6:58
    SW အင်း
  • 6:58 - 6:59
    (ရယ်သံမျး)
  • 7:01 - 7:02
    ဟုတ်ကဲ့ပါ၊
  • 7:02 - 7:05
    (လက်ခုပ်သံများ)
  • 7:05 - 7:06
    GK ဒါပေမဲ့ ဆိုလိုတာ ရှင်သိတယ်
  • 7:07 - 7:10
    SW သူက အရမ်းချစ်စရာကောင်း၊ အရမ်းကြင်နာ
    တတ်တယ်။ အမေက သူဟာ အရမ်းကို ညှာတာတ်တာတဲ့။
  • 7:10 - 7:12
    အမေ ကျွန်မကိုပြောတော့
  • 7:12 - 7:14
    ဆိုရရင် သူဟာ တကယ်ပဲဖြစ်ပြီး
  • 7:14 - 7:17
    ဒါက ဘဝမှာ တကယ့် ကြီးမားတဲ့ အပြောင်းအလဲ
    ဖြစ်စေတဲ့ သေးသေးလေးတွေပါ။
  • 7:17 - 7:18
    GK ဥပမာက
  • 7:18 - 7:19
    SW ရိုးရိုးလေးပါ၊
  • 7:20 - 7:22
    ကျွန်မရဲ့ ဖက်ရှင်ကုမ္ပဏီ
    နှစ်တိုင်း ပြပွဲရှိတော့
  • 7:22 - 7:25
    မနှစ်က ကျွန်မတို့ ပြပွဲမှာ
    ပြပွဲအတွက် အကုန်လုံးလုပ်တော့
  • 7:25 - 7:27
    ကျွန်မဟာ အရူးလို့ ပြေးလွှားနေရတယ်၊
  • 7:27 - 7:29
    အကုန်လုံးအတွက် ဆိုတော့
  • 7:29 - 7:31
    အရူးလို့ ပြေးလွှားနေရတာပေါ့။
  • 7:31 - 7:34
    သူက သူဝတ်ခဲ့တဲ့ ဒီအကျီက ရိုးစင်းတဲ့
    အမူအရာပါ၊
  • 7:34 - 7:38
    သူက ကျွန်မကို အတူတူး ဝတ်ဖို့
    သေချာအောင် လုပ်ချင်တာလေ။
  • 7:38 - 7:40
    ဒါက ခပ်ဆန်းဆန်း အဖြစ်ပါ။
  • 7:40 - 7:42
    လူအနေအရ ပိုကောင်းခဲ့တယ်။
    ကျွန်မ ကတိပေးတယ်။
  • 7:42 - 7:44
    GK ဆန်းပြားတဲ့ ချစ်ရေးဆိုတာရောရှိခဲ့လား၊
  • 7:44 - 7:46
    ဒါမှမဟုတ် Beyoncé သီချင်းလား၊
  • 7:46 - 7:49
    '' ဒါကို မင်းကြိုက်ရင်
    ဒါကို လက်စွပ်ဝတ်ပေးသင့်တယ်လေ။"
  • 7:49 - 7:51
    ရှင့်မှာ လက်ထပ်ဖို့ ဖိအားတွေရှိခဲ့လား။
  • 7:51 - 7:52
    ဒါဖြစ်လာမှာကို ရှင်သိလား။
  • 7:52 - 7:55
    SW ဟုတ်ကဲ့ တကယ်တ
    လက်ထပ်ဖို့ ဖိအား တစ်ခါမှ မဖြစ်ခဲ့ပါဘူး။
  • 7:55 - 7:57
    ကျွန်မဟာ လက်ထပ်မယ့် လူစားလို့ကို
    မပြောနိုင်တာပါ
  • 7:57 - 7:59
    ကျွန်မဘဝကို ကျွန်မချစ်တယ်၊
  • 7:59 - 8:01
    ကိုယ့်လွတ်လပ်မှု ကိုယ်ချစ်တယ်။
  • 8:01 - 8:02
    ဒီအပြောင်းအလဲမျိုးတွေ ကြားဖူးတယ်
  • 8:02 - 8:06
    ဒါပေမဲ့ ကိုယ်လုပ်တာတိုင်းကို ချစ်တယ်။
  • 8:06 - 8:09
    ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်
  • 8:09 - 8:12
    ဒါကို စွက်ဖက်တာ တစ်ခုခု မလုပ်ချင်ဘူးလို့
    အမြဲ ခံစားမိတယ်။
  • 8:12 - 8:14
    ကျွန်မဟာ အလုပ်ကို အရမ်း ဦးစားပေးသူပါ။
  • 8:14 - 8:16
    တကယ်တမ်း သူချစ်ရေးဆိုတော့
  • 8:16 - 8:18
    စိတ်ဆိုးလုနီးပါးဖြစ်ခဲ့တယ်။
  • 8:18 - 8:19
    နီးပါးမဟုတ်၊ စိတ်ဆိုးခဲ့တာ
  • 8:19 - 8:22
    ဘာဖြစ်လို့လဲဆို အဲဒီညက
    ကျွန်မဟာ လေ့ကျင့်ရေးဆင်းနေတုန်းဆိုတော့
  • 8:22 - 8:24
    ကျွန်မက "Australian Open
    ငါနိုင်ရမယ်၊
  • 8:24 - 8:26
    Rome ကို လေယာဉ်မစီးနိုင်ဘူး"
  • 8:26 - 8:27
    သူကကျွန်မကို Rome ကို ခေါ်သွားချင်တာလေ
