WEBVTT 00:00:00.810 --> 00:00:04.841 ကျွန်မဟာ သေဆုံးမှု နဲ့ ဗိသုကာ အကြောင်း ပုံပြင်ကို ပြောပြချင်တယ်။ 00:00:04.841 --> 00:00:09.471 လွန်ခဲ့တဲ့ နှစ်တရာတုန်းက ကျွန်မတို့ဟာ အဆုတ်ရောင်ရောဂါလို 00:00:09.471 --> 00:00:12.768 ကူးစက်ရောဂါ ဖြစ်လာရင် လျင်မြန်စွာ သေဆုံးခဲ့ကြရတာများပါတယ်။ 00:00:12.768 --> 00:00:16.502 အိမ်မှာ၊ မိမိကုတင်းတွေပေါ်မှာ၊ မိသားစုရဲ့ စောင့်ရှောက်မှုအောက်မှာ၊ 00:00:16.502 --> 00:00:18.294 ပုံမှန်ဆိုသလို သေခဲ့ကြရတာပါ၊ 00:00:18.294 --> 00:00:20.884 လူတွေ အများစုဟာ ဆေးကုသမှုကို မရယူနိုင်ခဲ့ကြလို့ပါ။ 00:00:21.614 --> 00:00:24.393 ဒါပေမဲ့ ၂၀ ရာစုထဲမှာကျတော့ အရာတော်တော်များများ ပြောင်းလာခဲ့တယ်။ 00:00:24.393 --> 00:00:26.490 ကျွန်မတို့ဟာ ပင်နီစလင် လို ဆေးဝါးအသစ်တွေကို တီထွင်လာနိုင်ကြလို့ 00:00:26.490 --> 00:00:28.975 ခုနကလို ကူးစက်ရောဂါတွေကို ကုစားလာနိုင်ခဲ့ကြတယ်။ 00:00:28.975 --> 00:00:32.249 ပြီးတော့ ဓာတ်မှန် စက်လို နည်းပညာအသစ်တွေ ပေါ်လာခဲ့ကြတယ်။ 00:00:32.249 --> 00:00:34.501 ဒါပေမဲ့ အဲဒါတွေ သိပ်ကြီးမားခဲ့ကြကာ ဈေးကြီးခဲ့ကြလို့၊ 00:00:34.501 --> 00:00:37.519 အဲဒါတွေကို ထားရှိနိုင်ဖို့အတွက် ကြီးမားတဲ့ ဗဟိုအဆောက်အအုံတွေ လိုလာခဲ့တယ်၊ 00:00:37.519 --> 00:00:39.818 အဲဒီလိုနည်းဖြင့် ခေတ်ပေါ် ဆေးရုံတွေ ပေါ်ပေါက်လာခဲ့ကြတယ်။ 00:00:39.818 --> 00:00:41.241 ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်မှာ၊ 00:00:41.241 --> 00:00:43.881 နိုင်ငံ အများအပြားတို့ဟာ အထွေထွေ ကျန်းမာရေး စန်စ်တွေကို ထူထောင်ခဲ့ကြရာ 00:00:43.881 --> 00:00:46.528 ကုသမှု လိုအပ်သူတိုင်းဟာ ကုသမှုကို ရရှိလာနိုင်ပါတယ်။ 00:00:46.528 --> 00:00:50.777 အဲဒါရဲ့ ရလဒ်အဖြစ် ရာစုနှစ် အစပိုင်းမှာ ၄၅ နှစ်သာရှိခဲ့တဲ့ မျှော်မှန်းချက် အသက်ဟာ 00:00:50.777 --> 00:00:52.960 ဒီနေ့ဆိုရင် နှစ်ဆနီးနီး မြင့်မားလာခဲ့ပါပြီ။ 00:00:52.960 --> 00:00:57.058 ဒီလိုနဲ့ ၂၀ ရာစုဟာဖြင့် သိပ္ပံပညာရဲ့ ကမ်းလှမ်းချက် တွေကြောင့် သိပ်ကို အကောင်းမြင်ခဲ့ကြတဲ့ ရာစုပါ၊ 00:00:57.058 --> 00:01:00.785 အားလုံးက အသက်ရှင်ရေးကို အလေးထားခဲ့ကြကာ သေဆုံးမှုဆိုင်ရာ ချဉ်းကပ်မှု 00:01:00.785 --> 00:01:03.190 အကြီးအကျယ် ပြောင်းလဲသွားခဲ့သည့်တိုင်အောင်၊ သေဆုံးမှုကို မေ့သွားခဲ့ကြတယ်၊။ 00:01:03.580 --> 00:01:04.783 ဒီမှာရပ်နေတဲ့ ကျွန်မဟာ ဗိသုကာပညာရှင်ပါ၊ 00:01:04.783 --> 00:01:08.025 လွန်ခဲ့တဲ့ နှစ်ခွဲကျော်မှာ ကျွန်ဟာ အဲဒီလို အပြောင်းအလဲတွေကို စောင့်ကြည့်နေကာ 00:01:08.025 --> 00:01:11.179 သေဆုံးခြင်း နဲ့ သေကြေမှုဆိုင်ရာ ဗိသုကာတွေအတွက် ၎င်းတို့ရဲ့ အဓိပ္ပါယ်ကို လေ့လာခဲ့ပါတယ်။ 00:01:11.179 --> 00:01:14.412 အခုတော့ ကျွန်မတို့ဟာ ကင်ဆာ ဒါမှမဟုတ် နှလုံးရောဂါကြောင့် သေကြပါတယ်၊ 00:01:14.412 --> 00:01:18.408 တနည်းအားဖြင့် ကျွန်မတို့ထဲက အများစုတို့ဟာ သူတို့ဘဝ အဆုံးပိုင်းမှာ နာတာရှည် 00:01:18.408 --> 00:01:20.382 ရောဂါတွေကို ခံစားကြရမှာကို ဆိုလိုပါတယ်။ 00:01:20.382 --> 00:01:21.495 အဲဒီလို နှစ်များအတွင်းမှာ 00:01:21.495 --> 00:01:26.558 ကျွန်မတို့ဟာ ဆေးရုံတွေ နဲ့ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ဌာနမှာ နေထိုင်ဖို့များပါတယ်။ 00:01:26.558 --> 00:01:28.764 ခေတ်ပေါ် ဆေးရုံကို ကျွန်မတို့ အားလုံး ရောက်ခဲ့ဘူးကြပါတယ်။ 00:01:28.764 --> 00:01:32.154 ဓာတ်မီးချောင်းများ နဲ့ အဆုံးအဆမရှိလို့ ထင်ရတဲ့ စင်္ကြံလမ်းတွေကို၊ 00:01:32.154 --> 00:01:35.172 ထိုင်ရတာ အဆင်မပြေတဲ့ ကုလားထိုင် အတန်းတွေကို ရှင်တို့ သတိရကြမှာပါ။ 00:01:35.172 --> 00:01:38.934 ဆေးရုံတွေရဲ့ ဗိသုကာ နာမည်ဆိုး ထွက်နေပါတယ်။ 00:01:38.934 --> 00:01:42.091 ဒီနေရာမှာ အံ့အားသင့်စရာ အချက်က အမြဲတမ်း အဲဒီလို မဟုတ်ခဲ့ခြင်းပါပဲ။ 00:01:42.091 --> 00:01:46.425 ဒါကတော့ Brunelleschi က ၁၄၉၁ ခုနှစ်မှာ ဆောက်လုပ်ပေးခဲ့တဲ့ L'Ospedale degli Innocenti ပါ၊ 00:01:46.425 --> 00:01:50.172 သူ့ခေတ်ကာလတုန်းက ဩဇာအကြီးမားဆုံး ဗိသုကာဆရာပါ။ 00:01:50.172 --> 00:01:53.515 ကျွန်မ အဲဒီ အဆောက်အဦကို ကြည့်ပြီးနောက် ဒီနေ့ ဆေးရုံတွေကို စဉ်းစားကြည့်တဲ့ အခါမှာ၊ 00:01:53.515 --> 00:01:56.603 အဆောက်အဦရဲ့ ရည်မှန်းချက်ကို အံ့အားသင့်မိပါတယ်။ 00:01:56.603 --> 00:01:58.252 အဲဒါဟာ တကယ့်ကို ဧရာမ အဆောက်အဦကြီးပါ။ 00:01:58.252 --> 00:02:00.086 အလယ်မှာ ဒီလိုဝင်းခြံတွေ ရှိနေရာ 00:02:00.086 --> 00:02:02.619 အခန်းတွေ အားလုံးဟာ နေရောင်နဲ့ လေကောင်းလေသငန့်ကို ရရှိကြပါတယ်၊ 00:02:02.619 --> 00:02:05.032 အခန်းတွေ ကြီးမားကြကာ ၎င်းတို့ရဲ့ အမိုးဟာ မြင့်မားပါတယ်၊ 00:02:05.032 --> 00:02:07.516 အဲဒီမှာ နေထိုင်ရတာ ပိုလို့ကို သက်သောင့်သက်သာ ရှိပုံရပါတယ်။ 00:02:07.516 --> 00:02:09.281 ပြီးတော့ ၎င်းဟာ လှပါတယ်။. 