  • 8:28 - 8:29
    ကျွန်မက "မတတ်နိုင်ဘူး၊ ငါနိုင်ရမယ်
  • 8:29 - 8:31
    ဒါက ကျွန်မ အာရုံစိုက်ခဲ့ပုံပါ
  • 8:31 - 8:34
    GK "နိုး၊ ငါ Rome ကို မသွားနိုင်ဘူး"
    လို့ပြောတဲ့ ကောင်မလေးပါ
  • 8:34 - 8:36
    SW ဒါပေမဲ့ ရည်မှန်းချက်တွေရောက်ဖို့
    အာရုံစိုက်ခဲ့ပြီး
  • 8:36 - 8:40
    အဲဒီအခိုက်မှာ ကျွန်မသိတာက ကျွန်မ
    ကျော်ဖြတ်ချင်ခဲ့တဲ့ ကစားသမားတစ်ဦးရှိပြီး
  • 8:40 - 8:42
    Steffi Graf ရဲ့ စံချိန်ကို ကျော်ချင်တယ်
  • 8:42 - 8:43
    ကျွန်မအတွက် အများကြီး အရေးပါပြီး
  • 8:43 - 8:45
    စိတ်ကို တစ်ခုခုမှာ ထားလိုက်တဲ့အခါ
  • 8:45 - 8:47
    ဘာဖြစ်နေနေ၊ ဒါကိုရဖို့ တကယ်ပဲ
  • 8:47 - 8:49
    စိတ်ပိုင်းဖြတ်လိုက်တာပါ။
  • 8:49 - 8:51
    GK ရှင်ပြောတာ ရှင့်အတွက်တော့
  • 8:51 - 8:53
    ရှင်ပြောတာ ကြားဖူးတာက
    နိုင်ခြင်းကို ရှင်က စွဲနေတာတဲ့
  • 8:53 - 8:54
    SW ဟုတ်ပါတယ်။
  • 8:54 - 8:56
    GK ရှင်ဘာကိုဆိုလိုတာလဲ။
  • 8:56 - 8:58
    SW ကျွန်မအတွက် အနိုင်ကို
    အလွန်အစွဲလန်းတာမျိုး ခံစားမိတယ်
  • 8:58 - 9:01
    ဒါကို ခံစားပြီးတာနဲ့ ဒီခံစားချက်
  • 9:01 - 9:03
    ထပ်ရဖို့ အမြဲလိုချင်တာမျိုး ခံစားရပြီး
  • 9:03 - 9:07
    ကျွန်မရဲ့ ပထမ ချန်ပီယံဆုရတုန်းက
    ကျွန်မက ၁၇ နှစ်ပဲရှိသေးပေမဲ့
  • 9:07 - 9:09
    ဒီခံစားချက်ကို ဘယ်တော့မှ မမေ့ဘူး
  • 9:09 - 9:11
    တစ်ြကိမ်နိုင်တိုင်း ကိုယ့် ပထမချံပီယံဆု
  • 9:11 - 9:14
    ခံစားချက်ကို ရောက်ချင်တယ်လို့ ခံစားမိတယ်။
  • 9:14 - 9:16
    ဒီလိုခံစားမှုမျိုး ကမ္ဘာမှာ တကယ် မရှိတာပါ။
  • 9:16 - 9:19
    ဒီလေ့ကျင့်တဲ့ နှစ်အားလုံး
  • 9:19 - 9:21
    ကလေးလေး အဖြစ် ကစားနေတာတွေ၊
  • 9:21 - 9:25
    နောက်တော့ နိုင်ခြင်းဟာ အံ့ဖွယ်
    အတွေ့အကြုံတစ်ခု ဆိုတာမျိုးပါ။
  • 9:25 - 9:29
    ဒီတော့ ကျွန်မအတွက် ဒီခံစားမှုကို
    နှစ်သက်တာလိုမျိုး အမြဲ ခံစားမိပြီး
  • 9:29 - 9:33
    သိသာတာ ရှုံးနိမ်းခြင်းရဲ့ ခံစားမှုကို
    ကျွန်မ မကြိုက်ဘူး၊ ခံစားမိတာက
  • 9:33 - 9:36
    GK နိုး၊ တကယ် ရှင်နဲ့ နီးစပ်တဲ့
    လူတွေက ရှင်က အရှုံးကို လက်မခံသူတဲ့
  • 9:36 - 9:38
    SW အကောင်းဆုံး ရှုံးသူမဟုတ်ဘူး။
  • 9:38 - 9:39
    GK ရှင်က အတော့ကို ဆိုးတာပါ။ နားထောင်ဦး၊
  • 9:39 - 9:42
    ဘယ်အားကစားသမား၊
    ဘယ်ချန်ပီယံမှ ရှုံးတာမကြိုက်ဘူး။
  • 9:42 - 9:43
    ဒါ ကျွန်မ နားလည်တယ်။
  • 9:43 - 9:47
    ဒါပေမဲ့ အရှုံးနဲ့ ကြုံတဲ့အခါ သူတို့ပြောတာ
    မင်းက ဒီမှာ အတော့ကို ညံ့တာပဲတဲ့။
  • 9:47 - 9:48
    (ရယ်သံများ)
  • 9:48 - 9:52
    SW ကျွန်မလည်း အရှုံးမှာ နံပါတ်တစ်ပဲ၊
    ဒီတော့ ကျွန်မပြောနိုင်တာ အားလုံးရှင်သိတယ်။
  • 9:52 - 9:53
    (ရယ်သံများ)
  • 9:53 - 9:56
    (လက်ခုပ်သံများ)
  • 9:56 - 9:59
    GK ရှင်နဲ့ Venus ကြားက အင်အားကို
    ကျွန်မ အမြဲကို သိချင်ခဲ့တာ။
  • 9:59 - 10:02
    ရှင့်ကိုသိတဲ့ ရှင့်ဇာတ်လမ်း
    နောက်လိုက်တဲ့ လူတိုင်းသိတာက
  • 10:02 - 10:03
    ရှင်တို့နှစ်ယောက်ဟာ အရမ်း နီးစပ်ကာ
  • 10:03 - 10:06
    ရှင် ဘာလုပ်လုပ် အကောင်းဆုံး
    ကစားပွဲကို ယူလာပေမဲ့
  • 10:06 - 10:08
    မကြာခဏ တွေးမိတာက
    သူမနဲ့ ရှင်ကစားနေတဲ့အခါ
  • 10:08 - 10:12
    သူမအတွက် တစ်ခုခု ယူလာချင်တာကြောင့်
    ရှင် သိပ်မကောင်းတဲ့ ကစားပွဲ ယူလားလာ၊
  • 10:12 - 10:15
    ဒါမှမဟုတ် သူမကို အနိုင်ယူဖို့
    အကောင်းဆုံးပွဲ ယူလာလို့ပါ။
  • 10:15 - 10:17
    သူမနဲ့ကစားရတာ ပိုလွယ်လား၊
    ဒါမှမဟုတ် ပိုခက်လား။
  • 10:17 - 10:19
    SW Venus နဲ့ကစားရတာ
    ကိုယ့်ကိုယ်ကို ကစားရတာမျိုး
  • 10:19 - 10:23
    ကျွန်မတို့က အတူတူကစားရင်း
    အတူတူ လေ့ကျင့်ရင်း ကြီးပြင်းလာလို့ပါ။
  • 10:23 - 10:25
    ဒါက ခက်ခဲတဲ့အရာပါ၊
  • 10:25 - 10:27
    ကျွန်မရဲ့ အခက်ဆုံး ပြိုင်ဖက်မို့ပါ
  • 10:27 - 10:29
    သူမက အရပ်မြင့်တယ်၊ မြန်တယ်၊
  • 10:29 - 10:32
    ကျွန်မလို ရိုက်ချက်ပြင်းတယ်၊
    ကျွန်မလို စပေးတယ်။
  • 10:32 - 10:34
    နံရံတစ်ခုနဲ့ ကစားနေရတာမျိုးပါ။
  • 10:34 - 10:35
    GK သူမ ရှင့်ကိုသိတာပေါ့။
  • 10:35 - 10:38
    SW ကျွန်မဘောလုံး မရိုက်ခင်
    ဘယ်ကို ကျွန်မရိုက်နေတာ သူသိတယ်
  • 10:38 - 10:40
    ဒီတော့ သိပ်တော့ လွယ်တဲ့ဟာ မဟုတ်ဘူးလေ။
  • 10:40 - 10:43
    ဒါပေမဲ့ တကယ့်ဟာက ကျွန်မ အဲဒီကိုသွားတဲ့အခါ
  • 10:43 - 10:46
    စိတ်ကို ပိတ်ချလိုက်ပြီး
    ကိုယ့်ကိုယ်ကို ပြောဖို့လိုတာက
  • 10:46 - 10:47
    "ဘာဆိုတာ နင်သိတယ်နော်"
  • 10:47 - 10:51
    တကယ့် ကစားသမားတစ်ယောက်နဲ့ ကစားနေပေမဲ့
    ဒီနေ့တာ့ ငါ ပိုတော်ဖို့လိုတယ်၊
  • 10:51 - 10:54
    ငါ့အစ်မ (သို့) ငါ့သူငယ်ချင်း
    ဘယ်သူဖြစ်ဖြစ် ငါဂရူမစိုက်ဘူး၊
  • 10:54 - 10:57
    ဒီနေ့ဟာ ငါရောက်လာရမယ့်နေ့၊
    ငါပိုတော်ဖို့လိုပြီး
  • 10:57 - 11:01
    ကမ္ဘာပေါ်က ဘယ်နေရာဖြစ်ဖြစ်
    ဒီအခိုက်မှာ ဒါကို အြခားသူထက်ကို
  • 11:01 - 11:03
    ငါပိုလိုချင်ဖို့ လိုတယ်။"
  • 11:03 - 11:07
    GK ဒီတော့ ကွင်းပေါ်မှာ Venus ကို
    ဘယ်တော့မှနောက်မဆုတ်ဘူးပေါ့၊
  • 11:07 - 11:11
    ဘာလို့ဆို သိတဲ့အတိုင်း
    အမြဲတမ်း Venus နဲ့ Serena ဖြစ်နေတာလေ။
  • 11:11 - 11:12
    SW ဟုတ်ပါတယ်။
  • 11:12 - 11:15
    GK အခု ညီမလေးက အစ်မကြီးကို
    ကျော်သွားပြီ၊
  • 11:15 - 11:16
    ဒီအတွက် လိပ်ပြာမလုံ ဖြစ်မိလား။
  • 11:16 - 11:18
    ဒါကို ပီတိဖြစ်မိလား။
  • 11:18 - 11:20
    ဒါက ရှင့်အတွက် ခက်ခဲတဲ့ အနေအထားလား။
  • 11:20 - 11:21
    SW အဲဒါ တစ်ခုမှ ကျွန်မ မခံစားရဘူး။
  • 11:22 - 11:25
    ကျွန်ဘဝမှာ Venus နဲ့ Serena ဆိုပြီး