00:02:09.281 --> 00:02:13.112 တကယ်တော့၊ ဆေးရုံအတွက်တောင်မှ အဲဒီလို ဖြစ်နိုင်တာကို ကျွန်မတို့ မေ့သွားကြပါပြီ။ 00:02:13.112 --> 00:02:17.135 သေဆုံးဖို့အတွက် အဆောက်အဦတွေကို ပိုကောင်းစေချင်ရင် အဲဒါကို ပြောကြရပါမယ်၊ 00:02:17.135 --> 00:02:19.706 သေဆုံးမှုဆိုင်ရာ အကြောင်းအရာတွေကို ကျွန်မတို့ မပြောဆိုအပ်ဘူးလို့ 00:02:19.706 --> 00:02:21.146 ယူဆထားကြလို့ မပြောကြပါဘူး၊ 00:02:21.146 --> 00:02:24.458 ပြီးတော့ လူ့အဖွဲ့အစည်းမှ သေဆုံးမှုအားချဉ်းကပ်မှု အကြောင်းကိုလည်း မပြောကြပါဘူး။ 00:02:24.458 --> 00:02:27.632 ကျွန်မရဲ့ သုတေသနထဲမှာ ကျွန်ကို အံ့အားသင့်စေခဲ့တဲ့ အချက်က၊ 00:02:27.632 --> 00:02:30.317 ပြောင်းလဲဖို့အတွက် လက်တွေ့ရှိနေကြတဲ့ စိတ်နေစိတ်ထားတွေပါပဲ။ 00:02:30.317 --> 00:02:32.709 ဟောဒါက ယူကေထဲက ပထမဦးဆုံး မီးဂြိုဟ်ရုံပါ၊ 00:02:32.709 --> 00:02:35.518 ၁၈၇၀ ပြည့်နှစ်များမှာ စအလုပ်လုပ်လာခဲ့တယ်။ 00:02:35.518 --> 00:02:38.815 ပထမဦးဆုံး ဆောက်လုပ်မှုဆိုတော့၊ ဒေသထဲက ရွာထဲတွင် ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ 00:02:38.815 --> 00:02:43.808 မီးရှို့သင်္ဂြိုဟ်မှုကို လူတွေက လက်မခံခဲ့ကြလို့ လူ ၉၉.၈ ရာခိုင်နှုန်းအထိကို မြေထဲမြှုပ်နှံခဲ့ကြတယ်။ 00:02:43.808 --> 00:02:47.584 အဲဒီနောက် နှစ်တရာသာရှိသေး၊ ကျွန်မတို့ထဲက လေးပုံတပုံဟာ မီးသင်္ဂြိုဟ်မှုကို လက်ခံလာကြတယ်။ 00:02:47.584 --> 00:02:50.111 လူတွေဟာ၊ အဲဒီအကြောင်းကို ဆွေးနွေးပြောဆိုခွင့်သာ ရကြရင်၊ 00:02:50.111 --> 00:02:52.512 အဲဒီလို အပြောင်းအလဲတွေအတွက် အသင့် ရှိကြပုံရတယ်။ 00:02:52.512 --> 00:02:55.835 ကျွန်မက ကျွန်မရဲ့ ပထမဦးဆုံး ပြပွဲ ဖြစ်ခဲ့တဲ့ "Death in Venice"ကို 00:02:55.835 --> 00:02:58.994 Venice မြို့မှာ ဇွန်လထဲ ခင်းကျင်းခဲ့စဉ်တုန်းက ကျွန်မဟာ သေဆုံးခြင်း နဲ့ ဗိသုကာ အကြောင်းကို 00:02:58.994 --> 00:03:02.220 ဆွေးနွေးမှုကို အစပျိုးပေးရန် ရည်ရွယ်ချက်နဲ့ပါ။ 00:03:02.220 --> 00:03:05.494 အဲဒါဟာ အတော့်ကို ပါဝင်ကစားဖို့ လိုအပ်ခဲ့တဲ့ ပြပွဲပါ၊ 00:03:05.494 --> 00:03:07.692 လူတွေဟာ တကယ့်ကို ၎င်းထဲမှာ ပါဝင်ပတ်သက်ရန် လိုအပ်ခဲ့ပါတယ်။ 00:03:07.692 --> 00:03:10.947 ဒါက ကျွန်မတို့ ခင်းကျင်းပြသခဲ့တဲ့ ထဲက တခု ဖြစ်တဲ့ လန်ဒန်မြို့ရဲ့ တန်ပြန်တုံ့ပြန်နိုင်တဲ့ မြေပုံပါ၊ 00:03:10.947 --> 00:03:13.622 မြို့ထဲက ခြံမြေအဆောက်အဦတွေထဲက ဘယ်လောက်ကို 00:03:13.622 --> 00:03:15.501 သေဆုံးမှု နဲ့ သေဆုံးနေရမှုအတွက် သုံးထားတာကို ပြပေးထားကာ 00:03:15.501 --> 00:03:17.870 ရှင်တို့ရဲ့ လက်တွေကို မြေပုံအပေါ်မှ ဝှေ့ယမ်းပြရင် 