    ရှိနေဆဲ၊ အမြဲ ထာဝရ ရှိနေလိမ့်မယ်။
  • 11:25 - 11:28
    သူမက ကျွန်မရဲ့ တစ်သက်တာ အချစ်၊
    ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်း၊
  • 11:28 - 11:29
    စိတ်တူကိုယ်မျှ အဖော်ပါ။
  • 11:29 - 11:31
    ဆိုလိုတာက
  • 11:31 - 11:33
    ကျွန်မကို တွန်းနေတဲ့ သူပုံတွေရှိတယ်၊
  • 11:33 - 11:36
    ပုံတွေက သိပ်တော့မကာင်းပါဘူး၊
    ဒါမှမဟုတ်ရင် တင်းနစ်ကစားကွင်းက
  • 11:36 - 11:39
    တွန်းလှည်းထဲမှာ ကျွန်မကို
    တွန်းနေတဲ့ပုံတွေ မျှဝေမှာ
  • 11:39 - 11:40
    ကျွန်မကို အမြဲစောင့်ရှောက်တယ်။
  • 11:40 - 11:44
    ကျွန်မ မုန့်ဖိုးအာလုံးကို ရေခဲမုန့်ကားနဲ့
    ပစ္စည်းတွေမှာ သုံးလေ့ရှိခဲ့ပြီး
  • 11:44 - 11:48
    ကျွန်မမှ တစ်ခုခု စားဖို့ သေချာအောင်လို့
    သူက သူ့ပိုက်ဆံကို ယူပြီး
  • 11:48 - 11:51
    ကျောင်းမှာ ကျွန်မကို ပေးတယ်၊
    သူကတော့ အငတ်ခံတယ်လေ။
  • 11:51 - 11:53
    ကျွန်မ စသိချိန်ကတည်းကကိုပဲ
    သူမက တကယ့်ကို
  • 11:53 - 11:56
    ဒီလို လူမျိုးပါ။
  • 11:56 - 11:59
    ဒီတော့ တစ်ဦးကိုတစ်ဦး ဒီလို
    မယုံကြည်နိုင်လောက်တဲ့ လေးစားမှု၊
  • 11:59 - 12:00
    ချစ်ခင်မှုရှိတယ်။
  • 12:00 - 12:04
    ကျွန်မထင်တာက လူတွေ နားလည်ဖို့အရေးကြီးတာက
    သင်ဟာ အောင်မြင်နိုင်တယ်၊
  • 12:04 - 12:06
    ဒါပေမဲ့ အံ့ဩဖွယ် ဆက်ဆံရေး
    ရှိနိုင်သေးတယ်ဆိုတာပါ။
  • 12:06 - 12:08
    ကွင်းမှာ အသေအကြေ ရန်သူတွေဆိုပေမဲ့
  • 12:08 - 12:11
    လက်ဆွဲနှုတ်ဆက်အပြီးမှာတော့
    အခင်ဆုံးသူငယ်ချင်းတွေ ပြန်ဖြစ်သွားတယ်လေ။
  • 12:12 - 12:16
    ကျွန်မ ရှုံးရင် နောက်တစ်ရက်လောက်
    အကြာမှာပေါ့၊
  • 12:16 - 12:17
    ဒါပေမဲ့ Venus ကျတော့
  • 12:17 - 12:20
    (ရယ်သံများ)
  • 12:20 - 12:23
    GK ရှင်ဘောလုံးရိုက်တဲ့ ကွင်းထဲမှာ
    တစ်ခါမှ မရှိခဲ့ဘူးပေါ့။
  • 12:23 - 12:27
    "ဘာညာဘာညာတွေ ရှင်လုပ်တော့
    ခုနှစ်တန်းအတွက်" ဆိုတော့လေ။
  • 12:27 - 12:28
    ဒီလိုကာလ တစ်ခုမှ မရှိခဲ့ဘူးလား။
  • 12:29 - 12:31
    SW: သူမမှာ ဒီလိုကာလတွေ ရှိမယ်လို့
    ခံစားမိတယ်။
  • 12:31 - 12:33
    သူကျွန်မကို မကောင်းတာ
    မလုပ်ဖူးဘူးလို့ပါ။
  • 12:33 - 12:35
    ဒါပေမဲ့ ကျွန်မက အငယ်ဆုံး၊
    အငယ်ဆုံး ညီမပါ။
  • 12:35 - 12:38
    GK Serena သူက မင်းကို တစ်ခါမှ
    မကောင်းတာမလုပ်ဖူးဘူး၊ တကယ်၊
  • 12:38 - 12:41
    ညီအစ်မသုံးယောက်ရှိတယ်၊ ကိုယ်က
    မကောင်းတာလုပ်ခဲ့တာတွေ စဥ်းစားလို့ရတယ်၊
  • 12:41 - 12:43
    SW မေ့အောင် ကျွန်မကို
    ဦးနှောက်ဆေး မခံခဲ့ရင်ပေါ့။
  • 12:44 - 12:48
    SW နိုး၊ ကျွန်မသိတဲ့ သူ့အတွက် ရှင့်အချစ်က
    သိပ်ဖြူစင်တယ်၊ ကျွန်မသိတယ်။
  • 12:48 - 12:49
    SW ဟုတ်ကဲ့၊
    GK ကျွန်မသိတယ်
  • 12:49 - 12:51
    SW အမြဲ အလွန်ရင်းနှီးအောင်
    ပျိုးထောင်ခံရပြီး
  • 12:51 - 12:53
    မယုံနိုင်အောင် ရင်းနှီးပါတယ်။
  • 12:53 - 12:54
    သူမတစ်ဦးတည်းမဟုတ်ပဲ
  • 12:54 - 12:59
    ကျွန်မှာလည်း အခြားညီမသုံးယောက်ရှိပြီး
    အမြဲတမ်း အရမ်းရင်းနှီးပါတယ်။
  • 12:59 - 13:02
    GK ဒီတော့ ပြိုင်ပွဲကြီးတစ်ခု မစခင်
    နှစ်ယောက် မဆုံဘူးပေါ့၊
  • 13:02 - 13:05
    ဆိုရရင်၊ ကြည့်စမ်း၊ ငါတို့ အဲဒီကိုသွားမယ်၊
    ပြီးရင် ဒါပဲနော်၊
  • 13:05 - 13:07
    SW အင်း၊ ဒါက ရယ်စရာပဲ။
    Australian Open မစခင်က
  • 13:07 - 13:09
    ကျွန်မတို့ အဝတ်လဲခန်းမှာ အတူတူလေ၊
  • 13:09 - 13:13
    သူမကို ကျွန်က အမြဲရွေးပေးပြီး
    သူမ အဝတ်လဲနေတုန်း ကင်မရာကိုဆွဲထုတ်ပြီး
  • 13:13 - 13:16
    သူ့ပုံတွေ ရိုက်တော့တာပဲ။
    တကယ်တော့ မသင့်တော်ဘူးလေ၊
  • 13:16 - 13:17
    ကျွန်မကို စိတ်ဆိုးပြီး
  • 13:17 - 13:20
    "Serena ရပ်စမ်း" လိုပြောတယ်။
    ကျွန်မကတော့ သူ့ကို ရယ်နေတာပဲ။
  • 13:20 - 13:24
    ဒါပေမဲ့ ဒါက ကျွန်မတို့မှာ ရှိတဲ့
    ဆက်ဆံရေးမျိုးပါ၊ ကျွန်မပြောခဲ့သလိုပဲ
  • 13:24 - 13:26
    ကွင်းထဲကို ခြေလှမ်းဝင်အချိန်မှာ
  • 13:26 - 13:30
    အသေအကြေတိုက်မယ့် ရန်သူတွေဆိုတာ
    အတိအကျပေါ့။
  • 13:30 - 13:34
    ဒါပေမဲ့ ထွက်တဲ့အချိန်မှာတော့ အရင်
    ကာလတွေလို ကျွန်မတို့ဟာ
  • 13:34 - 13:36
    ဒါက အဲဒါပဲလေ၊ အဆုံးမှာတော့ သူမဟာ ကျွန်မရဲ့
  • 13:37 - 13:38
    အမြဲတမ်း အစ်မဖြစ်နေမှာပဲလေ။
  • 13:38 - 13:40
    Australia မှာ ကျွန်မ မကစားတော့ဘူး
  • 13:40 - 13:42
    အင်း၊ ဘယ်သူသီမှာလဲ၊
    ကျွန်မထာဝရ ကစားနေမှာလေ၊
  • 13:42 - 13:44
    ဒါပေမဲ့ အသက် ၅၀ မှာတော့
    မကစားတာ့ဘူး ထင်တာပဲ။
  • 13:44 - 13:46
    ဘေးကင်းပြီး နှစ် ၅၀ ဆိုရအောင်။
  • 13:46 - 13:49
    GK ကျွန်မမသိဘူး၊ Serena
    ရှင့်လိုလူ ဘယ်သူမှ မရှိဖူးဘူး။
  • 13:49 - 13:51
    ဒီအကြောင်းတွေးတဲ့အခါ
    ရှင်မှာရှိတဲ့ နည်းနဲ့
  • 13:51 - 13:54
    ကျား၊မ၊လူမျိုးပိုင်ခြားတဲ့သူ
    ဘယ်သူမှ မရှိဖူးဘူး။
  • 13:54 - 13:57
    ရှင်မှာရှိတဲ့ အဓိကက
    ရှင်မှာရှိတဲ့ စိစစ်မှုပါ။
  • 13:57 - 14:00
    ရှင် ကြီးပြင်းလာတော့ "ငါ ဒီလိုဖြစ်ချင်တယ်"
    လို့ ပြောခဲ့သေးလား။
  • 14:00 - 14:02
    ဘာလို့ဆို အခု ကလေးမတွေက
    "ဒီလိုဖြစ်ချင်တယ်"
  • 14:02 - 14:03
    လို့ ပြောရင်း ရှင့်ကို ကြည့်နေတာ၊
  • 14:03 - 14:06
    ရှင့်အတွက် "ဒီလိုဖြစ်ချင်တာ"
    ဆိုသူက ဘယ်သူလဲ။
  • 14:06 - 14:09
    SW အင်း၊ စိတ်ဝင်စားစရာပဲ၊
    ရှင်ဒါကို အစဖော်ပေးတာ ဝမ်းသာတယ်၊
  • 14:09 - 14:11
    ကျွန်မအတွက် ကြီးလာတော့
    အကောင်းဆုံး အြမဲ ဖြစ်ချင်ခဲ့ပြီး
  • 14:11 - 14:15
    ပြောခဲ့တာက အကောင်းဆုံးဖြစ်ချင်ရင်
    အကောင်းဆုံးထက်သာအောင်လုပ်ဖို့တယ်ပေါ့။
  • 14:15 - 14:17