00:03:17.870 --> 00:03:22.699 အဲဒီလို ခြံမြေအဆောက်အဦ ဒါမှမဟုတ် သင်င်္ချိုင်းရဲ့ အမည်တွေ ပေါ်လာကြပါမယ်။ 00:03:22.699 --> 00:03:25.207 နောက်တခု ကျွန်မတို့ ပြသခဲ့ကြတာက ပို့စ်ကဒ် တတွဲပါ၊ 00:03:25.207 --> 00:03:27.204 လူတွေဟာ ၎င်းတို့ကို ကိုယ့်နဲ့အတူ ယူသွားနိုင်ခဲ့ကြတယ်။ 00:03:27.204 --> 00:03:29.665 အဲဒီထဲမှာ လူတွေရဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊ 00:03:29.665 --> 00:03:32.080 မီးသင်္ဂြိုဟ်ရုံတွေ နဲ့ အအေးတိုက်တွေကို ပြသထားကာ၊ 00:03:32.080 --> 00:03:34.541 သေဆုံးမှုဆိုတဲ့ အရာရဲ့ အဘက်ဘက်မှာ ကျွန်မတို့ ဖြတ်သန်းကြရတဲ့ 00:03:34.541 --> 00:03:37.374 ဘဝခရီး အကြောင်းကို ပြောပြထားပါတယ်။ 00:03:37.374 --> 00:03:39.719 ကျွန်မတို့ သေဆုံးကြရတဲ့ နေရာဟာ 00:03:39.719 --> 00:03:42.970 ကျွန်မတို့ ဘယ်လို သေဆုံးကြရတယ်ဆိုတာရဲ့ သော့ချက် ဖြစ်တာကို ကျွန်မတို့ ပြလိုခဲ့ကြတယ်။ 00:03:42.970 --> 00:03:47.753 ဒီနေရာမှာ ပြပွဲလာ ပရိသတ်က တုံ့ပြန်ခဲ့ကြပုံဟာ အထူးဆန်းဆုံး ဖြစ်ခဲ့ပါတယ်၊ 00:03:47.753 --> 00:03:50.121 အထူးသဖြင့် အသံနဲ့အမြင် လုပ်ငန်းတွေမှာပါ။ 00:03:50.121 --> 00:03:53.813 ကျွန်မတို့ဆီမှာ ကနေကြသူတွေ ပြေးခုန်နေကြသူတွေ ရှိခဲ့ကာ 00:03:53.813 --> 00:03:56.808 သူတို့ဟာ ပြပွဲထဲက အရာတွေကို နည်းမျိုးစုံဖြင့် အသက်ဝင်လာအောင် အားထုတ်ခဲ့ကြတယ်၊ 00:03:56.808 --> 00:03:59.252 အဲဒီနောက်မှာ သူတို့ဟာ ရုတ်တရက် ရပ်တန့်လိုက်ကြကာ 00:03:59.252 --> 00:04:01.986 သူတို့ဟာ သေဆုံးမှု အကြောင်း ပြပွဲထဲမှာ ပါဝင်နေကြတာကို သတိရလိုက်ကြသလိုပါပဲ၊ 00:04:01.986 --> 00:04:04.610 လူတချို့တို့ အတွက် အဲဒီလို လှုပ်ရှားမှုဟာ မသင့်လျော်ဘူးလို့ ထင်စရာ ဖြစ်နိုင်ပါတယ်။ 00:04:04.610 --> 00:04:07.257 တကယ်တော့ ကျွန်မ သိချင်လို့ မေးလိုတဲ့ မေးခွန်းက 00:04:07.257 --> 00:04:09.532 သေခြင်းနဲ့ ပတ်သက်ပြီး ရှင်တို့ လုပ်ကိုင်လိုကြတာ နောက် တမျိုးများလား၊ 00:04:09.532 --> 00:04:14.083 အဲဒီလို မဟုတ်ဘူးဆိုရင်၊ ကောင်းမွန်တဲ့ သေဆုံးခြင်း ဆိုတာကို ရှင်တို့ ဘယ်လို ထင်ပါသလဲ၊ 00:04:14.083 --> 00:04:17.752 ပြီးတော့ ကောင်းမွန်တဲ့ သေဆုံးမှုကို ထောက်ကူပေးနိုင်တဲ့ ဗိသုကာတွေက ဘယ်လိုဟာတွေလဲ၊ 00:04:17.752 --> 00:04:22.480 ခုနက ပြောခဲ့တာတွေနဲ့ နည်းနည်းလေး မတူတာမျိုး၊ ပိုပြီး တူချင်တာမျိုးများလား။ 00:04:22.480 --> 00:04:24.694 ကျေးဇူးတင်ပါတယ်။ 00:04:24.694 --> 00:04:26.714 (လက်ခုပ်တီးသံများ)