    ဒါနဲ့ အရမ်း ငယ်တုန်းက လှည့်လည်ကစားတော့
  • 14:17 - 14:20
    Steffi Graf ကို မြင်မယ်၊
    Monica Seles ကို မြင်မိမယ်
  • 14:20 - 14:22
    ပြီးတော့ Pete Sampras ကိုတောင် မြင်မိပြီး
  • 14:22 - 14:23
    သူတို့လုပ်တာ မြင်မိလိမ့်မယ်၊
  • 14:23 - 14:25
    သတိထားမိတာက Steffi နဲ့ Monica တို့ဟာ
  • 14:25 - 14:28
    အခြား ကစားသမားတွေကို စကားမပြောဘူး၊
  • 14:28 - 14:30
    ဒါဟာ သူတို့ကိုယ်ပိုင် ဆိုတာမျိုးဖြစ်ပြီး
  • 14:30 - 14:31
    အရမ်း အာရုံစိုက်နေကြတာပါ၊
  • 14:31 - 14:34
    Pete Sampras လုပ်တဲ့ နည်းစနစ်ကို
    မြင်ပြီး " ငါ ဒါကို လုပ်ချင်တယ်"
  • 14:34 - 14:37
    လို့ ပြောခဲ့တယ်ပေါ့။
  • 14:37 - 14:40
    ဒါနဲ့ ကျွန်မလုပ်ခဲ့တယ်၊ အကောင်းဆုံး
    ဖြစ်ဖို့ကိုခံစားရပြီး
  • 14:40 - 14:42
    အကောင်းဆုံးဖြစ်ချင်ရင်
  • 14:42 - 14:43
    လူတွေနားမှာ တရစ်ဝဲဝဲလုပ်ပြီး
  • 14:43 - 14:45
    အကောင်းဆုံးဖြစ်တဲ့ လူတွေကို
    ကြည့်ဖို့လိုပါတယ်။
  • 14:46 - 14:47
    အကြောင်းက ထိပ်တန်းအဆင့်မရှိတဲ့
  • 14:47 - 14:50
    လူကို ကြည့်မနေရင်
    အကောင်းဆုံးဖြစ်လာမှာ မဟုတ်လို့ပါ။
  • 14:50 - 14:52
    GK ဘယ်သူမှ ရှင့်လို မကြိုးစားဘူး
    လို့ပြောကြတယ်။
  • 14:52 - 14:55
    SW ကျွန်မက အရမ်းကြိုးစားသူပါ၊
    GK ဒါ ကျွန်မကြားခဲ့တာ။
  • 14:55 - 14:57
    SW လူတွေက "အိုး ပါရမီရှင်ပဲ၊
    ကြံ့ခိုင်လိုက်တာ"တဲ့၊။
  • 14:57 - 15:00
    တကယ်တော့ မဟုတ်ပါဘူး။
    ကျွန်မအသက်နဲ့ဆို အရမ်းညှပ်တယ်၊
  • 15:00 - 15:01
    ကြီးလာမှ ထွားလာတာပါ၊
  • 15:01 - 15:03
    တကယ်ကို ကြိုးစားခဲ့ရပြီး
  • 15:03 - 15:06
    ကျွန်မ ဘာလို့ ဒီလောက် အပြင်းအထန်
    တိုက်ခိုက်၊ ကြိုးစားတာရဲ့ အကြောင်း
  • 15:06 - 15:08
    တစ်ခုက ကျွန်မဟာ အင်မတန်ကို
    ညှပ်လို့ထင်ပါတယ်။
  • 15:08 - 15:10
    GK အင်း။
  • 15:10 - 15:11
    ရှင်ဟာ မညှပ်တော့ပါဘူး။
  • 15:11 - 15:14
    SW အခု ပြည့့်ပြည့်ဝဝ ထွားလာပါတယ်။
  • 15:14 - 15:17
    ဒါပေမဲ့ ဘာဖြစ်ဖြစ်
    ငယ်ငယ်တုန်းကတော့ ညှပ်တယ်လေ၊
  • 15:17 - 15:20
    Venus ကတော့ Wheaties အားလုံး
    စားခဲ့လောက်တယ် ထင်တယ်။
  • 15:20 - 15:23
    GK ရှင့်ကိုယ်နဲ့ပတ်သက်ပြီး
    လူတွေပြောတဲ့ တစ်ခြားဟာကို သိလား
  • 15:23 - 15:27
    ရှင့်ကိုယ်ခန္ဓာက ယောကျ်ားတွေနဲ့
    မိန်းမတွေကို ဒူးထောက်စေတယ်၊
  • 15:27 - 15:29
    ကျွန်မက ကောင်းတဲ့နည်းနဲ့ ပြောတာပါ၊
  • 15:29 - 15:31
    အများက ရှင့်ကိုယ်လောက် လုပ်ထားတယ်။
  • 15:31 - 15:36
    ဒါက အနုပညာ လက်ရာပါ၊
    ယောကျားဆန်းတယ်၊ စွဲမက်ဖွယ်လေ၊
  • 15:36 - 15:38
    ဒါမျိုး တစ်ခုမှ မရှိဖူးဘူး။
  • 15:38 - 15:41
    ရှင်ကြီးလာတော့ ကိုယ်ခန္ဓာ
    ပြဿနာတွေ ရှိခဲ့လား။
  • 15:41 - 15:43
    ရှင့်ကိုယ်ခန္ဓာနဲ့ အမြဲ
    သက်တောင့်သက်သာ ဖြစ်လား။
  • 15:43 - 15:46
    SW စိတ်ဝင်စားစရာပါ၊ ဘာလို့ဆို
    အများမျက်စိရှေ့မှာ ကြီးလာတဲ့
  • 15:46 - 15:48
    ဆယ်ကျော်သက် မိန်းကလေးဖြစ်တဲ့အခါ
  • 15:48 - 15:50
    ရင်ဆိုင်ရတဲ့ စိစစ်မှု အများကြီးဖြစ်ပြီး
  • 15:50 - 15:52
    ဆယ်ကျော်သက် မိန်းကလေးတိုင်းလိုပါ
  • 15:52 - 15:54
    ကျွန်မကိုယ်ခန္ဓာနဲ့ လုံးဝကို
    အဆင်မပြေခဲ့တာပါ။
  • 15:54 - 15:55
    ဒါကို မကြိုက်ခဲ့ဘူး။
  • 15:55 - 15:58
    ဘာလို့ ကျွန်မမှာ ကြွက်သားတွေရှိခဲ့တာ
    နားမလည်ခဲ့ဘူး။
  • 15:58 - 16:00
    အလေးမတာ ရပ်ခဲ့တယ််။
  • 16:00 - 16:02
    ပြောရရင် မလုပ်တော့ဘူးပေါ့။
  • 16:02 - 16:03
    ဒါပေမဲ့ US Open နိုင်ပြီးတဲ့အခါ
  • 16:03 - 16:06
    ကိုယ့်ကိုယ်ခန္ဓာက ကိုယ်လိုချင်ခဲ့တဲ့
    ရည်းမှန်းချက်တွေရဖို့ ကူညီခဲ့တာ
  • 16:06 - 16:08
    သဘောပေါက်ပြီး ဒါကို ကျေနပ်မိချင်ကာ
  • 16:08 - 16:11
    အရမ်းကို ကျေးဇူးတင်မိတယ်။
  • 16:11 - 16:12
    ကျွန်မဟာ အမြဲ ကျန်းမာတယ်၊
  • 16:12 - 16:14
    ကျွန်မဟာ တကယ် ကံကောင်း အလွန် ကံထူးတာပါ။
  • 16:14 - 16:17
    ခံစားမတာက ကျွန်မရဲ့ ကိုယ်ခန္ဓာကို
    ကျေနပ်တာမက
  • 16:17 - 16:19
    အခြားလူတွေ၊၊ အခြားမိန်းကလေးတွေကို
  • 16:19 - 16:21
    မိမိကိုယ်ကို ကျေနပ်ဖို့ ကျွန်မခံစားရတာ
  • 16:22 - 16:23
    ခံစားစေချင်တာပါ။
  • 16:23 - 16:24
    ဒီတော့ လူတွေ ဘာပြောပြော
  • 16:24 - 16:27
    ယောက်ျားဆန်တယ်၊ ၊များလွန်း၊
    နည်းလွန်း၊ ဘာဖြစ်ဖြစ်
  • 16:27 - 16:30
    ကိုယ့်ကိုယ်ကို ချစ်နေသရွေ့တော့
    အဆင်ပြေပါတယ်။
  • 16:30 - 16:33
    (လက်ခုပ်သံများ)
  • 16:34 - 16:37
    GK အနိုင်ကနေ ရှင် အများကြီး သင်ယူတာ သိတယ်
  • 16:37 - 16:39
    ဒါပေမဲ့ အရှုံးကနေရော ဘာသင်ယူခဲ့လဲ။
  • 16:39 - 16:43
    SW အရှုံးကို မုန်းပေမဲ့ အရှုံးက ကျွန်မကို
    ဒီနေ့ ဒီနေရာကို ခေါ်လာခဲ့တာပါ။
  • 16:43 - 16:46
    ကျွန်မလို့ဖြစ်တာရဲ့ တစ်ခုတည်းသော
    အကြောင်းက အရှုံးတွေကြောင့်ပါ၊
  • 16:46 - 16:48
    တစ်ချိုူဟာတွေက အင်မတန်ကို နာကျင်စေပါတယ်။
  • 16:48 - 16:51
    ဒါပေမဲ့ ဒါတစ်ခုကိုမှ ဖြေဖျောက်မှာမဟုတ်ဘူး။
  • 16:51 - 16:54
    အကြောင်းက ကျွန်မ ရှုံးတိုင်း
  • 16:54 - 16:56
    ကျွန်မအတွက် ထပ်ရှုံးဖို့ဆိုတာ အကြာကြီးပါ။
  • 16:56 - 16:58
    ဒီကနေ အများကြီး သင်ယူလိုက်ရလို့ပါ။
  • 16:58 - 17:00
    ကျွန်မ စက၊းပြောတဲ့ လူတိုင်းကို
    ကျွန်မ အားပေးတာ
  • 17:00 - 17:03
    နားထောင်ပါ၊ သင်ရှုံးရင် (သို့)
    အားကစားမှမဟုတ်
  • 17:03 - 17:06
    စီးပွားရေးမှာ၊ ကျောင်းမှာ
    တစ်ခုခုဖြစ်သွားရင်
  • 17:06 - 17:07
    ဒါကနေ သင်ယူလိုက်ပါ။
  • 17:07 - 17:10
    အတိတ်မှာ မနေပါနဲ့ ပစ္စုပ္ပန်မှာ နေပါ။
  • 17:10 - 17:12
    အနာဂတ်မှာ ဒီအမှားမျိုး မလုပ်ပါနဲ့။
  • 17:12 - 17:14
    ဒါက ကျွန်မ အမြဲလက်ခံဖို့
    ကြိုးစားတဲ့ အရာပါ။
  • 17:14 - 17:16
    GK အခု ရှင် လက်ထပ်ဖို့ စီစဉ်နေတော့
  • 17:16 - 17:18
    ကျွန်မသိချင်တာက
    Catskills (သို့) Poconos မှာ
  • 17:18 - 17:21
    ရည်မှန်းထားတဲ့ လက်ထပ်ပွဲလား
    (သို့) Florida မှာ လုပ်မလား။
  • 17:21 - 17:23
    ရှင်ဘာကို စဉ်းစားနေလဲ၊
  • 17:23 - 17:25
    အကြီးကြီးလား၊ အသေးလေးလာ။
  • 17:25 - 17:28
    SW အလတ်စားကို စဉ်းစားနေတယ်၊
    သိပ်အကြီးကြီး မလုပ်ချင်ဘူး။
  • 17:28 - 17:31
    ဒါပေမဲဲ့ နောက်တော့ ကျွန်မတို့ ဒီလူ၊
    ဒီလူ မငြင်းပါဘူး၊
  • 17:31 - 17:34
    ဒီတော့ အလတ်စားအရွယ် စဉ်းစားနေတယ်၊
    စဉ်းစားနေတုန်းပါပဲ။
  • 17:34 - 17:37
    ကျွန်မ စရိုက်က အရမ်းရယ်စရာ၊
    ဒါကို ဒီနေ့ ရှင်မြင်လိုက်ရမလားပဲ။
  • 17:37 - 17:38
    သိပ် အသည်းအသန်ကြီးမဟုတ်ဘူး။
  • 17:38 - 17:40
    GK ရှင် ကတာကို ကြိုက်တယ်ပေါ့၊
  • 17:40 - 17:43
    Serena Williams ရဲ့ နောက်ကဏ္ဍက
    ဘာလဲ။
  • 17:43 - 17:45
    SW အို့၊ ကျွန်မအတွက် နောက်တစ်ကဏ္ဍ
  • 17:45 - 17:47
    ရှင်းနေတာက ကျွန်မ ကလေးရတော့မယ်။
  • 17:47 - 17:50
    ကျန်းမာအောင်နေပြီး ပြန်လာကာ
    တင်းနစ် ကစားတာ၊
  • 17:50 - 17:52
    ဖက်ရှင်လိုင်းမှာ ဆက်လုပ်နေမှားပေါ့။
  • 17:52 - 17:53
    တကယ့် ပျော်စရာဖြစ်လိမ့်မယ်။
  • 17:53 - 17:55
    GK ကောင်လေး၊ ကောင်မလေးဆိုတာ ရှင်သိလား၊
  • 17:55 - 17:59
    SW ကျွန်မမှာ ဒီခံစားချက် တစ်ခုမှ မရှိဘူး၊
  • 17:59 - 18:01
    အခွင့်က တစ်ဝက်စီဆိုပေမဲ့ ခံစားချက်ရှိတယ်
  • 18:01 - 18:02
    GK Gayle ဟာ ကျား၊မ နာမည်ပါ၊
  • 18:02 - 18:05
    ရှင်နဲ့ Alexis တို့ ဘာပဲ ဆုံးဖြတ်ပါစေ
    ဆက်အားပေးနေမှာပါ။
  • 18:05 - 18:07
    SW ဒါအတွက် ကျေးဇူးပါ၊
    GK ရပါတယ်ရှင်။
  • 18:07 - 18:10
    မင်းကို အားပေးနေတယ် Serena Williams.
    SW ကျေးဇူးအများကြီးပါ။
  • 18:10 - 18:11
    ကျေးဇူးပါ သူငယ်ချင်းတို့၊
  • 18:11 - 18:14
    (လက်ခုပ်သံများ)
Title:
တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း
Speaker:
Serena Willans and Gayle King
Description:

နှစ်ဆယ့်သုံးခုသော Grand Slam တံခွန်စိုက်တွေပြီးတဲ့ အခါမှာတော့ တင်းနစ် ဆူပါစတား Serena Williams ဟာ သူမရဲ့ ဘဝ၊ ချစ်ခြင်းမေတ္တာ ၊ အနိုင်တွေနဲ့ အရှုံးတွေအကြောင်း နွေးထွေးပြီး ကျီစယ်တဲ့သဘောပါတဲ့ ဆွေးနွေးချက်ကို မျှဝေဖို့ သတင်းစာသမား Gayle King နဲ့ ထိုင်လိုက်ပါတယ်။ သူမရဲ့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို ကမ္ဘာကြီးနဲ့ အမှတ်မထင်ပဲ မျှဝေမိတယ်ဆိုတဲ့ အဖြစ်နဲ့ စလိုက်ခြင်းပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:28

Burmese subtitles

Revisions